← Chapters

အခန်း (၁၆၂)

Vol. 11 Ch. 162

အခန်း (၁၆၂)

Vol. 11 Ch. 162

ချမ်းဘော့ဒ် ဘက်မှ တပ်ဖွဲ့၏ ဖွဲ့စည်းပုံမှ စစ်ပွဲနှင့်မသက်ဆိုင်သည့် ပွဲတော်တစ်ခုကျင်းပနေသကဲ့သို့ပင်။

လေးလံသော ချပ်ဝတ်များနှင့် စစ်သည်အယောက်၂၀ ရှိသမျှအားအင်အကုန်အသုံးပြုပြီး မြောက်ဘက်မြစ်ကမ်းတွင် နေရာယူပြီးနောက်တွင် မြင်းလေးကောင်ဆွဲသော လှပစွာအလှဆင်ထားသည့် ရထားလုံး၆လုံးရောက်ရှိလာကြသည်။ ထိုရထားလုံးများပေါ်တွက် ငယ်ရွယ်လှပသည့် မိန်းမပျိုကလေးများလိုက်ပါလာကြသည်။ သူမတို့၏ တခစ်ခစ်ရယ်မောသံများသည် ပူပေါင်းတပ်ဖွဲ့မှ စစ်သည်များအား အသဲယားစေ၏။ သူမတို့၏ နတ်သမီးကဲ့သို့ မျက်နှာများကိုကြည့်ရင်း တစ်ဖက်မှစစ်သည်များ သွားရေတမြားမြားဖြစ်နေကြပြီး ချက်ချင်းပင် တိုက်ရဲခိုက်ရဲသည့် သတ္တိများဝင်ရောက်လာကြသည်။

“အဲ့စောက်ပိန်းဘုရင်က ဘာလဲကွ သူ့ရဲ့ကြင်ယာတော်တွေကိုပါ ခေါ်လာတဲ့သဘောလား...ရှုခင်းကြည့်ထွက်တယ်များထင်နေတာလားမသိဘူး...”

ပူးပေါင်းတပ်ဖွဲ့မှ ဘုရင်များသည် အနည်းငယ်ပါးစပ်အဟောင်းသားဖြစ်သွားရ၏။ သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်အလတ်ဇန္ဒားသည် ကျပ်မပြည့်သူတစ်ယောက်မှန်းသိသော်လည်း ပုံမှန်ပြန်ဖြစ်သွားပြီဟူ၍လည်း သတင်းကြားသိထားသည်။ သို့သော် ယခုအခြေအနေကိုကြည့်ပါက မိန်းများအား စစ်မြေပြင်သို့ခေါ်ဆောင်လာသည်မှာ ကျပ်မပြည့်သောကြောင့်ပင် ဖြစ်ရမည်ဟု တွေးလိုက်မိကြသည်။ ဤသည်မှာ သေခြင်းတရားအား တောင်းဆိုနေခြင်းပင်။

ပူပေါင်းတပ်ဖွဲ့၏ ဘုရင်များသည် လာမည့်တိုက်ပွဲနှင့်ပတ်သက်ပြီး အနိုင်ရရှိရန်အလွန်ပင် ယုံကြည်ချက်မြင့်မားလာတော့သည်။

သို့သော် သူတို့အား ထက်မံ၍ ပါးစပ်အဟောင်းသားဖြစ်သွားစေပြန်သည်။ နောက်ဖြစ်သည့်အရာသည် ပိုမို၍ပင် ချဲ့ကားလွန်းနေသည်။ ဖွဲ့စည်းပုံအတွင်းတွင် ထို ရထားလှည်းခြောက်စီးပါဝင်ပြီးနောက်တွင် အနောက်မှလိုက်ပါလာကြသည်မှာ အသက်၁၀နှစ်ဝန်းကျင်သာရှိသေးသော ကလေးများတစ်ရာခန့်ပင်။ သူတ်ို့ရယ်မောစကားပြောကာ လမ်းလျှောက်လာကြသည်။ သူတို့၏ ဘေးတွင် ကလေးများအား ကာကွယ်ရန်အစောင့်စစ်သည်အနည်းငယ် ပါရှိ၏။ သူတို့အားလုံးတန်းစီ၍ ချမ်းဘော့ဒ်တပ်ဖွဲ့ဖွဲ့စည်းပုံ၏ အနောက်တွင်ရှိသော ကုန်မြင့်တစ်ခုပေါ်တွင် ရပ်ကာ လည်ပင်များကိုဆန့်တန်း၍ ရန်သူစစ်တပ်ကို စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။

“အဲ့စောက်ပိန်းဘုရင်က ဘာတွေများတွေးနေတာလဲမသိ....”

ဘုရင်များအားလုံး မေ့မျှာလုနီးနီးပင်ဖြစ်သွား၏။

သူတို့အားလုံးရှုပ်ထွေးနေသည့် အချိန်မှာပင် လူတိုင်းစောင့်မျှော်နေသည့် အဓိကဇာတ်လိုက်မှာ ရောက်ရှိလာပြီဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်၏ ဖွဲ့စည်းပုံသည် ဘေးသို့နှစ်ခြမ်းခွဲလိုက်ကာ အလည်ခေါင်တွင် ၂မီတာခန့်အကျယ်ရှိသော လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် အမဲရောင်ဆံပင်၊ လေထဲတွင် တလှူလှူဝတ်နေသော အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်သည် “မြင်း”ဟုယူဆရသော အမဲရောင်သားရဲကြီးတစ်ကောင်ကို စီးလျှက် စစ်သည်များဖယ်ပေးထားသော လမ်းမှတဆင့် အရှေ့သို့ထွက်လာခဲ့သည်။

ဖှေးရောက်ရှိလာမှုသည် တစ်ဖက်မှခေါင်းဆောင်များ၏ အာရုံစိုက်မှုကို အောင်မြင်စွာဆွဲဆောင်လိုက်သည်။

“ဒီစောက်ပိန်းက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဘုရင်လား...”

ချက်ချင်းပင် တစ်ဖက်မှဘုရင်များသည် သူတို့၏ ခမ်းနားသောပုံရိပ်နှင့် သူတို့၏အရှေ့တွင်ရှိသော လူငယ်၏ ပုံရိပ်ကိုနှိုင်းယှဥ်လိုက်ကြသည်။ တစ်စက္ကန့်၏ လေးပုံတစ်ပုံခန့်ကြားပြီနောက်တွင် သူတို့အားလုံး အံ့သြဖွယ် အပြောင်းလဲမရှိနိုင်သည့် အဖြေတစ်ခုကို တွေးလိုက်မိကြသည်။

“ဒီဘဲရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ရုပ်ရည်အရဆိုရင်တော့ ကြည့်ကောင်းသလိုရှိပေမယ့်...ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ စစ်ပြင်တဲ့ဖွဲ့စည်းပုံအရဆိုရင်တော့ ဒီအလတ်ဇန္ဒားဆ်ိုတဲ့ ဘုရင်က သာမန်ကျေးလက်သားအဆင့်လောက်ပါ....မဟုတ်သေးဘူး ကျေးလက်သားလို့ခေါ်တာထက် သူ့ကို စောက်ပိန်းတစ်ယောက်လို့ခေါ်တာက ပိုကိုက်မယ်...အဲ့လိုဆိုရင် စောက်ပိန်းတစ်ကောင်က ငါ့လိုကြီးကျယ်ခမ်းနာတဲ့လူနဲ့ ဘယ်နှိုင်းယှဥ်လို့ရမလဲ...ဒါပေမယ့် အဲ့အမဲရောင်...မြင်းထင်တယ်...အဲ့မြင်းကြီးကတော့ အတော်ကြမ်းမယ့်ပုံပဲ သန္ဓေပြောင်း မျိုးစိတ်တစ်ခုဖြစ်မယ်ထင်တယ်....ငါ့လိုကြီးကျယ်ခမ်းနားနဲ့လူနဲ့ဆိုရင်တော့ အတော်လိုက်မာပဲ....”

“ဝုတ် ဝုတ် ဝုတ်”

သူ့အကြောင်းတွေးနေကြသည်ကို ရိပ်မိလိုက်သကဲ့သို့ပင်။ မဟူယာမုန်တိုင်းမှာ ဟောင်သံပြုကာ သတိပေးလိုက်သည်။

ချမ်းဘော့ဒ်မှ လူများမှလွဲ၍ တစ်ဖက်မှ လူပေါင်းနှစ်ထောင်ခန့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ဘုရားရေအဲ့တာက ခွေးကြီးလားဟ။ ခွေးက အဲ့လောက်တောင်ကြီးလို့လား...။ မြင်းပေါ်မှမှ ဘုရင်များသည် သူတို့၏ မျက်လုံးများကိုပင် ပွတ်သက်ကြည့်နေကြသည်။ စစ်သည်များသည်လည်း တစ်ယောက်နှင့် တစ်ယောက်မယုံနိုင်ဖွယ် တီတ်ိုးပြောနေကြသည်။ ချမ်းဘော့ဒ်မှ စောက်ပိန်းဘုရင်သည် အင်မတန်ရူးနှမ်းလွန်းလှသည်။ ခွေးကြီးကိုစီး၍ ထွက်လာသော ဘုရင်ဟူ၍ တစ်ခါမှ မကြားဖူးခဲ့ကြချေ။

မဟူယာမုန်တိုင်းမှာ သူ့ကြောင့်အခြေအနေ ပရမ်းပတာဖြစ်သွားသည်ကို သဘောကျပုံရ၏။ ထို့ကြောင့် အကြိမ်ပေါင်းအနည်းငယ်ခန့် ထက်မံဟောင်လိုက်သည်။

ထို့နောက်တွက် ဒုန်းအဝေးဆုံးဖြစ်သည့် လူများပင် ချမ်းဘော့ဒ်ဘုရင်စီးနေသည့်အကောင်မှာ ခွေးကြီးဖြစ်ကြောင်း အသေချာသိရှိသွားပြီဖြစ်သည်။

တစ်ချိန်ထဲမှာပင် ဖှေး၏ မျက်လုံးများသည်လည်း နီရဲနေပြီး ပူးပေါင်းတပ်ဖွဲ့အား သွားရေတမြားမြားဖြင့် ကြည့်နေ၏။

သူ၏ မျက်လုံးထဲတွင် ဤလူများသည် တန်ဖိုးကြီးလက်နက်များနှင့် ရတနာများအား ယူဆောင်လာပေးသောလူများပင်။ ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သည်များ၏ ခွန်အားနှင့် အရည်ချင်းသည် တိုးတက်လာပြီဖြစ်သော်လည်း တိုင်းပြည်၏ ဝေးလံခေါင်ဖျားမှုနှင့် တွင်းထွက်သတ္တုပစ္စည်းရှားပါးမှုတို့ကြောင့် လက်နက်များ၊ ချပ်ဝတ်များထုတ်လုပ်ရန်အတွက် သံမဏိမလုပ်လောက်ချေ။ ယခုအချိန်အထိ ဘုရင့်အစောင့်တပ်ဖွဲ့မှ လွဲ၍ချမ်းဘော့ဒ်တွင် ခြေလျင်တပ်၁၀၀ခန့်ကိုပင် လက်နက်အပြည့်စုံမဆင်နိုင်သေးပေ။ အမဲရောင်ချပ်ဝတ်များနှင့် ရန်သူများထံမှ လက်နက်တချို့မသိမ်းဆည်းနိုင်ခဲ့ပါက ဖှေးသည် သူ၏စစ်သည်များအား တောင်ယာလုပ်ပစ္စည်းများကို အသုံးပြု၍တိုက်ခိုက်စေရုံမှ တစ်ပါးရွေးချယ်မှု ရှိလိမ့်မည်မဟုတ်ပေ။

ဖှေး ဤအလှူအတန်းပြုလုပ်ရန် လာရောက်သည့်လူများကို မည်သို့နှုတ်ဆက်ရမည်အား တွေးနေဆဲတွင် ချီရှူအီတိုင်းပြည်၏ ဘုရင်သည် မီးမှုတ်သားရဲတစ်ကောင်ကို စီး၍အရှေ့သို့ထွက်လာသည်။ ထို့နောက်တွင် ချမ်းဘော့ဒ်ဘက်မှ လူများအားတစ်ချက်ကြည့်လိုက်ပြီး အော်လိုက်၏။

“ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဘုရင်က ဘယ်မလဲကွ....”

သူဖှေးအား မြင်ပြီး ဘုရင်မှန်းရိပ်မိသော်လည်း သေချာမသိချင်ဟန်ဆောင်နေခြင်းဖြစ်သည်။

ဖှေးလည်း စိတ်မဆ်ိုးချေ။ သူပြုံးလိုက်ပြီး မဟူယာမုန်တိုင်း၏ ကြောပြင်ကိုပုတ်လိုက်သည်။ မဟူယာမုန်တိုင်းလဲ အရှေ့သို့ဖြေးညင်းစွာလမ်းလျှောက်သွား၏။

“တိုင်းပြည်ကိုးခုလုံးက ငါ့စီကို အလည်လာနေကြတာပဲ....မင်းသားတွေလက်မှတ်ထိုးထားတဲ့ စစ်လျှော်ကြေးငွေပေးဖို့ ရောက်လာကြတာမလား...ရွှေဒင်္ဂါးရော လုံလုံလောက်လောက်ပါရဲ့လား...”

ဖှေး တိုင်းပြည်များပူးပေါင်းထားသည့် တပ်ဖွဲ့အင်အားကို လျစ်လျူရှုလိုက်ပြီး အရှေ့တွင်ရပ်လိုက်သည်။

“ဟားဟားဟား မင်းရူးသွားပြီလို့တော့ ငါထင်တယ်...အဆင့်၆တိုင်းပြည်လောက်လေးက စစ်လျှော်ကြေးငွေတောင်းလို့ရမယ်ထင်နေတာလား...မင်းက မင်းသားတွေကို ဖမ်းပြီး အကြပ်ကိုင်ရုံနဲ့ ငါတ်ို့ကို ထိန်းချုပ်နိုင်မယ်များထင်နေတာလား...မင်းဆင်းရဲလွန်းလို့ ရူးသွားပြီထင်ပါတယ်...” ချီရှူအီတိုင်းပြည်၏ ဘုရင်သည် အရယ်ရဆုံး ဟာသတစ်ခုအား ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။ “မင်း ဖမ်းထားတဲ့ မင်းသားတွေကို ပြန်လွှတ်ပေးပြီးတော့ ဘဏ္ဍာတိုက်ထဲကရတနာတွေနဲ့ အစေခံတစ်ရာ ပေးဖို့ အချိန်၁၀ရက်ပေးမယ်...ဒါမှမဟုတ်ရင်တော့...” သူ၏ အနောက်တွင်ရှိသည့် တိုင်းပြည်ကိုးခုပူးပေါင်းထားသည့် တပ်ဖွဲ့ကိုညွှန်ပြလိုက်သည်။ “မင်းရဲ့ ချမ်းဘော့ဒ်တိုင်းပြည်ကို မီးတင်ရှို့ပစ်မယ်....”

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...မင်းတို့တိုင်းပြည်၁၂ခုက မင်းသားတွေက ထီးနန်းတက်ပွဲတုန်းက နတ်စဥ်ကိုဖျက်ဆီးပစ်ခဲ့တာလေ...လျှော်ကြေးငွေပဲတောင်းတာတောင် အတော်လျှော့ပေါ့ပေးထားတာကို မင်းတို့က ကျူးကျော်ဖ်ို့ စစ်တပ်ပါခေါ်လာတယ်ပေါ့...မင်းတို့မှာ ဘုရင်တစ်​ယောက်ရဲ့ ဂုဏ်သရေရော ရှိသေးရဲ့လား...”

“စစ်ဘုရင်တစ်ယောက်ရဲ့ ဂုဏ်သရေဆိုတာက အနိုင်ရတဲ့သူစီကိုသွားတာပဲ....” ချီရှူအီဘုရင်မှာ ရယ်မောလိုက်သည်။ “ချမ်းဘော့ဒ်တိုင်းပြည်လောက်လေးနဲ့ ဖင်မယားချင်စမ်းပါနဲ့....”

ဖှေး သူ၏ အမူအယာကို တည်တည်ငြိမ်​ငြိမ်ထားပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရန်စရန်ကြိုးပန်းလိုက်သည်။ “လျှော်ကြေးငွေပေးဖို့မဟုတ်ဘူးဆိုရင် မင်းတို့က ဘာလာလုပ်တာလဲကွ။ ကိုယ့်ကိုယ်ကို သက်သေဖို့လား...ဘုရင်တစ်ပါးအနေနဲ့ ငါမင်းတို့ကို နောက်ဆုံး အခွင့်ရေးတစ်ခုပေးမယ်...သဘောတူညီချက်ထဲမှာပါတဲ့ လျှော်ကြေးငွေကိုပေးမယ်ဆိုရင် မင်းတို့ကို ဒီနေ့အသက်ချမ်းသာပေးလိုက်မယ်...အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဥပဒေထိန်းသိမ်းရေးအရာရှိတွေရဲ့ ဓားသွားအောက်မှာ မင်းတို့ ငိုဖို့တောင် အခွင့်ရေးပေးမှာမဟုတ်ဘူးနော်...”

“မင်းမေxိုးလိုက်ပါလား ဦးနှောက်ထဲမှာ လောက်တွေနဲ့ပဲပြည့်နေတဲ့ ကျပ်မပြည့်တဲ့ကောင်ရ ချမ်းဘော့ဒ်တိုင်းပြည်က ဆက်လက်ရှိနေဖို့အကြောင်းပြချက်မရှိတော့ဘူးထင်တယ်...” ချီရှူအီတိုင်းပြည်၏ ဘုရင်သည် အဆင့်၆တိုင်းပြည်မှ ဘုရင်​သည်သူ့အား ဆန့်ကျင်ရဲလိမ့်မည်ဟု မျှော်လင့်မထားပေ။ အထူးသဖြင့် သူ့အပေါ်တွင် လေးနက်မှုမရှိသည့် အမူအယာပင် ထို့ကြောင့် သူ၏ဒေါသမှာ ငယ်ထိပ်ထိပင်ရောက်သွား၏။ “xီးကို ဥပဒေထိန်းသိမ်းရေး အရာရှိတွေလား...ငါ့ရဲ့ မီးနတ်ဘုရားသံမဏိတပ်ဖွဲ့က တစ်ချက်ထဲနဲ့ မင်းတို့တိုင်းပြည်ကို အမှုန့်ကြိတ်လို့ရတယ်ကွ....”

“ဝုတ် ဝုတ် ဝေါင်း...”

အမဲရောင်ခွေးကြီးမှာ သူ၏သခင်အစော်ကားခံရသဖြင့် ဒေါသဖြစ်လာပုံရသည်။ သူ၏မျက်လုံးထဲတွင် ရက်စက်သောအကြည့်တစ်ခုနှင့် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံမှာ သူ၏လည်ချောင်းမှ ထွက်ပေါ်လာတော့သည်။ ကြောက်မက်ဖွယ် လေထုမှာ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။ အရာအားလုံးမှာ တစ်ခနအတွင်းပင် ဖြစ်ပေါ်သွားခြင်းဖြစ်သည်။ ချီရှူအီဘုရင်စီးထားသည့် မီးမှုတ်သားရဲမှာ တစ်စုံတစ်ခုကို ကြောက်လန့်သွားသကဲ့သို့ ခြေထောက်များပျော့ခွေကာ လဲကျသွားတော့သည်။ တစ်ခြားဘုရင်များစီးနှင်းထားသည့် မြင်းများလည်း ပျာယာခတ်ကာအနောက်သို့ ပြန်လည်ဆုတ်ခွာကုန်ကြသည်။

လွန်ခဲ့သည့် စက္ကန့်အနည်းငယ်ခန့်က မာနထောင်လွှားနေခဲ့သော ချီရှူအီတိုင်းပြည်မှဘုရင်သည် သစ်သားရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားတော့သည်။ အငိုက်မိသွားခဲ့ပြီး မြင်းပေါ်မှ ဇောက်ထိုးပြုတ်ကျကာ မျက်နှာပေါ်တွင်ဖှုန်မှုန့်များ ပေကျံသွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တစ်ခုလုံး၏ အရှေ့တွင် အရှက်တကွဲ ဖြစ်သွားတော့၏။

ခွေးတစ်ကောင်တွင် ဤကဲ့သို့ စွမ်းအားမျိုးရှိလိမ့်မည်ဟုမည်သူမျှ ထင်ထားကြလိမ့်မည်မဟုတ်ပေ။ တစ်ချက်ဟိန်းဟောက်သံသည် အဆင့်၄ မှော်သားရဲအား အလွန်ထိတ်လန့်ကာလိပ်ပြာလွင့်စေရန်အထိပင်လုံလောက်သည်။ ဤအန္တရာယ်ရှိကာ ကြမ်းတမ်းသည့်လေထုသည် လူများ၏အမွေးများကို အပေါ်သို့ပင်ထောင်သွားစေသည်။

All Chapters