အခန်း (၁၆၁)
Vol. 11 Ch. 161
ဇူလီမြစ်ထဲတွင် ရေများတသွင်သွင် စီးဆင်းနေပြီးအေးစက်သော လေညင်းမှာလဲတိုက်ခတ်နေသည်။
တိုင်းပြည်ကိုးခု ပူးပေါင်းထားသည့် တပ်ဖွဲ့မှာ ဇူလီမြစ်ကမ်းမှ မီတာအနည်းငယ်အကွာဝေးသို့ရောက်သည့်နေရာတွင် ရပ်တံ့လိုက်ကြသည်။ သူတို့၏ ဖွဲ့စည်းပုံမှာ ပြန့်ကျဲနေသည်၊ မြင်းများသည်လည်း ဆူညံသံမျိုးစုံပြုလုပ်လျှက်ရှိပြီး၊ စစ်သည်များ၏ ခြေလှမ်းများမှာလည်း ညီညာမှုမရှိခြေ။ ရပ်တန့်ပြီးချိန်တွင် အလံများကိုပင် ဖြောင့်ဖြောင့်မက်မက်ကိုက်ဆောင်မထားကြပေ။ စစ်ဘက်ဆိုင်ရာအတွေ့ကြုံများမရှိသူပင်လျှင် သူတို့အားလုံးသည် ကျွမ်းကျင်သူများမဟုတ်ကြောင်း ကြည့်ရုံဖြင့်ပင် ပြောနိုင်၏။ တောင်တန်းများနှင့် သမုဒ္ဒရာကဲ့သို့ တညီတညာရွေ့လျားကြသော အမဲရောင်ချပ်ဝတ်စစ်သည်များတပ်ဖွဲ့နှင့် နှိုင်းယှဥ်ပါက ဤတိုင်းပြည်ကိုးခူပေါင်းစည်းထားသည့် တပ်ဖွဲ့မှာ သာမညပင်။
သို့သော် ဤတပ်ဖွဲ့မှာ သူတို့၏အင်အားအပေါ် ယုံကြည်ချက်ရှိပုံရ၏။
“တစ်ခါလောက်တိုက်ပြီးရင်တော့ ချမ်းဘော့ဒ်ကို ကျရှုံးစေဖို့နဲ့ အဲ့မာနထောင်လွှားနေတဲ့ဘုရင် အလတ်ဇန္ဒားကို လာပြီးဒူးထောက် အသနားခံခိုင်းဖို့ လုံလောက်ပြီထင်တယ်....” ရှနူအီတိုင်းပြည်၏ ဘုရင်မှာ သူ၏မြင်းဖင်ကို ကြာပွတ်ဖြင့်ရိုက်လိုက်ပြီး ယုံကြည်ချက်ရှိစွာပြောလိုက်သည်။
“ငါ့အမိန့်ကိုပြောလိုက်ကြ ချမ်းဘော့ဒ်တိုင်းပြည်ကျပြီဆိုရင် တိုင်းပြည်ထဲက အမျိုးသားတွေအကုန်လုံးကို ကျွန်အဖြစ်ဖမ်းဆီးလိုက်ကြ...ဒီတိုင်းပြည်ကို သင်ခန်းစာကောင်းကောင်းပေးမှဖြစ်မယ်...” ချက်တိုင်းပြည်၏ ဘုရင်မှာ သူ၏ စိတ်လှုပ်ရှားမှုကိုပင်မထိန်းချုပ်နိုင်တော့ပေ။ သူ့နောက်တွင်ရှိသော စစ်သည်များမှာ ကျွန်များဖမ်းဆီးရန်အတွက် လှောင်အိမ်များ သံချိန်းကြိုးများပင် ပြင်ဆင်နေသည်။
“အဲ့သောက်ဘုရင် ငါ့မြင်းရှေ့မှာ ဒူးထောက်ပြီး အသနားခံတာကိုလိုချင်တယ်...သူမှာက အတော်ချောတဲ့ဇနီးလောင်းတစ်ယောက်လဲ ရှိတယ်လို့ကြားတယ် ဟီးဟီး သူမ လမင်းတိုင်းပြည်ကိုရောက်လာမယ်ဆိုရင် အိမ်သာဆေးကြမ်းတိုက်ခိုင်းလို့ရတာပေါ့.....” လမင်းတိုင်းပြည်၏ မင်းသားအကြီးမှာ သူ၏မျက်နှာကို ကာကွယ်ထားသည့် ဦးဆောင်းကို ချွတ်ပြီး တနာရူးအပြုံးတစ်ခုဖြင့်ပြောလိုက်သည်။
“ဟားဟားဟားဟား”
သူ့စကားကိုကြားလိုက်ရသည့်အချိန်တွင် ယောက်ျားများအားလုံးထရယ်ကြသည်။ ရတနာ၊ ချမ်းသာကြွယ်ဝမှုနှင့် မိန်းမများသည် တိုက်ခိုက်ရေးသမားများအတွက် အပြင်းထန်ဆုံး စိတ်ကြွဆေးများပင်။
“ဒါပေမယ့် ငါတို့တွေ ချမ်းဘော့ဒ်တိုင်းပြည်ကို ပထမဆုံးအခွင့်ရေးပေးဖို့ အကြံပြုချင်တယ်...လူတစ်ယောက်လွှတ်ပြီး ကြိုးတံတားကိုချက်ချင်းချပြီး ဖမ်းထားတဲ့မင်းသားတွေကို တစ်မိနစ်အတွင်း ပြန်လွှတ်ပေးဖို့ပြောလိုက်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် တကယ်လို့ငါတို့ကို ဇီးနစ်အင်ပါယာက အပြစ်ပေးမယ်ဆိုရင်တောင် ချမ်းဘော့ဒ်ကိုအရင်ဖျက်ဆီးသွားရလိမ့်မယ်....”
ချီရှူအီတိုင်းပြည်မှ ဘုရင်သည် သူ၏ဘေးတွင်ရှိသော တစ်ခြားတိုင်းပြည်မှ ဘုရင်များကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ဖြေးငြင်းစွာပြောလိုက်သည်။
ဤပူးပေါင်းမှုတွင် အင်အားအကြီးမားဆုံးတပ်ဖွဲ့မှာ ချီရှူအီတိုင်းပြည်မှ တပ်ဖွဲ့ဖြစ်သည်။
တပ်ဖွဲ့ကိုးဖွဲ့ထဲတွက် သူတို့တပ်ဖွဲ့မှာ စနစ်တကျအရှိဆုံးနှင့် စိတ်ဓာတ်အမြင့်မားဆုံးဖြစ်၏။ [မီးနတ်ဘုရား၏ သံမဏိတပ်ဖွဲ့]ဟုနာမည်ပေးထားသည့် စစ်သည်တစ်ရာခန့်ပါသည့် မြင်းတပ်တစ်ခုကိုလဲပိုင်ဆိုင်ထားသည်။ သူတို့အားလုံးသည် အမဲရောင်သံမဏိချပ်ဝတ်များကို ဝတ်ဆင်ထားပြီး အဆင့်၄ရှိသော မှော်သားရဲများကို ညီညီညာညာစီးနင်းလျှက်ရှိနေသည်။ ဤ မီးမှုတ်သားရဲများဟုခေါ်သော အဆင့်၄ရှိ မှော်သားရဲများသည် မြင်းများကဲ့သို့ပင်။ သို့သော် သူတို့၏ ဦးခေါင်းထိပ်တွင် ချွန်မြသော ဦးချိုတစ်ခုပါရှိသည်။ အထွတ်မြတ်ထားသော ယူနီကွန်းမြင်းများ၏ မျိုးကွဲတစ်ခုယူ၍လဲပြောကြ၏။ လေ၏ အမြန်နှုန်းရှိပြီး အလွန်လေးလံသော ဝန်များကိုလည်း သယ်ဆောင်နိုင်စွမ်းရှိသည်။ မြင်းတပ်ဖွဲ့တစ်ခုပြုလုပ်ရန်အတွက် အလွန်သင့်လျှော်သည့် သားရဲများပင်။
သူတို့ ဤမျှများပြားသည့် မီးမှုတ်သားရဲများစွာပိုင်ဆိုင်ရသည့်အကြောင်းအရင်းမှာ အရင်ဘုရင်ဟောင်းသည် အလွန်ကံကောင်းသွားခဲ့ပြီး သေခါနီးအခြေအနေရောက်နေသည့် ကုန်သည်အဖွဲ့တစ်ခုနှင့် တွေ့ဆုံခဲ့သည်။ သူဤအခြေအနေအား အခွင့်ကောင်းယူ၍ မီးမှုတ်သားရဲ အကောင်၄၀ခန့်ကို စျေးပေါပေါဖြင့် ရခဲ့သည်ဟု ဆိုကြသည်။ အနှစ်၂၀ကြာခန့် အသေအချာစနစ်တကျဖြင့် သားဖောက်လေ့ကျင့်ပေးပြီးနောက်တွင် ယခုကဲ့သို့ အကောင်တစ်ရာကျော်ရှိ မှော်သားရဲစီးနင်းသော တပ်ဖွဲ့ကြီးတစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ချီရှူအီတိုင်းပြည်တွင် အစွမ်းထက်ဆရာများသိပ်မရှိသော်လည်း အဆင့်၃အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်နေရခြင်း၏ အကြောင်းရင်းပင်။ ထီးနန်းလုနေကြသော မင်းသား အာရှဗင်နှင့် ဒိုမင်ဂူတို့ပင် မီးနတ်ဘုရား၏ သံမဏိတပ်ဖွဲ့အား မျက်စိကျသောကြောင့် ချီရှူအီတိုင်းပြည်ကို သူတို့ဘက်ပါအောင် ဆွဲဆောင်ခဲ့ကြဖူးသည်ဟု ပြောကြသည်။
ချီရှူအီတိုင်းပြည်၏ ဘုရင်ပြောသည်ကို ကြားသောအခါ တခြားတိုင်းပြည်မှဘုရင်များသည် သိပ်ကျေနပ်ခြင်းမရှိသော်လည်း စွမ်းအားအကြီးဆုံးတိုင်းပြည်မှပြောခြင်းဖြစ်၍ လက်ခံလိုက်ရသည်။ လက်မခံသူမှာ ချမ်းဘော့ဒ်မှမြှားများကြောင့် အသေကြောက်လန့်သွားခဲ့သည့် ဇီးနစ်အင်ပါယာမှ ဆွေကြီးမျိုးကြီး မှော်ဆရာပင်။ သူသည် ချက်ချင်းပင် ချမ်းဘော့ဒ်အား မီးလောင်တိုက်သွင်းရန် ပြောနေသည်။ သို့သော် ဤပူးပေါင်းဖွဲ့စည်းမှုမှာ ညီညွှတ်မှုမရှိကြချေ။ လူတိုင်းသည် ကိုယ့်အတွက်ကိုသာ ကြည့်နေကြပြီး ငပိန်းတစ်ယောက်မှမပါကြချေ။ ချမ်းဘော့ဒ်တိုင်းပြည်၏ အန္တရာယ်များလှသော မြေမျက်နှာသွင်ပြင်ကို မြင်ပြီးနောက်တွင် သူတ်ို့တိုင်းပြည်၏ အင်အားကိုချွေတာနိုင်ရန်ကိုသာတွေးနေကြသည်။ ထို့ကြောင့် သူတို့ထိုမှော်ဆရာအာစ တလေးတစားဆက်ဆံသော်လည်း သူပြောသည်အား တစ်ယောက်မှ နားမထောင်ကြချေ။
ဤတပ်ဖွဲ့၏ မာနထောင်လွှားနေကြသည့်ခေါင်းဆောင်များ တမန်တော်စေလွှတ်ရန်အတွက် စီစဥ်နေသည့် အချိန်မှာပင် သံချိန်းကြိုးအသံများကို ကြားလိုက်ရသည်။ ချမ်းဘော့ဒ်ဘက်မှ လူများသည်တံတား ပြန်ချရန်ပြင်ဆင်နေသည်က်ိုတွေ့လိုက်ရသည်။ ကျယ်လောင်သော မြည်သံကြီးတစ်ခုနှင့်အတူ ၁၀မီတာခန့်ရှည်သော သံမဏိတံတားကြီးသည် ကျောက်တံတား၏ တောင်ဘက်အခြမ်းသို့ ပြန်လည်ဆက်သွယ်လိုက်သည်။ လေပေါ်တွင် ဝဲပျံနေသောမီးခိုးကဲ့သို့ ဖုန်မှုန့်များကြောင့် ကမ်းပေါ်တွင် နဂါးကြီးတစ်ကောင်ရုတ်တရက် ခုန်ဆင်းလာသကဲ့သို့ပင်။
“တံတားပြန်ချလိုက်တာပဲ....သူတို့တွေတ်ုက်ပွဲမစခင်ကတည်းက ကြောက်လန့်ပြီး အရှုံးပေးလိုက်ပြီထင်တယ်....”ဘုရင်တစ်ပါးမှာ ရယ်မောလိုက်သည်။
ဖုန်မှုန့်များ အနည်ထိုင်သွားပြီဖြစ်သည်။ ပူးပေါင်းတပ်များသည် ချမ်းဘော့ဒ်ဘက်ကစစ်သည်များ တစ်တန်းပြီးတစ်တန်းထွက်လာပြီး ဖွဲ့စည်းပုံဝင်အောင် စနစ်တကျပြုလုပ်နေကြသည်ကို ထိတ်လန့်အံ့သြဖွယ်တွေ့လိုက်ရ၏။ ရှေ့ဆုံးတန်းတွင် ဒိုင်းကာကိုင်ထားသော လူနှစ်ဆယ်ခန့်မှာ အဖွဲ့နှစ်ဖွဲ့ခွဲကာ ရပ်နေကြသည်။ သူတို့၏ခြေလှမ်းများမှာ လေးလံပြီး နက်ရှိုင်းသော ခြေရာများကိုထင်ကျန်ထားခဲ့စေနိုင်သည်။ ထိုလူများကိုင်ဆောင်ထားသည့် နှစ်မီတာခန့်မြင့်သော သံမဏိဒိုင်းကာကြီးများကိုမြင်လိုက်ရသည့်အခါတွင် ချမ်းဘော့ဒ်ကိုလှောင်ပြောင်နေခဲ့ကြသည့် ဘုရင်များ၏ ကျောများအေးစက်သွား၏။
အလွန်ကြီးမားလေးလံသည့် ဒိုင်းကြီးများကိုင်ဆောင်ထားသော စစ်သည်များ၏ အနောက်တွင် လေးသည်တော် အယောက်၅၀ပင်။
ဒိုင်းကိုင်ထားကြသော ကြောက်မက်ဖွယ်တောင့်တင်းနေသည့် ဒိုင်းကိုင်ထားသော စစ်သည်များနှင့် နှိုင်းယှဥ်ပါက လေးသည်တော်များသည် သာမန်ထက် ထူးဆန်းသည့်ပုံမပေါက်ချေ။ သူတို့သည် ထူးဆန်းသည့်အဝတ်စားများကို ဝတ်ဆင်ထားကြသည်။ သူတို့၏အနောက်တွင် လွယ်ထားကြသော လေးရှည်ကြီးများသည် ပုံမှန်ထက် အနည်းငယ် ပိုကြီးသည်။ တစ်ယောက်ခြင်းစီ၏ မြှားကျည်တောက်အတွင်းတွင် မြှားအချောင်းရေ၁၀၀ခန့်ရှိနေ၏။
“ဒီလေးသည်တော်အရေအတွက်လောက်နဲ့ပတော့ ငါတို့သွားကြားတောင်ညှပ်မှာမဟုတ်ဘူး....ငါ့စစ်သည်တွေ ဓားတစ်ချက်ရမ်းရုံနဲ့ပဲအဲ့ကောင်တွေအကုန်သေနေပြီ...ချမ်းဘော့ဒ်တိုင်းပြည်က တော်တော်မွဲတေတဲ့အဆင့်၆တိုင်းပြည်ပဲ ဟားဟားဟား” လမင်းတိုင်းပြည်၏ အကြီးဆုံးမင်းသားမှာ အထင်မြင်သေးစွာဖြင့် ပြောဆိုလိုက်သည်။ သူ၏အနောက်တွင်ရှိသော စစ်သည်များမှာ လိုက်လံရယ်မောကြပြီး လက်နက်များကို ထုရိုက်တီးခတ်ကာ သူတို့၏မင်းသားပြောသည်ကို ထောက်ခံနေကြ၏။
တစ်ဖက်တွက် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များသည် ဆက်လက်ပြီးပုံစံချနေသည်။
လေးသည်တော်များ နေရာယူပြီးနောက်တွင် အယောက်၃ဝခန့်ရှိသော လေတောင့်တောင့်နှင့်ယောက်ျားများပင်။ သူတို့သည် ချပ်ဝတ်တစ်စုံတစ်ရာမျှ ဝတ်ဆင်ထားခြင်းမရှိပေ။ သူတို့ခန္ဓာကိုယ်တွင်ရှိသော အဝတ်စအနည်းငယ်မှာ ဆင်းရဲမွဲတေခြင်း၏ သရုပ်ကဲ့သို့ပင်။ သို့သော် ထိုလူသန်ကြီးများ၏ လက်ထဲတွင်ကိုင်ဆောင်ထားသော လက်နက်ကြီးများမှာ ကြောက်မက်ဖွယ်ပင်။ ကြီးမားသော ပုဆိတ်ကြီးများကို ကိုင်ဆောင်ထားကြသည်။ ၂မီတာခန့်ရှည်လျားသော ပုဆိန်ကြီးများသည် နေရောင်အောက်တွင် တလတ်လတ်တောက်ပနေသည်။ ဤပုဆိန်ကြီးများ၏ ဒီဇိုင်းမှာ အလွန်ချဲ့ကားလွန်းလှသည်။ ပုဆိန်တစ်ခုလုံးအား အမဲရောင်သံမဏိသားဖြင့် ထုလုပ်ထားခြင်းဖြစ်ပြီး ပေါင်၄၀၀ခန့်အလေးချိန်ရှိသည်။ သာမန်စစ်သည်များဆိုပါက မြေပြင်ပေါ်မှမယူနိုင်ရန်ပင် အခက်ခဲရှိပေလိမ့်မည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...အဲ့ပုဆိန်တွေကို သစ်သားနဲ့လုပ်ပြီးတော့ သံမဏိသားလို့ထင်ရအောင် အရောင်ဆိုးထားတာပဲနေမယ်....အတုတွေပါကွာ...” မဟူယာတိုင်းပြည်၏ ဘုရင်မှာ တီတိုးပြောဆိုလိုက်သည်။
သူပြောသည်အား သူ၏ဘေးနားတွင်ရှိသော လူများလဲ ကြားလိုက်ရသည်။ ခုနက လေစွမ်းအင်သုံးသော် မှော်ဆရာပင်ဝင်ပြောလိုက်သည်။ “အတုတွေပဲ သေချာတာပေါ့ ဒီလှည့်ကွက်လောက်နဲ့က အရူးတွေပဲကြောက်မယ်...ရှေ့ကဒိုင်းတွေကလဲ အတုတွေပဲနေမှာ....”
ထိုကဲ့သို့ပြောနေကြသော်လည်း ပူပေါင်းတပ်ဖွဲ့မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ကြောက်မက်ဖွယ်ဖွဲ့စည်းပုံကြောင့် အနည်းငယ်သွေးပျက်စပြုလာကြသည်မှာ ထင်ရှားသည်။ လောင်ကျွမ်းနေသော မီးတောက်အား ရေဖြင့်ပတ်လိုက်သကဲ့သို့ပင် မည်သူမျှ ပထမဦးဆုံးဝင်တိုက်ရန်မပြောရဲကြတော့ပဲ လူတိုင်းနေရာတွင်သာ ရပ်နေကြတော့သည်။
ချက်ချင်းပင် ပုဆိန်များကိုင်ထားကြသည့် လူသန်ကြီးများနောက်တွင် လိုက်ပါလာသည်မှာ စစ်သည်၅၀ခန့်ပါရှိသော ခြေလျင်တပ်ဖွဲ့ပင်။
ဤဖွဲ့စည်းပုံမှ ကျန်အရာများနှင့် နှိုင်းယှဥ်ပါကပုံမှန်သာဖြစ်သည်။ ထိုမျှမကသေး ပို၍ပင်ဆိုးဝါးလှသည်ဟုပြောနိုင်သည်။ သူတို့၏ လက်ထဲတွင် ကိုင်ဆောင်ထားသောလက်နက်များမှာ အမျိုးမျိုးဖြစ်သောကြောင့်ပင်။ လူတစ်ယောက်မှာ ဓားမပါသော ဓားအိမ်တစ်ခုကိုသာကိုင်ထားသည်၊ တစ်ယောက်မှာဝါးရင်းတုတ်တစ်ချောင်း၊ တစ်ယောက်မှာ တစ်ယောက်မှာ သံချေးတတ်နေသည့် ဂွတစ်ချောင်းနှင့် တစ်ယောက်ဆိုလျှင် ပန်းပဲထုရာတွင်အသုံးပြုသည့် တူတစ်လက်ကိုပင် ကိုင်ဆောင်ထားကြသည်။ ဖွဲ့စည်းပုံမှာလဲ ဖရိုဖရဲပင်။ အရပ်အနိမ့်အမြင့်တူညီကြခြင်းမရှိပဲ သန်သန်မာမာထွားထွားကြိုင်းကြိုင်း တစ်ယောက်မှမပါရှိကြချေ။ စစ်သည်များနှင့်မတူကြပဲ တိုက်ပွဲအားကြည့်ရှုရန်လာကြသည့် သာမန်မြို့သားများကဲ့သို့ပင်။
“ဟားဟား ချမ်းဘော့ဒ်ကနောက်ဆုံးတော့ သူတို့ရဲ့သရုပ်မှန်ကိုပြလိုက်ပြီဟေ့...ဒါကမှ သူတို့ရဲ့အဆင့်ပဲ...” တစ်စုံတစ်ယောက်မှာ ချက်ချင်းပင် ခနဲ့လိုက်သည်။
“ဒီကောင်တွေက သာမန်လယ်သမားတွေပါကွာ ဒီကောင်တွေကိုတိုက်ရမှာတောင် ငါ့စစ်တပ်သိက္ခာကျတယ်...”
“ဘယ်လိုတိုင်းပြည်လဲကွ ဒီတိုင်းပြည်ဆက်ပြီးတည်ရှိနေဖို့မလိုတော့ဘူး...”
ရန်သူတပ်ဖွဲ့မှခေါင်းဆောင်များမှာ ပြန်လည်စိတိဓာတ်တက်ကြွကာ ပျော်ရွှင်လာကြပြန်သည်။ ချမ်းဘော့ဒ်တိုင်းပြည်အား ဆက်ကပ်တစ်ခုကြည့်နေရသကဲ့သို့ ကြည့်နေကြ၏။
ဤအခိုက်တန့်တွင် တံတားပေါ်တွင် ပြောင်းလဲမှုအသစ်များ ထက်မံဖြစ်ပျက်လာပြန်သည်။
လူ၂၀ခန့်ပါဝင်သော အဖွဲ့တစ်ခုသည် အဝိုင်းထုချွန်ပုံဖွဲ့စည်းပုံဖြင့် ဖြေးဖြေးချင်းလမ်းလျှောက်ကာ ထွက်ပေါ်လာကြသည်။ သူတ်ို့တစ်ယောက်ခြင်းစီတိုင်းသည် လေးလံသော သံမဏိချပ်ဝတ်ကြီးများကို ဝတ်ဆင်ထားကြ၏။ ထိုလေးလံသော ချပ်ဝတ်ကြီးများမှာ စစ်သည်များ၏ ရွှေ့လျားမှုနှုန်းကို နှေးကွေးစေပုံရ၏။ သူတို့အားလုံး ၏ ရွေ့လျားမှုက်ို ခက်ခဲစေသည်။ ခြေသုံးလှမ်းခန့်လှမ်းပြီးသည့် အချိန်တိုင်းတွင် ခနနားပြီး အလွန်မောပန်းနေကြ၏။ သူတို့၏ လေးလံသောချပ်ဝတ်ကြီးများမှာ သူတို့အား ကာကွယ်မှုမပေးနိုင်ခင်အလွန်ခြေကုန်လက်ပန်းကျနေစေသည်။
“ဘုရားရေ သူတို့ရဲ့စောက်ပိန်းဘုရင်ကတော့ တကယ်ပဲ ရူးသွားပြီထင်ပါတယ်...ခြေလျင်တပ်ဖွဲ့တွေကို အတော်လေးတဲ့ သံမဏိသူရဲကောင်းချပ်ဝတ်တွေဝတ်ခိုင်းထားတာတဲ့....ဘယ်လိုစောက်ရူးလဲကွာ....” ချီရှူအီတိုင်းပြည်၏ ဘုရင်မှာစတင်ရယ်မောတော့သည်။ “ငါ့ရဲ့ မီးနတ်ဘုရား တပ်ဖွဲ့က ဒီကောင်တွေကို အမှုန့်ချေဖို့ မျက်စိတစ်မှိတ်စာပဲကြာမယ်....”
“ဒီချပ်ဝတ်တွေကတော့ အလကားဖြစ်နေတာ နှမြောစရာပဲ ငါပဲအပိုင်သိမ်းလိုက်တော့မယ်...” ရှနူအီတိုင်းပြည်မှာ မနာလိုဖြစ်လာသည်။ ထိုချပ်ဂတ်များသည် အရည်သွေးကောင်းသည့်ပစ္စည်းများဖြစ်သည်မှာထင်ရှားသည်။ ထကယ့်မြင်းစီးသူရဲကောင်းများအား ဆင်ပေးပါက အလွန်အသုံးတည့်မည့်ချပ်ဝတ်များဖြစ်သည်။
“အရင်ရတဲ့လူ အပိုင်ပဲဟေ့.....”
တစ်ခြား ဘုရင်များ၏ မျက်လုံးများတွင်လည်း လောဘများဖြင့်တောက်ပနေကြသည်။
သူတို့မသိကြသည်မှာ ဂူထဲမှကိစ္စပြီးမြောက်၍ သတင်းကြား ချက်ချင်းရောက်ရှိလာသော ဘုရင်မင်းမြတ်ဖှေးလည်း အဝေးမှကြည့်နေရင်း သားရေကျကာ တွေးနေခြင်းပင်။ “ဟားဟားဟား ဒါတော်တော်ကောင်းတာပဲ...မီးမှုတ်သားရဲ အကောင်၁၀၀တောင်ဟ ဒီကောင်တွေတော့ ငါအိပိုင်ပဲဟေ့...ငါ့အမိန့်ကိုပြောလိုက်...ဒီကောင်တွေကို အရှင်ဖမ်းရမယ်လို့...ဒီဘုရင်တွေက တော်တော်ဒါနကောင်းလှချည်လား...ငါက သူတို့မင်းသားတွေအတွက် ရွှေဒင်္ဂါးအနည်းငယ်လောက်ပဲတောင်းတာကို သူတို့က ပိုပြီးတန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို တံခါးဝအထိလာပေးနေတယ်...ဟားဟားဟား...”