← Chapters

အခန်း (၁၇၁)

Vol. 12 Ch. 171

အခန်း (၁၇၁)

Vol. 12 Ch. 171

“ကစားပွဲပြီးသွားပြီ...ငါမင်းတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ် အရှူံးပေးပြီးတော့ တောင်းထားတဲ့ ငွေပေးမလား...အသေခံမလား...”

ဘုရင်ကိုးပါးနှင့် ဆယ်ကိုက်ခန့်အကွာသို့ရောက်သည့်အခါတွင် ဖှေး ဘလက်ကီကို ရပ်ခိုင်းလိုက်သည်။ သူ၏ နွေးထွေးသော အပြုံးမှာ နတ်ဆိုးတစ်ကောင်၏ အပြုံးကဲ့သို့ ခံစားရပြီး သူ၏ ညင်သာသောအသံမှာ ဘုရင်ကိုပါးအတွက် ငရဲပြည်မှ သံစဥ်ကဲ့သို့ပင်။ အခိုက်တန့်တစ်ခုကြာအထိ သူ့အား မည်သူမျှ မျက်လုံးခြင်းဆုံကာ မကြည့်ရဲကြချေ။ သို့သော် ဖှေး၏ အနောက်တွင်ရှိသော ကြောက်လန့်နေသည့် စစ်သည်များသည် ပြန်လည်သတိရလာကြပြီး တစ်စုံတစ်ခုကို ရိပ်မိကာ သူတို့၏လက်နက်များကို တင်းကြပ်စွာဆုပ်ကိုင်ပြီး ဖှေး၏လမ်းကို အနောက်မှနေ၍ မသိမသာ ပိတ်လိုက်ကြသည်။

“သူ့ကို သတ်လိုက်စမ်း....”

ချီရှူအီတိုင်းပြည်၏ ဘုရင်မှာ အခွင့်ရေးကိုမြင်သောအခါ သူ၏ သက်တော်စောင့်တစ်ယောက်ကို အော်ကာ အမိန့်ပေးလိုက်၏။

ဇီးနစ်အင်ပါယာမှ နန်းတက်ပေးထားသည့် ဘုရင်တစ်ပါးကို သတ်ဖြတ်ခြင်းမှာ အင်ပါယာ၏ ဥပဒေကိုချိုးဖောက်ရာကျပြီး ပြသနာတက်စေမည်ဖြစ်သည်။ အင်ပါယာသည် အဖွဲ့ဝင်နိုင်ငံများအကြားတွင် အခြင်းများတိုက်ခိုက်မှုတို့ကို ခွင့်ပြုထားသော်လည်း ဘုရင်တစ်ပါးကို သတ်ဖြတ်ခြင်းကိုမူ ခွင့်ပြုခြင်းမရှိပေ။ သို့သော် ချီရှူအီတိုင်းပြည်၏ ဘုရင်မှာ မင်းသားနှစ်ပါးက မျက်စိကျနေကြသည့် မီးနတ်ဘုရားသံမဏိတပ်ဖွဲ့ကို ပိုင်ဆိုင်ထားသည့်အတွက် အနည်းငယ်ဘဝင်မြင့်နေ၏။ ထို့အပြင် ဥပဒေများ စည်းမျဥ်းများသည် စွမ်းအားကြီး မှော်ဆရာများ၊ စစ်သည်များ၏ရှေ့တွင် ဘာမှမဟုတ်ချေ။ ဇီးနစ်အင်ပါယာ၏ ဥပဒေများမှာလည်း လွန်ခဲ့သည့် နှစ်တစ်ရာခန့်ကလောက် တင်းကြပ်ခြင်းမရှိတော့ပေ။ အဆင့်၃အဖွဲ့ဝင်နိုင်ငံတစ်ခုအတွက် မြို့တော်စိန့်ပီတာစဘာ့ရှိ ဆွေကြီးမျိုးကြီးများ၊ ဆုံးဖြတ်ချက်ချသူများကို လာဘ်ထိုးရန်အတွက် ပိုက်ဆံအလုံအလောက်ရှိပါက အဆင့်၆အဖွဲ့ဝင်တိုင်းပြည်ငယ်​လေးမှ ဘုရင်တစ်ပါးကို သတ်ဖြတ်ရန်မှာ ပြသနာမရှိလှပေ။ တကယ်တန်းတွင် ချီရှူအီတိုင်းပြည်သည် လာဘ်ထိုးရန်ပိုက်ဆံအလုံအလောက်သာရှိပါက အင်ပါယာဥပဒေကို ချိုးဖောက်၍ ဘုရင်အနည်းငယ်ကို သတ်ဖြတ်ရန်မှာ ပြသနာမရှိလှချေ။ လှံဒိုင်းကာ ခြေလျင်တပ်တစ်ခုလုံးအား ဆုံးရှုံးပြီးသည့်အချိန်တွင် ချီရှူအီတိုင်းပြည်ဘုရင်သည် အလွန်ဒေါသထွက်နေပြီဖြစ်သည်။

ကိုယ်ရံတော်မှာ ရှေ့သို့ပြေးထွက်လာသည်။

ထိုသူမှာ ကြယ်နှစ်လုံးအဆင့် သတ္တုဂုဏ်သတ္တိစွမ်းအင်သုံး ဓားသမားဖြစ်သည်။ သူသည် အဆင့်၃တိုင်းပြည်များအကြားတွင် ဆရာတစ်ပါးဟုဆိုနိုင်၏။

ပူပေါင်းတပ်ဖွဲ့တွင်ရှိသော လူများအားလုံး ထိုစစ်သည်အပေါ်တွင် ယုံကြည်ချက်ရှိကြသည်။ ဘုရင်တချို့မှာ ချမ်းဘော့ဒ်ဘုရင်အားသတ်ဖြတ်ရာမှ ဖြစ်ပေါ်လာမည့် ပြသနာများကို စိုးရိမ်မိသော်လည်း ထိုကိုယ်ရံတော်အား ရပ်တံ့ရန်မှာနောက်ကျသွားပြီဖြစ်သည်။

သို့်သော်...

“ချွင်...”

မီးပွားစများလေထဲတွင် ထွက်ပေါ်လာသည်။

မီးပွားစများရှိခဲ့သောနေရာတွင် အရိပ်များထင်ဟပ်သွားသည်။

ပူးပေါင်းတပ်ဖွဲ့ရှိလူများ လူနှစ်ယောက်ကိုရှင်းလင်းစွာမမြင်တွေ့နိုင်ခင်မှာပင် ကိုယ်ရံတော်ခေါင်းဖြတ်ခံလိုက်ရသည်ကို တွေ့လိုက်ရ၏။ ထိုကိုယ်ရံတော်၏ ခန္ဓာကိုယ်မှာ သဲအိပ်တစ်အိပ်ကဲ့သို့ မြေပေါ်သို့ပြုတ်ကျသွားသည်။ သူ၏ဓားသည်လည်း ထူးမခြားနားပင်။ နှစ်ပိုင်းပြတ်ကာ မြေပေါ်သို့ပြုတ်ကျသွားသည်။ ယခုအခါတွင် သူတို့အားလုံး အ​​ခြေအနေကို ရှင်းလင်းစွာမြင်တွေ့နိုင်ပြီဖြစ်၏။ ဤဘုရင််ငယ်၏ လက်ထဲတွင် ချွန်ထက်သည့် အစိမ်းရောင်ဓားတစ်ချောင်းရှိနေသည်။ ဓားသွားမှာ လွှကဲ့သို့ အသွားများပါရှိနေပြီး ထိုဓားသွားမှ သွေးများစီးကျလျှက်ရှိသည်။ သွေးများမှာ ပူနွေးနေဆဲ ဖြစ်၏။

ဆရာတစ်ပါးပင်။

လူတိုင်း သူတို့၏ ခန္ဓာကိုယ်ထဲတွင် အေးစက်သွားသည်ကို ထက်မံ၍ ခံစားလိုက်ရသည်။

ဤသည်မှာ ထင်မထားသော ထိတ်လန့်ဖွယ်ရှာဖွေတွေ့ရှိမှုနောက်တစ်ခုပင်။ ပူးပေါင်းတပ်ဖွဲ့မှ စစ်သည်များနှင့် ဘုရင်များ မျက်လုံးများ ထွက်ကျလုနီးပါးပင်။

ဤမြင်ကွင်းသည် သေရမည်ကိုကြောက်သော ဘုရင်များအတွက် ကြီးမားသော ချိန်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူတို့အားလုံး ကြယ်နှစ်လုံးအဆင့်စစ်သည်အား အလွယ်တကူပင် သတ်ဖြတ်ပစ်နိုင်သည့် ရန်သူတစ်ယောက်သည် သူတို့၏ အနီးနားတွင် ရောက်နေခြင်း၏ အဓိပ္ပါယ်ကိုသိရှိသည်။ ကျားရှေ့မှောက်ယက် လဲသကဲ့သို့ပင်။ ဤတစ်ကြိမ်တွင် ဖှေး၏ အကြည့်သည် ချီရှူအီတိုင်းပြည်ဘုရင်ကို အလွန်ပျာယာခက်သွားစေသည်။ သူသည် ဤကြီးမားသည့် အန္တရာယ်ကို ပထမဆုံး အာရုံခံလိုက်မိသူဖြစ်သည်။ သူ အဆုတ်များ ပေါက်ထွက်မတက် အော်ဟစ်ကာ မြင်းက်ိုတစ်ဖက်သို့လှည့်ပြီး ထွက်ပြေးတော့၏။

ဤအပြုအမူသည် ပူးပေါင်းတပ်ဖွဲ့၏ နောက်ဆုံးကျန်ရှိနေသည့် စိတ်ဓာတ်နှင့် မျှော်လင့်ချက်တို့ကို ပြိုလဲကျစေတော့သည်။

တစ်ခြား ဘုရင်များသည်လည်း ချီရှူအီတိုင်းပြည်ဘုရင်၏ အပြုအမူကြောင့် ပြန်လည်နိုးကြားလာကြသည်။ ဖင်အား လှံချွန်နှင့် ထိုးခံလိုက်ရသကဲ့သို့ ရုတ်တရက်အော်ဟစ်ကာ မြင်းများကိုလှည့်ပြီး ထွက်ပြေးရန်ကြိုးစားကြတော့သည်။

ဘုရင်များ၏ အပြုအမူသည် ကိုယ်ရံတော်များ၏ အပြုမးအပေါ်တွင် လွမ်းမိုးသွားသည်။

ကိုယ်ရံတော်များ၏ အပြုအမူသည်လည်း စစ်သည်များ၏ အပြုအမူအပေါ် လွှမ်းမိုးသွား၏။ ထိုစစ်သည်များမှာ ပထမပိုင်းတွင် အနည်းငယ်တွံ့ဆုတ်နေကြသည်။ သို့သော် ကိုယ်ရံတော်များနှင့် ဘုရင်များထွက်ပြေးနေကြသည်ကို မြင်သောအခါ သူတို့လည်း လွတ်မြောက်ရန်ကြိုးစားကြတော့၏။

ဤသည်မှာ ပူးပေါင်းတက်ဖွဲ့ပြိုလဲသည့်ပုံဖြစ်သည်။ ပူပေါင်းတပ်ဖွဲ့မှလူများအားလုံး သူတို့၏ဘုရင်များအနောက်မှလိုက်ပါကာ ထွက်ပြေးကြတော့သည်။ ဤသည်မှာ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုပင်။ သူတို့အားလုံး ဤတိုင်းပြည်ငယ်​လေးအား သိမ်းပိုက်ပြီး ပိုင်ဆိုင်မှုအားလုံးကို လုယူနိုင်တော့မည်ဟု ထင်ထားခဲ့ကြ၏။သို့သော် ယခုအခါတွင် ကျားများလိုက်ခြင်းခံနေရသော ခွေးအများကဲ့သို့ အသဲအသန်ထွက်ပြေးနေရသည်။ ပို၍ မြန်မြန်ပြေးနိုင်ရန်အတွက် ခြေထောက်များများပေါက်ခဲ့လျှင် ကောင်းမည်ဟုပင် တွေးမိနေကြသည်။တစ်ချို့စစ်သည်များဆိုလျှင် ပြေးစရာမြင်းများရရှိရန်အတွက် သူတို့၏ အပေါင်းပါများကိုပင် ပြန်လည် သတ်ဖြတ်နေကြ၏။ ပရမ်းပတာ အ​​​ခြေအနေတစ်ခုပင်....

“ဟားဟား ပြေးချင်လို့လား နောက်ကျသွားပြီ....”

ဖှေး မဟူယာမုန်တိုင်းအပေါ်သို့ ခုန်တက်လိုက်ပြီး ဘုရင်များနောက်သို့ လျှင်မြန်စွာပင် ချက်ချင်းပြေးလိုက်သွား၏။ သူ၏ ကြောက်မက်ဖွယ်စွမ်းအားများမှာ ထက်မံ၍ ရုပ်လုံးပေါ်လာသည်။ ခရမ်းရောင်နှင့် အစိမ်းရောင်ဓားနှစ်လက်သည် ညကောင်းကင်ရံရှိ လင်းလတ်နေသော ကြယ်ပွင့်များကဲ့သို့ပင် တောင်ပသွားသည်။ လေထုအား ထိုးဖောက်နေသည့်အသံသည် စစ်မြေပြင်အပေါ်တွင် ဟိန်းသွားပြီး ဤဗရမ်းပတာအ​ခြေအနေကြီးတစ်ခုလုံးကို လွှမ်းမိုးပစ်လိုက်သည်။ ထိုဓားနှစ်သွားသည့်နေရာတွင်းရှိ စစ်သည်များ၊ မြင်းစစ်သည်များ၊ ကိုယ်ရံတော်များအားလုံး ခုခံရန်ပင် အခွင့်ရေးလုံးဝမရလိုက်ပဲ မြေပေါ်သို့ အတုန်းအရုန်းလဲကျကုန်ကြသည်။ ဖှေးသည် အလွန်လျှင်မြန်သွက်လက်သည်။ ခုန်နေသော ဘောလုံတစ်ခုကဲ့သို့ လေပေါ်တွင် အကြိမ်ပေါင်းများစွာ ခုန်ပျံလိုက်ပြီး ကိုယ်ရံတော်များသည် နာကျင်စွာအော်ဟစ်သံနှင့် အတူ ချက်ချင်းပင် သတ်ဖြတ်ခံလိုက်ရသည်။

“ဝုတ် ဝုတ် ဝုတ်”

မဟူယာမုတ်တိုင်းလည်း ဖှေးအနောက်မှနေ၍ အလင်းကဲ့သို့ လိုက်ပါလာကာ ဟောင်လိုက်သည်။ ကိုက်၅၀အကွာတွင်ရှိသော စစ်မြင်းများအားလုံး ထိတ်လန့်ကာ မြေပေါ်သို့ လဲကျကုန်ကြသည်။

မြင်းများပေါ်တွင်ရှိနေကြသော ဘုရင်များလည်း ဤအရာကို မျှော်လင့်မထားကြပေ။ သူတို့လဲဘမြေပေါ်သို့ ပြုတ်ကျကုန်ကြပြီး မျက်နှာများနှင့် အင်္ကျီအဝတ်အစားများအပေါ်တွင် ဖုန်များပေကျံကုန်တော့သည်။

သူတို့အားလု ကုန်းရုန်းထကာ ပြေးမည်ကြံသည့်အချိန်တွင် သူတို့၏ အရှေ့တွင် အရိပ်တစ်ခု ဖျက်ကနဲဖြစ်သွားသည်ကို တွေ့လိုက်ရ၏။ ဖှေးသည် မြေပြင်ပေါ်မှ ခုန်လာပြီး သူတ်ို့၏အရှေ့သို့ရောက်ရှိလာပြီဖြစ်သည်။ သူ၏ လက်နှစ်ဖက်တွင်ရှိသော ခရမ်းရောင်နှင့် အစိမ်းရောင်ဓားနှစ်လက်မှ သွေးများစီးကျနေကြသည်။ သွေးများသည် မြေပြင်ပေါ်ရှိမြက်ပင်များပေါ်သို့ စီးကျပြီး သွေးနံ့များသည် ဘုရင်များ၏ နှာခေါင်းထဲသို့ စီးဝင်သွားသည်။

ဤအခိုက်တန့်တွင် ဖှေးသည် ငရဲပြည်မှ ထိုးဖောက်ကာ ထွက်ပေါ်လာသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။ ဤဘုရင်များအားလုံး ဤကဲ့သို့မြင်ကွင်းမျိုးကို မြင်ဖူးခဲ့ကြခြင်းမရှိပေ။ ထို့ကြောင့် သူတို့အားလုံး အလွန်အမင်းထိတ်လန့်ကုန်ကြသည်။ သူတို့အားလုံး ကတုန်ကယင်ဖြင့် ဒူးထောက်ကာ ခွင့်လွှတ်ပေးရန်အတွက် အသနားခံကာ တောင်းပန်နေကြ၏။

သူတို့၏ဘေးတွင် စစ်သည်များအားလုံးသည် ထွက်ပြေးနေဆဲပင်။ စစ်သည်များကိုယ်တိုင်လည်း ဗရမ်းပတာအခြေအနေတစ်ခုကို ကြုံတွေ့နေရသဖြင့် သူတို့၏ ဘုရင်အား ကယ်တင်ရန်အတွက် အချိန်ရော၊ အခွင့်အရေးပါ လုံးဝမရှိကြချေ။

“သူတို့ကို ကြိုးချည်ထားလိုက်ကြ။” ဖှေးသူ၏ လက်ကိုဝှေ့ရမ်းလိုက်ရာ စစ်သည်များအနောက်သို့လိုက်နေကြသော ချမ်းဘော့ဒ်ဥပဒေပြုအရာရှိများသည် ပြေးလာကြပြီး ဘုရင်များကို ကြိုးများဖြင့် တင်းကြပ်စွာချည်နှောင်လိုက်ကြသည်။ ကြိုးများသည် ထိုဘုရင်များ၏ ပျော့ပျောင်းသော အရေပြားကို တင်းကြပ်စွာချည်နှောင်ထားကြသဖြင့် ဘုရင်များအားလုံး နာကြင်စွာအော်ဟစ်နေကြကာ သူတို့၏ ဂုဏ်ပုဒ်များကိုပင် သတိမရနိုင်ကြတော့ပေ။

ဖှေး ဖမ်းမိပြီးဖြစ်သည် ဘုရင်များနှင့် အလုပ်ရှုပ်မခံသေးပေ။ သူ၏ အမြင်အာရုံမှာ လျှပ်စီးမိုးကြိုးကဲ့သို့ပင်။ အဝေးတစ်နေရာတွင် ပြေးနေဆဲဖြစ်သည့် ချီရှူအီတိုင်းပြည်၏ ဘုရင်အပေါ်သို့ ကျရောက်သွားသည်။

လေညင်းကဲ့သို့ မြန်ဆန်သော မီးမှုတ်သားရဲများနှင့် ဘေးတွင်တင်းကြပ်စွာ ကာကွယ်ပေးထားသည့် သစ္စာရှိကိုယ်ရံတော်များကြောင့် ချီရှူအီတိုင်းပြည်ဘုရင်မှာ အဝေးသို့လွတ်မြောက်သွားသည့် တစ်ဦးတည်သော ဘုရင်ဖြစ်သည်။

သူ၏ လက်ကိုဝှေ့ရမ်းလိုက်ရာ ကြီးမားသည့် အမဲရောင် ခွေးကြီးသည် ခုန်ကာဖှေးအနားသို့ရောက်လာသည်။ ဖှေးလည်း မဟူယာမုန်တိုင်း၏အပေါ်သို့ ချက်ချင်းပင် ခုန်တက်လိုက်ပြီး ချက်ချင်းလိုက်တော့သည်။

“သူ့ကို ရပ်ကြစမ်း....” ချီရှူအီဘုရင်သည် အနောက်သို့လှည့်ကြည့်ပြီး လိုက်လာသည့်ဖှေးက်ို မြင်လိုက်သည်။ ထို့အပြင် ခွေးကြီး၏ အမြန်နှုန်းမှာ မီးမှုတ်သားရဲထက် အနည်းငယ်ပိုမို၍ မြန်ဆန်နေသည်ကိုလည်း သတိထားမိလိုက်သည်။ အကွာအဝေးမှာ ပို၍ကို၍ နီးကပ်လာနေပြီး ဤအချက်သည် ချီရှူအီတိုင်းပြည်၏ဘုရင်အား ဘောင်းဘီထဲသေးပေါက်လျလုနီးနီးပင်ဖြစ်စေသည်။ သူရှေ့သို့ပြန်လှည့်လိုက်ရာ အဝေးတွင် အသင့်အနေထားဖြင့် ရပ်စောင့်နေကြသော သူ၏ မီးနတ်ဘုရားသံမဏိတပ်ဖွဲ့ကိုမြင်တွေ့လိုက်ရသည်။ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အတိုင်း အရူးချီးပန်းစတင်၍ အော်ဟစ်တော့သည်။ “ချီတပ်ကြတော့ အမြန်ချီတပ် ငါ့ကို ကာကွယ်တော့....”

All Chapters