← Chapters

အခန်း (၁၇၂)

Vol. 12 Ch. 172

အခန်း (၁၇၂)

Vol. 12 Ch. 172

ဤအခိုက်တန့်တွင် ချီရှူအီတိုင်းပြည်၏ ဘုရင်သည် ထိုမီးနတ်ဘုရားစံမဏိစစ်သည်၁၀၀ အား ချွေတာရန်အတွက် ဂရုမစိုက်နိုင်တော့ပေ။ သူထွက်ပြေး၍ လွတ်မြောက်နိုင်သည်ဆိုပါက ဘာမဆို စွန့်လွှတ်မည်ဖြစ်သည်။

ကျွဲချိုမှုတ်သံတစ်ခုထွက်ပေါ်လာသည်။ ပြင်ဆင်ပြီးသားဖြစ်သည့် လေးလံသောသံမဏိချပ်ဝတ်များနှင့် မြင်းစစ်သည်များသည် သူတို့ဘုရင်၏ အမိန့်အတိုင်း စတင်ဆောင်ရွက်ကြတော့၏။ မီးမှုတ်သားရဲ၏ ဝမ်းဗိုက်ကို ပြင်းထန်စွာကန်လိုက်ပြီး စတင်ချီတက်ကြတော့သည်။ သူတို့၏ ချိုင်းကြားထဲတွင် တင်းကြပ်မြဲမြံစွာ ညှပ်ထားသော လှံရှည်များနှင့် သူရဲကောင်းများသည် ရွေ့လျားနေသော လူသတ်စက်ကြီးများကဲ့သို့ပင်။ မီးမှုတ်သားရဲများ၏ ခြေလှမ်းများသည် မြေပြင်ကိုပါ တုန်ခါစေပြီး ဖှေးထံသို့ချီတပ်လာကြ၏။

သူရဲကောင်းများမှာ သူတို့၏ ကျွမ်းကျင်မှုကို ပြသကြသည်။

ချီရှူအီတိုင်းပြည်ဘုရင်နှင့် နီးကပ်လာသည့်အချိန်တွင် ဖွဲ့စည်းပုံသည် နှစ်ခြမ်းကွဲသွားပြီး ၂မီတာခန့်အကျယ်ရှိသော လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။ ချောမွေ့စွာပင် သူတို့၏ဘုရင်သည် ထိုလမ်း​ကြောင်းမှ ဖြတ်သန်းသွားပြီးသည်နှင့် တပြိုင်နက် ပြန်လည်ပိတ်လိုက်၏။ သူရဲကောင်းများ၏ လှံများမှာတောက်အနေပြီး မီးမှုတ်သားရဲများမှာ မြေပြင်အား တုန်ခါစေပြီး ဖှေးထံသို့ဦးတည်ကာ ချီတပ်လာကြတော့သည်။

စစ်မြေပြင်တွင် ထိုအရာသည်နှိုင်းယှဥ်၍မရသော အင်အားတစ်ခုပင်။

ဤအခိုက်တန့်တွင် မြင်ကွင်းက်ိုကြည့်နေသူမည်သူမဆို ခွေးနှင့် လူတ်ို့မှာ ဘေးသို့ရှောင်သွားလိမ့်မည်ဟုတွေးလိုက်မိကြသည်။

တစ်ကိုယ်ရည်စွမ်းအား မည်မျှပင်ကြီးစေကာမူ သူရဲကောင်းများစွာ စုပေါင်းထားသည်ကို ထိပ်တိုက်ရင်ဆိုင်နိုင်သည်အထိ သန်မာလိမ့်မည်မဟုတ်ပေ။ ဤချီတပ်လာကြသော သူရဲကောင်းများ၏ အရှေ့တွင်ရပ်နေပါက နန်းတော်နံရံများပင် ပြိုလဲကျသွားနိုင်၏။

သို့သော်....

“ဝုတ် ဝုတ် ဝုတ်”

အမဲရောင်ခွေးကြီးသည် ရူးသွပ်သွားသကဲ့သို့ တုန်ခါစေသော ဟိန်းဟောက်သံကြီးတစ်ခုကို ထုတ်လွှတ်လိုက်၏။ သူ၏ ပါးစပ်မှ ချွန်မြနေသည့် အဖြူရောင်အစွယ်များကို ဖြဲပြလိုက်ပြီး သူ၏ ခြေလက်များပေါ်မှ ကြွက်သားများသည်လည်း ပိုမို၍ကြီးမားလာသည်။ သူ၏အရွယ်အစားမှာ နှစ်ဆခန့်ပင်ကြီးမားလာ၏။ ထို့​နောက်တွင် ရုတ်တရက် ပေါက်ကွဲစေတတ်သော စွမ်းအားကိုထုတ်လွှတ်လိုက်ပြီး သူ၏ အမြန်နှုန်းမှာလည်း မယုံနိုင်ဖွယ်အဆင့်တစ်ခုသို့ပင် ရောက်ရှိသွားတော့သည်။

ခရမ်းရောင်နှင့် အစိမ်းရောင်အလင်းရောင်နှစ်ခု တောက်ပလိုက်သည်နှင့်အတူ သံမဏိချပ်ဝတ်စစ်သည်များမှာ ပြန်လည်တိုက်ခိုက်ရန်အတွက် နည်းလမ်းမရှိခဲ့ပေ။ သူတို့၏ သားရဲများပေါ်မှ စတင်ပြုတ်ကျလာကြတော့သည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် အံ့သြဖွယ်ပင် အပြောင်းလဲမရှိပဲ တိကျညီသာနေသည်။ လည်ပင်းတွင် ဓားချက်တစ်ခုပင်။

အောက်သို့ပြုတ်ကျသွားကြသော စစ်သည်များမှာ အော်ဟစ်ရန်အချိန်ပင်မရလိုက်ကြပဲ သူတို့၏ သားရဲများနင်းခြေရာမှ အမှုန့်ဖြစ်ကုန်ကြသည်။

အစိမ်းရောင်နှင့် ခရမ်းရောင်ဓားနှစ်လက်၏အောက်တွင် မည်သူမှ ပြန်လည်ခုခံနိုင်ခြင်းမရှိပေ။ အမဲရောင်ခွေးကြီးမှာလည်း အလွန်လျင်မြန်သည် ဖွဲစည်းပုံ၏ အနည်းငယ်လစ်လပ်နေသော နေရာများမှ အလွယ်တကူ လျိုဝင်နိုင်စွမ်းရှိသည်။ သူရဲကောင်းများ၏ အမြင်အာရုံမှာ ပြန်လည်တိုက်ခိုက်ဖို့နေနေသာသာ လိုက်ကြည့်ရန်ပင် ခက်ခဲနေ၏။

နှစ်ဖက်လုံးမှာ ချက်ချင်းပင် တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီးဖြစ်သည်။ နာမည်ကျော်မီးနတ်ဘုရား သံမဏိတပ်ဖွဲ့မှာ ဤဆုံတွေ့မှုခနတွင်အင်အား သုံးပုံတစ်ပုံခန် ဆုံးရှူံးလိုက်ရသည်။ သို့သော် လူတစ်ယောက်နှင့် ခွေးတစ်ကောင်တပ်ဖွဲ့မှ ဒဏ်ရာအနည်းငယ်ပင်မရရှိလိုက်ချေ။ မြင်းစစ်သည်များ၏ ပိတ်ပင်ဆို့တိုက်ခိုက်မှုကို လွယ်ကူစွာပင် ဖြတ်ကျော်၍ပြန်လည်တိုက်ခိုက်ကာ အမြန်နှုန်းကျဆင်းသွားခြင်းမရှိပဲ ချီရှူအီတိုင်းပြည်၏ ဘုရင်အနောက်သို့ လိုက်သွားတော့၏။

မီးနတ်ဘုရားသံမဏိတပ်ဖွဲ့၏ ချီတပ်သည့် အမြန်နှုန်းမှာ မြင့်မားလွန်းလှသည်။ ထို့ကြောင့် အနောက်သို့ ချက်ချင်းပြန်လှည့်ရန်မှာ မဖြစ်နိုင်တော့ချေ။ ရပ်တံ့၍မရသော ရေလှိုင်းလုံးကြီးကဲ့သို့ အဝေးတွင်ရှိသော ချမ်းဘော့ဒ်တိုင်းပြည်၏ ဖွဲ့စည်းပုံထံသို့ ပြေးဝင်သွားတော့သည်။

“သေစမ်း....” သူရဲကောင်း ကပ္ပတိန်ရိုမန်မှာ အော်ဟစ်လိုက်သည်။ ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်အား ခုခံမည့်သူ တစ်စုံတစ်ယောက်မှမရှိသလောက်ပင်။

“ဆက်ကြည့်နေ...”မင်းသမီးမှာ တည်ငြိမ်စွာပြောလိုက်၏။

ဖှေးသည် အလွန်လျင်မြန်စွာပင် ချီရှူအီဘုရင်နှင့် ကိုယ်ရံတော်များအနီးသို့ မှီလာခဲ့သည်။ ကိုယ်ရံတော်များသည် မဟူယာမုန်တိုင်း၏ အမြန်နှုန်းကို နှေးကွေးအောင် လုပ်နိုင်စွမ်းမရှိပေ။ သူတို့အားလုံး ဓားနှစ်လက်၏ အောက်တွင်မြင်းပေါ်မှပြုတ်ကျကာ သေဆုံးကုန်ကြသည်။ ဖှေး သူ၏လက်ကို ဆန့်တန်းလိုက်ပြီး ချီရှူအီဘုရင်အား လည်ပင်းမှ ဆွဲကိုင်ကာ ကြက်ကလေးတစ်ကောင်ကဲ့သို့ မချီလိုက်ပြီး မြေပေါ်သို့ ပစ်ချလိုက်သည်။ လျင်မြန်စွာပင် ဥပဒေပြုအရာရှိများရောက်လာကြပြီး ချီရှူအီတိုင်းပြည်၏ ဘုရင်အားကြိုးတုပ်လိုက်ကြသည်။

ဖှေး မဟူယာမုန်တိုင်း၏ ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ အမဲရောင်ခွေးကြီးမှာ ဟိန်းဟောက်ကာ ရုတ်တရက် တစ်ဖက်သို့လှည့်လိုက်ပြီး ထွက်ပြေးနေကြသော စစ်သည်များကို ရပ်တန့်လိုက်သည်။ လမ်းကို ပိတ်လိုက်သည်ကိုမြင်သောအခါ ထိုစစ်သည်များသည် ကြောက်လန့်တကြားအော်ဟစ်ကာ အရပ်မျက်နှာပြောင်းလဲကည ထွက်ပြေးကြ၏။

“ဖျောက် ဖျောက် ဖျောက် ဖျောက်”

မြှားပေါင်းများစွာမှာ သူတို့၏ခြေရင်းသို့ကျဆင်းလာသည်။ ဘေးနှစ်ဖက်ရှိခြုံများအတွင်းမှ ထွက်​ပြေးသွားကြပြီဟုထင်ထားခဲ့သော နတ်ဘူရားအဆင့်လေးသည်တော်များနှင့် အမျိုးသမီးမှော်လေးသည်တော်များ ထွက်ပေါ်လာကြသည်။ သူတို့၏ လက်ထဲမှ လေးရှည်များကို လပြည့်ပုံသဏ္ဍာန်ပေါ်သည်အထိ ဆွဲတင်ထားပြီး ချွန်မြနေသည့် မြှားခေါင်းများမှာ ပျာယာခတ်နေကြသည့် ပူးပေါင်းတပ်ဖွဲ့မှ စစ်သည်များကို ချိန်ရွယ်ထားကြသည်။ သူတို့၏ အေးစက်သောမျက်လုံးများမှာ လူတိုင်း၏ လှုပ်ရှားမှုများကို ရပ်တံ့သွားစေခဲ့ပြီး ရှေ့သို့ခြေတစ်လှမ်းမှ မတက်ရဲကြတော့ပေ။

သူတို့အားလုံး အဝိုင်းခံလိုက်ရပြီဖြစ်သည်။

လူ၄၀၀ ကျော်မှာ တစ်ရာပင်မပြည့်သော လူများ၏ ဝိုင်းခြင်းကိုခံလိုက်ရ၏။

“ဒူးထောက်ပြီး လက်နက်ချစမ်း အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ မင်းတို့ကို သက်ညှာနေမှာမဟုတ်ဘူး...” ဖှေး အော်ပြောလိုက်သည်။

ကျန်ရှိနေသည့် စစ်သည်များတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ပထမဆုံးတစ်ယောက် သူ၏ လက်နက်ကိုပစ်ချပြီး ဒူးထောက်လိုက်သည်နှင့် တပြိုင်နက် ကျန်ရှိနေသူများပါ ထိုကဲ့သို့ လိုက်ပါဆောင်ရွက်ကြတော့၏။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် ခုခံလိုစိတ်လုံးဝမရှိတော့သည်မှာ ကြာပြီဖြစ်၏။

ဤအချိန်တွင် မီးနတ်ဘုရားသံမဏိတပ်ဖွဲ့လည်း အကုန်သေလုနီးနီးပင်။

စတင်ရောက်ရှိလာစဥ်က လဲကျတော့မည့်သကဲ့သို့ လေးလံသောသံမဏိချပ်ဝတ်များနှင့် ချမ်းဘော့ဒ်ဘက်မှစစ်သည်များသည် အနီရောင်အလံဝှေရမ်းကာအချက်ပြလိုက်သည့်အခါတွင် ရုတ်တရက်နတ်ပူးသကဲ့သို့ လျင်မြန်စွာစတင်ပြေးတော့မည်ဟု မည်သူမှ ထင်မထားခဲ့ကြချေ။ သူတို့၏ ပြေးလွှားနေသည့် အမြန်နှုန်းမှာ မယုံနိုင်စရာပင်။ ပေါင်ထောင်ချီအလေးချိန်ရှိသော သံမဏိချပ်ဝတ်ကြီးများကို ဝတ်ဆင်ထားသည်ဟုပင် ထင်နိုင်ဖွယ်မရှိပေ။ အလွန်ပေါ့ပါးသွက်လက်နေသည်။

ထိုလူ၂၂ယောက်မှာ အလျားလိုက်မျဥ်းတစ်ခုအသွင်သို့ဖွဲ့စည်းလိုက်ပြီး ချီတပ်လာကြသည့် ကျန်ရှိနေသေးသော မီးနတ်ဘုရားသံမဏိတပ်ဖွဲ့နှင့် တိုက်ရိုက်ရင်ဆ်ိုင်လိုက်ကြသည်။ သူတို့၏ သံမဏိချပ်ဝတ်များမှာအလွန်မာကြောပြီး သူတို့၏ ခန္ဓာကိုယ်အာ ကာကွယ်မှု အပြည့်ဝပေးထားကြ၏။ သို့သော် ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ သူတို့၏ သေးငယ်သော ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့်စွမ်းအားပင်။ ပထမ သံမဏိချပ်ဝတ်များနှင့် မီးမှုတ်သားရဲများကို တိုက်ထုတ်လိုက်ပြီး ဒုတိယသံမဏိချပ်ဝတ်များနှင့် မြင်းစစ်သည်များကို တိုက်ထုတ်နေသည့်အချိန်တွင် ကပ္ပတိန်ရိုမန်မှာ ပါးစပ်အဟောင်းသားဖြင့်သာ ကြည့်နေနိုင်တော့သည်။ သူသည် သားရိုင်းများကဲ့သို့ လူ၂၂ယောက်သည် မီးမှုတ်သားရဲ များကို တစ်ကောင်ပြီးတစ်ကောင်ညထိတ်တိုက်ရင်ဆိုင်နေသည်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့၏။ ခန္ဓာကိုယ်အရွယ်စားနှင့် ခွန်အားတ်ို့၏ ကွာခြားမှုမှာ ကြီးမားလှသဖြင့် လူတိုင်းအမြင်လွဲမှားနေသကဲ့သို့ပင် ထက်မက်နေရ၏။ မင်းသမီး၏ မျက်လုံးများပင် အံ့သြမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုသံမဏိချပ်ဝတ်စစ်သည်၂၂ယောက်မှာ ကျန်ရှိနေသေးသော မီးနတ်ဘုရားသံမဏိတပ်ဖွဲ့၏ ၃ပုံနှစ်ပုံကို တိုက်ခိုင်ချေမှုန်းလိုက်၏။

ကျန်ရှိနေသေးသည့် သူရဲကောင်း၃၀ခန့်မှာ သးတ်ု့၏ သားရဲများကို အရှိန်မသက်နိုင်ကြပဲ ကြိုတင်ပြင်ဆင်ထားသည့် သံမဏိနံရံများကို ဝင်တိုက်ကာ လဲကျကုန်ကြ၏။

မည်သူမှ မျှော်လင့်ထားမည်မဟုတ်ပေ။ ဇီးနစ်အင်ပါယာ၏ အဖွဲ့ဝင်နိုင်ငံများကြားတွင်ကျော်ကြားခဲ့သော မီးနတ်ဘုရား၏ သံမဏိတပ်ဖွဲ့မှာ လေမုန်တိုင်းထဲရှိ ကောက်ရိုးတစ်ပင်ကဲ့သို့ လွယ်ကူစွာပြိုလဲသွားခဲ့၏။ ပို၍မယုံနိုင်စရာကောင်းသည်မှာ အစမှအဆုံးထိ သူတို့သည်ရန်သူတစ်ယောက်မှပင် မသတ်လိုက်နိုင်ခဲ့ပေ။ ချမ်းဘော့ဒ်တိုင်းပြည်၏ ထိခိုက်မှုမှာ အနည်းငယ်ပိန်ချိုင့်သွားသောချပ်ဝတ်များနှင့် အရှိန်ဖြင့်ထိတိုက်မှုကြောင့် တချ်ို့စစ်သည်များမူးမိုက်သွားစေရုံမျှသာ ရှိ၏။

“ရိုမန် မင်း ချမ်းဘော့ဒ် တိုင်းပြည်ရဲ့ တိုက်ခိုက်ပုံဗျူဟာကို နားလည်သွားပြီလား....” တိုက်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်သည်။ မင်းသမီးမှာ တစ်ဖက်သို့လှည့်ပြီး မေးလိုက်၏။

“ရက်စက်တယ်၊ ရိုင်းစိုင်းတယ်၊ တည့်တ်ိုးလုပ်တယ်၊ ဉာဏ်နီဉာဏ်နက်များတယ်....” ရိုမန်၏ အမြဲတန်းပြုံးနေတတ်သည့် ကလေးတစ်ယောက်ကဲ့သို့မျက်နှာမှာ ယခုအခါတွင် တစ်ခါမှမကြုံစဖူးတည်ငြိမ်နေသည်။ သူ နာမဝိ​သေသနအနည်းငယ်ကိုချက်ချင်းပငိ ပြောလိုက်သည်။ သို့သော် ငါချမ်းဘော့ဒ်တိုင်းပြည်နှင့် သူ၏ဘုရင်တို့အသုံးပြုသော ဗျူဟာကို အပြည့်အဝနားမလည်နိုင်သေးပေ။

“မင်းပြောတာ မှန်ပါတယ်....” မင်းသမီးမှာ ရုတ်တရက် တစ်ဖက်သို့လှည့်လိုက်သည်။ “ဒါပေမယ့် အဲ့စကားလုံးတွေက အဲ့လူကို အပြည့်အဝမဖော်ပြနိုင်သေးဘူး...တကယ်လို့ ငါသူ့ကိုဖော်ပြရမယ်ဆိုရင် တစ်ခြားစကားလုံးတစ်ခုကိုပဲ ငါသုံးရလိမ့်မယ်....” ထို့နောက်တွင် မင်းသမီးသည် သူမ၏ နှုတ်ခမ်းမှလေးနက်စွာဖြင့် စကားလုံးတစ်ခုကို ရွတ်ဆိုလိုက်သည်။

“အပြောင်းလဲများတယ်.....”

All Chapters