← Chapters

အခန်း (၁၇၃)

Vol. 12 Ch. 173

အခန်း (၁၇၃)

Vol. 12 Ch. 173

“အပြောင်းလဲများတာလား....”

ကပ္ပတိန်ရိုမန်မှာ အနည်းငယ်တွေဝေသွားသည်။ ထို့နောက်တွင် သူရုတ်တရက်သဘောပေါက် နားလည်သွားတော့၏။

“ဟုတ်တယ်...အပြောင်းလဲများတာပဲ....”

ဤစကားလုံးမှလွဲ၍ ယနေ့သူမြင်တွေ့ခဲ့ရသည့် တိုက်ပွဲအားဖော်ပြရန် တခြားစကားလုံးကို ရိုမန်စဥ်းစား၍မရချေ။ တိုက်ပွဲစတင်စဥ်ကတည်းက ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားသည် အမျိုးသမီးများနှင့် ကလေးများကို စစ်မြေပြင်သို့ခေါ်ဆောင်လာခဲ့သည်။ ထိုအမျိုးသမီးများသည် သေခြင်းတရားကို ကိုယ်စားပြုသော မှော်လေးသည်တော်များဖြစ်မယ်မှန်း သူထင်မထားခဲ့ချေ။ ထို့အပြင်ချမ်းဘော့ဒ်တွင် နတ်ဘုရားအဆင့်တိကျမှုရှိသော လေးသည်တော်အယောက်၅၀ရှိမည်မှန်းလဲ ထင်မထားခဲ့ပေ။ အမဲရောင်ခွေးကြီးသည်လည်း ဤမျှကြောက်မက်ဖွယ်အစွမ်းရှိနေမည်မှန်း ထင်မထားခဲ့။ လေးလံသော သံမဏိချပ်ဝတ်များနှင့် စစ်သည်၂၂ယောက်နှင့် ပုဆိန်ကိုင်ဆောင်ထားသော လူသန်ကြီးများဖွဲ့စည်းပုံမှာလည်း ဤကဲ့သို့ အဖျက်စွမ်းအားကြီးမားလိမ့်မည်ဟု သူစိတ်ပင်မကူးခဲ့ချေ။ နောက်ဆုံးအနေဖြင့် နာမည်ကျော်ကြားသော မီးနတ်ဘုရားသံမဏိတပ်ဖွဲ့သည်လည်း ရန်သူတစ်ယောက်မှပင် မသတ်လိုက်ရပဲ ရှုံးနိမ့်သွားလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့။

ဤအရာများအားလုံးသည် သူလုံးဝထင်မထားခဲ့သည့် အရာများပင်။

ပြောင်းလဲခြင်းများစွာဖြစ်၏။

ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားသည် လူအများထင်မထားသည့်အရာများစွာကို လက်တွေ့အသက်သွင်းခဲ့သည်။

ဤကဲ့သို့ပြောင်းလဲခြင်းများမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ အဘယ်ကြောင့်ဆိုသော ဉာဏ်ပညာကြီးမားသော ခေါင်းဆောင်တစ်ယောက်ပင် ဤကဲ့သို့သော ရန်သူမျိုးဖြင့် ရင်ဆိုင်ရပါက ထွက်ပေါ်လာသော အပြောင်းလဲများစွာတို့ကြောင့် တွက်ချက်မှုများ လွဲမှားကုန်ကာ ရှူံးနိမ့်သွားန်ိုင်သောကြောင့်ပင်။ နောက်စက္ကန့်တွင် ဘာဖြစ်လာနိုင်သည်ဆိုသည်ကိုလဲမသိ။ ရန်သူသည် မည်သည့်အကွက်ကို ကစားမည်ဆိုသည်ကိုလဲမသိ။ သိရှိပြီးသည့်အချိန်တွင်မူ ရှူံးနိမ့်ပြီးဖြစ်နေနိုင်သောကြောင့်ပင်။

အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

“ဒီနေ့မြင်ခဲ့ရသမျှကို သေချာမှတ်သားထားရိုမန်...ဘာလို့လဲဆိုတော့ မင်းလဲ တစ်နေ့မှာ ဒီလိုမျိုးနဲ့ ကြုံတွေ့လာနိုင်တယ်...” မင်းသမီး၏ စကားမှာ ရိုမန်အတွက် အဆက်ဆက်မရှိသလိုဖြစ်နေသော်လည်း သူခေါင်းငြိမ့်ပြလိုက်၏။

မင်းသားအာရှဗင်၏ လက်အောက်တွင် တပ်ဖွဲ့ခေါင်းဆောင်များစွာရှိသည့်အနက် ရိုမန်သည် အတော်ဆုံးတစ်ယောက်မဟုတ်ပေ။ သို့သော် သူ့တွင် တည်ငြိမ်သော နှလုံးသားနှင့် သင်ယူလိုစိတ်ရှိသည်။ သူ၏ ဉာဏ်ပညာအမြော်မြင်နှင့် ပတ်သက်၍နာမည်ကြီးသည့် တပ်ဖွဲ့ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်၏။ သူသည် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်သည့် အရည်အချင်းရှိသည့်အတွက် မင်းသမီးသည် သူမ၏ စည်းမျဥ်းကို ချိုးဖောက်ကာ သူမ၏ဘေးသို့​ခေါ်ထားပြီး သာမန်တပ်ဖွဲ့ခေါင်းဆောင်များ ကြုံတွေ့ရလေ့မရှိသည့် အရာများကို ကြုံတွေ့စေသည်။ ရိုမန်သည်လည်း မင်းသမီးဘေးမှာနေ၍တိတ်တဆိတ် သင်ယူလေ့လာနေခဲ့သည်။ ယနေ့ကြုံတွေ့ခဲ့ရသည့် တိုက်ပွဲငယ်လေးသည် သူ့အား ထိတ်လန့်အံ့သြဖွယ် အတွေ့ကြုံများစွာကို ရရှိစေခဲ့၏။

.........

“အရှင်မင်းကြီး ကျွန်တော်တ်ို့ သူတို့ကို ဘယ်လိုကိုင်တွယ်သင့်လဲ....” ကပ်ပရီကွန်းသူတော်စဥ် ပီးရာ့စ်မှာ မေးလိုက်သည်။ သူသည် ဥပဒေပြုအရာရှိများကိုဦးဆောင်ကာဘုရင်ကိုးပါးလုံးကို ဖမ်းစီးကြိုးတုတ်၍ မဟူယာမုန်တိုင်း၏ အရှေ့သို့ပစ်ချထားပြီးဖြစ်သည်။ အမဲရောင်ခွေးကြီး၏ မာန်ဖီဟောင်သံများမှာ လေးစားခံနေရကျဖြစ်သည့် ဘုရင်များကို နက်ရှိုင်းစွာ ထိတ်လန့်ကြောက်ရွံ့နေစေသည်။ တချို့ စိတ်ဓာတ်ပျော့ညံ့သူများဆိုလျှင် ငိုယိုကာ အသနားခံနေကြ၏။

“စစ်မြေပြင်ကို ရှင်းလင်းလိုက်...လက်နက်တွေချပ်ဝတ်တွေကို အကုန်သိမ်းပြီး တိုင်းပြည်ရဲ့လက်နက်တိုက်ထဲမှာ သိမ်းထားလိုက်...အကျဥ်းသားတွေကို အမဲရောင်အိမ််ငယ်လေးထဲမှာ ချုပ်ထားပြီး အိုလတ်ဂ်ကို တင်းကြပ်ဖို့မှာထားလိုက်...ဒဏ်ရာပြင်းထန်တဲ့ရန်သူတွေကို ကွက်မျက်ပစ်လိုက်ပြီး အလောင်းတွေကို အနောက်ဘက်တောင်တန်းက အခန်းတစ်ခုထဲမှာ စုထည့်ထားလိုက်ကြ...” ဖှေး အမဲရောင်ခွေးကြီးပေါ်မှနေ၍ သွေးငွေ့များပျံသန်းနေဆဲဖြစ်သည့် စစ်မြေပြင်ကို ကြည့်လိုက်၏။ “မြင်းတွေနဲ့ မီးမှုတ်သားရဲတွေကို ဘယ်လောက်ပဲ ဒဏ်ရာပြင်းထန်နေပါစေ တော်ဝင်မြင်းဇောင်းကို ခေါ်သွားလိုက်ကြ...နောက်ပြီး နားလည်တက်ကျွမ်းတဲ့လူတစ်ယောက်ကို တာဝန်ပေးပြီး သေချာစောင့်ရှောက်ခိုင်းထားလိုက်...ဒါတွေက ချမ်းဘော့ဒ်တိုင်းပြည်အနာဂတ်အတွက် ရတနာလေးတွေပဲ...ဟားဟားဟား....”

“မင်းဒီလိုလုပ်လို့မရဘူး...ဒါတွေက ချီရှူအီတိုင်းပြည်ရဲ့ပိုင်ဆိုင်မှုတွေ...မင်းသိမ်းချင်တိုင်း သိမ်းလို့မရဘူး...” ချီရှးအီဘုရင်မှာ သူ၏ မီးမှုတ်သားရဲများ တစ်ကောင်ပြီးတစ်ကောင် ခေါ်သွားခံရသည်ကိုကြည့်ရင်း အော်ဟစ်လိုက်သည်။

“ဖောင်း ဖျောင်း”

ပီးရာ့စ်မှာ ရယ်မောပြီး ချီရှူအီတိုင်းပြည်ဘုရင်၏ မျက်နှာကိုနှစ်ချက်ခန့်တီးလိုက်သည်။ ဤကြောက်မက်ဖွယ်ခွန်အားမှာ မျက်နှာအား သံတူဖြင့် ပိတ်ရိုက်ခံလိုက်ရသကဲ့သို့ပင်။ ဘုရင်၏ သွားများချက်ချင်းပင် ကျွတ်ထွက်ကုန်ပြီး မျက်နှာမှာဖူးယောင်လာ၏။

“ပါးစပ်ပိတ်ထားစမ်း....အကျဥ်းသားက အကျဥ်းသားလိုနေ...ဒီပစ္စည်းတွေက ဘုရင်အလတ်ဇန္ဒားရဲ့ စစ်နိုင်ပစ္စည်းတွေပဲ...ခင်ဗျားအပါဝင်ပေါ့...”

ပီးရာ့စ်သည် ဂုဏ်ပုဒ်မြင့် အကျဥ်းသားများကိုလည်း လေးစားမှုတစ်စက်မှ မပေးချေ။ တချို့ဘုရင်များမှာ ဤမြင်ကွင်းကိုမြင့်ရပြီ သတိလစ်မေ့မြောကုန်ကြ၏။ သတိရနေသေးသောဘုရင်များသည်လည်း အတွန့်မတက်ရဲတော့ချေ။ ဥပဒေပြုအရာများ သူတို့၏ပိုင်ဆိုင်မှုများကို တစ်ခုပြီးတစ်ခုသိမ်းယူသွားကြသည်ကို အသာထိုင်ကြည့်နေရုံသာ တက်နိုင်တော့သည်။

နေဝင်ချိန်မှာ သွေးကဲ့သို့ပင်နီရဲနေ၏။

အသားစားငှက်ကြီးများမှာ ကောင်းကင်တွင်ဝဲပျံနေကြသည့်။ သွေးနှံ့များရသဖြင့် ချမ်းဘော့ဒ်တောင်တန်းများပေါ်မှ အုပ်လိုက်ပျံသန်းလာကြခြင်းဖြစ်ပြီး သူတို့၏ စူးရှသောအော်သံများမှာ မှောင်မိုက်သော လေထုတစ်ခုကို ဖန်တီးလျှက်ရှိ၏။

“သူတို့ကို စာရွက်စာတမ်းတွေ လက်မှတ်ထိုးခိုင်းလိုက်ကွာ...အရင်က လျှော်ကြေးငွေကို နှစ်ဆတင်လိုက်...အချိန်ကိုတလပဲပေးတော့ ပိုက်ဆံမရှိရင် သူတို့ရဲ့တွင်းထွက်ပစ္စည်းတွေ ရိက္ခာတွေနဲ့ပေးချေရမယ်လို့ပြောလိုက်...မင်းသားတွေရဲ့စကားက သိပ်ပြီးအရာမရောက်ပေမယ့် အခုတော့ဘုရင်တွေကိုယ်တိုင်အဖမ်းခံရပြီဆိုတော့ သူတို့ရဲ့တိုင်းပြည်တွေ ဒီတစ်ခါတော့ လျှော်ကြေးပေးရတော့မယ်မလား....တကယ်လို့ တိုင်းပြည်တစ်ခုခုက တစ်လပြည့်လို့မှ မပေးသေးပဲ ငြင်းဆန်နေမယ်ဆိုရင် သူတို့ဘုရင်ရဲ့ ခေါင်းပြတ်ကိုကိုင်ပြီး ငါကိုယ်တိုင်လာတောင်းရလိမ့်မယ်လို့ပြောလိုက်....” အနိုင်ရရှိအပြီးတွင် ဖှေး၏ အသွင်ပြင်မှာ မာကြောသွားသည်။

မင်းသားများကို ဓားစာခံအဖြစ်ဖမ်းဆီး ထားစဥ်ကတည်းက ဤကဲ့သို့အ​ခြေအနေဖြစ်လာနိုင်မှန်း ဖှေးမျှော်လင့်ထားပြီးဖြစ်သည်။ မင်းသားများသည် ဘုရင်များမဟုတ်သည့်အတွက် သူတို့၏စကားများသည် သိပ်ပြီး အရေးပါမည်မဟုတ်သောကြောင့်ပင်။ ထို့ကြောင့် စစ်လျှော်ကြေးငွေကို အလွယ်တကူရရှိလိမ့်မည်မဟုတ်မှန်း သူကြိုတင်တွက်ဆထားပြီးဖြစ်သည်။ သို့သော် ဤမျှမြန်မြန် တိုင်းပြည်များပူးပေါင်းပြီး စစ်ချီလာလိမ့်မည်ဟု ဖှေးလုံးဝထင်မထားခဲ့ချေ။ မသင်္ကါစရာအကြောင်းတစ်ခုခုကို သူရိပ်မိနေ၏။

“ထောင်မှူးအိုလတ်ဂ်ကို ဒီဘုရင်တွေကို အသေချာလေးရိုက်စစ်ဖို့ မှာလိုက်....ငါသူတို့တွေဘာသတင်းတွေရခဲ့လဲ ဘယ်သူ့စီကရခဲ့လဲ ဘယ်လိုလုပ်တိုင်းပြည်ကိုးခု ပူးပေါင်းမိခဲ့ကြလဲဆိုတာကို အသေးစိတ်အတိအကျသိချင်တယ်...” ဖှေး အမဲရောင်ခွေးကြီး၏ ကြောပြင်ကိုပုတ်ပြီး နန်းတော်ထံသို့ ပြန်လာခဲ့သည်။

ယနေ့တိုက်ပွဲကို လွယ်ကူစွာပင် အနိုင်ရခဲ့သည်။

တကယ်တန်းဆိုလျှင် ချမ်းဘော့ဒ်၏ လက်ရှိအင်အားနှင့်ဆိုပါက တိုက်ပွဲအနိုင်ရရှိရန်အတွက် လှည့်ကွက်များများပြုလုပ်ရန် မလိုအပ်ချေ။ ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များထွက်ကာ ဒဲ့တိုးတိုက်ခိုင်ရုံမျှဖြင့်ပင် အနိူင်ယူနိုင်သည်ဖြစ်သည်။သို့သော်လည်း ဖှေးဤအခွင့်ရေးကိုအသုံးချ၍ သူ၏စစ်သည်များကို လေ့ကျင့်ပေးလိုသည်။ တိုက်ပွဲတစ်ပွဲ၏ လိုအပ်ချက်များဖြစ်သည့် ကြိုတင်စီစဥိခြင်း၊ နေရာချခြင်း၊ အမိန့်နာခံခြင်း စသည်တို့ကို သိရှိနားလည်လို၍ဖြစ်သည်။ စွမ်းအားမြင့်သော တပ်ဖွဲ့တစ်ခုသည် ခွန်အားသည်သာလိုအပ်သည်မဟုတ်ပဲ စိတ်ဓာတ်နှင့် အတွေ့ကြုံရှိဖို့ပါ လိုအပ်သည်ကို ဖှေးသိရှိသည်။ ဖှေးသည် ဟော့ခ်ဆေးပုလင်းနှင့် တခြားဒိုင်ယာဘလိုကမ္ဘာမှ ပစ္စည်းများကိုအသုံးပြုကာ သူ၏စစ်သည်များ၏ အစွမ်းကိုတိုးမြင့်ပေးနိုင်သောလည်း တိုက်ပွဲအတွေ့ကြုံရစေရန်အတွက်လုပ်ယူ၍မရပေ။

ထို့ကြောင့် ဖှေးဤစစ်ပွဲကို အချိန်ဆွဲကာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၁၀မိနစ်အတွင်းပွဲသိမ်းနိုင်သည့် တိုက်ပွဲကို ၂နာရီကြာတိုက်ခိုက်ခဲ့၏။

ဖှေး ဂိတ်တံခါးထံသို့သွားရင်း စစ်သည်များ၏ မျက်နှာများကို လိုက်ကြည့်လိုက်သည်။

ဖှေး၏ ယနေ့ကြိုးပမ်းမှုများမှာ အချည်းနီးမဖြစ်ချေ။ အဘယ်​ကြောင့်ဆိုသော် စစ်သည်များ၏ မျက်လုံးများထဲတွင် အနည်းငယ်ကြောက်လန့်ခြင်းအပြင် ခိုင်မြဲပြီး ရဲရင့်သော စိတ်ဓာတ်များကို မြင်တွေ့လိုက်ရသောကြောင့်ပင်။ သူတို့သည် ဤကဲ့သို့တိုက်ပွဲများနှင့် အသားကျစပြုလာကြပြီဖြစ်သည်။

ဤတိုက်ပွဲသည် အပြည့်ဝအောင်နိုင်ခြင်းပင်။

All Chapters