← Chapters

အခန်း (၁၅၉)

Vol. 11 Ch. 159

အခန်း (၁၅၉)

Vol. 11 Ch. 159

ဝေးလှခေါင်ဖျားပြီး ဆင်းရဲ့သည့်နိုင်ငံတစ်နိုင်ငံဟု ခေါ်ခြင်းခံရသော်လည်း တကယ့်လက်တွေ့တွင် ချမ်းဘော့ဒ်သည် လူအများထင်သကဲ့သို့ ဆင်းရဲမွဲခြောက်နေသည့် တိုင်းပြည်တစ်ခုမဟုတ်ပေ။ ဘေးပတ်ပတ်လည်တွင် အစိမ်းရောင်တောင်တန်းများ၊ ရေစီးသန်သော ဇူလီမြစ်တို့ ဝန်းရံနေလျက်ရှိပြီး အလွန်စည်ကားကာ၊လှပသည့် တိုင်းပြည်တစ်ခုဖြစ်သည်။

နေ့လည်ပိုင်း အချိန်ခံတပ်နံရံပေါ်တွင် စစ်သည်အဖွဲ့တစ်ခု ကင်းလှည့်ချက်ရှိသည်။ဇူလီမြစ်အကျော်ရှိ လွင်ပြင်တွင် မြက်ခင်းများသည် ဆောင်းဦးရာသီဖြစ်သောကြောင့် အဝါရောက်သို့ပြောင်းလဲနေကြသည်။ အဝေးမှကြည့်ပါက မြေပြင်ပေါ်တွင် ရွှေရောင်ကော်ဇောကြီးတစ်ခုခင်းထားသကဲ့သို့ပင်။ လေညင်းတိုက်ခတ်လိုက်သည့်အချိန်တိုင်းတွင် မြက်ပက်များ ယိမ်းယိုင်သွားကြပြီး ရေလှိုင်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ ရှုခင်းမှာ ပြည့်စုံလှပလျှက်ရှိသည်။

ရုတ်တရက်....

“ဘုန်း ဘုန်း ဘုန်း ဘုန်း...”

အဝေးမှ ဗုံတီးခတ်နေသည့် ဆူညံသံများကိုကြားလိုက်ရ၏။ ဤသည်မှာ စစ်ချီလာသည့် သတ်ဖြတ်ရန်ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။ ငြိမ်းခြမ်းပြီး လှပနေသည့် လေထုကို ချက်ချင်းပင်ဖျက်ဆီးပစ်လိုက်သည်။

“ရပ်...”

ဤကင်းလှည့်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် မိုက်ကယ်ဘားရက်ခ်မှာ သူ၏လက်ကိုဝှေ့ရမ်းလိုက်၏။ ကင်းလှည့်နေသော စစ်သည်များ၏​ခေလှမ်းများ ရပ်တံ့သွားကြသည်။

ဘားရက်ခ် သူ၏ အသက်ရူသံကို ဖြေးညှင်းလိုက်ပြီး ဝေဝေဝါးဝါးကြားနေရသည် ဗုံတီးသံကို အာရုံစိုက်ကာ နားထောင်ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ ဖြေးညင်းစွာဖြင့် အရောင်ပြောင်းလဲစပြုလာသည်။ ထို့နောက်တွင် ဘာမှမပြောပဲ ခံတပ်နံရံ၏ အကာရံတစ်ခုပေါ်သို့ ခုန်တက်ကာ အဝေးသို့လှမ်းကြည့်လိုက်သည်။ရွှေရောင်မြေပြင်နှင့် အပြာရောင်ကောင်းကင်သို့ ထိဆက်ရာ မိုးကုတ်စက်ဝိုင်းအောက်တွင် သိပ်သည်းသော အလံများကိုလွှင့်လူနေသည်ကို မြင်လိုက်ရသည်။ ထို့နောက်တွင် လူများပေါ်လာသည်။ ထိုလူများသည် အဝေးမှကြည့်ပါက အမဲရောင် ပုရွက်ဆိတ်အုံကြီးတစ်ခုကဲ့သို့ပင်။ ဘာရက်ခ် ချက်ချင်းပင်သိလိုက်သည်။ ထိုအရာသည် စစ်တပ်တစ်ခု ချီတက်လာခြင်းပင်။

“သူတို့ ဘယ်သူတွေလဲ....” ဘားရက်ခ် ထိတ်လန့်အံ့သြသွား၏။

ဘယ်ကရောက်လာမှန်းမသိသော စစ်သည်တပ်ဖွဲ့တွင် အနည်းဆုံးအင်အားတစ်ထောင်ခန့်ပါရှိသည်။ သူတို့အားလုံး လက်နက်အပြည့်စုံတပ်ဆင်ထားကြသည်။ ဤလူများမှာ ကောင်းသည့်အကြံစည်ဖြင့် ရောက်ရှိလာခြင်းမဟုတ်သည်မှာ အသေအချာပင်။ သို့သော် နားလည်မှုလွဲမှားခြင်းမျိုးလဲ ဖြစ်နိုင်သောကြောင့် ဘားရက်ခ်ကင်းထောက်တစ်ဦးကို စေလွှတ်လိုက်သည်။

ကင်းထောက်သည် လျှင်မြန်သောမြင်းတစ်ကောင်နှင့် အတူ တိုင်းပြည်ဂိတ်တံခါးမှ ထွက်ခွာသွားသည်။ မကြာမှီတွင် ကျောက်တုံးတံတားအား ကျော်လွန်၍ အဝေးရှိချီတပ်လာသော စစ်သည်များထံသို့ ဦးတည်ကာ ထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းမှာပင် တိုင်းပြည်အတွင်းရှိ စစ်သည်များအားလုံး အရေးပေါ်အမိန့်များရရှိကြပြီး ခံတပ်နံရံပေါ်သို့တက်လာကြသည်။

ဆယ်မိနစ်ခန့်အကြာတွင် ကင်းထောက်မှာ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ကင်းထောက်ထံမှ စကားတစ်စုံတစ်ရာမကြားရသော်လည်း သူ၏​ကြောပြင်တွင် စိုက်ဝင်နေသော မြှားများနှင့် သွေးစက်များကို တွေ့ရသောကြောင့် ဘားရက်ခ်နားလည်လိုက်သည်။ ဤဘယ်ကရောက်ရှိလာမှန်းမသိသည့် စစ်သည်များမှာ ရန်သူများပင်။

“အရေးပေါ် ခေါင်းလောင်းတီးလိုက်ပြီး လူတွေကိုသတိပေးလိုက်တော့... အမြန်လုပ်...လက်ရှိအ​ခြေအနေကို မစ်စတာ ဘရွတ်ကို အမြန်သွားပြောလိုက်...” ဘားရက်ခ်၏ စိတ်လှုပ်ရှားနေသော အသံအား စစ်သည်တိုင်း၏နားထဲတွင် ကြားနေရသည်။

“ဒေါင် ဒေါင် ဒေါင် ဒေါင်”

ခံတပ်နံရံ၏ အမြင့်ဆုံးနေရာတွင် ချိတ်ဆွဲထားသော နှစ်ကိုက်ခန့်အမြင့်ရှိသည့် ခေါင်းလောင်းကြီးမှာ စတင်အသံမြည်လာတော့သည်။

ခေါင်းလောင်းမြည်သံနှင့်အတူ ချမ်းဘော့ဒ်နန်းတော်ထဲတွင် တင်းမာသည့်လေထုတစ်ခုပေါ်ပေါက်လာတော့သည်။ လမ်းပေါ်တွင် အေးဆေးလျှောက်နေကြသော မြို့သူများလည်း ကပျာကယာဖြစ်ကုန်ကြပြီး အိမ်ထဲသို့ အမြန်ပြေးဝင်ကြသည်။ ချမ်းဘော့ဒ်သင်တန်းကျောင်းထံသို့ မြန်ဆန်သော မြင်းများ ဒုန်းဆိုင်းကာသွားလျှက်ရှိသည်။ လေထုမှာ အေးဆေးငြိမ်သက်နေရာမှ တင်းမာသည့်ဟန်သို့ ရုတ်တရက်ပြောင်းလဲသွားသော်လည်း ချမ်းဘော့ဒ်တိုင်းပြည်သည် ယခင်က အမဲရောင်စစ်သည်များကျူးကျော်လာသည်အား အတွေ့ကြုံရှိပြီးဖြစ်သဖြင့် ဗရမ်းဗတာဆန်မသွားပေ။ စနစ်တကျဖြင့် ပြင်ဆင်စရာရှိသည်များကို အလျှင်အမြန်ပြင်ဆင်ကြသည်။

ဘားရက်ခ်သည် စစ်သည်၂၀ခန့်ကိုဦးဆောင်ပြီး ကျောက်တံထားထံသို့ ပြေးထွက်သွားသည်။

အမဲရောင်စစ်သည်များနှင့် တိုက်ပွဲဖြစ်ခဲ့စည်က နတ်ဘုရားကဲ့သို့ ဘုရင်အလတ်ဇန္ဒားသည် ကျောက်တုံးတံတားအား သူ၏ ကြီးမားသည့်ခွန်အားဖြင့် အလည်မှနေ၍ ဖြိုချပစ်ခဲ့ပြီး ၁၀မီတာခန့်ရှည်သော တံတားပြတ်နေရာတစ်ခုကို ဖန်တီးခဲ့သည်။ စစ်ပွဲအပြီးတွင် တံတားနှစ်ဖက်အား ကြိုးများသစ်သားပြားများဖြင့် ယာယီချိတ်ဆက်ထားခဲ့သည်။ သို့သော် အရှင်မင်းကြီး၏ ဒီဇိုင်းအရ ထိုယာယီသစ်သားတံတားအား သံမဏိပြားများ၊ သံမဏိချိန်းကြိုးများဖြင့် ပြုလုပ်ထားသည့် သံမဏိကြိုးတံတားတစ်ခုဖြင့် အစားထိုးခဲ့သည်။

ဤသံမဏိကြိုးတံတားမှာ တိုက်ခိုက်ရန်အတွက်ရော၊ ခုခံရန်အတွက်ပါ ပြည့်စုံသည်။ ထိုတံတားကြီးမှာ ကျောက်တံတား၏ အပိုင်းပြတ်နေရာပေါ်တွင် တွယ်ကပ်နေသော သတ္တဝါကြီးတစ်ကောင်ကဲ့သို့ပင်။ ခုခံရာတွင် အထောက်အကူဖြစ်စေပြီး ဇူလီကျုံးသက်ရောက်မှုကို ပို၍ပြည့်စုံစေသည်။

“ကျွီ ကျွီ ကျွီ...”

လူကြီး လက်မောင်းတစ်လုံးစာခန့်ရှိသည့် သံချိန်းကြိုးကြီး ချောင်းသည် ကြီးမားသည့် သံမဏိဘီးလုံးအားလှည့်သံနှင့် အတူ ကြိုးတံတားတစ်ခုလုံးကို အပေါ်သို့မြှောက်လိုက်သည်။ ထို့ကြောင့် ကျောက်တံတားပေါ်တွင် ၁၀မီတာခန့်ရှည်သည့် တံတားပြတ်နေရာတစ်ခုပေါ်လာ၏။ ရန်သူများ တစ်ဖက်သို့မရောက်လာခင် မြစ်ထဲသို့ အလောင်းများစွာ စွန့်လွှတ်ရမည်ဖြစ်သည်။

“လေးသည်တော်တွေ အသင့်ပြင်ထားကြ....”

ဘားရက်ခ် သူ၏ဓားက်ိုဆွဲထုတ်လိုက်သည်။ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားသည့်အမူအရာတစ်ခုပေါ်ပေါက်နေ၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားသည် တဖြည်းဖြည်းခြင်းဖြင့် တိုးတက်လာခဲ့ပြီးဖြစ်သည်။ ကျောက်တုံးတံတားပေါ်တွင် တိုက်ခိုက်ခဲ့သည့် လူ၂၃​ယောက်ထဲမှတစ်ယောကိဖြစ်ပြီး ငွေရောင်သူတော်စဥ်တပ်ဖွဲ့ထဲမှ တစ်ယောက်ဖြစ်သော ဘားရက်ခ်သည် ဤတိုက်ပွဲကိုတိုက်ခိုက်ရန် ရင်ထဲမှစောင့်မျှော်နေလျှက်ရှိသည်။

သူ ချမ်းဘော့ဒ်တိုင်းပြည် မည်မျှသန်မာသည်ကို အင်ပါယာတစ်ခုလုံးအား ပြသလိုသောကြောင့်ပင်။

သူတို့အနောက်တွင် နန်းတော်အတွင်းမှ စစ်သားများစွာ သူတို့အားကူညီရန်အတွက် ပြေးထွက်လာကြသည်။ သူတော်စဥ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် ဒရော့ဂ်ဘာနှငွ အီဗန်နိုဗစ်တို့လဲ ကျွမ်းကျင်စစ်သည်များကို ဦးဆောင်ပြီး တံတားမြောက်ဘက်ခြမ်းရှိ စစ်သည်များနှင့် သွားရောက်ပူးပေါင်းကြသည်။ ခံတပ်နံရံပေါ်တွင် ချမ်းဘော့ဒ်၏ မြို့ပြနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များဖြစ်ကြသော ဘတ်စ်နှင့် ဘရွတ်တ်ို့သည် အချက်ပေးခေါင်းလောင်းအသံက်ို ကြားပြီးကတည်းက ရောက်ရှိနေပြီဖြစ်သည်။ သူတို့နှစ်ယောက်လုံး မျှော်စဥ်အောက်တွင် တည်ငြိမ်စွာရပ်လျှက်ရှိပြီး အခြေအနေကို သုံးသပ်နေကြသည်။

လူတိုင်းသည် ဤရုပ်တရက်ရောက်ရှိလာသည့် လျို့ဝှက်ထူးဆန်းသည့်ရန်သူများကို စောင့်လျှက်ရှိကြသည်။

.........

.........

အနောက်ဘက်တောင်းတန်းများအတွင်းရှိ မြေအောက်လိုဏ်ဂူတွင်ဖြစ်သည်။

ရိုးရှင်းသော သာမန်ကျောက်တုံးအခန်းတစ်ခုထဲတွင် ဖှေးအယ်လီနာ၏ နောက်ဆုံးကျန်ရှိနေသောလယ်သာချပ်ဝတ်ကို ချွတ်လိုက်သည်။ သူထိုအရာအား အတက်နိုင်ဆုံး မျက်စိမှိတ်၍လုပ်နေခြင်းဖြစ်၏။ သူ၏ တုန်ခါနေသော လက်များသည် အယ်လီနာ၏ ချောမွေ့ကာဖြူဖွေးနေသော အသားကိုမထိသော်လည်း သူနွေးထွေးပြီး စွဲမက်ဖွယ်ခံစားချက်တစ်ခုက်ု ခံစားနေရပြီးဖြစ်သည်။ သူ၏ ဝိဉာဉ်မှာ အယ်လီနာ၏ အလှကြောင့် မီးလောင်ကျွမ်းနေသကဲ့သို့ပင် ဖှေးခံစားနေရ၏။

မဝင့်မရဲဖြစ်နေရန်အတွက် အချိန်မရှိပေ။ အယ်လီနာ၏ အခြေအနေမှာ တစ်စတစ်စပို၍ တိုးဝါးလာနေပြီဖြစ်သည်။ ဖှေး ခေါင်းကိုခါရမ်းပြီး အမျိုးသမီးကိုယ်ရံတော်၏ ခန္ဓာကိုယ်က်ု ပွေ့ဖက်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် တစ်ခါမှမကြုံဖူးသေးသည့် နွေးထွေးနူးညံ့သောခံစားချက်ကြောင့် ထုံကျဥ်သွားပြီး သူ၏ခေါင်းထဲရှိအတွေးများ အားလုံးလည်း ရပ်တံ့သွားတော့သည်။

မေ့မျှော်နေသော အယ်လီနာသည်လည်း တစ်စုံတစ်ခုကို ခံစားလိုက်မိပုံရသည်။ သူမ၏ နာကြင်သောမျက်နှာအမူအယာမှာ အနည်းငယ်လျှော့ကျသွားပြီဖြစ်သည်။

ဖှေး သူ၏ခေါင်းထဲတွင်ရှိနေသော ညစ်ညမ်းသည့်အတွေးများကို ထိန်းချုပ်လိုက်ပြီး ဒိုင်ယာဘလို ကမ္ဘာမှရရှိသော အချက်အလက်များကို ပြန်လည်စဥ်းစားလိုက်သည်။ သူအယ်လီနာ၏ လှပသောမျက်နှာကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ထိုအခိုက်တန့်တွင် အကြောင်းပြချက်တစ်ခုကြောင့် တခြားအပစ်ကင်းသော အမျိုးသမီးငယ်တစ်ယောက်၏ ပုံရိပ်သည် သူ၏ခေါင်းထဲတွင် ပေါ်လာသည်။

သို့သော်.....

အယ်လီနာ၏အဖြူရောင် ရှည်လျားသည့်ခြေထောက်နှစ်ဖက်အား ကားလိုက်ပြီး ဖှေးနောက်ဆုံးတွင် ဖြေးညင်းစွာဖြင့်ဝင်ရောက်လိုက်၏။

All Chapters