အခန်း (၁၇၄)
Vol. 12 Ch. 174
သုံ့ပန်းများကို အချုပ်ထဲသို့ ခေါ်ဆောင်သွားကြပြီး လက်နက်နှင့် ချပ်ဝတ်များကိုအမျိုးသမီး သူပုန်များစီးနှင်းခဲ့သည့် ရထားလုံးများပေါ်တွင် စနစ်တကျစီကာတင်လိုက်သည်။ ပျက်စီးနေသော ချပ်ဝတ်များနှင့် ကျိုးပဲ့နေသောလက်နက်များကိုပင် ချန်မထားခဲ့ပေ။ ချမ်းဘော့ဒ်မှာ ဥပဒေပြု အရာရှိများသည် ပစ္စည်းများ သိမ်းဆည်းရာတွင် လက်သံပြောင်လှ၏။ တိုင်းပြည်၏ အရှေ့လွင်ပြင်ထဲတွင် အခေါက်ပေါင်း၁၂ကြိမ်မျှပင် ရှာဖွေနေကြပြီး ငှက်မွေးတစ်ချောင်းကိုပင် ချန်မထားခဲ့ကြပေ။
ချမ်းဘော့ဒ်သည် ဤတိုက်ပွဲမှ ပစ္စည်းအမြောက်အမြားကိုရရှိခဲ့သည်။
လေးလံရှားပါးသော မြင်းစစ်သည်ချပ်ဝတ် အစုံ၅၀အပြင် ဒိုင်းကာပေါင်း၁၀၀ ကျော် လှံရှည်ပေါင်း၂၀၀ ကျော်၊ သံမဏိဓား ၃၀၀ ကျော်နှင့် အနုစိတ်သော ရှေ့သံချပ်အင်္ကျီ အစုံ၈၀ခန့်ကို ရရှိလိုက်သည်။ ဤပစ္စည်းများမှာ ချမ်းဘော့ဒ်ရှိစစ်သည်များကို လက်နက်အပြည့်စုံတပ်ဆင်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ ပျက်စီးနေသော ချပ်ဝတ်များနှင့် ဓားများကို သံတိုသံစများအဖြစ် သက်မှတ်မည်ဖြစ်သည်။ ထိုအရာများကိုအနောက်ဘက်တောင်တန်းထဲတွင်ရှိသော ပန်းပဲဆရာများထံသို့ ပို့မည်ဖြစ်၏။ ပြန်လည်ပြင်ဆင်၍သော်လည်းကောင်း အရည်ကြိုလိုက်၍သော်လည်းကောင်း ချပ်ဝတ်အသစ်များ၊ လက်နက်အသစ်များကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်လက်နက်ပစ္စည်းရှားပါးနေသည့် ပြသနာကို
သိသိသာသာ ပေါ့ပါးသွားစေမည်ဖြစ်သည်။
စစ်သည်များသည် အလွန်အလုပ်များနေဆဲပင်။ သို့သော် ခွေးအနက်ကြီးပေါ်မှ ဖှေးသည် ကလေးများနှင့်အတူ တိုင်းပြည်အတွင်းသို့ ပြန်ဝင်သွားပြီဖြစ်သည်။ ဖှေး သူတို့နှင့်ရယ်မောကာ စကားပြောနေသည့်အချိန်တွင် သူတို့အားလုံးစိတ်လှုပ်ရှားနေကြကြောင်းကို ထင်ရှားစွာမြင်နေရ၏။
တိုင်းပြည်၏ ဂိတ်တံကားအဝင်ဝသို့ရောက်သည့်အချိန်တွင် ချမ်းဘော့ဒ်မြို့သူမြို့သားများသည် မစောင့်နိုင်တော့ပဲ သူတို့အားကြိုဆိုရန်အတွက် တိုင်းပြည်အတွင်းမှ ပြေးထွက်လာကြသည်။ မိန်းမငယ်လေးများ၏ လက်ထဲတွင် ပန်းပွင့်များကိုင်ဆောင်ထားကြပြီး ဖှေးနှင့်စစ်သည်များ ဖြတ်လျှောက်သွားကြတော့မည့် လမ်းများပေါ်သို့ ကျဲချကြသည်။ “ဘုရင် အလတ်ဇန္ဒားကျန်းမာပါစေ”ဟူသော အော်သံများမှာ ကောင်းကင်ရံတွင် ဟိန်းနေ၏။ ကလေးများသည် ဖှေး၏ဘေးတွင်ရပ်ကာ သူတို့၏ ရင်ဘက်များကို ကော့ထားကြသည်။ ချမ်းဘော့ဒ်တိုင်းပြည်၏ အသိမှတ်ပြုဖွယ်အောင်နိုင်မှုတစ်ခုအား ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့်အတွက် ဂုဏ်ယူနေကြသည်။
အမဲရောင်ခွေးကြီး ဘလက်ကီမှာလဲ ထိုကလေးများကဲ့သို့ပင် ဂုဏ်ယူဝင့်ကြွားနေ၏။
ဤသားရဲကြီးမှာ အလွန်လိမ္မာပြီး လူတစ်သားတစ်ယောက်၏ အသိဉာဏ်ရှိပုံရသည်။ ချမ်းဘော့ဒ် တိုင်းပြည်မှ လူများနှင့်ဆိုပါက ရန်သူများရှေ့တွင်သကဲ့သို့ ကြမ်းတမ်းရက်စက်သည့်ပုံမပေါက်ပဲ အမဲရောင်ခွေးကြီးမှာ တည်ငြိမ်ပြီး ချစ်စရာကောင်းနေသည်။ ဤအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှလူများသည် ဤမဟားတရားကြီးမားသော ခွေးကြီးနှင့် အသားတကျဖြစ်နေပြီဖြစ်သည်။ ဘုရင်အလတ်ဇန္ဒားနှင့် အမြဲရှိနေတတ်ပြီး လိမ္မာသလို တိုက်ပွဲလဲဆာလောက်သောကြောင့် လူအများသည် သူ့အား နတ်ခွေးဟုပင် စတင်ခေါ်ဆိုခြင်းရှိလာကြ၏။
ဖှေး လူအုပ်ထဲတွင် သူ၏ ဇနီးလောင်းအန်ဂျယ်လာနှင့် ဆံပင်ရွှေရောင်နှင့်အန်မာတို့ကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်လုံးသည် သူတော်စဥ်အာကာရာနှင့်အတူ ဆေးပင်များအကြောင်းသင်ယူရန်အတွက် အနောက်ဘက်တောင်တန်းများပေါ်သို့ လိုက်ပါခဲ့သူများဖြစ်သည်။ လမ်းတစ်ဝက်တွင် အယ်လီနာ၏ ခန္ဓာကိုယ်သည် ဆိုးဝါးသည့်အခြေအနေတစ်ခုနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဖှေးမှာအချိန်မှီရောက်ရှိလာခဲ့သဖြင့် သူတ်ို့နန်းတော်သို့ အမြန်ပြန်ရောက်ရှိရန်အတွက်မလိုခဲ့ချေ။ သူတို့ ချမ်းဘော့ဒ်သင်တန်းကျောင်းမှ ကလေးမလေးများတချို့နှင့်အတူ ဆေးပင်များအကြောင်းကို အာကာရာထံမှအချိန်အနည်းငယ်ပို၍ လေ့လာခဲ့သည်။ အာကာရာ ဒိုင်ယာဘလိုကမ္ဘာသို့ ပြန်သွားသည့်အချိန်တွင် သူတို့အားလုံးတောင်အောက်သို့ဆင်းကာ နန်းတော်သို့ပြန်လာခဲ့ကြသည်။ နန်းတော်သို့ပြန်ရောက်သောအခါ ချမ်းဘော့ဒ်တိုင်းပြည်သည်ထက်မံတိုက်ခိုက်ခံနေရကြောင်းကြားရသည့်အတွက် ခံတပ်နံရံပေါ်သို့ အမြန်ပြေးတက်ပြီးကြည့်သည့်အခါတွင် တိုက်ပွဲသည် အောင်မြင်စွာပြီးဆုံးပြီးဖြစ်နေသည်က်ု မြင်တွေ့လိုက်ရသည့်အတွက် စိတ်အေးသွားခဲ့၏။
ဖှေး ရယ်မောကာ အမဲရောင်ခွေးကြီး၏ ကြောပေါ်မှခုန်ဆင်းလိုက်သည်။ ထို့နောက်တွင် လူအများရှိနေသည်ကို ဂရုမစိုက်ပဲ အန်ဂျယ်လာကိုမချီ၍ အမဲရောင်ခွေးကြီးပေါ်သို့ တင်ပေးလိုက်သည်။ လှပသော နေဝင်ချိန်အောက်တွင် ရှက်သွေးဖြာနေခဲ့သော အန်ဂျယ်လာမှာ နတ်သမီးလေးတစ်ပါးကဲ့သို့ပင်။ မြို့သူမြို့သားများ၏ အော်ဟစ်အားပေးသံများနှင့် ရင်းနီးစွာစနောက်သံများအောက်တွင် ဖှေးသည် အန်ဂျယ်လာနှင်လ အန်မာတို့၏ လက်ကို တစ်ဖက်စီကိုင်ဆွဲကာ နန်းတော်ထံသို့ ဖြေးဖြေးချင်းပြန်လာခဲ့၏။ နေရောင်ခြည်မှာ သူတို့၏ အနောက်တွင် ရှည်လျားသော အရိပ်များကို ဖန်တီးထားသည်။ ငြိမ်းချမ်းသည့် မြင်ကွင်းပင်။
ချမ်းဘော့ဒ်သင်တန်းကျောင်းရှေ့သို့ ရောက်သည့်အချ်န်တွင် ဖှေးသူနှင့်လိုက်ပါလာသည့် ကလေးများကို ပြန်လွှတ်လိုက်သည်။ ပြန်မလွှတ်မှီ အိမ်စာများကိုလဲ ပေးလိုက်သေး၏။ ယနေ့တိုက်ပွဲနှင့် ပတ်သက်သည့် သူတို့၏ အတွေးနှင့် အမြင်များကိုရေးကာ ပြန်လည်တင်ပြရန်ဖြစ်သည်။ ဖှေး ဤကလေးများ ကြီးပြင်းလာသည့်အချိန်တွင် ခေါင်းဆောင်များဖြစ်လာရန်အတွက် မျှော်လင့်နေ၏။ ချမ်းဘော့ဒ်တွင် လက်ရှိအလိုအပ်ဆုံးမှာ အရည်ချင်းရှိသည့် လူမျးပင်ဖြစ်သည်။
ရယ်သံများနှင့်အတူ နောက်ဆုံးတွင် သူတို့အားလုံး ဘုရင့်နန်းတော်သို့ ပြန်လည်ရောက်ရှိလာကြသည်။ ဖှေး ယနေ့တိုက်ပွဲနှင့် ပတ်သက်သည်များကို သားရေချပ်တစ်ခုပေါ်တွင် ချရေးနေ၏။ ဤသည်မှာ သူအချိန်အတော်ကြာရရှိခဲ့သည့် အကျင့်တစ်ခုဖြစ်သည်။ သူတနေ့တာအတွင်း တွေ့ကြုံခဲ့သည်များ ဆောင်ရွက်ခဲ့သည်များ တွေးမိသည်များကို ချရေးကာ မှတ်သားထားရမည်ဖြစ်သည်။ ဤသည်မှာလည်း သူ ပို၍သန်မာလာစေရန်အတွက် နည်းလမ်းတစ်ခုလည်းဖြစ်သည်။ သူ၏ ရည်မှန်းချက်များ ပြည့်ဝရန်မှာ ဒိုင်ယာဘလိုကမ္ဘာတစ်ခုထဲကိုသာ သုံးနေ၍မဖြစ်ပေ။ တခြားနည်းလမ်းများကိုလည်း အသုံးပြုရမည်ဖြစ်သည်။
နေဝင်သွားပြီး ကြာမြင့်သည့်အချိန်တွင် ညစာစားပွဲကို စတင်၏။
ညစာမှာ အလွန်ခမ်းနားသည်။ ဉာဏ်ကောင်းပြီး ဂရုစိုက်တတ်သော အန်ဂျယ်လာမှာ အသေးစိတ်လေ့လာခဲ့သည့်အတွက် ဖှေးသည် ဘုရင့်နန်းတော်မှ အစားသောက်များကို မကြိုက်မှန်း ရိပ်မိခဲ့သည်။ သူမသည် ဖှေးကြိုက်တတ်သောအရာများနှင့် မကြိုက်တတ်သောအရာများကိုပါ သိရှိနေပြီဖြစ်သည်။ ထို့အပြင်ဖှေးသည် မြေကမ္ဘာမှ အစားသောက်တချို့ပြုလုပ်ပုံကို အန်ဂျယ်လာနှင့် အန်မာတို့ကိုအမှတ်မထင် ပြောပြခဲ့ဖူးသည်။ ထိုအချိန်မှစ၍ ဖှေးစားရန်အတွက် အစားအသောက်ချက်ပြုတ်ခြင်းတာဝန်ကို အန်ဂျယ်လာနှင့် အန်မာတို့ကသာ တာဝန်ယူခဲ့သည်။ဖှေးသည်လည်း ထိုအစားသောက်များကို အမှန်တကယ်ပင် နှစ်သက်သည်။
“အလတ်ဇန္ဒား အယ်လီနာရော အဆင်ပြေရဲ့လား...” အန်ဂျယ်လာမှာ ညစာစားနေရင်းဖြင့် ရုတ်တရက်မေးလိုက်၏။
“......”
ဖှေး ကျောက်တုံးခန်းမအတွင်းတွင် အယ်လီနာနှင့် ဖြစ်ခဲ့သည့်အရာများကိုးပြန်တွေးမိပြီး အနည်းငယ်ပျာယာခက်သွား၏။ အမျိုးသမီးများ၏ ကြောက်မက်ဖွယ် အာရုံခံစိတ်ကြောင်လ အန်ဂျယ်လာသည် တစ်စုံတစ်ခုကို ရိပ်မိသွားပြီဟု သူထင်လိုက်မိသည်။ သို့သော် အယ်ဂျယ်လာ၏ မျက်နှာပေါ်မှ အပြစ်ကင်းကာ အမှန်တကယ်စိုးရိမ်နေသည့် မျက်နှာအမူယာကို တွေ့ရသောအခါတွင် ဖှေး သူအတွေးလွန်နေမှန်း သိလိုက်ရ၏။ သူ့ကိုယ်သူအနည်းငယ် အရှက်ရမိလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့....အယ်လီနာက သူ့ရဲ့မှော်စွမ်းအားတွေကိုလေ့ကျင့်နေတုန်းပြသနာတစ်ခုနဲ့ကြုံသွားရုံပါ...အဲ့တာကြောင့် မှော်စွမ်းအားတွေက ပြန်ကန်ပြီး သူ့ခန္ဓာကိုယ်ကို နည်းနည်းလောက်ထိခိုက်သွားတာ....ငါတို့တွေမြန်မြန်သိလိုက်လို့တော်သေးတယ်...နည်းနည်းလောက် အနားယူပြီးရင်တော့ ပြန်ကောင်းလာမှာပါ....”
အန်ဂျယ်လာ သူမ၏ မျက်နှာပေါ်တွင် ကျနေသာ ဆံပင်များကို ပြုပြင်လိုက်ရင်း သူမ၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုများဖြင့်ပြည့်နှက်သွားသည်။ သူမ၏ ရင်ဘက်ကို ငြင်သာစွာထိရင်း ပြောလိုက်သည်။ “ဘုရားရေ တော်သေးတာပေါ့ အယ်လီနာသွေးတွေအများကြီးထွက်နေတာမြင်သော ငါတော်တော် လန့်သွားတာ... ငါတို့အကုန်လုံး သူ့အတွက် စိုးရိမ်နေခဲ့ကြတာလေ....”
ဖှေးအစားစာများ ပလုပ်ပလောင်းစားရင်းပြုံးလိုက်သည်။
သူတစ်ချိန်ချိန်တွင် သူနှင့် အယ်လီနာတို့အကြားတွင် ဖြစ်ခဲ့သည်များကို အန်ဂျယ်လာအား ပြောမည်ဖြစ်သည်။ အန်ဂျယ်လာထံမှ ဖုံးကွယ်ထားရန် ဖှေးလုံးဝမစီစဥ်ထားပေ။ အယ်လီနာနှင့် အန်ဂျယ်လာတ်ု့အပေါ် မတရားမည်ဖြစ်သောကြောင့်ပင်။
ဖှေးအန်ဂျယ်လာကို သဘောကျသည်မှာ အမှန်ပင်ဖြစ်သည်။ သူမ၏ အပြစ်ကင်းစင်မှုနှင့် ကြင်နာမှုတို့ကို သဘောကျသည်။ သို့သော် သူအယ်လီနာကိုလည်း မသိမသာဖြင့် သဘောကျလာမိခဲ့၏။ နတ်သမီးကဲ့သို့ အမျိုးသမီးနှစ်ယောက်နှင့် အချိန်များအတူဖြတ်ကျော်ပြီးချိန်တွင် သူမတို့ကိုဖှေး မနှစ်သက်ပဲ မနေနိုင်ခဲ့ချေ။ အန်ဂျယ်လာသည် သူ၏ ဇနီးလောင်းဖြစ်သဖြင့် အန်ဂျယ်လာနှင့်သာ ဘဝအဆုံးထိအတူရှိနေမည်ဟု သူတွေးထားခဲ့သည်။ အယ်လီနာနှင့်လည်း ဤကဲ့သို့ဆက်ဆံရေးမျိုး ဖြစ်လာလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့ပေ။ ဒိုင်ယာဘလိုကမ္ဘာမှ လျို့ဝှက်ထူးဆန်းသည့် ဖှေးကြားနေကြအသံသည့် ဤကဲ့သို့ဖြစ်အောင် သေချာစီစဥ်ခဲ့သည်ဟုပင် ထင်ရသည်။