← Chapters

အခန်း (၁၆၇)

Vol. 12 Ch. 167

အခန်း (၁၆၇)

Vol. 12 Ch. 167

ဇီးနစ်အင်ပါယာ၏ အခြေအနေမှာ ချမ်းဘော့ဒ်၏ လက်ရှိအခြေအနေထက်ပင် ပို၍ဆိုးဝါးလှသည်။

မင်းသမီးချမ်းဘော့ဒ်တွင် နေခဲ့ရသည့်အကြောင်းအရင်မှာ ဘုရင်အလတ်ဇန္ဒားအပေါ်စိတ်ဝင်စားမှုအပြင် သူ့အား သူမဘက်သို့ပါရန်အတွက် စည်းရုံးလို၍လည်းဖြစ်သည်။ ထို့အပြင် ဤဘုရင်ငယ်သည် ပရမ်းပတာဆန်နေသော ချမ်းဘော့ဒ်တိုင်းပြည်အာယ မည်ကဲ့သို့ ပြန်လည်စုစည်းမည်ကိုလည်း သိရှိလို့၍ဖြစ်သည်။ သူမဤခရီးစဥ်မှ တစ်စုံတစ်ခုက်ိုသင်ယူနိုင်ပြီး သူမ၏ အကိုတော် အာရှဗင်အား ထီးနန်းရရှိရန်အတွက် အကူညီပေးနိုင်မည်ဟုမျှော်လင့်နေသည်။

အမှန်တကယ်ပင် လက်တွေ့လောကသည် မင်းသမီးအားစိတ်မပျက်စေခဲ့ပေ။

လဝက်ခန့်သာရှိသေးသော်လည်း ဤဘုရင်ငယ်၏ ထူးဆန်းသည့် အုပ်ချုပ်ရေးစနစ်နှင့် ကြေးစစ်သည်ရုပ်၁၂ရုပ်တို့မှာ မင်းသမီးအား မယုံနိုင်ဖွယ်ပင် အံ့သြစေခဲ့သည်။ ကြေးရုပ်တွင် ရေးထိုးထားသည့်အချက်လက်များမှာ ပြီးပြည့်စုံလွန်းလှသည်။ ၁၈နှစ်ပြည့်ပြီးခါစ လူငယ်တစ်​ယောက်၏ အကြံစည်များဖြစ်သည်ဟုပင် ယုံကြည်ရန်မှာ မင်းသမီးအတွက်ခက်ခဲနေခဲ့သည်။ ဤဥပဒေများတွင် အားနည်းချို့ယွင်းချက်များကို သူမရှာမရချေ။ ဤဥပဒေများအား ဇီးနစ်အင်ပါယာသို့ပင် တိုက်ရိုက်ယူဆောင်သွားနိုင်သည်။ သို့သော် ဤအပြောင်းလဲများကို ဇီးနစ်အင်ပါယာတွင် ချက်ချင်းလုပ်ဆောင်လိုက်ပါက အင်ပါယာယရှင်းပင် မကိုင်တွယ်နိုင်သည့် ဆန့်ကျင်မှုများ ထွက်ပေါ်လာနိုင်သည်။

ဤနေရာတွင် မင်းသမီးသည် ဖှေးအား အနည်းငယ်အားကျလျှက်ရှိသည်။ ချမ်းဘော့ဒ်တိုင်းပြည်ငယ်မှာ အပြည့်အဝဖှေး၏ ထိန်းချုပ်မှုအောက်တွင်သာရှိနေသည်။ သူစိတ်ကြိုက် စီမံခန့်ခွဲနိုင်သည်။ ဖှေးသူများ၏ ဓားကို သတ်ဖြတ်ရန်အတွက်အသုံးပြုခဲ့ပြီး အတိုက်ခံဆွေကြီးမျိုးကြီးများကို ရှင်းလင်းခဲ့သည်ကိုလည်း မင်းသမီးသိရှိသည်။ တစ်စုံတစ်ယောက်သည် သူ့အားလျှော့တွက်မိပါက မည်သို့သေလို့သေမှန်းပင်မသိပဲ သေဆုံးသွားနိုင်သည်ဖြစ်သည်။

သူမ၏ အရှေ့တွင်ရှိနေသောမြင်ကွင်းမှာ အသက်ရှူမှားလောက်သည်ဟု ထင်ရသော်လည်း သူမအရှေ့သို့ထွက်ပြလိုက်ရုံဖြင့်ပင် ထိုတိုင်းပြည်ကိုးခုပူးပေါင်းတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာသွားအောင် လုပ်နိုင်စွမ်းရှိသည်။ သို့သော် သူမထိကဲ့သို့မလုပ်လိုချေ။ ဤချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်ငယ်အလတ်ဇန္ဒားမှာ သူမအား အံ့သြစေရန်အတွက် အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီးဖြသ်၏။ ထို့ကြောင့် ယခုတစ်ကြိမ်တွင်လည်း စိတ်ဝင်စားစရာကောင်းသည့် လှည့်ကွက်တစ်ခုကို တွေ့မြင်ရလိမ့်မည်ဟု သူမယုံကြည်နေသည်။

ထို့အပြင် ထိုသူ၏ စွမ်းအားတစ်ခုတည်းဖြင့်ပင် လူ၂၀၀၀နှင့် ထိပ်တိုက်ရင်ဆိုင်ရစေကာမူ သိပ်ပြီး ထူးခြားမည်မဟုတ်ပေ။ ခြေထောက်အောက့တွင် အမဲရောင်ခွေးကြီးနှင့်လက်ထဲတွင် ဓားနှစ်လက်ကိုင်ဆောင်ကာ သူတစ်ယောက်ထဲ တိုက်ခိုက်စေကာမူ စစ်သည်နှစ်ထောင်အား အပြတ်ရှင်းနိုင်သည့် စွမ်းအားရှိသောကြောင့်ပင်။

အရှေ့ဘက်တောင်ထိပ်ပေါ်တွင် အညာတာကင်းကာ ရ​က်စက်သည့် ဖှေး၏ ပုံရိပ်မှာ မင်းသမီး၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲကျန်နေပြီဖြစ်သည်။

..........

...........

သူ့ထံသို့ ဦးတည်ကာ ချီတပ်လာကြသော ရန်သူများကိုကြည့်ရင်း ဖှေးသူ၏ မေးစေ့ကိုပွတ်ကာရယ်မောလိုက်သည်။ မိန်းမပျိုလေးများကို ပြသထားခြင်းသည် ယောက်ျားများ၏ စိတ်ကိုဆွနိုင်ပုံရ၏။ ယခုအချိန်တွင် ပူပေါင်းတပ်ဖွဲ့မှ လူများအားလုံး စိတ်လွတ်ကုန်ကြပြီဖြစ်သည်။ သူတို့၏ အသက်အန္တရာယ်ကိုပင် ထည့်သွင်းစဥ်းစားခြင်းမပြုတော့ပေ။

တောင်ထိပ်ပေါ်တွင် အနီရောင်အချက်ပေးအလံကို စတင်ဝှေ့ရမ်းလိုက်သည်။

ချမ်းဘော့ဒ်တိုင်းပြည်၏ ဖွဲ့စည်းပုံမှာ တိတ်ဆိတ်စွာပင် စတင်ပြောင်းလဲလာတော့သည်။ ကြီးမားသည့် သံမဏိဒိုင်းကာကြီးများကို လျင်မြန်စွာပင် ရုတ်သိမ်းလိုက်သည်။ ထို့နောက်တွင် ကြီးမသည့် ပုဆိန်ကြီးများကို ကိုင်ဆောင်ထားကြသည့် လူသန်ကြီးများမှာ ချီတပ်လာသော ရန်သူများကို စတင်ကြိုဆိုခြင်းပြုကြတော့သည်။

ဤသည်မှာ ချမ်းဘော့ဒ်တပ်ဖွဲ့ ပြုလုပ်မည့် သူတို့၏ ဖွဲ့စည်းပုံအား တစ်ခုတည်းသော ပြောင်းလဲမှုဖြစ်ပုံရသည်။

အယောက်၃၀နှင့် အယောက်၁၅၀၀ဖြစ်သည်။

ဤသည်မှာ ရေခမ်းခါနီးချောင်းငယ်ကလေးသည် ရေစီးသန်သော ရေတံခွန်ကြီးနှင့် ရင်ဆိုင်နေသကဲ့သို့ပင်။ လမ်းလျှောက်သင်ခါစခွေးကလေး ဒေါသဖြစ်နေသော ခြင်္သေ့နှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။ ဤကဲ့သို့ ကြီးမားသော ကွာခြားမှုကြောင့် ထိုလူ၃၀ အား ငရဲပြည်သို့တိုက်ရိုက်ပို့နေခြင်းနှင့်ပင် မကွာခြားလှချေ။ ဘုရင်အတွက် ထွက်ပြေးချိန်ပင် ရမည်မဟုတ်ပေ။

သို့သော် သူတို့သည်အပြည့်အဝအသာစီးရထားသော်လည်း ယခင်တိုက်ပွဲအားတွေ့ကြုံပြီးနောက်တွက် မင်းသမီးမှ ငပိန်းများဟုခေါ်သည့် ဘုရင်များသည် စိတ်တည်ငြိမ်အောင်နေနေကြသည်။

သူတို့အားလုံး မြင်းများကို ကြာပွတ်ဖြင့်ရိုက်ကာ လိုက်ပါချီတက်တိုက်ခိုက်ခြင်းမပြုပေ။ အစောင့်များစွာခြံရံလျှက် သူတို့ရှိနေသောနေရာတွင်သာ ဆက်လက်ရှိနေကြပြီး အ​ခြေအနေကိုစောင့်ကြည့်လျှက်ရှိကြသည်။

ဘုရင်တိုင်းသည် သူတ်ို့စစ်တပ်၏ တစိတ်တပိုင်းကို ချန်ထားကြသည်။ အလွန်ဒေါသဖြစ်နေသည့် ချီရှူအီတိုင်းပြည်၏ ဘုရင်ပင်လျှင် စိတ်တည်ငြိမ်သွားပြီဖြစ်၏။ လက်ဝှေ့ရမ်းပြလိုက်ပြီးမီးနတ်ဘုရား၏ သံမဏိတပ်ဖွဲ့ကို အသင့်အနေထားဖြင့်သာ စောင့်နေကြရန် အချက်ပေးလိုက်၏။

ဤသည်မှာ ဉာဏ်ပညာရှိသည်ဟုမဆိုနိုင်ချေ။ ဘယ်ကလာမှန်းမသိနိုင်သည့် အန္တရာယ်အပေါ်တွင်ကြောက်လန့်နေသဖြင့် သူရဲဘောကြောင်နေခြင်းသာဖြစ်၏။

ခုနကတိုက်ပွဲအပြီးတွင် ခေါင်းဆောင်များသည် ကြောက်လန့်တတ်လာကြပြီဖြစ်သည်။

တိုက်ပွဲမြေပြင်တွင် တပ်ဖွဲ့နှစ်ခုမှာ မီတာ၅၀ပင် မကွာဝေးကြတော့ချေ။ လျှင်မြန်စွာပြေးနေသော စစ်သည်များသည် မကောင်းကြံကာပြုံးနေသည့် ရန်သူများ၏ မျက်နှာအမူအယာများကိုပင်မြင်နေရပြီဖြစ်သည်။ ရှေ့ဆုံးမှ ချီတပ်နေသည့် မြေစွမ်းအင်သုံးစစ်သည်မှာ သူ၏ဓားကိုဝှေ့ရမ်းနေသည်။ သူ၏ ခြေလှမ်းများကို အရှိန်မြင့်တင်လိုက်ပြီး အဝါရောင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းစပြုလာတေ့သည်။

မီတာ၃၀ခန့်ပင် မကွာဝေးတော့ချေ။

ဤအခိုက်တန့်တွင်....

“ကျား....”

ပထမဆုံးစတင်တိုက်ခိုက်သည်လူမှာ ချမ်းဘော့ဒ်ဘက်မှ ပုဆိန်ကိုင်ထားသောစစ်သည်များဖြသ်မည်မှန်း မည်သူမျှထင်မထားပေ။ သူတို့အားလုံး ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။ ရန်သူများ ပြန်လည်မတုန့်ပြန်နိုင်ခင်မှာပင် လူသန်ကြီးများ၏ ဖွဲ့စည်းပုံမှာ ပြန့်ကျဲသွားပြီး အလျားလိုက်မျဥ်းတစ်ခုအသွင်သို့ ကူးပြောင်းသွားသည်က်ို တွေ့လိုက်ရသည်။ ထို့နောက်တွင် သူတ်ို့၏လက်များကို ပုဆိန်လက်ကိုင်၏ အဖျားကို ပြောင်းလဲကိုင်လိုက်ပြီး ပြေးလာသည့်အရှိန်က်ို အသုံးပြုကာ ခန္ဓာကိုယ်ကို ဝှေ့ရမ်းလိုက်ပြီး ပုဆိန်ကြီးများကို ပစ်လွှတ်လိုက်တော့သည်။

“ဝှီး.....”

မြင့်မားသည့် အမြန်နှုန်းဖြင့် လည်ပတ်နေသော ပုဆိန်ကြီးများသည် လေထုကိုနှစ်ခြမ်းခွဲ၍ ​ချီတပ်လာကြသော လေးလံသည့် ချပ်ဝတ်များဝင်ဆင်ထားသည့် ​ခြေလျင်တပ်များခံသို့ ပျံသန်းသွားတော့၏။

ယခင်က ရှေ့ဆုံးမှနေ၍ ပျော်ပျော်ရွှင်ရွှင်ပြေးလွှားနေသည့် ရှူနူအီတိုင်းပြည်မှ စစ်သည်များမှာ ချက်ချင်းပင် ငိုကြွေးလိုက်မိတော့၏။

“သေစမ်း...”

ထိုလူများသည် ဤကဲ့သို့ပြုလုပ်မည်မှန်းမည်သူမှထင်မထားကြချေ။ ဤအခြေအနေတွင် သူတို့၏ လက်နက်များကို အမှန်တကယ်ပင် ပစ်လွှတ်ကြရဲသောကြောင့်ပင်။

အထောင်လွှားဆုံးနှင့် အရှေ့ဆုံးမှပြေးလွှားနေသည့် မြေစွမ်းအင်သုံးစစ်သည်မှာ ထိတ်လန့်စွာဖြင့် အောက်သို့အမြန်ဝပ်ချလိုက်၏။ သူ၏ဦးထုတ်ပင် ပုဆိန်မှ သယ်ဆောင်လာသော လေအရှိန်ကြောင့်ကျွတ်ထွက်သွားသည်။ ထို့နောက်တွင် ချပ်ဝတ်များလက်နက်များ ကျိုးပဲ့သံများနှင့် အရိုးများ ကျိုးကြေသံများကိုသူချက်ချင်းလိုလိုပင်ကြားလိုက်ရသည်။ ထို့နောက်တွင် မြေပြင်တစ်ခုလုံး သွေးများ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ပြည့်နက်သွား၏။ သူသည် သူ၏အနောက်မှပြေးလာသည့် အပေါင်းပါစစ်သည်များသူ့အား တက်နင်းကြတော့မည်ဟု ထင်နေခဲ့သည်။ သို့သော် ထိုသို့ မဖြစ်ပျက်ခဲ့ချေ။ သူတစ်ဖက်သို့လှည့်ပြီးအံ့သြစွာဖြင့်ကြည့်လိုက်သည်။ ထို့နောက်တွင် မမေ့နိုင်စရာမြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့၏။

All Chapters