← Chapters

အခန်း (၁၆၅)

Vol. 11 Ch. 165

အခန်း (၁၆၅)

Vol. 11 Ch. 165

မြှားများမှာ မိုးကဲ့သို့ရွာကျလာသည်။

သို့သော် အလောင်းများရှိသောနေရာမှာ တိုင်းပြည်ကိုးခုပူး​ပေါင်းတပ်ဖွဲ့တည်ရှိနေသော နေရာနှင့် ဝေးကွာနေသည်။ ပစ်လွှတ်လိုက်သော မြှားများသည် အရှိန်ကုန်ပြီး မြေပြင်ကိုသာ စိုက်ကျကုန်သည်။ ဖှေးနှင့် သူ၏လူများအား အန္တရာယ်ပေးနိုင်ခြင်းမရှိပေ။

အမဲရောင်ခွေးကြီးသည် စိတ်လှုပ်ရှားစွာဟောင်၍ အမဲရောင် မီးခိုးတန်းတစ်ခုကဲ့သို့ ဖှေးအား အသွားအပြန်သယ်ဆောင်နေသည်။ ဤအသွားပြန် ခရီးတစ်ခေါက်တွင် အလောင်း၆လောင်းခန့် သယ်ဆောင်လာနိုင်၏။ ကျန် ဥပဒေပြုအရာရှိများသည်လည်း အလုပ်ကြိုးစားနေကြသည်။ သူတို့ တစ်ယောက်ခြင်းစီတိုင်းသည် မြေပြင်ပေါ်တွင် လဲကျနေသည့် အလောင်းနှစ်လောင်းခန့်ကို သယ်ဆောင်ပြီး အနောက်သို့ အမြန်ပြန်ပြေးရသည်။

၁၀မိနစ်ခန့်အကြာတွက် လှံဒိုင်းကာစစ်သည်တစ်ရာ၏အလောင်းများကို ချမ်းဘော့ဒ်ဘက်စခန်းသို့ အကုန်သယ်ဆောင်သွားကြတော့သည်။

ဤလူများသည် အလွန်လက်သံပြောင်လှပြီး ချီရှူအီတိုင်းပြည်အတွက် ဦးဆောင်းတစ်ခုက်ိုပင် ချန်ထားခဲ့ခြင်းမပြုပေ။

လူတိုင်းအနောက်သို့ ပြန်ရောက်ပြီးချိန်တွင် ဘုရင်မင်းမြတ်သည် အမဲရောင်ခွေးကြီးကိုစီးနေရင်း အော်လိုက်သည်။ "ဟီးဟီးဟီး အရှင်စစ်ပွဲနတ်ဘုရားရဲ့ဆုံးမစကားအရ ဖြုန်းတီးတယ်ဆိုတာ ခွင့်မလွတ်နိုင်စရာပဲ မြန်မြန်လုပ်ကြ ဟိုနားမှာ လှံတစ်ချောင်းကျန်နေသေးတာငါတွေ့တယ် တစ်ယောက်ယောက် မြန်မြန်လေးသွားကောက်လိုက်ကြစမ်း..."

ပိန်ရှည်ရှည်နှင့် ဥပဒေပြုအရာရှိနှစ်ယောက်မှာ ကြားချက်ပြီး ချက်ချင်းပြေးကောက်ကာ အနောက်သို့ အမြန်ပြန်ဆုတ်ခဲ့ကြသည်။

ချီရှူအီတိုင်းပြည်၏ဘုရင်မှာ ငိုခါနီးအခြေအနေပင်။

ချမ်းဘော့ဒ်တိုင်းပြည်မှ ဥပဒေပြုအရာရှိများသည် ဓားမြများကဲ့သို့ပင်။ ဆာလောင်နေသော ကြွက်များအုပ်စုပင်။ သူတို့ရောက်ရှိသည့် နေရာတိုင်းတွင် ဆံပင်တစ်ချောင်းက်ိုပင် ချန်ထားခဲ့လိမ့်မည်မဟုတ်ပေ။ ဤအချိန်တွင် ခြေလျင်တပ်ဖွဲ့သေဆုံးသွားခဲ့သည့် တိုက်ပွဲမြေပြင်မှာ ရှင်းလင်းသွားပြီဖြစ်သည်။ သွေးများပေကျံနေသည့် မြက်ခင်းများပင် ကျန်ရှိနေခဲ့တော့သည်။

ပူးပေါင်းတပ်ဖွဲ့မှ ဘုရင်များအားလုံး ပါးစပ်အဟောင်းသားဖြစ်နေကြသည်။

ပူးပေါင်းတပ်ဖွဲ့သည် သူတို့အား ရပ်တန့်ရန်မကြိုးစားပဲထိုင်သာကြည့်နေခဲ့ခြင်းမျိုးလဲ မဟုတ်ပေ။

သို့သော် ထိုလေးသည်တော်အယောက်၅၀မှာအလွန်သန်မာလွန်းလှသည်။ လူနှစ်ထောင်ကျော်ခန့်ကို ရှေ့သို့တက်မလာရဲစေရန်အတွက် ဖိနှိပ်ထားသည်။ အရှေ့သို့ အနည်းငယ်မျှပင် တက်လာရဲသည့်လူရှိပါက မြှားပေါက်ရာများဖြင့် ​ချက်ချင်းပင်ပြည့်နှက်သွားမည်ဖြစ်သည်။ ကိုင်ဆောင်ထားသည့်ဒိုင်းကာများသည်လည်း သိပ်အသုံးမဝင်ကြချေ။ မြှားများသည် မျက်လုံးများရှိနေသည့် အတိုင်းပင် အကျိုအကြားလစ်လပ်နေသောနေရာမှ ထိုးဖောက်ဝင်ရောက်လာမည်ဖြစ်သည်။

ရန်သူ၏ အင်အားနှစ်ထောင်သည် ချမ်းဘော့ဒ်မှ ဥပဒေပြုအရာရှိဟု ခေါ်ဆိုသူများ သူတို့၏ လက်နက်ပစ္စည်းများကို ဗြောင်တင်းယူနေကြသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်တော့၏။

ချမ်းဘော့ဒ်မှ လူများအလောင်းများကို သူတို့ဘက်သို့အကုန်ရွေ့ပြောင်းပြီးချိန်တွင် မီးနတ်ဘုရားသံမဏိတပ်ဖွဲ့သည် မီတာတစ်ထောင်ခန့်အခွာဝေးသို့ရောက်ရှိနေပြီဖြစ်သည်။ သူတို့အားလုံး အုပ်စုဖွဲ့ကာ အရှိန်ဟုန်ဖြင့် ဝင်တိုက်ရန်စီစဥ်နေကြသည်။ ဤမြှားများကို ကြောက်စရာမလိုသည့် လေးလံသော သံချပ်ကာဝတ်တပ်ဖွဲ့မှာ အဝေးသို့ရောက်နေသဖြင့် အကူညီသိပ်မပေးနိုင်ခဲ့ချေ။

ပူးပေါင်းတပ်ဖွဲ့၏ စိတ်ဓာတ်မှာ တဟုတ်ထိုးပင် ကျဆင်းလျှက်ရှိသည်။

သို့သော် ချမ်းဘော့ဒ်ဘက်ချမ်းရှိလေထုမှာ လုံးဝဆန့်ကျင်ဘက်ပင်။

အလောင်းများမှ ချပ်ဝတ်ပစ္စည်းများကို ချွတ်ယူကာ သန့်ရှင်းရေးအနည်းငယ်လုပ်ပြီး ပူပေါင်းတပ်ဖွဲ့၏ အရှေ့တွင်သာဝတ်ဆင်နေကြ၏။ ဒိုင်းများ လှံရှည်များကိုဆွဲကိုင်ပြီး အသံပြိုင်အော်ဟစ်နေကြသည်။ ချက်ချင်းလိုလိုပင် တောင်ယာသမားများအသွင်မှ ချပ်ဝတ်များနှင့် ကျွမ်းကျင်စစ်သည်များအသွင်သို့ပြောင်းလဲသွားတော့သည်။

ဖှေး သဘောကျစွာရယ်မောလိုက်သည်။

"ဟားဟား ချီရှူအီဘုရင်ကို သူရဲ့ရက်ရောမှုအတွက် ကျေးဇူးတင်လိုက်ကြဦးလေ...." ဖှေး ဒေါသထွက်နေပြီးဖြစ်သော ချီရှူအီတိုင်းပြည်၏ဘုရင်အား ပို၍ဒေါသဖြစ်သွားစေရန်ရည်ရွယ်၍ အမိန့်ပေးလိုက်သည်။

"ကျွန်တော်တို့ကို အခုလို လက်နက်တွေ၊ ချပ်ဝတ်တွေ ဒိုင်းကာတွေစွန့်ကျဲတဲ့အတွက် ကျေးဇူးပါပဲ ချီရှူအီဘုရင်ကြီး..."

"ဒီကောင်တွေက ငါနဲ့တော်တော်လိုက်တာပဲ..."

"ဟေး...ငါဓားတစ်ချောင်းလောက်လဲလိုသေးလို့...ချီရှူအီဘုရင်ကြီး လှမ်းပို့လိုက်လို့ရမလား..."

ဤကဲ့သို့ ခနဲ့သည့် စကားလုံးများမှာ ချမ်းဘော့ဒ်၏ ဥပဒေပြုအရာရှိများထံမှ အလိုအလျောက်ပင်ထွက်လာကြသည်။ ပူပေါင်းတပ်ဖွဲ့မှ စစ်သည်များသည် မခံချင်စိတ်ကြောင့် ဒေါသများဖြစ်ကာ အခိုးများထွက်လုပင်။

"အားးးးးး" ချီရှူအီဘုရင်မှာ ဒေါသကြောင့် ရူးကြောင်ကြောင်ပင်ဖြစ်သွားသည်။ သူ၏အနောက်တွင်ရှိနေသည့် မီးနတ်ဘုရားသံမဏိတပ်ဖွဲ့ စတင်ချီတပ်သည့် အချိန်ထိရင် မစောင့်နိုင်တော့ပေ။ ရုတ်တရက်ပင် သူတုန်ယဥ်စွာဖြင့် ရှူနူအီတိုင်းပြည်ဘုရင်၏ လည်ပင်းကိုဆွဲလိုက်ပြီး "အမြန်လုပ် တိုက်တော့လေ...မင်းရဲ့သံမဏိချပ်ဝတ်ခြေလျင်တပ်တွေကိုစပြီးတိုက်ခိုက်ခိုင်း​တော့...."

ရှနူအီဘုရင်၏ လက်အောက်တွင် လေးလံသောသံမဏိချပ်ဝတ်များ ဝတ်ဆင်ထားသည့် စစ်သည်၂၀၀ခန့်ပါဝင်သော ခြေလျင်တပ်ရှိသည်။

ဤလေးလံသော ချပ်ဝတ်များနှင့် တပ်ဖွဲ့မှာ နှေးကွေစွာပင် ရွေ့လျားနိုင်သော်လည်း သူတို့၏ တစ်ကိုယ်လုံးအား သံမဏိချပ်ဝတ်များဖြင့် ကာကွယ်ထားသည်။ မျက်နှာများကို ကာကွယ်ရန်အတွက် ဦးဆောင်းများကို ဆွဲချလိုက်ပါက ခြေခြင်းဝတ်၊လက်ကောက်ဝတ်နေရာများမှလွဲ၍ နေရာတိုင်းအား သံမဏိများဖြင့် ကာကွယ်ထားသည်။ သူတို့တွေအကုန်လုံး မြှားများအား အရင်ဆိုင်ကာ ချီတပ်ပါက သူတို့၏တစ်ဝက်ခန့် ချမ်းဘော့ဒ်ဘက်အခြမ်းသို့ အသက်ရှင်လျှက်ရောက်ရှိပြီး ထိုလေးသည်တော်များကို ခုတ်ပိုင်းသတ်ဖြတ်ပစ်ရန်မှာ မခက်ခဲလှပေ။ သို့သော် ပြသနာမှာ ရှနူအီတိုင်းပြည်၏ ဘုရင်သည် သူ၏ သံမဏိချပ်ဝတ်စစ်သည်များကို မဆုံးရှူံးလိုပေ။ ဤခြေလျင်တပ်မှာ သူတန်ဖိုးထားရသည့် ရတနာတစ်ခုပင်။

သို့သော် ဒေါသကြောင့် စိတ်လွတ်နေသော ချီရှူအီတိုင်းပြည်၏ ဘုရင်အရှေ့တွက်ဖြစ်သောကြောင့် လိုက်လျောရုံမှတစ်ပါးရွေးချယ်စရာမရှိချေ။

အင်အားပိုကြီး​ေသာနိုင်ငံ၏ အာဏာအောက်တွင် တန်ဖိုးထားရတနာကိုပါ စွန့်လွတ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ရှနူအီတိုင်းပြည်သည် အဆင့်အဖွဲ့ဝင်နိုင်ငံလေးတစ်ခုသာဖြစ်သည်။ ထို့ကြောင့်အဆင့်၃အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ချီရှူအီတိုင်းပြည်၏ အလိုကို မဆန့်ကျင်ရဲပေ။

သူ၏ တပ်ဖွဲ့များကို ချီတပ်ရန်အတွက် အမိန့်ပေးရတော့မည်ဖြစ်သောကြောင့် ရှူနူအီတိုင်းပြည်ဘုရင်၏ နှလုံးသားနာကြင်နေဆဲတွင် တစ်ဖက်စခန်းမှ မျှော်လင့်မထားသောပြောင်းလဲမှုများ ဖြစ်ပျက်သွားသည်။ ထိုနတ်ဘုရားကဲ့သို့ လေးသည်တော် အယောက်၅၀မှာ လေးများကိုပြန်လွယ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ အုပ်စုနှစ်ခုခွဲပြီး ဆုတ်ခွာပြေးသွားကြတော့သည်။ ချမ်းဘော့ဒ် တိုင်းပြည်၏ ဖွဲ့စည်းပုံအတွင်းမှ အမှန်တကယ်ပင် ထွက်ခွာသွားခြင်းဖြစ်သည်။

All Chapters