အခန်း (၁၆၄)
Vol. 11 Ch. 164
မြှား အချောင်း၅၀သည် လူအယောက်၅၀၏အသက်ကို တိကျစွာပင် ခြွေယူသွားခဲ့သည်။
စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထူးဆန်းကာ အသက်ရှူမှားလောက်သည့် လေထုတစ်ခုသည် ချက်ချင်းပင်ကျရောက်လာသည်။
“ဒေါင်...”
ချီရှူအီတိုင်းပြည်၏ ဘုရင်သည် ပါးစပ်အဟောင်းသားဖြင့် သူ၏ လက်ထဲတွင်ကိုင်ဆောင်ထားသည့် ဓားပင်လွတ်ကျသွား၏။
“နတ်...နတ်...နတ်ဘုရားအဆင့်လေးသည်တော်တွေလား...သူတို့တွေအကုန်လုံးက နတ်ဘုရားအဆင့်လေးသည်တော်တွေလား...” တစ်စုံတစ်ယောက်မှာ စတင်အော်ဟစ်လိုက်သည်။
“မဟုတ်ဘူး ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”
ပူးပေါင်းတပ်ဖွဲ့မှ ဘုရင်များ၊ ခေါင်းဆောင်များသည် ချက်ချင်းပင် ကြောများအေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့စီးနှင်းနေကြသော မြင်းများပင် သေခြင်းတရား၏ ခံစားချက်ကိုခံစားလိုက်ရသည်။ သူတို့အားလုံး ပျာယာခပ်ကာ အနောက်သို့ပြန်ဆုတ်ရန် ကြိုးစားနေကြ၏။ “ဒါက တော်တော်ရူးသွပ်တာပဲ...ဒီလောက်ရူးသွပ်တဲ့ဟာ ရှိသေးလို့လား....” သူ၏ စစ်သည်များအတွက် ချပ်ဝတ်လက်နက်ပစ္စည်းပင် လုံးလုံလောက်လောက်ဝယ်မပေးနိုင်သော တိုင်းပြည်သည် နတ်ဘုရားအဆင့်လေးသည်တော် အယောက်၅၀ရှိနေခြင်းမှာ လုံးဝပင်ယုံနိုင်ဖွယ်မရှိသောကြောင့်ပင်။
“ဖျောင်း ဖျောင်း...ဝှစ် ဝှစ် ဝှစ်”
လေးသည်တော်များသည် ပူးပေါင်တပ်ဖွဲ့မှ ဘုရင်များအား စဥ်းစားနေရန်အတွက် အချိန်သိပ်မပေးချေ။ မကြာမှီအချိန်တွင် လေးကြိုးတုန်ခါသံများ ဒုတိယအကြိမ်ထွက်ပေါ်လာကြပြီး ထိတ်လန့်အံ့သြနေကြသော ပူးပေါင်းတပ်ဖွဲ့မှခေါင်းဆောင်များက်ို နိုးကြားသွားစေသည်။
“ချွတ် ချွတ် ချွတ်”
ပထမအကြိမ်မြှားများနှင့် ဒုတိယအကြိမ်မြှားများထဲတွင် ကွာခြားချက်မရှိလှချေ။ လေးကြိးြတုန်ခါသံ အချက်၅၀ကြားပြီးနောက်တွင် အသားနှင့် အရိုးများကိုထိုးဖောက်သွားသည့်အသံ အချက်၅၀ထွက်ပေါ်လာသည်။ ထိုအသံများမှာ စစ်မြေပြင်ပေါ်တွင်ရှိသည့် တခုတည်းသော ဆူညံသံများဖြစ်ပြီး သေခြင်းတအား၏ တေးသံပင်။ သေခြင်းနတ်ဘုရားသည် စစ်မြေပြင်အပေါ်တွင်ရှိနေပြီး အသက်များကို ကောက်ရိတ်သိမ်းသကဲ့သို့ ခြွေယူနေကြောင်း ပူပေါင်းတပ်ဖွဲ့မှ လူတိုင်းခံစားလိုက်ရသည်။
ကိုက်၅၀....
ဤအကွာအဝေးသည် လုံးဝပင်ဖြတ်သန်း၍မရသော ခံတပ်အကာရံတစ်ခုကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် မြှားဒဏ်ကြောင့်သေဆုံးခဲ့ကြသည့် လူ၁၀၀မှာ ထိုနေရာတွင် လဲလျှောင်းနေကြသောကြောင်ဖြစ်သည်။
စစ်သည်တစ်ယောက်ခြင်းစီတိုင်းသည် မျက်လုံး၊ လည်ချောင်း၊ နဖူး စသကဲ့သို့ သေစေနိုင်သောနေရာများကိုသာ ထိမှန်ခြင်းခံခဲ့ရသည်။ ဤနေရာများသည် သူတို့၏ ဒိုင်းကာများဖြင့် မကာကွယ်နိုင်သောနေရာများဖြစ်ကြသည်။ သူတို့အရှေ့သို့ချီတပ်ရင်း ရန်သူ၏တုန့်ပြန်မှုကို ကြည့်ရမည်ဖြစ်သောကြောင့်ပင်။ ဤလက်တစ်ဖဝါးစာလောက်ပင်မရှိသော သေစေနိုင်သောနေရာများမှာ ပုံမှန်အခြေအနေတွက်ဆိုပါက လေးသည်တော်များ ထိမှန်အောင်ပစ်နိုင်ရန် ခဲယဥ်းသဖြင့် တစ်ခါပစ်ပါက ကံဆိုးသည့် စစ်သည်အနည်းငယ်ခန့်သာ ထိမှန်ကျရှုံးနိုင်သည်ဖြစ်သည်။ ထို ကာကွယ်ထားခြင်းမရှိသည့် သေစေနိုင်သောနေရာများသည် ချက်ချင်းလိုလိုပင် ကျွမ်းကျင်စစ်သည်အယောက်၁၀၀ အား သေဆုံးစေမည်ဟု ပူပေါင်းတပ်ဖွဲ့မှ လူများထင်မထားခဲ့ကြချေ။
တံတားပေါ်တွင် လဲလျောင်းနေကြသော လူသေအလောင်း၁၀၀ကို ကြည့်ရင်းဖြင့် ပူပေါင်းတပ်ဖွဲ့တွင် ပါဝင်သည့်လူတိုင်း ပါးစပ်အဟောင်းသားဖြင့် ထိတ်လန့်နေကြသည်။ လူတိုင်း သူတို့၏ မျကိလုံးများကို ပွတ်၍ အိမ်မက်မက်နေခြင်းသာ ဖြစ်ရန်အတွက် မျှော်လင့်နေကြသည်။ လေးသည်တော်အယောက်၅၀ မြှားနှစ်ကြိမ်ပစ်ပြီးသည့်အချိန်မှာပင် ကျွမ်းကျင်လှံဒိုင်းကာ စစ်သည်အယောက်၁၀၀ ကျဆုံးသွားပြီဖြစ်သည်။ ပူပေါင်းတပ်ဖွဲ့တွင် စစ်ပွဲများစွာတိုက်ခိုက်ခဲ့ဖူးသည့် ကျွမ်းကျင်စစ်သည်များပါသော်လည်း သူတို့အားလုံး ချွေးများပြန်လျှက်ထိတ်လန့်လာကြသည်။ ဤသည်မှာ ကံကောင်းခြင်းမဟုတ်ပေ။ ဆိုးဝါးလှသည့် အိမ်မက်ဆိုးတစ်ခုပင်။ ကြောက်မက်ဖွယ်ကောင်းလှ၏။
ချီရှူအီတိုင်းပြည်ဘုရင်၏ နှလုံးသားမှာသွေးများစီးကျနေသကဲ့သို့ပင်။ သူ မနာကြင်စရာအကြောင်းမရှိပေ။ ဤသည်မှာ ကျွမ်းကျင် လှံဒိုင်းကာစစ်သည် အယောက်၁၀၀ဖြစ်သည်။ ၄င်းတို့သည် တိုက်ပွဲအတွင်းတွင် သူ၏ ဝှက်ဖဲနှင့် ကြောရိုးလဲ ဖြစ်၏။ သူ ဤတပ်ဖွဲ့အား တိုက်ခိုက်စေသည့်အကြောင်းအရင်းမှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ဖွဲ့စည်းပုံသည် ရှုပ်ထွေးကာ ဖရိုဖရဲဖြစ်နေသည်ကို တွေ့ရသောကြောင့်ပင်။ ထို့အပြင် သူ၏ တိုင်းပြည်အင်အားကို တစ်ခြားတိုင်းပြည်များရှေ့တွင် အစွမ်းပြ ကြွားဝါလိုသောကြောင့်လဲ ဖြစ်သည်။ နောက်ဆုံးရည်ရွယ်ချက်မှာ ချမ်းဘော့ဒ်တိုင်းပြည်အား သိမ်းပိုက်ပြီးချိန်တွင် စစ်နိုင်ပစ္စည်းများခွဲဝေရာတွေ ပို၍များများရလို၍လည်းဖြစ်သည်။ သို့သော် သူ၏ စစ်သည်များသည် လှံဖြင့်တစ်ချက်ပင် မထိုးရသေးချိန်တွင် ဤကဲ့သို့ လူသေအလောင်းများဖြစ်သွားမည်ဟု လုံးဝထင်မထားပေ။
တစ်စုံတစ်ယောက်သည် သူ၏နှလုံးသားအား ဓားဖြင့် ကလော်ထုတ်လိုက်သကဲ့သို့ပင် ခံစားလိုက်ရ၏။
“အား.....သေစမ်းကွာ...” ချီရှူအီတိုင်းပြည်ဘုရင်သည် သူ၏ သွေးဖိအားမှာမြင့်တက်လာပြီး မူးလဲမတက်ပင်ခံစားနေရ၏။
နတ်ဘုရားအဆင့် လေးသည်တော်များ။
နတ်ဘုရားအဆင့် လေးသည်တော်အယောက်၅၀ဖြစ်သည်။
“ချမ်းဘော့ဒ်တိုင်းပြည်မှာ နတ်ဘုရအဆင့်လေးူည်တော် အယောက်၅၀တောင်ရှိတာလား...”
ချပ်ဝတ်အပြည့်စုံဝတ်နိုင်ခြင်းမရှိပဲ နွမ်းပါးသည့် ချမ်းဘော့ဒ်ဘက်မှ လေးသည်တော်များကို မည်သူမျှ မရယ်ရဲတော့ပေ။ ဤအချက်သည် အလွန်ထိတ်လန့်ဖွယ်ကောင်းလွန်းလှသည်။ နတ်ဘုရားအဆင့်လေးသည်တော်တစ်ယောက်ခြင်းစီတိုင်းသည် အဖိုးတန်ပြီး အင်ပါယာကြီးများကပင် အလိုရှိသော လူများဖြစ်ကြသည်။ ချမ်းဘော့ဒ်ကဲ့သို့ အဆင့်၆တိုင်းပြည်ငယ်လေးတွင် ထိုကဲ့သို့လေးသည်တော်ပေါင်း အယောက်၅၀ခန့်ရှိနေလိမ့်မည်ဟု မည်သူမှထင်မထားချေ။ ဤအခိုက်တန့်တွင် မည်သးမျှ ဆူညံသံများမပြုလုပ်ရဲပေ။ တံတားတစ်ဖက်တွင်ရှိသော လူသတ်သမားအယောက်၅၀သည် သထိထားမိသွားပြီး ပစ်လိုက်မည်ကို ထိတ်လန့်နေကြ၏။
တစ်ချိန်တည်းမှာပင် ပူးပေါင်းတပ်ဖွဲ့တွင်ရှိသော လူတော်တော်များများမှာ ပြန်လည်ဆုတ်ခွာလိုနေကြပြီဖြစ်သည်။
သူတို့၏ အင်အားမှာ လူနှစ်ထောင်ခန့်သာရှိသည်။ နတ်ဘုရားအဆင့်လေးသည်တော်များနှင့် ရင်ဆိုင်ရပါက ထိုလေးသည်တော်များ ပစ်မှတ်လေ့ကျင့်ရန်ပင် မလုံလောက်ချေ။ လေးသည်တော်တစ်ယောက်ချင်းစီသည် မြှားအချောင်းလေးဆယ်ပစ်လိုက်ရုံမျှဖြင့် သူတို့တပ်ဖွဲ့တစ်ခုလုံး အသတ်ပျောက်သွားနိုင်သောကြောင့်ပင်။
ခွေးနက်ကြီးပေါ်ရှိ ဖှေးသည်လည်း ကျေနပ်အားရလွန်းလှသဖြင့် ပြုံးနေကာ သူ၏သွားများ ပြုတ်ကျလုနီးနီးပင်။
သူသည် ဟော့ဆေးပုလင်း ၆လုံးအသုံးပြုခဲ့ခြင်းဖြစ်သည်။ ထိုလေးသည်တော်များ၏ နေ့စဥ်အစားသောက်များထဲတွင် ရောနှောကျွေးပြီး သူတို့၏ စွမ်းရည်များကို တဖြည်းဖြည်းမသိမသာ တိုးမြှင့်ခဲ့သည်။ ဆေးပုလင်း၆လုံးသည် ဤကဲ့သို့ဖြင် နှစ်ပတ်ခန့်အကြာတွင်ကုန်သွားတော့သည်။ ဤလေးသည်တော်များ၏ခန္ဓာကိုယ်သည် သန်မာသွားပြီးမှ ဒိုင်ယာဘလိုကမ္ဘာမှ စစ်သည်တော်များကို သူတို့အား လေးအတတ်သင်ကြားစေခဲ့သည်။ ဤသည်မှာ ဖှေး၏ လျို့ဝှက်လက်နက်ကို ထုတ်သုံးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သန်မာသည့် လေးသည်တော်အယောက်၅၀သည် တိုင်းပြည်ကိုးခု၏ ပူးပေါင်းတပ်ဖွဲ့ကို ချက်ချင်းပင် ထိတ်လန့်အံ့သြသွားစေခဲ့သည်။
“မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ...သူတို့တွေရဲ့ အလောင်းတွေနဲ့ လက်နက်တွေကို သိမ်းဖို့ ငါနဲ့လိုက်ခဲ့ကြ...”
ဖှေး အော်ဟစ်လိုက်ပြီး အမဲရောင်ခွေးကြီးကို အမိန့်ပေးလိုက်သည်။ သူသည် ချမ်းဘော့ဒ်၏ ဖွဲ့စည်းပုံအတွင်းမှ ပြေးထွက်သွားသည့် ပထမဆုံးလူဖြစ်သည်။ ချမ်းဘော့ဒ်၏ ဥပဒေထိန်းသိမ်းရေးအရာရှိ အယောက်၅၀လည်း ဖှေးအော်သံကြားမှ ပြန်လည်သတိဝင်လာကြသည်။ သူတို့သည်လည်း လေးသည်တော်များ၏ စွမ်းရည်ကြောင့် အံ့သြထိတ်လန့်နေခဲ့ကြ၏။ သူတို့၏ လက်ထဲတွင်ရှိသော ဝါးရင်းတုတ်များ လက်နက်တိုလီမုတ်စများကို တွန့်ဆုတ်ခြင်းမရှိပဲ ချက်ချင်းပင် လွင့်ပစ်လိုက်ကြပြီး ပျော်ရွှင်စွာအော်ဟစ်ကာ အလောင်းများထံသို့ပြေးသွားကြသည်။ ယုန်ဖြူတစ်ကောင်ကို မြင်တွေ့လိုက်ရသည့် ဗိုက်ဆာနေသော ဝံပုလွေအုပ်ကဲ့သို့ပင်။ အမဲရောင်ခွေးကြီးနောက်မှလိုက်ကာ ခြေထောက်တွင် မီးပွင့်မတက်ပင်ပြေးသွားကြ၏။
“သူတ်ို့တွေ ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ...” ပူးပေါင်းတပ်ဖွဲ့မှတစ်စုံတစ်ယောက်သည် ပါးစပ်အဟောင်းသားဖြင့် မေးလိုက်မိ၏။
“သေစမ်း...တက်ကြလေ...လူတို့ကိုရပ်အောင်လုပ်ကြ ဒီကောင်တွေက ငါ့စီကနေ ခိုးဖို့....” ချီရှူအီတိုင်းပြည်ဘုရင်မှာ ရူးတော့မည်ဟုပင် ခံစားနေရသည်။ သူဖှေး၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားသည်။ ဤနှိမ့်ကျသည့်လူများမှာ ဆင်းရဲနွမ်းပါးလှသဖြင့် သူ၏စစ်သည်အလောင်းများထံမှ ချပ်ဝတ်များလက်နက်များကို ခွာယူရန်ကြံစည်နေကြခြင်းပင်။ “ဒါကတော်တော် အရှက်ကင်းမဲ့တာပဲ...သူတို့က သေပြီးသားလူတွေကိုတောင် အလွတ်မပေးဘူး...” ချီရှူအီတိုင်းပြည်၏ဘုရင်မှာ အသံကုန်ခြစ်၍ အော်ဟစ်နေသည်။ “အား..မင်းတို့ရဲ့မြှားတွေနဲ့ပစ်ကြတော့လေ ဘာလုပ်နေတာလဲ...မြန်မြန်ပစ်...”
ပူးပေါင်းတပ်ဖွဲ့မှ ခေါင်းဆောင်အများစုသည် ဖြစ်ပျက်နေသည်များကို ရိပ်မိသွားကြသည်။ ထို့ကြောင့် သူတို့၏ လေးသည်တော့များကိုလည်း စတင်ပစ်ခတ်ရန် အမိန့်ပေးလိုက်တော့သည်။