← Chapters

အခန်း (၁၅၈)

Vol. 11 Ch. 158

အခန်း (၁၅၈)

Vol. 11 Ch. 158

အန်ဂျယ်လာနှင့် ကလေးများအား ဆေးပုလင်းဖော်စပ်နည်းအခြေခံများကို သင်ကြားပေးနေသာ အာကာရာပင်လျှင် စကားပြောနေခြင်းကို ရပ်တံ့လိုက်ပြီး လှမ်းကြည့်လိုက်သည်။

သူမလည်း အယ်လီနာ၏ ခန္ဓာကိုယ်မှ လာသော ပြောင်းလဲမှုများကိုခံစားနေရသည်။

ထိုအခိုက်တန့်တွင် ဘယ်နေရာကရောက်လာမှန်းမသိသည့် စွမ်းအင်များသည် အယ်လီနာ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင်ဝင်ရောက်သွားသည်။ ထိုစွမ်းအင်များသည် မတူညီသည့် ဂုဏ်သတ္တိရှိသည့် စွမ်းအင်များဖြစ်ကြသဖြင့် ပူးတွဲမတည်ရှိနိုင်ကြချေ။ စွမ်းအင်တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြပြီး အယ်လီနာ၏ ခန္ဓာကိုယ်အား တိုက်ပွဲမြေပြင်အဖြစ်သို့ ​ပြောင်းလဲလိုက်သည်။

စစ်သည်တိုင်းအတွက် ယခုအ​ခြေအနေသည် သေစေနိုင်သည့် အခြေအနေဖြစ်သည်။

မတူညီသည့် စွမ်းအင်ခြင်းထိတွေ့မိရာမှ ပေါက်ကွဲမှုများသည် ခန္ဓာကိုယ်၏ အသားများ၊အရိုးများကို တစ်စစီကြေမွသွားစေနိုင်သည်။

လက်ရှိအခြေအနေတွင် အယ်လီနာ၏ အရေပြားတစ်ခုလုံးနီရဲလျှက်ရှိပြီး တချို့နေရာများမှ သွေးများစိမ့်ထွက်နေသည်။ အဝေးမှ ကြည့်ပါက အယ်လီနာသည် အနီရောင်မီးတောက်များလွှမ်းခြုံနေသကဲ့သို့ပင်။ သူမ၏ လေးကိုကိုင်ထားသည့် လက်များပေါ်တွင် သွေးကြောများထောင်ထနေသည်။ သူမ၏ အဖြူရောင်သွားများသည် နှုတ်ခမ်းများကို အံကြိတ်ကိုက်ထားသောကြောင့် သွေးများစီးကျနေ၏။

အယ်လီနာသည် အလွန်ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရသည်မှာ အသေအချာပင်။

“ဘာတွေဖြစ်ကုန်တာလဲ...” အသိဉာဏ်များစွာရှိသော အာကာရာတစ်ယောက်ပင်လျှင်အယ်လီနာတွင် ဖြစ်ပေါ်နေသည့်အရာများကို နားမလည်နိုင်ဖြစ်နေရ၏။ အမျိုးသမီးသူပုန်များ ဤကဲ့သို့ဖြစ်ခြင်းကို သူမ၏ တစ်သက်နှင့် တစ်ကိုယ်တစ်ခါမျှ မကြုံဖူးသေးပေ။

“ဝှစ် ဝှစ် ဝှစ် ဝှစ်”

တွေဝေနေရန်အတွက် အချိန်မရှိပေ။ အာကာရာသူမ၏လက်ကိုမြောက်လိုက်ရာ အဖြူရောင်အလင်းတစ်ချို့ထွက်ပေါ်လာပြီး အယ်လီနာ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

ဤသည်မှာ ဒိုင်ယာဘလိုကမ္ဘာ၏ သူတော်စဥ်များအသုံးပြုသည့် ကုသခြင်းစွမ်းအားပင်။

အာကာရာသည် မှော်ပညာနှင့် ပတ်သက်၍လည်း မြင့်မားသော အသိဉာဏ်များရှိသည်။

ကုသခြင်းအစွမ်းကြောင့်အယ်လီနာမှာ အနည်းငယ်ကောင်းမွန်လာပြီဖြစ်သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသော မတူညီသောဂုဏ်သတ္တ်ိရှိစွမ်းအင်များ၏တိုက်ခိုက်နေမှုမှာ ရပ်တံ့မသွားခြေ။ တကယ်တန်းမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။ သွေးများထက်မံထွက်လာပြီး အယ်လီနာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးများဖုံးလွှမ်းသွားတော့၏။

“ဝုတ် ဝုတ် ဝုတ်....”

ဘလက်ကီမှာ အသည်းသန်​ဟောင်တော့သည်။

“အမ အယ်လီနာ....” အန်ဂျယ်လာလဲ မြင်ရသည့်အရာကြောင့် ထိတ်လန့်သွား၏။

အာကာရာလည်း လက်ရှိမန်နာအားလုံးဝပင် မချွေတာပဲ ကုသခြင်းအစွမ်းများကို ဆက်တိုက်အသုံးပြုနေသည်။ အဖြူရောင် ကုသခြင်းအလင်းတန်းများမှာ အယ်လီနာ၏ ခန္ဓာကိုယ်အထဲသို့ အဆက်မပြတ်စီးဝင်လျှက်ရှိသည်။ သို့သော်လည်း သိပ်ပြီးထိရောက်မှုမရှိလှချေ။

“သေစမ်း....” သူတော်စဥ်တစ်ယောက်ဖြစ်သည့် အာကာရာပင် ကျိမ်ဆဲလိုက်မိသည်။

“အား.....” အယ်လီနာလည်း နာကြင်မှုကို မမျိုသိပ်နိုင်တော့ပဲ အော်ဟစ်ငိုကြွေးလိုက်သည်။

ထိုအခိုက်တန့်တွင်....

“ဝှစ်...”

အပြာရောင်ပေါ်တယ်တစ်ခု ကျောက်တုံးပေါ်တွင် ရုတ်တရက်ပေါ်လာပြီး အထဲမှ ဖှေးထွက်လာခဲ့သည်။ သူ ပြန်လည်သစ်လွင် ဆေးပုလင်းတစ်လုံးအား ထုတ်လိုက်ပြီး အယ်လီနာ၏ ခန္ဓာကိုယ်ပေါ်သို့ လောင်းချလိုက်သည်။ ထို့နောက်တွင် နာကြင်မှုကြောင့် မေ့မြောနေပြီပင်ဖြစ်သော အယ်လီနာအား ခါးမှပွေ့ချီကာ အပေါ်သို့ခုန်တက်လိုက်သည်။

“ဖုန်း....”

ကျောက်တုံးမှာအစိတ်စိတ်အမွာမွာဖြစ်သွားပြီး ဖှေးသည် ကောင်းကင်ပေါ်သို့ ခုန်တက်သွားကာ အန်ဂျယ်လာ၊ အာကာရာနှင့် ကလေးများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

“မစိုးရိမ်ပါနဲ့ ငါဘယ်လိုလုပ်ရမလဲသိတယ်...”

ဖှေးအသံသည် ကောင်းကင်ရံတွင် ပြန့်နှံ့သွားသည်။

အာကာရာသည် အနည်းငယ်စိတ်သက်သာသွားတော်လည်း စိတ်ဝင်စားမိသည်။ ဖှေးသည် အယ်လီနာ၏ ခန္ဓာကိုယ်အတွင်းတွင်ဖြစ်ပျက်နေသည့်အရာများကို သိပုံရသည်။ သို့သော် ဘာကြောင့်လဲ။ တစ်ဖက်တွင် အန်ဂျယ်လာမှာ သူမ၏လက်များကို ရင်ဘက်ပေါ်တွင်တင်လျှက် အလွန်စိုးရိမ်လျှက်ရှိနေ၏။ ဤအပြစ်ကင်းသည့်မိန်းကလေးမှာ ဖှေးတစ်ခြားမိန်းမတစ်ယောက်အား ပွေ့ချီနေသည့်အတွက် ဒေါသဖြစ်ခြင်း၊ သဝန်တိုခြင်းလုံးဝမရှိပေ။

........

........

ဖှေစ လူရိုင်းဇာတ်ကောင်၏ ခုန်ကျော်ခြင်းကို ဆက်တိုက်အသုံးပြု၍ လေပေါ်တွင် ပျံသန်းရင်း အနောက်ဘက်တောင်တန်းရှိ မြေအောက်လိုဏ်ဂူအတွင်းမှ ကျောက်တုံးအခန်းတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။

သူအစောင့်များအား အထဲသို့ဝင်မလာခဲ့ရန်အတွက် အထူးမှာကြားပြီး အယ်လီနာအား ကြမ်းပြင်ပေါ်သို့ ချကာ သူမ၏ ပါးစပ်အတွင်းတို့ ပြန်လည်သစ်လွင် ဆေးပုလင်းတစ်လုံးကို​ လောင်းချလိုက်သည်။

လှပသော ကိုယ်ရံတော်မှာ အ​​ခြေအနေမကောင်းလှချေ။

သူမ၏ ခန္ဓာကိုယ်ထဲတွင် ရေခဲ၊မီး၊လျှပ်စစ်၊အဆိပ်စွမ်းအင်များရှိနေကြသည်။ ထိုမတူညီသော စွမ်းအင်လေးမျိုးမှာ တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြခြင်းဖြစ်သည်။ အာကာရာ၏ ကုသခြင်းအစွမ်းများနှင့် ဖှေး၏ ပြန်လည်သစ်လွင်ဆေးပုလင်း အစွမ်းကြောင့်သာမဟုတ်ပါက ယခုအချိန်တွင် အယ်လီနာ၏ ခန္ဓာကိုယ်သည် တစ်စစီဖြစ်နေလောက်ဖြစ်သည်။

“သေစမ်း...ငါအဲ့လိုလုပ်မှ ရမှာလား...”

ဖှေး သတိလစ်မေ့မြောနေဆဲဖြစ်သည့် အယ်လီနာအားကြည့်ကာ တွံ့ဆုတ်နေသည်။

အယ်လီနာဘာဖြစ်နေသည်ကို ဖှေးအတိကျသိသည်။ ဤသည်မှာ ဒိုင်ယာဘလိုကမ္ဘာ၏ အခန်း၁ကို ဇာတ်ကောင်အားလုံးဖြင့် ပြီးမြောက်သည့်အတွက် ရရှိသည့်ဆုလာဘ်ထဲမှတစ်ခုဖြစ်သည်။ သူ၏ စွမ်းအားများကိုပေါင်းစပ်ခြင်းပင်။

ဤသည်မှာ ဆုလာဘ်၏ ရည်ရွယ်ချက်ပင်။

ဖှေး ၏ ကျန်ဇာတ်ကောင်များရှိသော အပြိုင်စကြဝဋ္ဌာများမှ ကိုယ်ရံတော်အမျိုးသမီးများ၏ အစွမ်းများသည် အယ်လီနာထံသို့ပေါင်းစည်းလိုက်ခြင်းဖြစ်သည်။ ဤသည်မှာ အံ့သြစရာမဟုတ်ပေ။ ကိုယ်ရံတော်များထဲတွင် အယ်လီနာတစ်ယောက်သာ လူတစ်ယောက်ကဲ့သို့​​ဖြစ်နေပြီး ကျန်ကိုယ်ရံတော်များမှာ စက်ရုပ်များကဲ့သို့ အသက်ဝိညင်ကင်းမဲ့နေသောကြောင့်ပင်။ ဆုလာဘ်ကြောင့် ဤကဲ့သို့ဖြစ်လာမည်ကို ဖှေးကြိုတင်ရိပ်မိပြီးဖြစ်သော်လည်း ဤကဲ့သို့ဆက်နွယ်မှုကို မထင်ထားခဲ့ခြေ။ ဖှေး ဖတ်ရှုမိသည့် အချက်အလက်များအရ ပေါင်းစပ်ခြင်းလုပ်ငန်းစဥ်မှာ အလွန်အန္တရာယ်များကြောင်း ဖော်ပြထားသည်။ ဂရုတစိုက်ပြင်ဆင်မှုများမရှိပါက အယ်လီနာသည် သူမ၏ ခန္ဓာကိုယ်အတွင်းအသစ်ဝင်ရောက်လာသည့် စွမ်းအားများကို ထိန်းချုပ်ညီမျှသွားအောင် လုပ်နိုင်မည်မဟုတ်ပေ။ ခန္ဓာကိုယ်အား အပြင်းထန်ထိခိုက်စေနိုင်ပြီး သေဆုံးသည်အထိပါ ဖြစ်စေနိုင်သောကြောင့်ပင်။

ဤအချိန်တွင် ဖှေး ဒိုင်ယာဘလိုကမ္ဘာမှ ပြောင်းလဲသယ်ဆောင်ထားသည့် ဆေးပုလင်းအားလုံးပင် ကုန်သွားပြီဖြစ်သည်။

သို့သော် အယ်လီနာ၏ အခြေအနေမှာတ်ုးတတ်မှု မရှိသေးချေ။

သူမ၏ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသော စွမ်းအင်လေးခုသည် ညီမျှပြီး ငြိမ်ကျသွားမည်ဟန်လုံးဝမရှိသေးပေ။ ပို၍ ပို၍ ဆိုးဝါးစပြုလာ၏။ မေ့မြောနေသော်လည်း အယ်လီနာမှာ နာကြင်မှုဒဏ်ကို ခံနေရဆဲပင်။ ဖှေး သူမ၏ မေ့မြောနေသောလည်း နာကြင်နေသည့် မျက်နှာကိုကြည့်ရုံဖြင့်ပင် နာကြင်ခံစားနေရသည်။ ကြမ်းပြင်မှာ မကြာမှီတွင် အယ်လီနာ၏ သွေးများဖြင့် စွန်းထင်းကုန်တော့မည်ဖြစ်သည်။

ဖှေး လျှင်မြန်စွာပင် ခက်ခဲသည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။

သူ၏ လက်များကို အယ်လီနာ၏ ချပ်ဝတ်ရှိ ခါးပတ်ခေါင်းများပေါ်သို့ တင်လိုက်တော့သည်။

[ဒီနေ့တစ်ပိုင်းပဲ အချိန်ရလိုက်လို့ပါဗျ😥။ မနက်ဖြန်အပိုင်းတွေကတော့ ကြမ်းမာနော်😁😁]

All Chapters