← Chapters

အခန်း (၁၆၈)

Vol. 12 Ch. 168

အခန်း (၁၆၈)

Vol. 12 Ch. 168

လေထဲတွင်အရှိန်မြင့်မားစွာဖြင့် လည်ပတ်နေသော ပုဆိန်အချောင်း၃၀မှာ နတ်ဆိုးများ၏ အနမ်းကဲ့သို့ပင်။ နေရာတိုင်းတွင် ဖျက်ဆီးမှုများကိုသာ ယူဆောင်လာသည်။ လေးလံသောချပ်ဝတ်များဝတ်ဆင်ထားသည့် သံမဏိချပ်ဝတ်စစ်သည်များမှာ ပျော့ပျောင်းသော တို့ဟူးများကဲ့သို့ပင် အလွယ်တကူပင် နှစ်ပိုင်းပြတ်သွား၏။ သူတို့၏ ခန္ဓာကိုယ်အောက်ပိုင်းများမှာ ရှေ့သို့ချီတက်နေရင်းနှင့်ပင် နှစ်ပိုင်းပြတ်သွားသည်ကို ထိတ်လန့်ဖွယ်တွေ့လိုက်ရသည်။ ကြီမားလှသော အားများမှာ စစ်သည်များ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ဖြတ်သန်းသွားသည်။ လေပေါ်တွင် ပျံ့ကျဲသွားသည့် သွေးစများမှာ အပြာရောင်ကောင်းကင်ကို အနီရောင်ချယ်သပစ်လိုက်၏။ ဤရက်စက်ကာ သေစေနိုင်သည့် ပုဆိန်ကြီးများကို မည်သူမှ တားဆီးနိုင်ခြင်းမရှိပေ။ ကြောက်မက်ဖွယ်အော်သံကြီးများမှာ စစ်မြေပြင်တွင် အချိန်ခနကြာခန့် ပြည့်နှက်သွားသည်။ တချို့လူများမှာ ခြေလက်များသာ ပြတ်ထွက်သွားကြသဖြင့် ချက်ချင်းမသေဆုံးသေချေ။ ဒဏ်ရာများကို ဖိကိုင်ကာ ညီးတွားအော်ဟစ်နေကြသည်။

ဤသည်မှာ ကမ္ဘာပေါ်ရှိ ငရဲခန်းတစ်ခုကဲ့သို့ပင်။

မြေစွမ်းအင်သုံးစစ်သည်မှာ စစ်ပွဲများစွာရင်ဆိုက်တိုက်ခိုက်ဖူးသည်။ သို့သော် ဤမျှ သွေးသံရဲရဲနှင့် ရက်စက်သည့်တိုက်ပွဲအား မြင်ရူည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ သူ၏ဘေးသို့ ခြေထောက်တစ်ချောင်းပြုတ်ကျလာခဲ့သည်။ စစ်သည်မှာ ထို​ခြေထောက်ကို မှတ်မိသည်။ သူ၏ အပေါင်းပါတစ်ယောက်၏ ခြေထောက်ပင်။ ထိုသူမှာ ယခင်၃စက္ကန့်ခန့်အကြာက သူ၏ဓားနှင့် ချပ်ဝတ်ကိုတီးခေါက်ပြီး ရက်စက်စွာရယ်မောနေခဲ့သူဖြစ်သည်။ ယခုအခါတွင် အသားစများ၊ အရိုးများနှင့် ခြေထောက်တစ်ချောင်းမှလွဲ၍ မည်သည့်အရာမှမကျန်ရှိခဲ့တော့ပေ။

ပစ်လွှတ်လိုက်သော ပုဆိန်ကြီးများမှာ သေခြင်းတရား၏ လမ်းကို ဖောက်ထွင်းလိုက်သကဲ့သို့ပင်။ အရှိန်ကုန်သောအခါမှာ မြေပေါ်သို့ ပြန်လည်ပြုတ်ကျကုန်ကြသည်။

ချမ်းဘော့ဒ်ဘက်မှ တိုက်ခိုက်မှုတစ်ခုသည် ရှနူ၏တိုင်းပြည်မှ သံမဏိချပ်ဝတ်တပ်ဖွဲ့၏ လေးပုံတစ်ပုံခန့်ကို ဆုံးရှုံးစေလိုက်သည်။

အသက်ရှင်ကျန်သူများထသို့လည်း သွေးမိုးများရွာကျသကဲ့သို့ သွေးများစီကျလာပြီး ချပ်ဝတ်များအတွင်းဝတ်များပါ စိုရွဲကုန်၏။ အရိုးစများ အသားများသည်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပေကျံကုန်ကြသည်။ ဒဏ်ရာပြင်းထန်စွာရရှိသွားကြသော သူတ်ု့၏ အပေါင်းပါများ၏ အော်သံများမှာ သူတို့၏ နားထဲတွင် စွဲကျန်နေဆဲပင်။ ချမ်းဘော့ဒ်သို့ ချီတပ်နေကြသည့် ပူပေါင်းတပ်ဖွဲ့မှ စစ်သည်များသည် ယာယီအားဖြင့် အလွန်အမင်းထိတ်လန့်ကာ တွံ့ဆုတ်သွားသည့် အခြေအနေသို့ ကျရောက်သွားကြ၏။ သို့သော် မကြာမှီတွင် သတ္တိပြန်မွေးလိုက်ပြီး ကြုံးဝါးကာ ဆက်လက်ချီတပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အရှေ့တွင်ရှိသော လူသန်ကြီးများမှာ ပုဆိန်များကို ပစ်လွှတ်ပြီးချိန်တွင် လက်နက်ကင်းမဲ့သွားပြီဖြစ်သောကြောင့်ဖြစ်သည်။

“ချီတပ် သတ်ပစ်ကြ....ငါတို့ရဲ့ညီအကိုတွေအတွက် လက်စားချေမယ်....”

မြေစွမ်းအင်သုံးစစ်သည်မှာ ဒေါသဖြင့် မြေပေါ်မှပြန်ထကာ ရှေ့ဆုံးမှပြေးကာ ချီတပ်သွားသည်။

သို့သော်....

လူသန်ကြီးအယောက်၃၀မှာ သူတို့၏ ခေါင်းများကို လက်ဖြင့်ကာလိုက်ကြပြီး တစ်အုပ်စုကို ၁၅ယောက်စီဖြင့် အုပ်စုနှစ်ခုခွဲလိုက်ကြသည်။ ထို့နောက်တွင် ခြေထောက်များကို စတင်လှုပ်ရှားကာ အဝေးသို့ ထွက်ပြေးကုန်ကြတော့သည်။ လေးလံသော ပုဆိန်ကြီးများသယ်ဆောင်စရာမလိုတော့သဖြင့် ထိုလူသံကြီးများမှာ ယုန်တစ်ကောင်ထက်ပင် လျင်မြန်နေကြ၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူတို့သည် ပူပေါင်းတပ်ဖွဲ့တိုက်ခိုက်နိုင်စွမ်းရှိသည့် အကွာအဝေးအပြင်သို့ရောက်ရှိသွားကြတော့သည်။ သူတို့အဝေးတွင်ရှိသော အဝါရောင်နှင့် အစိမ်းရောင်ခြုံပုတ်များထံသို့ ပြေးဝင်သွားကြပြီးမှော်ဆန်စွာပင် ပျောက်ကွယ်သွားကြတော့၏။

“xီးပဲကွာ...”

“ခွေးသားတွေ...”

“စောက်ကြောက်တွေ...”

“မင်းတို့ မရှက်ဘူးလား...”

ပူးပေါင်းတပ်ဖွဲ့မှစစ်သည်များသည် လူသန်ကြီးများ ထွက်ပြေးကုန်ကြသည်က််ိုမြင်သောအခါ အလွန်ဒေါသဖြစ်ကုန်ကြသည်။ သူတို့၏ နှလုံးခုန်သံများမှာ အလွန်မြန်ဆန်နေပြီး သွေးအန်လုနီးနီးပင် ဒေါသဖြစ်နေကြ၏။ လူသန်ကြီးများ ပစ်လွှတ်လိုက်သည့် ပုဆိန်များကြောင့်သူတို့ဘက်မှ ကြီးကြီးမားမားဆုံးရှုံးပြီးသည့်အချိန်တွင် သူတ်ို့အားလုံး ပြန်လည်တိုက်ခိုက်လိုနေကြသည်။ သူတ်ို့ပြန်တိုက်ခိုက်ပြီး လက်စားချေချင်းမပြုရသေးခင်မှာပင် သူတို့၏ ရန်သူများသည် ဂုဏ်သရေလုံးဝမရှိပဲ ထွက်ပြေးကုန်ကြတော့၏။ ဤသည်မှာ ပူးပေါင်းတပ်ဖွဲ့အား ဒေါသကြောင့် မခံချင်ဖြစ်ကာ ရူးသွပ်စေသည်။ သူတို့အား စွမ်းအားကင်းမဲ့သကဲ့သို့ ခံစားရစေသည်။

သူတို့အတွက် သတင်းကောင်းတစ်ခုမှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်သည် ထွက်ပြေးသွားခြင်းမပြုသေးပေ။

လျှင်မြန်စွာပင် ဖှေးသည် အမုန်းတရားများနှင့် လက်စားချေလိုခြင်းတို့၏ ပစ်မှတ်ဖြစ်လာတော့သည်။

“ချီတက်ကြ သူတို့ဘုရင်ကိုသွားသတ်ကြမယ်...”

ပူပေါင်းတပ်ဖွဲ့မှာ အလွန်အမင်းဒေါသဖြစ်နေကြသည်။ သူတ်ို့၏မျက်လုံးများသည် အနီရောင်လွှမ်းနေကြပြီး ယုန်များကဲ့သို့ပင်။ သူတို့ အံကြိတ်ကာ ​ချမ်းဘော့ဒ်တိုင်းပြည်ထံသို့ အားကုန်သုံးကာ ချီတပ်လာကြတော့၏။ ဤအရှက်မရှိသော လူ၏ အနောက်ပေါက်ထဲသို့ ပုဆိန်ရိုးစိုက်သွင်ပစ်မည်ဟု သူတ်ို့၏ စိတ်ထဲတွင် တေးထားကြသည်။

တစ်ဖက်တွင် တောင်ကုန်းပေါ်ရှိ အလံမှာစတင်ဝှေ့ရမ်းပြန်သည်။

ချမ်းဘော့ဒ်တိုင်းပြည်ဖွဲ့စည်းပုံ၏ အရှေ့ဆုံးတွင်ရှိသောသံမဏိဒိုင်းကာ ဖွဲ့စည်းပုံမှာ စတင်လှုပ်ရှားလာသည်။ အံ့သြစရာကောင်းသည်မှာ ထိုသံမဏိဒိုင်းကာကြီးဆယ်ခုသည် တစ်ခုနှင့် တစ်ခုပူးပေါင်းကာအရှေ့သို့တက်မလာခဲ့ပေ။ ထိုအစား အုပ်စုနှစ်ခုခွဲကာ​ ဘေးသို့ကပ်သွားပြီး သူတို့၏ ဘုရင်နှင့် ဥပဒေပြုအရာရှိအယောက်၁၀၀ခန့်က်ု အရှေ့သ်ို့ထုတ်ကာ ချီတပ်လာသော ပူးပေါင်းတပ်ဖွဲ့နှင့် ထိပ်တ်ိုက်တွေ့စေသည်။

ဤအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏ ဖွဲ့စည်းပုံမှာ အလွန်ထူးဆန်းသည်။ “U”ပုံသဏ္ဍာန်ဖွဲ့စည်းပုံပင်။ ဤဖွဲ့စည်းပုံမှာ ချမ်းဘော့ဒ်သည် တိုက်ခိုက်လာမှုကို ခုခံရန်လုံးဝမကြိုးစားနေသကဲ့သို့ခံစားရသည်။ ချီတပ်လာသော ပူးပေါင်းတပ်ဖွဲ့အား လက်များဆန့်တန်းကာ ကြိုဆိုနေသကဲ့သို့ပင်။

ဖှေး သူခွထိုင်နေသော ခွေးကြီးကိုပုတ်ကာ အနည်းငယ်ဝေးသော တောင်ကုန်းနေရာတစ်ခုပေါ်သို့ ဆုတ်ခွာသွားသည်။

ဤအပြုမူသည် တိုင်းပြည်ကိုးခုပူးပေါင်းတပ်ဖွဲ့၏အမြင်တွင် ထွက်ပြေးနေသကဲ့သို့ပင်။ ထို့ကြောင့် သူတို့မှာ ပိုမိုရန်လိုလာကြပြီး စိတ်ဓာတ်ပြင်းထန်လာကြတော့သည်။

သို့သော် ဖှေးမှာ လူငယ်များ၏ အနီးတွင်ရပ်နေလို၍သာဖြစ်သည်။

ဤလူငယ်များသည် ချမ်းဘော့ဒ်သင်တန်းကျောင်းမှ သင်တန်းသားများဖြစ်ကြသည်။ သးတို့ထဲမှ အများစုမှာ ဆင်းရဲသည့်မိသားစုများမှ ဆင်းသက်လာကြသူများဖြစ်၏။ ဖှေးအတွက် သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်၏ အနာဂတ်အောင်မြင်မှုအတွက် အရေးပါသည့် အုတ်မြစ်တစ်ခုပင်။ ထို့ကြောင့် ဝန်ကြီးများ၊ အရာရှိများက ကန့်ကွက်နေသော်လည်း ဖှေး သူတ်ို့အား အန္တရာယ်ရှိသော စစ်မြေပြင်သို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲ၏ ရက်စက်မှုနှင့် စက္ကန့်နှင့်အမျှ အခြေအနေများပြောင်းလဲတတ်ပုံတ်ို့ကို ကြုံတွေ့စေရန်ဖြစ်သည်။

“ချမ်းဘော့ဒ်က လူငယ်တွေမကြောက်ကြနဲ့...အခုမင်းတ်ို့ရဲ့မျက်လုံးတွေကိုဖွင့်ပြီး အရှေ့မှာရှိတဲ့အရာတွေကို သေချာကြည့်ကြ...မင်းတို့ရဲ့ အဖေတွေ လာရောက်ကျူးကျော်သူတွေကို ဘယ်လိုတိုက်ခိုက်နေလဲဆိုတာကိုကြည့်ပြီး တိုက်ပွဲရဲ့လေထုကို မင်းတို့ရဲ့နှလုံးသားနဲ့ ခံစားကြည့်ကြ။ ဘာလို့လဲဆိုတော့ တနေ့ကျရင် မင်းတို့လဲ မင်းတ်ို့အဖေတွေလိုပဲ ချွန်ထက်တဲ့ လက်နက်တွေကြားမှာ ရန်သူတွေနဲ့တိုက်ခိုက်ရင်း မင်းတို့ရဲ့အိုးအိမ်တွေ မင်းတို့ချစ်တဲ့လူတွေကို ကာကွယ်ရမှာ မို့လို့ပဲ...ချမ်းဘော့ဒ်သင်တန်းကျောင်းက သင်တန်းသားတိုင်း ရဲရင့်တဲ့စစ်သည်တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာကို သတိရပါ...ဒါပေမယ့် မင်းတ်ို့တွေ ကြောက်လန့်တတ်ပြီးသောရာထူးကြီးနေရာယူထားတဲ့ လူတစ်ယောက်တော့ ဖြစ်မလာသင့်ဘူး...”

ဖှေး ကလေးများအား အားပေးသည့် အပြုံးတစ်ခုပြုံးပြကာ ပြောလိုက်သည်။ “မင်းတို့နားလည်ကြလား..”

“နားလည်ပါတယ် ဆရာ”

လူငယ်များအားလုံး ခေါင်းငြိမ့်ပြီးပြိုင်တူ ပြန်ဖြေလိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင်ရှိသော လေးစားမှုများသည် ဖှေးအားအစစ်မှန်ဘုရင်တစ်ပါးကဲ့သို့ ခံစားရစေသည်။

All Chapters