← Chapters

အခန်း (၁၇၀)

Vol. 12 Ch. 170

အခန်း (၁၇၀)

Vol. 12 Ch. 170

အရှေ့ဆုံးမှ ချီတပ်နေသည့် ရှနူအီတိုင်းပြည်မှ သံမဏိချပ်ဝတ်ခြေလျင်တပ်မှာ တိုက်ခိုက်ခြင်းပင်မပြုလိုက်ရပဲ အကုန်သေဆုံးသွားကြသည်။ ထိုနောက်မှ ကပ်လိုက်လာကြသည့် လမင်းတိုင်းပြည်မှ ဓားစစ်သည်များလည်း ဇာတ်သိမ်းမလှချေ။ ၇၀% ၈၀%ခန့်မှာ ချက်ချင်းပင် သေဆုံးသွားခဲ့ကြ၏။ တစ်ခြားတိုင်းပြည်များမှ စစ်သည်များလည်း ဇာတ်သိမ်းမကောင်းကြချေ။ ချမ်းဘော့ဒ်တိုင်းပြည်မှ ခေါင်းဆောင်သည် အလွန်လုံခြုံစိတ်ချရသည်။ ရန်သူများကို ချမ်းဘော့ဒ် ဖွဲ့စည်းပုံနှင့် ၁၀ကိုက်ခန့်အနီးသို့ ရောက်သည်အထိ ကပ်ခိုင်းခဲ့သည်။ ဤအကွာဝေးတွင် အမျိုးသမီးမှော်လေးသည်တော်များ၏ ပစ်ခတ်မှုမှာ ၁၀၀ ရာခိုင်နှုန်းခန့်တိကျမည်ဖြစ်ပြီး ချမ်းဘော့ဒ်ထံသို့ချီတပ်လာကြသော ပူးပေါင်းတပ်ဖွဲ့မှစစ်သည်များသည်လည်း ပစ်ခတ်နိုင်သော နေရာအကွာအဝေးတွင် ရောက်ရှိနေကြမည်ဖြစ်သည်။

ချမ်းဘော့ဒ်ထံသို့ ချီတပ်လာနေသော စစ်သည်များသည် မှော်မြှားများကို မြင်လျှင်မြင်ခြင်း အနောက်သို့လှည့်ကာ အမြန်ပြန်လည်ဆုတ်ခွာခဲ့ကြသော်လည်း ဆုံးရှုံးမှုမှာ ကြီးမားဆဲဖြစ်သည်။

ဤအဖျက်စွမ်းအားကြီးသော မှော်လေးမြှားတိုက်ခိုက်မှုမှာ နောက်ထပ်၃မိနစ်တိုင်အောင် ဆက်လက်ဖြစ်ပွား၏။

သုံးမိနစ်ခန့်အကြာတွင် အမျိုးသမီးမှော်လေးသည်တော်များ၏ မန်နာသည်လည်း ကုန်ခမ်းသလောက်ဖြစ်သွား၍ ဤဖြစ်ရပ်ဆိုးသည့် တိုက်ခိုက်မှုကြီးမှာလည်း နောက်ဆုံးတွင် ရပ်တံ့သွားပြီဖြစ်သည်။ ဤအချိန်တွင် ချမ်းဘော့ဒ်ထံသို့ ချီတပ်လာခဲ့ကြသော စစ်သည်ပေါင်း ၁၅၀၀ ကျော်ရှိသည့် အနက် တစ်ဝက်လျော့လျော့သာ အသတ်ရှင်ကျန်ခဲ့တော့၏။ အသက်ရှင်ကျန်ခဲ့သူအများစုမှာ အနောက်ဆုံးမှ ချီတပ်ခဲ့ကြသူများဖြစ်သည်။ အခြေအနေပြောင်းသွားသည်ကို မြင်သည်နှင့်တပြိုင်နက် အနောက်သို့ ချက်ချင်းလှည့်ကာ အမြန်ပြန်ပြေးနိုင်ခဲ့ကြသူများဖြစ်သည်။ သို့မဟုတ်ပါက ပူးပေါင်းတပ်ဖွဲ့တွင် သေဆုံးသည်အရေအတွက်မှာ ပိုမို၍များပြားခဲ့ နိုင်၏။

စစ်မြေပြင်တစ်ခုလုံးက်ို မီးခိုးများဖုံးလွှမ်းထားပြီး အသားများမီးလောင်သည့် အနံ့သည် လေထုထဲတွင် ပျံ့နှံ့နေသည်။

တိုက်ပွဲမြေပြင်တွင် မီးသွေးတုံးဖြစ်ကာ သေဆုံးနေသည့် အလောင်းများလဲရှိသည်။ ရပ်လျှက် အေးခဲကာ သေဆုံးနေသည့် အလောင်းများလည်းရှိသည်။ လက်နက်နှင့် ချပ်ဝတ်အကျ်ိုးအပဲ့များလည်းရှိသော်လည်း ၄င်းတို့သည်အလောင်းများနှင့် နှိုင်းယှဥ်၍မရချေ။

အသက်ရှင်ကျန်ခဲ့သည့် စစ်သည်များနှင့် အဝေးတနေရာမှ လှမ်းကြည့်နေခဲ့ကြသော ဘုရင်များသည်လည်း ကြောက်လန့်နေခြင်းမှ ပြန်လည်မသက်သာလာသေးချေ။ သူတို့အားလုံး န်ိုးထ၍မရသော အိမ်မက်ဆိုးတစ်ခုအား မက်နေသကဲ့သို့ ခံစားနေရ၏။ ချွေးစေးများပြန်နေပြီး ထိုချွေးများသည် သူတို့၏ အင်္ကျီများကိုပင် စိုရွဲနေစေသည်။ ယခုအချိန်တွင် သူတို့တောင်တန်းပေါ်ရှိ လှပ သန့်ရှင်းနေသော အမျိုးသမီးလေးများကိုကြည့်သည့်အချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်နိုင်အဖြစ်သိမ်းယူရမည့် ပျော်ပါးစရာအမျိုးသမီးများအဖြစ် မမြင်ရဲကြတော့ပေ။ မရဏမြှားမိုးများသည် ပူပေါင်းတပ်ဖွဲ့မှလူများ၏ ရင်ထဲတွင် တောက်လောက်နေခဲ့သည့် ရမ္မက်မီးများကို ငြိမ်းသက်ပစ်လိုက်၏။

ဤအမျိုးသမီးများ အားလုံးတွင် ကြယ်နှစ်လုံးအဆင့်အစွမ်းများရှိပုံရ၏။ ဤအမျိုးသမီးများသည် နှင်းဆီပန်းများကဲ့သ်ု့ပင်။ လှပသော်လည်း ဆူးများဖြင့် ပြည့်နှက်နေသည်။ သူတို့အား ထိခိုင်သူသည် ထိုဆူးများကြောင့် သေဆုံးရမည်ဖြစ်သည်။

“အဆင့်၆အဖွဲ့ဝင်နိုင်ငံငယ်​လေး ချမ်းဘော့ဒ်မှာ ဘာလို့များ စွမ်းအားကြီးတဲ့လူတွေ အများကြီးရှိနေရတာလဲ....” ဤသည်မှာ အလွန်ထူးဆန်းသည့် လျို့ဝှက်ချက်တစ်ခုပင်။

သို့သော် ထိုလျို့ဝှက်ချက်မှာလဲ ပူးပေါင်းတပ်ဖွဲ့ စဥ်းစားပြီး ဂရုစိုက်နေနိုင်သော အရာမဟုတ်တော့ပေ။

ဖြစ်နိုင်ပါက သူတို့မြင်နေရသည့် အရာအားလုံးသည် အိမ်မက်ဆိုးတစ်ခုသာဖြစ်ပြီး တကယ်တန်းဖြစ်ပျက်နေသည့် အရာများမဟုတ်ရန်အတွက် မျှော်လင့်နေကြသည်။ ဘုရင်များအားလုံးသည် သူတို့၏ဆုံးဖြတ်ချက်ကို ပြန်လည်ခါ နောင်တရနေကြ၏။ ထိုလူပြောသော သတင်းအချက်လက်ကြောင့်သာ မဟုတ်ပါက သူတ်ို့လည်း ဤရူးသွပ်သည့် စစ်ပွဲကိုစတင်ခဲ့မိကြလိမ့်မည်မဟုတ်ပေ။ ချမ်းဘော့ဒ်သည် အလွန်အားနည်းနေပြီး တိုက်ခိုက်မှုတစ်ချက်ကိုပင် မခံနိင်တော့ဟုကြားရသောကြောင့်ပင်။

တိုင်းပြည်ကိုးခု ပူးပေါင်းတပ်ဖွဲ့မှ ဘုရင်တိုင်းသည် သူတို့ကိုယ်သူတို့ ပြန်မေးနေကြသည်။ “နောက်ပြီးဘာတွေဆက်ဖြစ်ဦးမှာလဲ ဒီငရဲခန်းလို နေရာကနေ ငါအသက်ရှင်လျှက် ထွက်နိုင်ပါဦးမလား....”

သူတို့အားလုံး ဝမ်းနည်းဖွယ်အခြေအနေတစ်ခုတွင် ကျရောက်နေကြသည်။ သူတို့ထံတွင် လက်ရှိ သူတို့၏ဘေးတွင် စစ်သည်အစောင့်၅၀၀ခန့်သာ ကျန်ရှိကြတော့၏။ ရှေ့တန်းမှာကြောက်လန့်တကြားပြန်လည်ဆုတ်ခွာလာကြသည့် စစ်သည်၇၀၀ ၈၀၀ခန့်မှာလည်း ဆက်လက်တိုက်ခိုက်ရန်အတွက် သတ္တိမရှိကြတော့ပေ။

ဤစစ်ပွဲကိုဤနေရာမှ ကျော်လွန်၍ ဆက်လက်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့ချေ။

ဤအမျိုးသမီးလေးသည်တော်များ မန်နာကုန်ဆုံးသွားသည်ကို လူတိုင်းမြင်နိုင်သော်လည်း မည်သူမှ ရှေ့ထွက်ကာ စမ်းသက်ရဲခြင်းမရှိပေ။ စစ်မြေပြင်တွင် စုပုံနေသည့် ရှနူအီတိုင်းပြည်မှ စစ်သည်များ၏ အလောင်းများသည် လူတိုင်းကို ကြောက်လန့်သွားစေသည်။ စစ်မြင်းများပင် သေခြင်းတရားကိုခံစားမိနေကြပြီး အနောက်သို့ ခြေတစ်လှမ်းခြင်း ပြန်ဆုတ်နေကြ၏။

ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်သည် သူ၏ ပထမဆုံးတိုက်ခိုက်မှုကို စတင်တော့၏။

အနီရောင် အလံကို ဝှေ့ရမ်းလိုက်သည်။

မန်နာပြန်ပြည့်ရန်အတွက် အမြန်ကြိုးစားနေကြသည့် အမျိုးသမီးသူပုန်များမှာ စတင်လှုပ်ရှားတော့သည်။ ချမ်းဘော့ဒ်မှ ကျန်စစ်သည်များကဲ့သို့ပင် အုပ်စုနှစ်ခုခွဲကာ စစ်မြေပြင်နှစ်ဖက်တွင်ရှိသော ခြုံများအတွင်းသို့ ဝင်ပြေးကာ ပျောက်ကွယ်သွားကြတော့သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ သူမတို့၏ အမြန်နှုန်းမှာ ကျန်ချမ်းဘော့ဒ်စစ်သည်များထက် များစွာပို၍ မြန်ဆန်လှသည်။

ဤကဲ့သို့ ဆက်တိုက်ဖြစ်ပေါ်နေသည့် ထူးဆန်းသည့် လှုပ်ရှားမှုမှာ ပူးပေါင်းတပ်ဖွဲ့ရှိ ဘုရင်များကို စိတ်မသက်မသာ ဖြစ်စေသည်။

“ဝုတ် ဝုတ် ဝုတ် ဝုတ်”

ပူးပေါင်းတပ်ဖွဲ့မှ လူများအားလုံး​ ခွေးနက်ကြီး၏ ထောင်လွှားသည့် ဟောင်သံကိုကြားလိုက်ရပြီး ပြောင်းလဲမှုအသစ်တစ်ခု စတင်ဖြစ်ပေါ်လာ၏။ ခွေးနက်ကြီးပေါ်ရှိ ချမ်းဘော့ဒ်၏ ငယ်ရွယ်သောဘုရင်အလတ်ဇန္ဒား စတင်လှုပ်ရှားသည်ကို တွေ့လိုက်ရသည်။ သူ၏ အရှေ့တွင်ရှိနေသော ဥပဒေပြုအရာရှိဟု ခေါ်သူများသည် ဘေးတစ်ဖက်တစ်ချက်စီသို့ ကပ်လိုက်ပြီး အလည်ခေါင်တွင် သူတို့၏ ဘုရင်အတွက် လမ်းဖော်ပေးလိုက်ကြသည်။ ငယ်ရွယ်သောဘုရင်သည် ဘုရင်ကိုးပါး၏ မျက်နှာကို ကြည့်ကာ သရော်ပြုံးပြုံးလိုက်၏။ သူသည် သူ၏ မခန့်လေးစားသော အမူအယာကို လုံးဝပင် ဖုံးကွယ်မထားချေ။ စစ်သည်၈၀၀ခန့်သည် သူ့အတွက် ဘာမှမဟုတ်သကဲ့သို့ပင် ဘုရင်သည် ခွေးနက်ကြီးကာ ပူးပေါင်းတပ်ဖွဲ့ဘက်ခြမ်းသို့ တဖြည်းဖြည်းရောက်လာခဲ့သည်။

မကြာမှီတွင် သူသည် အလောင်းများဖြင့် ပြည့်နှက်နေသည့် စစ်မြေပြင်ကို ကျော်လွန်၍ လာခဲ့ပြီဖြစ်သည်။

ဤစစ်သည်၈၀၀ခန့်မှာ အလွန်ကြောက်လန့်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဖှေးသူတို့ထံသို့ လာနေသည်ကိုတွေ့သော်လည်း ဖှေး၏လမ်းကို တားဆီးပိတ်ပင်ရန်အတွက် မကြိုးစားရဲပေ။ ဖှေးအား သွေးဆာနေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ အနောက်သို့ဆုတ်ကာ ဖှေး ဖြတ်သန်းသွားရန်အတွက် လမ်းတစ်ခုကို တပြိုင်နက်လုပ်ပေးလိုက်ကြ၏။ အထူးသဖြင့် ဖှေး၏ ခြေထောက်အောက်တွင်ရှိသော စစ်မြင်းတစ်ကောင်ထက်ပင် ကြီးမားသည့် အမဲရောင်ခွေးကြီးအား အနီးကပ်မြင်သည့်အချိန်တွင်သူတို့အားခုံး သေမတက်ပင် ထိတ်လန့်သွား၏။ သူတို့၏ စိတ်ထဲတွင် ကွက်လပ်များဖြစ်ပေါ်သွားပြီး ဝိဉာဉ်လွင့်မတက်ကြောက့်လန့်နေကြသည်။

ဤစစ်သည်ပေါင်း ၈၀၀​ခန့်မှာ လူတစ်ယောက်နှင့် ခွေးတစ်ကောင်အတွက် အတားအဆီးတစ်စုံတစ်ခုမှ မပြုလုပ်ခဲ့ချေ။

သူတို့သည့် သူတို့၏ဘုရင်အား ကာကွယ်ကြိုဆ်ိုနေကြသည့် စစ်သည်များနှင့်ပင် ပိုတူနေ၏။

လူတစ်ယောက်နှင့် ခွေးတစ်ကောင်သာရှိသော်လည်း ပူးပေါင်းတပ်ဖွဲ့အား လူသန်ကြီးများနှင့် အမျိုးသမီးမှော်လေးသည်တော်များထက်ပင် ပိုမိုကြောက်လန့်စေသည်။ ပူးပေါင်းတပ်ဖွဲ့မှ မည်သူမျှ ဖှေးတိုက်ခိုက်သည်က်ု မမြင်ဖူးသေးပေ။ ထို့ကြောင့် ဖှေး၏ စွမ်းအားအတိုင်းတာကို သူတို့မသိကြ။ သို့သော်လည်း ဖှေးထံမှ ခံစားနေရသော စိုးမိုးနိုင်သည့် အရှိန်အဝါမှာ သူတို့အား အနားမကပ်ရဲသည်အထိ ထိတ်လန့်နေစေသည်။

All Chapters