အခန်း (၁၆၃)
Vol. 11 Ch. 163
“ဟားဟားဟား ကြည့်ပါဦး သူတို့ရဲ့ဘုရင် ပြုတ်ကျပြီး သေတော့မလို့....”
ချမ်းဘော့ဒ် ဘက်မှ ရယ်သံများထွက်ပေါ်လာသည်။ အနောက်ဘက် ကုန်းမြင့်ပေါ်တွင် ရပ်ကြည့်နေကြသော ကလေးများပင် လက်ခုပ်တီးကာရယ်မောနေကြသည်။ အနည်းငယ် စိတ်လှုပ်ရှားနေကြသော စစ်သည်များပင် လက်နက်များထုရိုက်ပြီး အော်ဟစ်ရယ်မောနေကြသည်။ ချမ်းဘော့ဒ်တပ်ဖွဲ့၏ စိတ်ဓာတ်မှာ လျှင်မြန်စွာပင် မြင့်တတ်လာနေ၏။
ဖှေးလည်း တစ်စက္ကန့်မျှ ထိတ်လန့်အံ့သြသွားသည်။
“တော်တယ် တော်တယ်...”
ဖှေး ခွေးကြီး၏ ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ မဟူရာမုန်တိုင်းထံတွင် ဤကဲ့သို့အစွမ်းရှိမှန်း ဖှေးမသိခဲ့ချေ။ ထို့နောက်တွင် သူတွေးလိုက်မိသည်။ တစ်ခြားတိရိစ္ဆာန်များကိုလည်း ဟော့ခ်ဆေးပုလင်းတိုက်ပါက ဤကဲ့သို့သားရဲများ ဖန်တီး နိုင်လိမ့်မည်လားဟု ဖှေးတွေးလိုက်မိသည်။ ခွေးနက်စီးတပ်ဖွဲ့တစ်ခုရော ဖြစ်နိုင်မလားဟုပင်။
“အန္တရာယ်ရှိတယ် ဘုရင်ကို ကာကွယ်ကြ”
သူတို့၏ ဘုရင် မြင်းပေါ်မှပြုတ်ကျသည်ကို တွေ့သောအခါ ချီရှူအီတိုင်းပြည်မှ စစ်သည်များ မျက်နှာပျက်သွားကြသည်။ ရန်သူသည် ဤအခွင့်ရေးကို အသုံးချပြီး ရုတ်တရက်တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် စစ်သည်၂၀ခန့်အရှေ့သို့ ပြေးထွက်လာပြီး ခုခံကာကွယ်ခြင်းဖွဲ့စည်းပုံလုပ်ကာ ဘုရင်အား အနောက်သို့ ပြန်ခေါ်သွားကြသည်။ သူတို့ထိုကဲ့သို့ ဖွဲ့စည်းပုံများနှင့် ပို့ဆောင်နေကြသည်က်ု ချမ်းဘော့ဒ်ဘက်မှလူများသည် ဟာသကားတစ်ခုကြည့်နေသကဲ့သို့ စိတ်ဝင်စရားဖြင့် ဝိုင်းဝန်းကြည့်ရှူနေကြသည်။
“အား...ဘောပဲကွာ..စတိုက်တော့..သူတ်ို့တွေအကုန်လုံးကို သတ်ပစ်ကြစမ်း...”
ချီရှူအီဘုရင်မှာ အနီးရှိသူ၏စစ်သည်များကို ဒေါသဖြင့်တွန်းလိုက်သည်။ ထို့နောက်တွင် မီးမှုတ်သားရဲ နောက်တစ်ကောင်အပေါ်သို့ ချက်ချင်းပင်ခုန်တက်လိုက်ပြီး သူ၏ဓားကို ဆွဲထုတ်ကာ ဝှေ့ရမ်းလိုက်သည်။ မီးနတ်ဘုရား သံမဏိတပ်ဖွဲ့သည်လည်း ချမ်းဘော့ဒ်ထံသို့ဦးတည်ကာ တဟုတ်ထိုးစတင် ချီတပ်တော့သည်။ တစ်ချိန်တည်းမှာပင် လှံရှည်များ၊ ဒိုင်းများကိုင်ဆောင်ထားကြသည့် ခြေလျှင်တပ်များလည်း ကြုံးဝါးကာ စတက်ချီတတ်တော့သည်။
တိုက်ပွဲမှာ စတင်ပြီဖြစ်သည်။
“ဖုန်း ဖုန်း ဖုန်း ဖုန်း”
ချီရှူအီတိုင်းပြည်မှ စစ်သည်များသည် တညီတညာချီတတ်ကြသည်။ ပထမပိုင်း နှေးကွေးနေရာမှ အရှိန်တင်လာကြသည်။ မြေပြင်သည် သူတို့၏ခြေထောက်များအောက်တွင် စတင်တုန်ခါလာကြတော့သည်။ သူတို့သည် ပူးပေါင်းအဖွဲ့တွင် အသန်မာဆုံးစစ်သည်များဖြစ်ကြသည်။ စစ်သည်တစ်ယောက်ခြင်းစီသည် ပေါ့ပါးသောချပ်ဝတ်များ ဝတ်ဆင်ထားကြပြီး ဘယ်လက်တွင် စွန်ပုံသဏ္ဍာန်ဒိုင်းကာနှင့် ညာလက်တွင်လှံရှည်တစ်ချောင်းကိုင်ထားကြ၏။ လှံရှည်၏ ချွန်မြနေသော ထိပ်ဖျားသည် နေရောင်အောက်တွင် တောက်ပနေသည်။ ပြေးလာသည့်အဟုန်ကို အသုံးချတိုက်ခိုက်ပါက ဤကဲ့သို့လှံရှည်သည် တစ်ချက်တည်းဖြင့် လူ၅ယောက်ကိုပင် ထုတ်ချင်းပေါက်အောင် ထိုးသတ်နိုင်စွမ်းရှိသည်။
နှစ်ဘက်ကြားအကွာအဝေးသည် ၅၀မီတာခန့်နီးကပ်လာပါက လှံရှည်များကို ပစ်လွှတ်လိုက်နိုင်ပြီး မရဏအနမ်းတပွင့်ဖြစ်သွားမည်ဖြစ်သည်။
မီးနတ်ဘုရားသံမဏိတပ်ဖွဲ့ မရောက်မှီမှာပင် ချမ်းဘော့ဒ်၏တပ်ဖွဲ့သည် ဤခြေလျင်တပ်များနှင့်ပင် အမှုန့်ဖြစ်သွားနိုင်လောက်သည်။ နှစ်ဘက်အင်အားကွာဟမှုမှာ အလွန်ကြီးမားလှသောကြောင့်ပင်။
ပူးပေါင်းတပ်ဖွဲ့မှ ဘုရင်များအားလုံး ဤကဲ့သို့သာ တွေးထားကြသည်။
ကိုက်၁၀၀....ကိုက်၇၀ ကိုက်၆၀....
အကွာအဝေးမှာ နီးသထက်နီးကပ်လာသည်။
အကွာအဝေးနီးကပ်လာသည်နှင့်အတူ လူတိုင်း၏နှလုံးခုန်သံများမှာလည်း မြန်ဆန်လာကြသည်။ သူတို့မြင်တွေ့လိုသည့် မြင်ကွင်းအားမြင်တွေ့ရန် မျှော်လင့်နေကြသည်။
ချီရှူအီတိုင်းပြည်ဘုရင်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းတမ်းသည့် အမူယာတစ်ခုပေါ်ပေါက်လာသည်။ ခွေးတစ်ကောင်သည် သူစီးနေသည့်မှော်သားရဲကို ခြောက်လန့်စေပြီး သူ့အားပြုတ်ကျစေကာ အပေါင်းပါများရှေ့တွက် မျက်နှာပျက်ရလိမ့်မည်ဟု တစ်ခါမှမတွေးဖူးပေ။ တိုင်းပြည်အား သိမ်းပိုက်ပြီးသည်နှင့် တပြိုင်နက် ထိုအမဲရောင်ခွေး၏ ဦးခေါင်းအား ပိုင်းဖြတ်ပစ်မည်ဟု တေးကာ သူ၏ ဓားကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ လှံဒိုင်းကာဖွဲ့စည်းပုံသည် ရန်သူ့ထံသို့ပြေးဝင်သွားသည်ကို ကြည့်ရင်း သူရယ်မောလိုက်သည်။ ချမ်းဘော့ဒ်တိုင်းပြည်မှလူများ လှံချွန်များအောက်တွင် ရုပ်ပျက်ဆင်းပျက်သေဆုံးနေကြပြီး ချမ်းဘော့ဒ်ဘုရင်သည်လည်း သူ၏အရှေ့တွင် ဒူးထောက်ကာ အသနားခံနေသည့် မြင်ကွင်းကို ကြိုတင်မြင်နေရပြီဖြစ်သည်။
“လေးသည်တော်တွေ....အသင့်ပြင်ထား...”
အနီရောင်အချက်ပြအလံတစ်ခုကို ဝှေ့ရမ်းကာ ချမ်းဘော့ဒ်ဘက်မှ စစ်သည်များထံမှ အော်သံတစ်ခုထွက်ပေါ်လာသည်။ “ကျွီ.......” လေးကြိုးကိုဆွဲတင်ရာမှ ထွက်ပေါ်လာသော အသံများသည် တစ်ချို့စစ်သည်များ၏ အမွေးမျှင်များကို ထောင်မက်သွားစေသည်။ ဒိုင်းကာကြီးများနောက်ကွယ်မှ ချမ်းဘော့ဒ်လေးသည်တော် ၅၀သည် မြှားများကိုဆွဲယူပြီး လေးကြိုးတင်လိုက်ကြသည်။ လေးကြိုးကို လခြမ်းပုံသဏ္ဍန်ရှိသည်အထိဆွဲတင်ထားပြီး မြှားထိပ်များမှာ ရှနူအီတိုင်းပြည်မှ လှံဒိုင်းကာ ခြေလျှင်တပ်ဖွဲ့မှ စစ်သည်များထံသို့ ဦးတည်ထားသည်။
စောင့်ကြည့်နေသူများကို အံဩစေသည်မှာ ထိုလေးသည်တော်များသည် မြှားများကိုအပေါ်သို့ထောင်မက်ကာ ချိန်တွယ်ထားခြင်းမရှိပေ။ သူတို့သည် မြှားများသည် မြေပြင်နှင့်အပြိုင်ပျံသန်းသည့် အလျားလိုက်မြှားပစ်နည်းကို အသုံးပြုထားသည်။
“ဟားဟား ဒီကောင်တွေ သူတို့ကိုယ်သူတ်ို့ ဘာလုပ်နေလဲဆ်ိုတာက်ို တကယ်မသိကြဘူးပဲ...”
ပူးပေါင်းတပ်ဖွဲ့မှ တချို့စစ်သည်များသည် စတင်ရယ်မောကာ ချမ်းဘော့ဒ်အား ကဲ့ရဲ့ကြတော့သည်။ စစ်ပွဲတစ်ခုတွင် လေးသည်တော်များ သည် အဓိကကစားသမားများမဟုတ်ကြပေ။ အခြေအနေသည် အမျိုးမျိုးပြောင်းလဲတတ်သောကြောင့် နတ်ဘုရားအဆင့်လေးသည်တော်များပင် အကန့်သက်တစ်ခုသာ အသုံးဝင်လိမ့်မည်ဖြစ်သည်။ လေးသည်တော်များသည် အဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့ ထိတွေ့တိုက်ခိုက်ချင်းမပြုမှီတွင် ကြောက်မက်ဖွယ်အကောင်းဆုံးသက်ရောက်မှုကိုရရှိစေသည်။ သူတို့၏ စစ်သည်များစွာကိုဒဏ်ရာရရှိစေနိုင်မှုနှင့် ကျယ်ပြန့်သော ပစ်ကွင်းရှိခြင်းမှာ စစ်အဖွဲ့များအား ထိတွေ့တိုက်ခိုက်ခြင်းမပြုခင်မှာပင် အမြောက်အများသေဆုံးစေနိုင်သည်။
သို့သော် လေးသည်တော်များသည် ဤကဲ့သို့ရလဒ်များရရှိလိုပါက မြှားများကို အပေါ်သို့အနည်းငယ်စောင်းကာ ပစ်လွှတ်ရမည်ဖြစ်သည်။ မြှားများသည် မြေဆွဲအားကြောင့် အောက်သို့အရှိန်ဖြင့်ပြုတ်ကျပြီး ရန်သူတပ်ဖွဲ့ကိုထိခိုက်စေမည်ဖြစ်သည်။ ဤသည်မှာ အရှေ့တွင်ဒိုင်းကိုင်ပြီးပြေးဝင်လာသော ရန်သူများက်ိုတိုက်ခိုက်ရန်အတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခုပင်။
“ဒီချမ်းဘော့ဒ်ကစောက်ပိန်းတွေက တကယ်ပဲအလျားလိုက်ပစ်ခတ်တဲ့နည်းကို အသုံးပြုမလို့ပဲ...”
“အလျားလိုက်ပစ်တယ်ဆိုတာ ရှေ့ဆုံးကချီတပ်နေတဲ့စစ်သည်တွေအတွက်ပဲ အန္တရာယ်ရှိတာလေ..စက္ကန့်တိုင်းမှာ အခြေအနေတွေအမြဲပြောင်းနေတဲ့ တိုက်ပွဲမှာဆိုရင် ဘယ်တပ်ဖွဲ့ကမှ လေးသည်တော်တွေကို သုံးကြိမ်ထက်ပိုပြီး လေးကြိုးတင်ခွင့်ပေးမှာမဟုတ်ဘူး။ အချိန်နဲ့ အခွင့်ရေးကို ဖြုန်းတီးပစ်တယ်ဆိုတာ ကိုယ့်လူတွေရဲ့အသက်နဲ့ရင်းပြီး နောက်ပြောင်နေသလိုပဲ....အဲ့လေးသည်တော်တစ်ယောက်ခြင်းစီက တစ်ချက်မှမလွဲတဲ့ နတ်ဘုရားအဆင့်လေးသည်တော်တွေဆိုရင် ထားတော့ ဒါပေမယ့် ဟဟ အဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”
“ဟားဟား အနိုင်ကတော့ ငါတို့အတွက်ပဲဟေ့ ငါတို့ဒီစောက်ပိန်းတွေကို အထင်ကြီးလွန်းနေခဲ့မိတာပဲ...”
ရှနူအီတိုင်းပြည်၏ ဘုရင်မှာ ကျယ်လောင်စွာရယ်မောလိုက်သည်။
သို့သော် နောက်အခိုက်တန့်တွင် မနက်ခင်းတွန်နေသည့်အချိန်တွင် လည်ပင်းညစ်ခံလိုက်ရသော ကြက်ဖတ်ကောင်ကဲ့သို့ သူ၏ ရယ်မောသံများသည်လည်း ရပ်တံ့သွားတော့သည်။ သူ၏ ရယ်မောသံသည် လည်ချောင်းထဲတွင် တစ်သွားပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အမူယာတစ်ခုပေါ်လာတော့သည်။
“ပစ်တော့”
“ဖျောင်း ဖျောင်း ဖျောင်း ဖျောင်း”
အမိန့်ပေးသံအပြီးတွင် တုန်ခါသံများစွာသည် တံတားပေါ်တွင် ပဲ့တင်သွားသည်။ အနောက်တွင် ငှက်မွေးအဖြူများတပ်ထားသည့် ချွန်ထက်သည့် မြှားအချောင်း၅၀သည် လေကိုထိုးခွင်းကာ ထွက်ခွာသွား၏။ သွေးဆာနေသော အင်းစက်များကဲ့သို့ ချမ်းဘော့ဒ်ထံသို့ ပြေးဝင်လာနေသော ချီရှူအီစစ်သည်များကို ချက်ချင်းလိုလိုပင် ထိုးဖောက်သွား၏။
“ချွတ် ချွတ် ချွတ်”
မြှားများ အရိုးများ၊အသားများအား ထိုးဖောက်သွားသည်နှင့် အတူ ဆူညံသံများစွာလဲထွက်ပေါ်လာသည်။ ပြေးဝင်နေသော ချီရူအီတိုင်းပြည်၏ စစ်သည်များထဲမှ အယောက်၅၀သည် တံစဥ်းနှင့် ရိပ်သိမ်းခံလိုက်ရသည့် စပါးပင်များကဲ့သို့ ချက်ချင်းလဲကျသွားတော့သည်။ သူတို့လက်ထဲတွင် ကိုင်ဆောင်ထားခဲ့ကြသည့် ဒိုင်းများသည်လည်း သူတို့အား ကာကွယ်မှုတစ်စုံတရာပေးနိုင်စွမ်းမရှိခဲ့ချေ။ အညှာတာကင်းမဲ့သော မြှားများသည် ဒိုင်းကာတွင်ရှိသော ချောင်းကြည့်သည့် အပေါက်သေးသေးလေးမှတဆင့် ဝင်ရောက်ကာ စစ်သည်များ၏ ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားသည်။ စစ်သည်၅၀မှာ ချက်ချင်းပင်သေဆုံးသွားပြီဖြစ်သည်။ အော်ဟစ်ငြီးတွားရန်ပင် အချိန်မရလိုက်ချေ။