← Chapters

အခန်း (၁၆၆)

Vol. 12 Ch. 166

အခန်း (၁၆၆)

Vol. 12 Ch. 166

"အား...ငါတော့ ထက်မလုပ်နိုင်တော့ဘူး...ငါ့လက်ချောင်းတွေ သွေးထွက်တော့မလားတောင်မသိဘူး...မရတော့ဘူးမပစ်နိုင်တော့ဘူး..."

"အေးကွ ငါရောပဲ လစ်ကြစို့...."

ချမ်းဘော့ဒ်မှစစ်သည်များ အနောက်သို့ပြန်ပြေးနေကြရင်း တစ်ယောက်နှင့်တစ်ယောက်ပြောနေကြသည်ကို ပူပေါင်းတပ်ဖွဲ့မှ ဘုရင်များဝေဝေဝါးဝါးကြားလိုက်ရသည်။ထိုလေးသည်တော်များသည် ကြောက်လန့်နေသော ယုန်များကဲ့သို့ အမြန်ထွက်ပြေး၍ပျောက်ကွယ်သွားကြတော့သည်။ ဘယ်ရောက်သွားမှန်းပင် မသိရတော့ချေ။

ချီရှူအီဘုရင်နှင့် ရှနူအီဘုရင်တို့မှာ တစ်ယောက်နှင့်တစ်ယောက်ကြောင်ကြည့်နေကြသည်။

လူတိုင်းလည်း ဖြစ်သွားသည့်အရာကြောင့် ပါယစပ်အဟောင်းသားဖြစ်နေ၏။

တကယ်တန်းဆိုပါက ယနေ့ချမ်းဘော့ဒ်တွင် ဖြစ်ပျက်ခဲ့သမျှအရာတိုင်းသည် ပူးပေါင်းတပ်ဖွဲ့မှလူများကို စိတ်လွတ်လုနီးပါးပင်ဖြစ်စေခဲ့သည်ဖြစ်သည်။

သူတို့အားလုံး ရန်သူ၏ လှည့်ကစားခြင်းကို ခံရသည့်အတွက် ရူးလုနီးပါးပင် ဒေါသဖြစ်နေကြ၏။

"ချီတပ် အမြန်သာ ချီတပ်တော့...." ရှနူအီတိုင်းပြည်၏ ဘုရင်မှာ ပထမဦးဆုံးတုန့်ပြန်သည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဤသည်မှာ ချမ်းဘော့ဒ်ဘုရင်၏ ထောင်ခြောက်ဖြစ်နေသည် မဖြစ်နေသည်မှာ အရေးမကြီးချေ။ သေမင်းကဲ့သို့ လေးသည်တော် အယောက်၅၀မှာထွက်ခွာသွားပြီဖြစ်သောကြောင့် ပူပေါင်းတပ်ဖွဲ့မှ လူတိုင်းသည် ကောင်းကင်ကြီးတောက်ပသွားသကဲ့သ်ို့ ခံစားလိုက်ရသည်။ လေထုလဲ ပို၍လက်ဆက်သွားသကဲ့သို့ ခံစားရ၏။ နောက်ဆုံးတွင် သူတို့အားလုံး အသက်ရှူချောင်သွားပြီဖြစ်သည်။

"ဒီကောင်ဘာကြံနေလဲဆိုတာအရေးမကြီးဘူး...ဒီအခွင့်အရေးကိုအမြန်ယူပြီး ချမ်းဘော့ဒ်ကို အပြုတ်တိုက်ကြ ပြီးရင်အဲ့လေးသည်တော်တွေပြန်လာပြီဆိုရင်တောင် သူတို့ဘာမှတက်နိုင်တော့မှာမဟုတ်တော့ဘူး..."

ဤသည်မှာ ပူးပေါင်းတပ်ဖွဲ့မှဘုရင်များ၏ တူညီသော အယူအဆပင်။

အမိန့်လက်ခံရအပြီးတွင် လေးလံသော သံမဏိချပ်ဝတ်များ ဝတ်ဆင်ထားသည့် ခြေလျင်တပ်သည့် တရွေ့ရွေ့ဖြင့် စတင်ချီတက်ကြတော့သည်။ ဤသည်မှာ သံမဏိဆူနာမီရေလှိုင်းလုံးကြီးကဲ့သို့ပင်။ သူတို့ခြေထောက်အောက်ရှိ မြေပြင်ပါစတင်တုန်ခါလာသည်။ တပ်ဖွဲ့၏ ရှေ့ဆုံးမှ ချီတပ်နေသူမှာ ၂မီတာခန့်မြင့်မားသည့် ခေါင်းဆာင်ပင်။ သူ၏ ချပ်ဝတ်အောက်မှ အဝါရောင်မီးတောက်များ တောက်ပနေသည်။ သူသည် ကြယ်နှစ်လုံးအဆင့် မြေစွမ်းအင်သုံးသည့် ဆရာတစ်ယောက်ဖြစ်သည်။

"တိုက်ကြတော့..." မြေစွမ်းအင်သုံးစစ်သည်မှာ ပြုံးလိုက်သည်။

လေးသည်တော်များထံမှ ဖိအားမရှိတော့သောကြောင့် လေးလံသောသံချပ်ဝတ်စစ်သည်များမှယ ထောင်လွှားစွာဖြင့် ခေါင်းဆောင်တစ်ဦးကဲ့သို့ချီတက်လာကြသည်။ သူတို့၏ လက်ထဲတွင်ရှိသော ဓားများဖြင့် ရင်ဘက်ရှိသံချပ်ဝတ်အား ထုရိုက်ကာ ဟန်ရေးပြလျှက်ရှိသည်။ စည်းချက်ကျ သတ္ထုခြင်းထုရိုက်သည့်အသံမှာ ကောင်းကင်တွင်ဟိန်းလျှက်ရှိသည်။ ကြောစိမ့်ပြီး ကြောက်မက်ဖွယ်လေထုတစ်ခုကို ဖန်တီးပေးလျှက်ရှိသည်။

ဤသည်မှာ အမှန်တကယ်ပင် လျှော့တွက်၍မရသော ခြေလျင်တပ်ဖွဲ့တစ်ခုဖြစ်သည်။

ဖွဲ့စည်းပုံမှာ အနည်းငယ်ဖရိုဖရဲဖြစ်နေပြီး စိတ်ဓာတ်မှာမာနထောင်လွှားလွန်းနေသည်မှ လွဲ၍ ဖိအားနှင့် ထိရောက်မှုအရဆိုပါက အမဲရောင်ချပ်ဝတ်စစ်သည်များနှင့် လယ်ဗယ်တူခန့်ပင်။ ရှနူအီတိုင်းပြည်သည်လည်း အုတ်မြစ်ကောင်းကောင်းရှိနေပုံရသည်။ ချမ်းဘော့ဒ်တိုင်းပြည်နှင့် နှိုင်းယှဥ်ပါက ဖှေး၏ တပ်ဖွဲ့သည့် ဆင်းရဲလွန်းလှသည်။

"တက်..."

လမင်းတိုင်းပြည်မှ အကြီးဆုံးမင်းသားသည်လည်း ဤအခွင့်ရေးက်ိုမြင်လိုက်သည်။ သူ၏ဓားကိုစိတ်လှုပ်ရှားစွာဝှေ့ရမ်းလိုက်ပြီး သူ၏ ဓားတပ်ဖွဲ့များအား ရှနူအီတိုင်းပြည်၏ တပ်ဖွဲ့အနောက်မှလိုက်ပါချီတပ်တိုက်ခိုက်ရန်အတွက် အမိန့်ပေးလိုက်သည်။ သူတို့၏ အရှေ့တွင်ရှိသော ရထား၆စင်းပေါ်မှ မိန်းမပျိုလေးများသည် သူတို့၏ သွေးများကိုဆူပွက်အောင်လုပ်ပြီးဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင်ပြေးသွားပြီး ရက်စက်စွာ ထိတွေ့လိုစိတ်မှာ ပြင်းပြနေ၏။

ဤမြင်ကွင်းအားမြင်သော တခြားဘုရင်များလည်း စိတ်လှုပ်ရှားလာတော့သည်။

နတ်ဘုရားကဲ့သို့ လေးသည်တော်အယောက်၅၀နှင့် ရင်ဆိုင်နေရချိန်တွင် သူတို့ထဲမှမည်သူမျှ ခေါင်းပင်မထောင်ရဲကြချေ။ သို့သော်ဤကဲ့သို့အခွင့်အရေးနှင့် ကြုံသည့်အချိန်တွင်လည်း မည်သူမှ နောက်ကျမကျန်ခဲ့လိုကြတော့ပေ။ စစ်နိုင်ပစ္စည်းများကို တခြားတိုင်းပြည်များမှ အကုန်ယူဆောင်သွားမည်ကို စိုးရိမ်နေကြ၏။ သူတို့အားလုံး ချမ်းဘော့ဒ်အတွင်းသို့ပထမဆုံးဝင်ရောက်ပြီး ရှိသမျှအကုန်လုယက်ကာ ရထားလုံးများပေါ်ရှိ အမျိုးသမီးလေးများကို သိမ်းပိုက်နိုင်မည့်သူ ဖြစ်ချင်နေကြ၏။

"တက်ကြကွာ ချမ်းဘော့ဒ်ဘုရင်ကိုတော့ အရှင်ဖမ်း..."

"သတ်ကြ မင်းလက်ထဲရောက်သမျှ မင်းရဲ့ဟာပဲ..."

"ဟားဟား ငါ့ကောင်တ်ို့ ရထားလုံးပေါ်ကစော်လေးတွေကိုတွေ့လား...လူတိုင်းသူ့ဝေစုနဲ့သူရမယ်နော်...."

ဤအခိုက်တန့်တွင် ပူးပေါင်းတက်ဖွဲ့မှ ယောက်ျားများအားလုံးသွေးများ ဆူပွက်လာကြသည်။ အောင်နိုင်မှုမှာ လက်တစ်လှမ်းသာလိုတော့သည်။ ဂုဏ်သိက္ခာရှိရှိနှင့် နေလေ့ရှိသောဘုရင်များသည်လည်း သူတို့၏ ညစ်ပတ်ကာ၊ ရက်စက်သည့် သရုပ်မှန်ကိုပြသလာကြပြီဖြစ်သည်။ သူတို့၏ စစ်သည်များစိတ်ဓာတ်တက်ကြွလာစေရန်အတွက် ညစ်တီးညစ်ပတ်စကားလုံးများအသုံးပြုကာ မြှောက်ပင့်ပေးကြသည်။

"အဲ့ဘုရင်ကို ဖမ်းစမ်း...ငါသူ့ရဲ့ဦးခေါင်းခွံကို အရက်ခွက်လုပ်ပစ်မယ်...ချမ်းဘော့ဒ်တိုင်းပြည်လဲ ဒီနေ့ပဲ မီးတောက်တွေကြားထဲမှာ ပျောက်ကွယ်သွားစေရမယ်...ငါ့ကို ဘာမှတ်နေလဲ..." လှံစစ်သည် အယောက်၁၀၀ဆုံးရှုံးလိုက်ရသည့် ချီရှူအီတိုင်းပြည်၏ ဘုရင်မှာ ကြုံးဝါးလိုက်သည်။

..........

...........

ချမ်းဘော့ဒ်တိုင်းပြည် နံရံပေါ်တွင်ဖြစ်သည်။

အင်ပါယာ၏ အကြီးဆုံးမင်းသမီး တာနာရှာမှာ အရှေ့ဘက်တောင်တန်းပေါ်မှ တိုက်ပွဲပြီးဆုံးသွားသည့်တိုင်အောင် ဆက်လက်ကျန်ရှိနေခဲ့သည်။ သို့သော် သူမ၏ ရည်ရွယ်ချက်ကိုမူ မသိရချေ။ သူမ ချမ်းဘော့ဒ်နံရံပေါ်တွင် မည်သည့်အချိန်ကရောက်လာခဲ့မှန်း မည်သူမျှမသိကြချေ။ အမျိုးသမီးသူရဲကောင်း ဆူဆန်နှင့် သူရဲကောင်းကပ္ပတိန်ရိုမန်တို့မှာ သူမ၏ဘေးနှစ်ဖက်တွင်ရပ်ကာ ကာကွယ်ထားကြသည်။ လက်နက်အပြည့်စုံတပ်ဆင်ထားသည့် စစ်သည်အယောက်၂၀မှာ သူမ၏အနောက်တွင်ရပ်လျှက်ရှိသည်။

"အရှင့်သမီး ကျွန်တော်သွားပြီး သူတို့ကို တိုက်ခိုက်မှုကိုချက်ချင်းရပ်ဖို့ သတိပေးလိုက်ရမလား..."

ကပ္ပတိန်ရိုမန်မှာ မျက်မှောင်ကြုံ့လိုက်သည်။ ချီတပ်လာနေကြေသော ပူးပေါင်းတပ်ဖွဲ့မှ စစ်သည်များနှင့် ချမ်းဘော့ဒ်မှ ​တောင်ယာသမားများကဲ့သို့ စစ်သည်တစ်ရာခန်နှင့် ရင်ဆိုင်နေရသည့်အတွက် သူအနည်းငယ်စိုးရိမ်လိုက်မိသည်။ သူ ဉာဏ်ပညာရှိသည်ဟုထင်ရသောဘုရင်အလတ်ဇန္ဒား ဘာကြံနေသည်အား သူမသိချေ။ သို့သော် လေးသည်တော်များကို အကြောင်းမရှိပဲ တိုက်ပွဲမှဆုတ်ခွာခိုင်းသည်မှာ ရူးသွပ်မှုတစ်ခုသာဖြစ်သည်။ အတွေ့ကြုံရှိသော ဗျူဟာမှူးတစ်ယောက်အနေဖြင့် သူသည်ဒီလောကတွင် ဆရာတစ်ဆူဖြစ်သည်။ ထိုလေးသည်တော်အယောက်၅၀ကိုသာ သူအမိန့်ပေးတိုက်ခိုက်စေပါက ပူပေါင်းတပ်ဖွဲ့အား မိနစ်အနည်းငယ်အတွင်းမှာပင် အပြောင်ရှင်းပစ်နိုင်စွမ်းရှိသည်။

"ဒါက အသိဉာဏ်ကင်းမဲ့တဲ့ ဝက်အုပ်စုနဲ့ ခြင်္သေ့တစ်ကောင်ကြားက တိုက်ပွဲပဲ...ငါတို့ဝင်ရောက်စွက်ဖက်စရာမလိုပါဘူး..." မင်းသမီးမှာ သူမ၏ခေါင်းကို ခါရမ်းလိုက်သည်။ "ရိုမန် မင်းဒီနေ့ တစ်ခုခုတွေ့ရင်တွေ့ရလိမ့်မယ်....အလတ်ဇန္ဒားရဲ့ တိုက်ပွဲဗျူဟာကို အသေချာမှတ်ထားလိုက် အနာဂတ်မှာ အသုံးဝင်လာနိုင်တယ်..."

"ဟုတ်ကဲ့ပါ အရှင့်သမီး..." ရိုမန်မှာ ခေါင်းငြိမ့်လိုက်သည်။ သို့သော် သူမျက်နှောင်ကြုံ့နေဆဲပင်။ "ဒါပေမယ့် အရှင့်သမီး အင်အားက ကွာခြားလွန်းအားကြီးနေတယ်...ချမ်းဘော့ဒ်က တိုင်းပြည်ကိုးခုရဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ရင်ဆိုင်နေရတာလေ..."

"တိုင်းပြည်ကိုးခု ပူးပေါင်းတပ်ဖွဲ့လား...ဟီးဟီး ရိုမန် မင်းက သူတို့ကိုအထင်ကြီးလွန်းနေတာပဲ...ငါကတော့ တိုင်းပြည်ကိုးခုပူးပေါင်းထားတဲ့ တပ်ဖွဲ့ကိုမမြင်မိဘူး...ငါမြင်မိတာတော့ အင်ပါယာရဲ့အရိပ်မှာ ခိုအောင်းတာများပြီး ပျက်စီးသွားတဲ့ အရူးတွေအုပ်စုကိုပါပဲ...ဒီအဆင့်၃တိုင်းပြည်ငယ်လေးနဲ့ ကျန်တဲ့ ပိုပြီးတော့တောင် သေးတဲ့ တိုင်းပြည်ငယ်လေးလေ...သူတို့ တော်ဝင်မိသားစုရဲ့ ဦးနောက်တွေက ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်တာ​နေတာများပြီး လောက်တက်နေပြီ...အရက်သေစာသောက်စားတာနဲ့ မိန်းမကိစ္စကလွဲပြီးတော့ သူတို့ကျွမ်းကျင်တာ ဘာမှမရှိပါဘူး အေဇာရုတိုက်ဆိုတာက အန္တရာယ်များတဲ့ တောရိုင်းတစ်ခုလိုပဲ...အင်ပါယာရဲ့ ကောင်းမှုကြောင့်တာမဟုတ်ရင် သူတ်ို့တွေက တစ်ခြားသားရဲတွေရဲ့ အစာဖြစ်သွားတာကြာလောက်ရောပေါ့။ သူတို့မှာ စစ်မှန်တဲ့တိုင်းပြည်တစ်ခုရဲ့ ဂုဏ်သရေနဲ့ တာဝန်ယူမှုတွေ မရှိတော့တာကြာပါပြီ။ မင်းသွေးသံမဏိစခန်းမှာရှိတဲ့ အဖွဲ့ငယ်တစ်ခုက ခေါင်းဆောင်တစ်ယောက်ကိုခေါ်ပြီး ယှဥ်ရင်တောင် ဒီဘုရင်လို့ခေါ်တဲ့ အရူးတွေထက် အဆတစ်ရောလောက် အရည်အချင်းရှိနေဦးမယ်...တကယ်လို့ အလတ်ဇန္ဒားက ဒီပြသနာလေးတောင် မကိုင်တွယ်နိုင်ဘူးဆိုရင် သွေးအေးတဲ့ အမျိူးသမီး ပဲရစ်ကိုတောင် အနိုင်ယူခဲ့တဲ့ယောက်ျားလို့ မခေါ်ထိုက်ဘူးလေ..."

အံဩဖွယ်ပင် မင်းသမီးမှာ စကားအများကြီးပြောလိုက်၏။

ချမ်းဘော့ဒ်တိုင်းပြည်၏ လက်ရှိအရေးထက် သူမသည် ဇီးနစ်အင်ပါယာ ရင်ဆိုင်​နေရသည့် ပြသနာများအတွက်စိုးရိမ်လျှက်ရှိသည်။

အကယ်၍ အဖွဲ့ဝင်နိုင်ငံတိုင်းသာဤကဲ့သို့ ပျက်စီးနေပါက အင်ပါယာ၏ အင်အားနှင့် ဖောင်ဒေးရှင်းမှာ မသိမသာယိုယွင်းနေသည်ဟူသည့်အဓိပ္ပါယ်ပင်။ သို့သော် ထိုဆွေကြီးမျိုးကြီးများနှင့် မင်းသားများသည် အင်ပါယာထီးနန်းအား သိမ်းပိုက်ရေးကိုသာ အာရုံစိုက်ကာ အခြင်းခြင်းတိုက်ခိုက်နေကြသည်။ အနာဂတ်တွင်ရှိနေသော ပြသနာကြီးကို မည်သူမျှသတိမထားမိကြချေ။ အင်ပါယာ၏ ကြောထောက်နောက်ခံဖြစ်သည့် အင်ပါယာအရှင်သခင် ယရှင်း၏ ကျန်းမာရေးမှာတနေ့တခြားဆိုးဝါးလာနေ၏။ ဇီးနစ်အင်ပါယာနှင့် နယ်နမိတ်ခြင်းထိဆက်နေသည့် တခြားအင်ပါယာကြီးများသည်လည်း ဇီးနစ်အင်ပါယာအား ဝင်ရောက်တိုက်ခိုက်ရန်အတွက် အင်အားပြင်ဆင်စပင် ပြုနေကြပြီဖြစ်သည်။ ဤ သီချင်းသံများ အကအခုန်များနှင့် ငြိမ်းချမ်းသည်ဟုထင်ရသော ဇီးနစ်အင်ပါယာကြီးသည် အချိန်မရွေးပျက်သုန််းနိုင်သည့် ဘေးအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

All Chapters