← Chapters

အခန်း (၁၆၀)

Vol. 11 Ch. 160

အခန်း (၁၆၀)

Vol. 11 Ch. 160

အထိအတွေ့ကို ကျေနပ်​နေရန်အတွက် အချိန်မရှိသေးပေ။ အဖြည့်စွမ်းအားများဖြင့်ပြည့်နက်နေသည့် ပေါက်ကွဲနေသည့်စွမ်းအင်များသည် ဖှေး၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာခဲ့သည်။ ဖှေး ဤကဲ့သို့ဖြစ်လာမည်မှန်းသိသော်လည်း ရုတ်တရက်ဝင်ရောက်လာသည့် နာကြင်မှုကြောင့် သူနက်ရှိုင်းစွာ အော်ဟစ်ငိုကြွေးလိုက်မိသည်။ ထိုစွမ်းအားသည် သူ၏ ဝိဉာဉ်အား ခန္ဓာကိုယ်မှာ ဆွဲခွာနေသကဲ့သ်ို့ပင် ခံစားနေရ၏။ သူ၏ ခန္ဓာအတွင်းမှလဲ သွေးများစိမ့်ထွက်လာပြီး လေထုထဲတွင် သွေးမြူများပြန့်နှံ့သွားစေသည်။

ဖှေး အယ်လီနာခံစားနေရသည့် နာကြင်မှုကိုနောက်ဆုံးတွင် ကိုယ်တိုင်ခံစားလိုက်ရပြီဖြစ်သည်။

ဤလှပသော မိန်းကလေးမှာ ဤကဲ့သို့ဝေဒနါကို အံကြိတ်ခံခဲ့သည်မှာ နှမြောစရာပင်။ သူမမေ့မြောသွားသည့်တိုင်အောင် ငြီးတွားခြင်းမပြုခဲ့ပေ။ ဤအမျိုးသမီး၏ ခံနိုင်ရည်ရှိမှုမှာ ချက်ချင်းပင်ဖှေးအားထိတ်လန့် အံ့သြသွားစေခဲ့သည်။

ဖှေး သည်ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံးရတနာကို ကိုင်ဆောင်ထားသကဲ့သို့ ကောင်မလေးကို သူ၏ လက်မောင်းများဖြင့် တင်းကြပ်စွာပွေ့ဖက်ထားသည်။

ဖှေး လူရိုင်းဇာတ်ကောင်၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားများကို အသုံးပြုပြီး ကြောက်မက်ဖွယ်နာကြင်မှုကို အတက်နိုင်ဆုံးရင်ဆိုင်နေ၏။ ချိတ်ဆက်မှုမှ တဆင့်သူ၏ခန္ဓာကိုယ်ထဲသို့ဝင်ရောင်လာသော လျှပ်စစ်၊မီး၊ရေခဲ၊အဆိပ်စသည့် စွမ်းအင်များကိုပင် ထင်ရှားစွာခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်အတွင်းတွင်ရှိသော ဆဲလ်များပမှုန့်ကြေနေသကဲ့သို့ပင် ခံစားနေရ၏။ ထိုစွမ်းအင်များ အခြင်းခြင်းတိုက်ခိုက်နေရာမှ အဆုံးမဲ့သောနာကြင်မှုများကို ထွက်ပေါ်စေလျှက်ရှိ၏။

ဤနာကြင်မှုမှာ ဟော့ခ်ဆေးပုလင်းသောက်ပြီး ခံစားရသည့် နာကြင်မှုထက် ၁၀ဆခန့်ပင် ပိုမိုဆိုးဝါးသည်။ စက္ကန့်တိုင်း စက္ကန့်တိုင်းသည် သူ၏ခေါင်းထဲတွင် ရာစုနှစ်တစ်ခုထက်ပင် ပိုမိုရှည်ကြာနေ၏။

မကြာမှီတွင် စွမ်းအင်လေးမျိုး၏ တစ်ခုနှင့်တစ်ခုတိုက်ခိုက်နေမှုမှာ တဖြည်းဖြည်းလျှော့ကျလာ၏။ အချိန်ကြာမြင့်စွာရန်သတ်ပြီးချိန်တွင် သူငယ်ချင်းဖြစ်လာသော လူလေးယောက်ကဲ့သို့ပင်။ စွမ်းအင်များသည် ဖှေး၏ ခန္ဓာကိုယ်ထဲတွင် တစ်ပတ်ခန့်လည်ပတ်ပြီး အယ်လီနာ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့၏။ ဖှေး၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်တစ်ခုမျှ မကျန်ရှိခဲ့ချေ။

ခနအကြာတွင် ဖှေး သူ၏လက်ထဲတွင်ရှိသော အလှလေး၏ခန္ဓာကိုယ်မှာ စတင်လှုပ်ရှားလာသည်ကို သတိထားလိုက်မိသည်။

ဤအနည်းငယ်ရွေ့လျားလာမှုသည် ဖှေးအားအံ့သြသွားစေပြီး ချက်ချင်းပင် သူ၏ခေါင်းကိုရှင်းလင်းသွားစေသည်။ အခြေအနေသည် ကို့ရို့ကားယားဖြစ်နေပြီး သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာလဲ အထဲတွင်ပင်ရှိနေဆဲဖြစ်ကြောင်း သတိထားလိုက်မိသည်။ သူတစ်စုံတစ်ခုပြောပြီး ခန္ဓာကိုယ်ခြင်းခွာလိုက်ရန်အတွက် ပြင်နေသည့်အချိန်မှာပင် သေးသွယ်သော လက်နှစ်ဖက်သည် ရှေ့သို့ဆန့်တန်းလာပြီး သူ့အားပွေ့ဖက်လိုက်သည်။

သူအောက်ကို ငုံ့ကြည့်လိုက်သည်။

အယ်လီနာမှာ သူ့အားမျက်လုံးဖွင်လျှက်ကြည့်နေသည်ကိုတွေ့လိုက်ရ၏။

သူမယခင်အချိန်ကတည်းက ပြန်လည်နိုးထနေခဲ့သည်မှာထင်ရှားသည်။

သူမ ဖြစ်ခဲ့သည့် အရာများကိုလည်း သိရှိသည်။

ကြည်လင်သော မျက်ရည်စက်များသည် သူမ၏လှပသော မျက်နှာပေါ်မှစီးကျလာ၏။

သို့သော် သူမ ဖှေးအား လွှတ်မပေးသေးပေ။ သူမ၏ လက်များသည် ဖှေး၏လည်ပင်းပေါ်သို့ တင်းကြပ်စွာပွေ့ဖက်ထားဆဲပင်။ ဖှေးမှာအသက်ရှူရန်ပင် အနည်းငယ်ခက်ခဲနေ၏။ သူမလက်ထဲမှလူသည် သူမလွှတ်လိုက်သည်နှင့် တပြိုင်နက်ကွယ်ပျောက်သွားမည်ကို စိုးရိမ်နေသကဲ့သို့ပင်။

“ကျွန်မကို ပိုပြီးတင်းတင်းဖက်ထားပါ....” အယ်လီနာ ဖှေးအား ကပ်ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် အယ်လီနာသည်လည်း ဖှေးအားတောက်ပသောမီး​တောက်တစ်ခုကဲ့သို့ တင်းကြပ်စွာပွေ့ဖက်လိုက်သည်။

သူမ၏ လှပသောခန္ဓာကိုယ်ကို ဖှေးထံသို့ ပူးကပ်ထား၏။ ဖှေး ဤနွေးထွေးသော မီးတောက်ထဲတွင် အရည်ပျော်ကျတော့မည့်ကဲ့သို့ပင် ခံစားနေရသည်။ သူမ၏ ခန္ဓာကိုယ်သည် ဖှေး၏လက်မောင်းများအတွင်းတွင် အနည်းငယ်တုန်ခါနေသည်။ ဤအခိုက်တံ့တွင် သူမသည် နေ၏အပူချိန်ကို ရေခဲမြှားများဖြင့် ဖုံးလွှမ်းပစ်ခဲ့သော ပြိုင်ဘက်ကင်း မှော်လေးသည်တော်တစ်ယောက်မဟုတ်တော့ချေ။ ရဲရင့်သော်လည်း သိမ်ငယ်တတ်သည့် ကောင်မလေးတစ်ယောက်သာဖြစ်တော့၏။

ဖှေး ရုတ်တရက် သဘောပေါက်သွားသည်။

သူယခင်က လျစ်လျူရှုထားမိသည့်အရာတစ်ချို့ကို ယခုအချိန်မှ သဘောပေါက်စပြုလာသည်။

သူ၏ နှလုံးသားသည် နွေးထွေးကာနူးညံ့သလိုခံစားနေရသည်။ သူတို့နှစ်ယောက်လုံး လုံးဝခွဲခွာလို့မရတော့ချေ။

ရံဖန်ရန်ခါ ညည်းတွားသံများနှင့် ပြင်းထန်သည့်အသက်ရှူသံများသည် ကျောက်ခန်းမအတွင်းတွင် ပျံ့နှံ့သွားသည်။

အယ်လီနာ သူမ၏လက်ကို ဝှေ့ရမ်းလိုက်သည်။ အပြာရောင် ရေလွှာတစ်ခုပေါ်ပေါက်လာပြီး သူတ်ို့နှစ်ယောက်အား အထဲတွင်လွှမ်းခြုံလိုက်တော့၏။ အပြာရောင်အလင်းရောင်မှ မှောင်မဲသော ကျောက်တုံးအခန်းအား လင်းသွားစေပြီး ကောင်းကင်ဘုံကဲ့သို့ပင် ဖြစ်သွား၏။

........

........

ကောင်းကင်ပြာရောင် ရေကဲ့သို့ စွမ်းအင်အလွှာမှာ တဖြည်းဖြည်းပါးစပြုလာပြီး ပျောက်ကွယ်သွားသလို ကျောက်တုံးအခန်းအတွင်းရှိ ချစ်တင်းနှောမှုမှာလည်း ပြီးဆုံးသွားပြီဖြစ်သည်။

အယ်လီနာမှာ သူမ၏ အတွင်းချပ်ဝတ်ကို ဝတ်ဆင်ထားပြီးဖြစ်သည်။ ထိုအရာမှာ အလွန်တင်းကြပ်သည့် လယ်သာချပ်ဝတ်တစ်ခုဖြစ်ပြီး သူမ၏ ကျက်သရေရှိသလို ညို့အားပြင်းသည့် ခန္ဓာကိုယ်အလှကို ထင်ရှားစွာဖော်ပြနေသည်။ မိန်းမတစ်ယောက်၏ ခန္ဓာကိုယ်အလှသည် ဤမျှလောက်ထိ လှပနိုင်မည်မှန်း ဖှေးမတွေးမိခဲ့ချေ။ တစ်ခါကြည့်မိပါက မျက်လုံးမခွာရန် မဖြစ်နိုင်တော့လောက်သည့် အလှတရားမျိုးဖြစ်၏။

ချောမွေ့သော သူမ၏ အဖြူရောက်လက်များကိုဝှေ့ရမ်းလိုက်သည့်အချိန်တွင် သိပ်မဝေးသောနေရာရှိကျောက်တုံးစားပွဲပေါ်တွင် တင်ထားသော သူမ၏ချပ်ဝတ်များသည်သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ပျံသန်းလာကာ ဝတ်ဆင်ပြီးဖြစ်သွား၏။

ယခင်က နူးညံ့သိမ်မွေ့နေခဲ့သော ကောင်မလေးသည် ယခုအချိန်တွင် ရဲရင့်သော စစ်နတ်သမီးတစ်ယောက်ကဲ့သို့ပြောင်းလဲသွားပြီဖြစ်သည်။ ကျန်အမျိုးသမီး ကိုယ်ရံတော်၇ယောက်၏ စွမ်းအားများပေါင်းစပ်ပြီးချိန်တွင် အယ်လီနာသည် လက်ရှိအခြေအနေတွင် အလွန်ကြီးမားသောအစွမ်းများက်ု ပိုင်ဆ်ုင်ထားပြီဖြစ်သည်။ သူမသည် လျှပ်စစ်၊ ရေခဲ၊ မီး၊ လျှပ်စစ် စသည့်စွမ်းအားအမျိုးမျိုးပြောင်းလဲကာ တိုက်ခိုက်နိုင်နေပြီဖြစ်သည်။ မတူညီသော စွမ်းအားအသစ်များရရှိခြင်းအပြင် သူမ၏နဂိအြစွမ်းများမှာလည်း အဆပေါင်းများစွာ တိုးတတ်လာခဲ့သည်။ သူမ၏ တိုက်ရည်ခိုက်ရည်မှာ နှစ်ဆကျော်ခန့်ပင် တိုးတက်လာပြီဖြစ်သည်။ လက်ရှိအခြေအနေအရသူမ၏ အစွမ်းများသည် အနည်းဆုံး ကြယ်​လေးလုံးအဆင့်အလတ်ပိုင်းဆရာတစ်ယောက်နှင့် ညီမျှနိုင်ပြီး သာမန်အခြေအနေတွင်ဆိုပါက ဖှေး၏ ပုံမှန်စွမ်းအားထက်ပင် အနည်းငယ်ကျော်လွန်နေပြီဟု ပြောနိုင်၏။

အဝတ်စားများ ဝတ်ဆင်ပြီးနောက်တွင် အယ်လီနာ၏ မျက်မှာအမူအယာမှာ ပြောင်းလဲခြင်းမရှိပေ။ သူမ ဖှေးအား ဘာမှမဖြစ်ခဲ့သလို ကြည့်လိုက်၏။

သို့သော် အတွင်းတွင် မည်မျှပျော်ရွှင်နေမှန်း သူမသာလျှင်အသိဆုံးဖြစ်လိမ့်မည်။ သူမသည် သူမကိုယ်သူမသာမန်သူပုန် တစ်ယောက်ကဲ့သို့ခံစားခဲ့ပြီး တစ်ချိန်တွင် သူမ၏ ညီအမများကဲ့သို့ပင် မကောင်းဆိုးဝါးများလက်ထဲတွင် ရက်ရက်စက်စက်အသတ်ခံရမည့် ကံကြမ္မာက်ိုမလွတ်မြောက်နိုင်ဟု ယူဆထားခဲ့သည်။ သူမ၏ ယုံကြည်မှုနှင့် စခန်းအပေါ်ကာကွယ်ရန်ချစ်မြတ်နိုး စိတ်ကြောင့်သာမဟုတ်ပါက သူမသည် ဤဆိုးဝါးသည့် ဘဝနေထိုင်မှု ဖိအားများကြောင့် ရူးသွပ်၍ပင် သွားနိုင်၏။

ဖှေး ရောက်ရှိလာမှုသည် သူမ၏ ကံကြမ္မာကို လုံးဝပြောင်းလဲသွားစေသည်။ မှောင်မိုက်သောညရှိ ဖယောင်းတိုင်တစ်ချောင်းကဲ့သို့ပင်။ အယ်လီနာဖှေး အား မည်သည့်အချိန်က ချစ်မိသွားမှန်းသူမမသိချေ။ ထို့သော် ထိုအချစ်စိတ်သည် သူမ၏နှလုံးသားထဲတွင် တစ်နေ့တခြားပျံ့နှံ့နေခဲ့ပြီး သူမအား ရူးသွပ်လုနီးပါး ဖြစ်စေသည်အထိပင်။ မာကြောကာ ပြိုင်ဘက်ကင်းသည့်ပုံစံရှိသည့် အယ်လီနာတွင် အလွန်နူးညံ့သည့်နှလုံးသားတစ်ခုရှိသည်။

သူမ၏ နှလုံးသားသည် ဖှေးကို ချည်နှောင်ထားသဖြင့် သူမကိုယ်သူမပင် မေ့လျော့စေသည်။

အထူးသဖြင့် ဖှေး၏ သရုပ်မှန်မှာ သုခဘုံတွင် လူတိုင်းလေးစားရသည့် ဘုရင်တစ်ပါးဖြစ်ကြောင်းကို သိရှိပြီးချိန်တွင် အယ်လီနာသူမနှင့် ဖှေးတို့အကြားရှိ အကွာဝေးမှာ ပို၍ကြီးမားလာသကဲ့သို့ခံစားခဲ့ရသည်။ သန့်စင်ပြီး ပန်းပွင့်လေးကဲ့သို့ အန်ဂျယ်လာတည်ရှိနေသည်မှာလဲ သူမ၏ နှလုံးသားကိုနာကြင်စေခဲ့သည်။

ဤအခိုက်တန့်တွင် သူမ၏ ပါးပြင်မှ ကြည်လင်သောမျက်ရည်စက်များမှာ ဝမ်းနည်းသောကြောင့်မဟုတ်ပေ။ သန့်ရှင်းသော ပျော်ရွှင်မှုတစ်ခုတည်းကြောင့်သာ ဖြစ်၏။

အယ်လီနာနောက်ဆုံးတွင် သူမကိုယ်သူမ လွှတ်ပေးလိုက်သည်။ ဖှေးအား သူမ၏ လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာပွေ့ဖက်ခဲ့သည်။ ဤသည်မှာ သူမလုပ်ဖူးခဲ့သမျှထဲတွင် အရူးသွပ်ဆုံးအရာပင်။ အမျိုးသမီးနတ်ဆိုး အေဒရီရယ်နှင့် ရင်ဆိုင်စဥ်ကပင် ဤမျှစိတ်မလှုပ်ရှားခဲ့ပေ။

လှပသော အိမ်မက်မှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

သို့သော် အယ်လီနာကျေနပ်မိသည်။

သူမ အိမ်မက်ထဲ၌ပင် မမျှော်မှန်းရဲသည့် အရာကိုရရှိခဲ့သောကြောင့်ဖြစ်သည်။ အထိတွေ့တွင် သာယာမှုမဟုတ်ပေ။ ဖှေးသည် သူမအား အမှန်တကယ် ဂရုစိုက်ကြောင်းခံစားလိုက်ရသောကြောင့်ပင်။ အေဒရီရယ် ဒိုင်ယာဘလိုအပေါ်ချစ်မိသည့်အတွက် နတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲစေသည်အထိပင် ပေးဆက်ခဲ့သလိုပင်ဖြစ်သည်။

“ဘုရင် အလတ်ဇန္ဒား....”

အယ်လီနာ ဒူးတစ်ဖက်ထောက်လိုက်ပြီး သူမ၏ ခေါင်းကိုနှိမ့်ချလိုက်သည်။ သူမ၏ အနီရောင်ဆံပင်များသည် လေထဲတွင်လွင့်မြောနေ၏။

ဖှေး ချက်ချင်းပင် အယ်လီနာ၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

သူမ အယ်လီနာအား မြေပြင်ပေါ်မှဆွဲထူလိုက်ပြီး တင်းကြပ်စွာဖက်လိုက်သည်။ “ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဘုရင်တစ်ပါးအနေနဲ့ရော သူပုန်စခန်းရဲ့မဟာခေါင်းဆောင်တစ်ယောက်အနေနဲ့ရော အယ်လီနာ ငါမင်းက်ို ဒူးထောက်ခွင့်ပေးမှာမဟုတ်ဘူး...မင်းငါ့ဘေးနားမှာပဲ ငါနဲ့အတူရပ်ရမယ်...ဟုတ်ပြီလား...”

ဖှေးပြောသည်ကို ကြားလိုက်ရပြီးနောက်တွင် အယ်လီနာစက္ကန့်အနည်းကြာ ကြက်သေသေသွားသည်။ ထို့နောက်တွင် ဝမ်းသာအံ့သြသွားသည့် အမူအယာသည် သူမ၏ မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။ သူမကြားလိုက်ရသည်ကိုပင် မယုံကြည်နိုင်ဖြစ်နေ၏။ ဖှေး၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကိုသူမ ကောင်းစွာနားလည်သည်။ ဤသည်မှာ သူမ မြင်သာမြင်နိုင်ခဲ့ပြီး မထိတွေ့နိုင်ခဲ့သည့် ပျော်ရွှင်မှုပင်။

ကျောက်တုံးခန်းမအတွင်းတွင် နွေဦးသို့ရောက်ရှိလာသကဲ့သို့ အပြုံးများဖြင့် တောက်ပသွားသည်။

အမျိုးသမီးတိုင်းတွင် လူများမသိသော ပုံစံတစ်ခုရှိသည်။

ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်တိုက်ပွဲတွင် စစ်နတ်သမီးတစ်ယောက်ကဲ့သို့ အယ်လီနာမှာ ယခုအချိန်တွင် သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့ ဖှေးအနားတွင် ရပ်နေမည်ဟု မည်သူမှထင်ထားမည်မဟုတ်ပေ။

ဖှေးလည်း အယ်လီနာခံစားနေခဲ့ရသည်များကို နားလည်နိုင်သည်။

သူသည်ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးလူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

........

........

“မင်းတို့ ချမ်းဘော့ဒ်ကနှိမ့်ကျတဲ့ မြို့သူမြို့သားတွေ နားထောင်ကြ...ကြိုးတံတားကိုအခုချက်ချင်းချလိုက်ပြီး မင်းတို့တရားမဝင်ဖမ်းဆီးထားတဲ့ မင်းသားတွေကို လွှတ်ပေးစမ်း...မင်းတို့ရဲ့စောက်ပိန်းဘုရင် အလတ်ဇန္ဒားကိုယ်တိုင်လာပြီး ဒူးထောက်တောင်းပန်မယ်ဆိုရင် ငါတို့မင်းတို့တိုင်းပြည်ကို ချမ်းသာပေးမယ်...”

ကျောက်တုံးတံတား၏ တစ်ဖက်ချမ်းတွင် မြင်းပေါ်မှ လူတစ်ယောက်သည် သူ၏မျက်နှာပေါ်တွင် အထင်သေးသော အမူအယာတစ်ခုနှင့်အတူ အော်ဟစ်လိုက်သည်။

“အတော်ရဲတင်းလှချည်လား...ဘုရင်အလတ်ဇန္ဒားအပေါ်ရိုင်းပြရဲတာ မင်းကဘယ်ကကောင်လဲ....”

ဘားရက်ခ်မှာ ဒေါသဖြင့် ပြန်လည်အော်ဟစ်ကာမေးလိုက်သည်။ “ချွင် ချွင် ချွင်” သူ၏အနောက်တွင် ချမ်းဘော့ဒ်စစ်သည်များ၏ မျက်နှာပေါ်တွင် တင်းမာနေသော အမူအယာများရှိပြီး လက်နက်များကိုဆွဲထုတ်လိုက်ကြသည်။ လေးသည်တော်များမှာလည်း မြှားများနှင့် လေးကြိုးမျအဆင်သင့်တင်ထားလိုက်ကြသည်။ သူတို့အဖွဲ့ခေါင်းဆောင်၏ အမိန့်ရသည်နှင့်တစ်ပြိုက်နက် ထိုမြင်းနှင့်လူ၏ လည်မြိုအား ဦးတည်ကာ ပစ်လွှတ်လိုက်တော့မည်ဖြစ်သည်။

“ထွီ..မင်းတို့လို အသုံးမကျတဲ့ကောင်တွေက ငါ့နာမည်က်ို မေးဖို့ အဆင့်ရှိတယ်လို့ထင်နေတာလား...မင်းတို့ရဲ့ ဘုရင်အလတ်ဇန္ဒားကိုပဲ အပြင်ထွက်ပြီး ဒူးထောက်တောင်းပန်ဖို့ သွားပြောလိုက်။”

ဤတောက်ပစွာ ဝတ်ဆင်ထားသော စစ်သည်မှာ ပြောရင်းဖြင့် သူ၏လက်ကိုဝှေ့ရမ်းလိုက်သည်။ မန္တန်တစ်ချို့ ရွတ်ဆိုအပြီးတွင် သူ၏အရှေ့တွင် လေဖြင့်ပြုလုပ်ထားသော ထိုးဖောက်မြင်နိုင်စွမ်းရှိသည့် ဓားသွားများပေါ်ပေါက်လာသည်။ စစ်သည်သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည့်အခါတွင် ထိုဓားသွားများသည် စူးရှသည့်လေခွင်းသံများနှင့် အတူ ချမ်းဘော့ဒ်မှ လူများထံသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။

“ဒါမှော်အစွမ်းတစ်ခုပဲ....သူက မှော်ဆရာတစ်ယောက်ပဲဟေ့....”

ချမ်းဘော့ဒ် ဘက်အခြမ်းမှ အံ့သြစွာရေရွတ်သံများ ချက်ချင်းပင်ထွက်ပေါ်လာသည်။ အမဲရောင်ချပ်ဝတ်ရန်သူများနှင့်တိုက်ခိုက်ခဲ့စဥ်က ခက်ခဲအာ အလွန်အန္တရာယ်များသော တိုက်ပွဲအတွေ့ကြုံရှိပြီးဖြစ်သော်လည်း ဤကဲ့သ်ို့ တစ်ခါမှမမြင်ဖူးသေးသည့် မှော်ပညာမျိုးနှင့် ကြုံတွေ့လိုက်ရသည့်အချိန်တွင် စစ်သည်များအလွယ်တကူပင် ထိတ်လန့်သွားကြသည်။ ထို့အပြင် ဤရန်သူမှာ အဆင့်မြင့်မှော်ဆရာတစ်ယောက်ဖြစ်သည်မှာ အသေချာပင်။

“မကြောက်ကြနဲ့ နောက်ကိုနည်းနည်းဆုတ်ပြီး ဖွဲ့စည်းပုံပြင်ထားကြ....”

ဘားရက်ခ်၊ ဒရော့ဂ်ဘာ၊ ပီးရာစ်၊ အီဗန်နိုဗစ်နှင့် အက်စိန်တ်ို့ ငါးဦးမှာ တုန့်ပြန်မှုမြန်ဆန်ကြသည်။ သူတို့ဘေးရှိ စစ်သည်များထံမှ နှစ်ကိုက်ခန့်အမြင့်ရှိသော သံမဏိဒိုင်းကာကြီးများကို ချက်ချင်းပင်ဆွဲယူလိုက်ကြီး လေပင်ဖြတ်သန်းမသွားနိုင်သော ခုခံမှုနံရံကြီးကိာ အတူတကွဖန်တီးလိုက်ကြသည်။ ထို သံမဏိဒိုင်းကာကြီးများမှာ အမဲရောင်စစ်သည်များထံမှ သိမ်းဆည်းထားသည့် စစ်နိုင်ပစ္စည်းများဖြစ်ကြသည်။ တစ်ခုခြင်းစီတိုင်းမှာ ပေါင်ထောင်ချီသော အလေးချိန်ရှိကြသည်။ ဟော့ခ်ဆေးပုလင်းသောက်ထားထည့် သူတော်စဥ်တပ်ဖွဲ့ဝင်များသာလျှင် ကိုက်ဆောင်နိုင်သော ခွန်အားရှိကြသည်။

“ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း...”

ရန်သူပစ်လွှတ်လိုက်သော လေစွမ်းအင်ဓားသွားများမှာ ဒိုင်းကာကြီးများကို ထိမှန်ပြီး ကြောက်မက်ဖွယ်အရာကြီးများကို ချန်ထားခဲ့ကြသည်။ စွမ်းအားမြင့်သော ရိုက်ချက်များကြောင့် ဒိုင်းကိုင်ထားသော ဒရော့ဘာ၏ ပုခုံးပင်ထုံကျဥ်သွားပြီး နှလုံးခုန်သံမှာ အနည်းငယ်မြန်ဆန်သွားသည်။

“ပစ်တော့...အမြန်ပစ်...အဲ့ခွေးသားကိုမြှားနဲ့ပစ်သတ်လိုက်ကြစမ်း...”

ဘားရက်ခ်အော်လိုက်သည်နှင့် ချမ်းဘော့ဒ်မှ လေးသည်တော်များသည် ဆွဲတင်ထားသော လေးကြိုးများကို ပစ်လွှတ်လိုက်ကြသည်။ “ဖျောင်း ဖျောင်း ဖျောင်း ဖျောင်း...”

လေးကြိုးလွှတ်သံများနှင့်အတူ ချွန်ထက်သော မြှားများသည် တံတားတစ်ဖက်ခြမ်းရှိ မြင်းပေါ်မှလူထံသို့ ပျံသန်းသွားတော့၏။ မြှားအရေတွက်မှာ ​များပြားလှသောကြောင့် နေရောင်ကိုပင် ဖုံးကွယ်လုနီးနီးပင်။

“သေစမ်း...မင်းတို့ကောင်တွေက ငါ့ကိုပစ်ရဲတယ်ပေါ့.....”

မြင်းပေါ်မှ လူသည် ဒေါသဖြစ်သွားသည်။ မန္တများရွတ်ဆို၍ လက်ကိုဝှေ့ရမ်းလိုက်ရာ အနည်းငယ်အစိမ်းရောင်သန်းသော လေဓားသွားများသည် လေးကိုက်ခန့်မြင့်သော ဒိုင်းကာကဲ့သို့ အကာရံတစ်ခုကို ဖန်တီးလိုက်သည်။ “ဘန်း ဘန်း ဘန်း” မြှားပေါင်းများစွာသည် ဒိုင်းကာကိုထိမှန်ကုန်ကြသည်။ “ချွတ်...” ​ပထမအသုတ်မြှားများထိမှန်အပြီးတွင် ဒိုင်းပေါ်တွင် အက်ကြောင်းများစွာပေါ်ပေါက်လာသည်။ ထို့နောက်တွင် အောက်သို့ပစ်ချလိုက်သည့် မှန်တစ်ချက်ကဲ့သို့ ကွဲအက်ကြေမွသွားတော့သည်။

“မင်းတို့နှိမ့်ကျတဲ့ကောင်တွေ ငါဘယ်သူလဲသိလားကွ မင်းတို့ကောင်တွေကဘဇီးနစ်အင်ပါယာက မှော်ဆရာကို ပစ်ရဲတယ်ပေါ့ မင်းတို့တော့သေပြီ.....”

ပထမအသုတ်မြှားများအပြီးတွင် မြင်းပေါ်မှ လူသည် စိတ်ဆိုးစွာအော်ဟစ်ရင်း အနောက်သို့ဆုတ်ခွာသွားတော့သည်။ သူစိတ်ဆိုးဒေါသဖြစ်နေသော်လည်း သူ၏ အသက်အန္တရာယ်အတွက် စိုးရိမ်သောကြောင့်ပင်။ ​ခုနက မြှားမိုးသည် သူ့အား အလွန်ထိတ်လန့်သွားစေခဲ့သည်။

သူမြင်းဇာတ်ကြိုးကို ဆွဲပြီး မြှားများမရောက်နိုင်သည့်နေရာသို့ ထွက်ခွာသွားတော့သည်။

တံတား၏ တောင်ဘက်အခြမ်းတွင် ရန်သူတပ်ဖွဲ့မှာ နောက်ဆုံးတွင် ချမ်းဘော့ဒ်မှ စစ်သည်များရှေ့သို့ရောက်ရှိလာပြီဖြစ်သည်။ ရှုပ်ထွေးသော သင်္ကေတများဖြင့် အလံအမျိုးမျိုးမှာ လေထဲတွင် တလွင့်လွင့်ဖြစ်နေ၏။ ထိုအလံများမှာ တိုင်းပြည်အမျိုးမျိုးမှ စစ်သည်များပေါင်းထားသည့်တပ်ဖွဲ့ဖြစ်ကြောင်း ချမ်းဘော့ဒ်မှလူများကိုဖော်ပြနေသည်။ ချပ်ဝတ်အပြည့်စုံဝတ်ထားသည့် မြင်းပေါ်မှစစ်သည်၉ဦးသည် ဤတပ်ဖွဲ့ကြီးကိုဦးဆောင်လာသည်။ သူတို့အနီးနားတွင် အလံကိုင်သူတစ်ဦးစီလိုက်လာကြပြီး ကိုင်ဆောင်ထားသောအလံများမှာ မတူညီကြချေ။ အနောက်တွင်ပါလာသည့် ရိုးရိုးစစ်သည်များစွာသည်လည်း မတူညီသည့် ချပ်ဝတ်ပုံစံ အရောင်သွေးများကို ဝတ်ဆင်ထားကြသည်။

ချမ်းဘော့ဒ်ဘက်သို့ တစ်ယောက်ထဲရောက်ရှိလာသည့် မှော်ဆရာမှာ သူ၏တပ်ဖွဲ့ထံသို့ပြန်သွားပြီး ချမ်းဘော့ဒ်ဘက်ကို ညွှန်ပြကာတစ်စုံတစ်ခုအား စိတ်ဆိုးစွာဖြင့်ပြောလိုက်သည်။

ချမ်းဘော့ဒ် ခံတပ်နံရံပေါ်တွင်ဖြစ်သည်။

“တိုင်းပြည်ငယ်လေးတွေ ပူးပေါင်းပြီးစစ်ချီလာတဲ့ တပ်ဖွဲ့ထင်တယ်...ရှနူအီတိုင်းပြည်၊ လမင်းတိုင်းပြည်၊ ချက်တိုင်းပြည်၊ ဒါ့ခ်တိုင်းပြည်၊ လူရှီတိုင်းပြည်၊.....” ချမ်းဘော့ဒ်မှ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ဘရွတ်သည် အလံများကိုကြည့်၍ပြောလိုက်သည်။ သတ်ဖြတ်လိုသော ရည်ရွယ်ချက်သည် သူ၏မျက်လုံးထဲတွင် ပေါ်လွင်နေသည်။ “ကျွန်တော်သူတို့ ဘာလို့လာလဲဆိုတာသိတယ်...ဟီးဟီး သူတို့တွေက တကယ် အလိုက်မသိတဲ့ကောင်တွေပဲ...ဘုရင်အလတ်ဇန္ဒားက သူတို့ကို ချမ်းသာပေးထားတာကိုမသိဘူး...သူတို့က သူတို့တိုင်းပြည်ကမင်းသားတွေကို အကြမ်းနည်းနဲ့ ပြန်ခေါ်ချင်တဲ့ပုံပဲ...ကျွန်တော်တ်ု့ ဒီကောင်တွေကို မဆုံးမပဲထားမယ်ဆိုရင်တော့ ချမ်းဘော့ဒ်ကို လုပ်ချင်တာလုပ်လို့ရတဲ့ တိုင်းပြည်ထင်သွားတော့မယ်...”

“ဒါက အခွင့်ရေးတစ်ခုပဲ....” ဝန်ကြီးချုပ် ဘတ်စ်၏ မျက်နှာတွင် စိတ်လှုပ်ရှားသည့် အပြုံးတစ်ခုပေါ်လာသည်။ “ဒါက သူတို့လူတွေကို အသုံးချပြီး ငါတို့စစ်သည်တွေကို စစ်ရေးလေ့ကျင့်ဖို့အတွက် အခွင့်ရေးပဲလေ..."

ချမ်းဘော့ဒ်တိုင်းပြည်၏ ထိပ်သီးခေါင်းဆောငိနှစ်ဦးသည် တိုက်ပွဲများကို မည်သည့်အချိန်ကဝါသနာပါနေမည်မှန်း ဘယ်သူမှမသိကြချေ။ သူတို့နှစ်ယောက်မှာ တိုက်ပွဲ၏ သံစဥ်နှင့် တေးသွားကို ဆုံးဖြတ်လိုက်ကြ၏။

All Chapters