← Chapters

အခန်း (၁၆၉)

Vol. 12 Ch. 169

အခန်း (၁၆၉)

Vol. 12 Ch. 169

ဤအခိုက်တန့်တွင် ပူးပေါင်းတပ်ဖွဲ့မှာ ချမ်းဘော့ဒ်တပ်ဖွဲ့ နှင့် ၁၀ကိုက်မျှပင် နီးကပ်လာနေပြီဖြစ်ပြီး ဆက်လက်ချီတပ်လာနေကြသည်။ ချမ်းဘော့ဒ်၏ ဥပဒေပြုအရာရှိများမှာ အေးဆေးပင်ရပ်နေကြ၏။ သူတို့၏ လက်နက်များနှင့် ဒိုင်းကာများကိုပင် တင်းတင်းကြပ်ကြပ်ကိုင်တွယ်ထားခြင်းမရှိပေ။ သတိထားနေသော်လည်း သူတို့ထံသို့ ရက်စက်ကြမ်းကြုတ်သည့် အမူအယာဖြင့် ချီတပ်လာနေသော တပ်ဖွဲ့ကြီးအားစိတ်ထဲတွင် ရှိပုံမရချေ။

“သူတို့တွေကို အကုန်သတ်ပစ်ကြစမ်း....”

ပူးပေါင်တပ်ဖွဲ့မှာ အောင်မြင်မှုကိုမြင်လိုက်ရသည်။ မြေစွမ်းအင်သုံးစစ်သည်မှာ သူ၏လက်မောင်းကိုမြှောက်ကာ သူ၏အပေါင်းအပါများ၏ စိတ်ဓာတ်အား မြှင့်တင်ရန်အတွက် အော်ဟစ်လိုက်၏။

သို့သော် ဤအခိုက်တန့်တွင် ထူးဆန်းသည့် အခြေအနေတစ်ခုထွက်ပေါ်လာသည်။

တိမ်များကင်းစင်နေသည့် ကောင်းကင်ပြာကြီးမှာ အရောင်အသွေးများစွာဖြင့် လင်းလက်သွား၏။ ကောင်းကင်ပေါ်တွင် နေပေါင်းများစွာထွက်ပေါ်လာသကဲ့သို့ပင်။

တစ်စုံတစ်ခုကို အာရုံခံလိုက်မိသကဲ့သို့ မြေစွမ်းအင်သုံးစစ်သည်သည် အပေါ်သို့ အံ့သြစွာဖြင့် မော့ကြည့်လိုက်၏။ သို့သော် သူ၏ အပြုံးမျက်နှာပေါ်တွင် ကြာကြာမနေရသေးခင်မှာပင် သူမြင်တွေ့လိုက်ရသည့်အရာကြောင့် တစ်ခါမှမကြုံဖူးသေးသည့် ထိတ်လန့်မှုမျိုးသည် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။ သူ၏မျက်နှာပေါ်တွင်ရှိသော ကြောက်လန့်နေသည့်အမူအယာသည် ပိုမိုထင်ရှားလာပြီး အော်ဟစ်လိုက်သည်။

“အား........”

“ဖုန်း.....”

“ချွတ်....”

“ဝှစ်...”

တစ်စက္ကန့်အကြာတွင် ထိုရောင်စုံအလင်းရောင်များမှာ မြေပြင်ပေါ်သို့ ကျဆင်းလာတော့၏။ ဤသည်မှာ ကြောက်မက်ဖွယ်ဖြစ်ရပ်ဆိုးကြီးတစ်ခု၏ အစပင်။ ပြင်းထန်သော ပေါက်ကွဲမှုများ၊ ကောင်းကင်မှ အရှိန်းပြးစွာကျလာသော ရေခဲချွန်များနှင့် မိုးသီးများ၊ ထိတ်လန့်ဖွယ် လျှပ်စစ်မိုးကြိုးများ၊ အဆိပ်စွမ်းအင်များသည် ချီတပ်နေသော ပူးပေါင်းတပ်ဖွဲ့က်ို ချက်ချင်းပင် လွှမ်းခြုံသွား၏။ ကောင်းကင်မှပြုတ်ကျလာသော မီး၊ မိုးကြိုးလျှပ်စစ်၊ ရေခဲနှင့် အဆိပ်တ်ို့သည် ပြင်းထန်စွာထိခိုက်စေပြီး အသက်ပေါင်းများစွာကို ချွေယူသွား၏။ နာကြင်စွာအော်ဟစ်သံများနှင့် ဝမ်းနည်းစွာငိုကြွေးသံများသည် စစ်မြေပြင်ပေါ်တွင် တစ်ခုပြီးတစ်ခု ဟိန်းထွက်နေ၏။

“မှော်ဆရာတွေ....သူတို့မှာ မှော်ဆရာတွေလည်းရှိတယ်...”

“ထောင်ချောက်ဟေ့...ငါတို့လှည့်စားခံလိုက်ရပြီ ပြန်ဆုတ်ကြ အမြန်....”

“အမေရေကယ်ပါ....ကျွန်တော့ကိုကယ်ပါဦး....”

“အား....ငါ့ခြေထောက်တွေ.ငါ့ခြေထောက်တွေဘယ်ရောက်ကုန်ပြီလဲ....”

သူတို့၏ အမုန်းတရားများကြောင့် မမြင်နိုင်ဖြစ်နေခဲ့သော ပူးပေါင်းတပ်ဖွဲ့မှာ ကြက်သေသေသွားကြသည်။ ရှေ့ဆုံးမှ ချီတပ်နေကြသည့် ကြယ်နှစ်လုံးအဆင့် မြေစွမ်းအင်သုံးစစ်သည် သည်လည်း ရှောင်နိုင်ချိန်မရလိုက်ချေ။ သူသည် ရေခဲမြှား၊ မီးမြှား၊ လျှပ်စစ်မြှားတို့ဖြင့် တစ်ချိန်တည်းမှာပင် ပစ်ခတ်ခံလိုက်ရသည်။ တစ်ခနအတွင်းမှာပင် သူ၏ခန္ဓာကိုယ်သည် နံစော်နေသည့် အသားစများအဖြစ်သို့ပြောင်းလဲ သွားခဲ့၏။ သူ၏ ကြယ့နှစ်လုံးစစ်သည်အဆင့် အတွင်းအားစွမ်းအင်များသည် သူ၏ အသက်ကို မကယ်တင်နိုင်ခဲ့ချေ။ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့် ထူထဲသောသံမဏိချပ်ဝတ်ကြီးသည်လည်း ရုတ်တရက်ဝင်ရောက်လာသည့် တိုက်ခိုက်မှုကို ကာကွယ်မပေးနိုင်ခဲ့ချေ။

ရှနူအီတိုင်းပြည်မှ သံမဏိချပ်ဝတ်ချေလျင်တပ်မှာ ချက်ချင်းပင် အကုန်သေလုနီးပါးဖြစ်ကုန်ကြ၏။

သံမဏိသည် လျှပ်စစ်စီးရန်ကောင်းသည့် သတ္တုပစ္စည်းတစ်ခုဖြစ်သည်။ ထို့အပြင် အပူအအေးစသည့် အပူချိန်စီးကူးရန်လည်း လွယ်ကူသည့် ပစ္စည်းတစ်ခုဖြစ်သည်။ ပစ်လွှတ်လိုက်သော ပုဆိန်များဘေးမှ မသေပဲကျန်ရှိနေခဲ့သော စစ်သည်များသည် ဤတိုက်ခိုက်မှုမှ သူတ်ို့ကိုယ်သူတ်ို့ မကာကွယ်နိုင်ခဲ့ကြချေ။ သူတို့အား ကာကွယ်ပေးရမည်ဖြစ်သော သံမဏိချပ်ဝတ်များသည် သူတို့အား သေစေသော လက်နက်များဖြစ်သွားခဲ့၏။ အချိန်တိုအတွင်းမှာပင် ချမ်းဘော့ဒ်တပ်ဖွဲ့နှင့် ၁၀ကိုက်ခန့်အကွာတွင် အကုန်နီးပါးသေဆုံးကုန်ကြ၏။ ကံဆ်ိုးသည့် စစ်သည်များမှာ ချက်ချင်းမသေဆုံးကြသေးပဲ သူတို့၏ ချပ်ဝတ်များထဲတွင် အရှင်လက်လက်မီးလောင်၍သော်လည်းကောင်း၊ အေးခဲ၍သော်လည်းကောင်း သေဆုံးကုန်ကြသည်။

အောင်နိုင်ခြင်း၏ အ​ခြေအနေမှာ ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွား၏။

ဤအခိုက်တန့်တွင် ပူပေါင်းတပ်ဖွဲ့မှ အနည်းငယ်လှမ်းသောနေရာရှိ ဘုရင်များ၏ ဘေးတွင်ရပ်နေကြသော စစ်သည်များသည် ဤကြောက်မက်ဖွယ်မှော်စွမ်းအင်များလာသည့်နေရာကို သတိထားမိသွားကြ၏။ လွန်ခဲ့သည့် အချိန်အနည်းငယ်ခန့်က ရထားခြောက်စင်းပေါ်မှ မိန်းမလှလေးများသည် ရထားပေါ်မှဆင်းကာ ရထားများ၏ အရှေ့တွင်ရှိသော ကုန်းမြင့်တစ်ခုပေါ်တွင် ရပ်နေခဲ့ကြသည်။ သူတို့တစ်ယောက်ခြင်းစီတိုင်းသည် လေးရှည်တစ်လက်ကို ကိုင်ထားပြီး ကြီးမားသော မှော်စွမ်းအင်များသည်သူတ်ို့ခန္ဓာကိုယ်တစ်ဝိုက်တွင် ဝန်းရံလျှက်ရှိသည်။ အဖျက်စွမ်းအားကြီးသော မှော်စွမ်းအင်များပါရှိသည့် မြှားတစ်ချောင်းချင်းစီကို သူမတို့ ပစ်လွှတ်လိုက်ကြခြင်းဖြစ်သည်။ သေမင်းတမန်ကဲ့သို့ပင် ရောင်စုံမြှားများစွာကို ချီတပ်လာနေသော ရန်သူများအား အညှာတာကင်းမဲ့စွာ ပစ်ခတ်ခဲ့သည်။

“ဘုရားရေ...မှော်လေးသည်တော်စုစုပေါင်း၂၆ယောက်ပဲ....”

ပူးပေါင်းတပ်ဖွဲ့တွင်ရှိသော လူတိုင်းလိုလိုပင် သူတို့၏ ဘာသာစကားနှင့် တွေးခေါ်နိုင်စွမ်းများ ပျောက်ဆုံးသွားသကဲ့သို့ပင်။

ပူးပေါင်းတပ်ဖွဲ့မှ ဘုရင်ကိုးယောက်သည် သူတို့၏ “သားကောင်များ” ကိုကြောင်အန်းအန်းဖြင့် ကြည့်လိုက်ကြ၏။ “သားကောင်”ဟု သူတ်ို့ယူဆထားခဲ့ကြသည့် မိန်းမလှလေးများသည် ချက်ချင်းပင် သေမင်းတမန်များကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ သူတို့၏ သေစေနိုင်သောအကြည့်များ၊ လေးကြိုးတင်ပစ်လွှတ်နေသော ချောမွေ့ပြေပြစ်သည့် လှုပ်ရှားမှုများသည် ယခုအချိန်တွင် ရက်စက်နေသကဲ့သို့မြင်နေရ၏။ မှော်စွမ်းအင်မျိုးစုံပါသည့် မြှားများသည် ကြောင်တောင်​တောင်နှင့် ဆက်လက်ချီတပ်နေဆဲဖြစ်သည့် စစ်သည်များထံသို့ တရစက်ပစ်လွှတ်လျှက်ရှိသည်။

မြန်ဆန်လွန်းလှသည်။

ဤအမျိုးသမီးမှော်လေးသည်တော်များ၏ လေးပစ်သည့်နှုန်းမှာ အလွန်မြန်ဆန်လွန်းလှသည်။ ဒုတိယပစ်လွတ်လိုက်သောမြှားသည် ပထမပစ်လွှတ်လိုက်သော မြှားဖင်နှငွ ထိဆက်နေသကဲ့သို့ပင်။ ၁၀စက္ကန့်အတွင်းမှာပင် ဤမှော်လေးသည်တော် အမျိုးသမီး၂၆ယောက်သည် မြှားပေါင်းတစ်ထောင်ကျော်ခန့် ပစ်လွှတ်ပြီးပြီဖြစ်သည်။

ဤသည်မှာ သေစေနိုင်ပြီး အဖျက်စွမ်းအားကြီးသည့် မြှားပေါင်းတစ်ထောင်ကျော်ပင်။

All Chapters