← Chapters

အခန်း (၁၇၅)

Vol. 12 Ch. 175

အခန်း (၁၇၅)

Vol. 12 Ch. 175

ယနေ့သည် အချိန်ကောင်းမဟုတ်သေးပေ။ ထို့ကြောင့်ဖှေး အန်ဂျယ်လာအား ခနတာမပြောသေးပဲထားရန် ဆုံးဖြတ်လိုက်သည်။

ညစာစားအပြီးတွင် ဖှေးသိပ်ပြီး ပင်ပန်းခြင်းမရှိသေးပေ။ သူတစ်စုံတစ်ခုကို စဥ်းစားမိပြီး အန်ဂျယ်လာနှင့်အတူ တော်ဝင်မြင်ဇောင်းသို့ ထွက်လာခဲ့၏။

စစ်မြင်းများနှင့် သိမ်းဆည်းရမိသော မီးမှုတ်သားရဲအကောင်၆၀ ကျော်ကို ဤမြင်းဇောင်းတွင်သိမ်းဆည်းထားခြင်းဖြစ်သည်။ ယခင်က တိတ်ဆိတ်နေလေ့ရှိသော ဤမြင်ဇောင်းမှာ ယခုအချိန်တွင် ဆူညံသံများဖြင့် ပြည့်နှက်နေ၏။ ဘုရင့်နန်းတော်တွင် အစေခံများ များများစားစားမရှိချေ။ ထို့ကြောင့် ဖှေး အန်ဂျယ်လာနှင့်အတူ ဤ​ကြောက်လန့်နေကြသည့် တိရိစ္ဆာန်များကိုချော့မြူရန်အတွက် လာခဲ့ကြခြင်းဖြစ်သည်။

“ဂရုစိုက်ဦး သူတို့က ပတ်ဝန်းကျင်အသစ်နဲ့ အသားမကျသေးဘူး...အခုချိန်ကရန်လိုနေတော့ နင့်ကို ရန်ပြုလာနိုင်တယ်....”

ဖှေး အန်ဂျယ်လာကို ဂရုတစိုက်သတိပေးလိုက်ပြီး အစေခံတစ်ချို့ကို အန်ဂျယ်လာအား လိုရမယ်ရ စောင့်ရှောက်ရန် မှာကြားလိုက်သည်။

သူ သူတော်စဥ်သားရဲဖြစ်သည့် ယူနီကွန်း၏ မျိုးနွယ်များကို သေချာစွာလေ့လာကြည့်ရှုလိုက်သည်။

မီးမှုတ်သားရဲများ၏ အပြင်ပန်းအသွင်ပြင်မှာ သာမန်မြင်းများကဲ့သို့ပင် သို့သော် ပို၍သန်မာပြီး ကြီးထွားသည်။ သူတို့၏ အရေပြားပေါ်တွင် မာကြောသော ကြေးခွံများရှိပြီး ထိုကြေးခွံများသည် ခွာများနှင့် နီးစပ်သောနေရာတွင် ပို၍ထူထဲသည်။ ဤသားရဲများ စိတ်ဆိုးဒေါသဖြစ်နေသည့်အချိန်တွင် သူတို့၏ မျက်လုံးများသည်အနီရောင်သို့ ပြောင်းလဲသွားကြမည်ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်မှာလှပကျော့ရှင်းသည် သို့ရာတွင် ချွန်ထက်သော သွားအစွယ်များကိုပိုင်ဆိုင်ထားပြီး အလွန်ရန်လ်ိုတတ်သည်။ သူတို့သည် သာမန်မြင်းများထက် လေးစခန့် လေးလံသော ဝန်များကို သယ်ဆောင်နိုင်စွမ်းရှိသည်။ သူတို့အား အဆင့်၄နတ်ဆိုးသားရဲများ အဖြစ်သတ်မှတ်ထားပြီး လေးလံသော သံမဏိချပ်ဝတ်မြင်းတပ်များအတွက် အသင့်လျော်ဆုံး သားရဲများဖြစ်ကြသည်။

သို့သော် ဤသားရဲများမှာ အရိုင်းဆန်ပြီး ရှားပါးသည်။ ဖမ်းဆီးရန်နှင့် လေကျင့်ပေးရန်မှာလဲ ခက်ခဲလှ၏။ သူတို့သည် အလွန်ရန်လိုကာ ဖမ်းဆီးခံရပြီးအချိန်တွင် မည်သည့်အစားသောက်မှ မစားတော့ပဲ မိမိကိုယ်မိမိသတ်သေတတ်ကြသည်။ ချီရှူအီတိုင်းပြည်မှာ မီးမှုတ်သားရဲများအား သားပေါက်ဘဝကတည်းက ရလိုက်သည်မှာ အလွန်ကံကောင်းလှ၏။ မျိုးဆက်အဆင့်ဆင့် လေ့ကျင့်သားဖောက်အပြီးတွင် ဤ မီးမှုတ်သားရဲများမှာ နောက်ဆုံးရလဒ်ပင်။ ဤသားရဲများသည်လည်း တောထဲမှ မီးမှုတ်သားရဲများကဲ့သို့ မြန်ဆန်မှုနှုန်းနှင့် ခွန်အားတို့ကိုပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း ငယ်စဥ်ကတည်းက မွေးမြူထားသည့်အတွက်ကြောင့် သိပ်အရိုင်းမဆန်လှပဲ မြင်းစစ်သည်များမှ စီးနင်းနိုင်ကြခြင်းဖြစ်သည်။

ပထမပိုင်းတွင် ဖှေးသူတို့၏ အနီးသို့ကပ်သွားသည့်အချိန်တွင် အကန်ခံ အကိုက်ခံရခဲ့သည်။

ဖှေး စဥ်းစားကြည့်လိုက်ပြီး အကြံတစ်ခုရရှိသွား၏။ သူ ဒရူးဇာတ်ကောင်အဖြစ်သို့ ချက်ချင်းပြောင်းလဲလိုက်သည်။

ဤအချိန်တွင် သူ၏ ဒရူးဇာတ်ကောင်မှာ လယ်ဗယ်၂၁သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ အစွမ်းများသည်လည်း စတင်မှုအဆင့်တွင်သာ မဟုတ်တော့ပေ။ ဤဇာတ်ကောင်နှင့် ပတ်သက်၍သူ၏ နားလည်မှုမှာ ပို၍နက်ရှိုင်းလာခဲ့ပြီဖြစ်သည်။ သူ ဒရူးဇာတ်ကောင်အဖြစ်သို့ ပြောင်းလျှင် ပြောင်းလိုက်ခြင်းတွင် ထိုမီးမှုတ်သားရဲများထံမှ ကြောက်ရွံခြင်း၊ စိုးရိမ်နေခြင်းနှင့် ရန်လိုနေခြင်း စသည့်ခံစားချက်များကို ခံစားလိုက်ရ၏။ ဤမီးမှုတ်သားရဲများမှာ အကူညီကင်းမဲ့သော ကလေးငယ်များကဲ့သို့ပင် တိတ်ဆိတ်စွာ ငိုကြွေးနေကြသည်။

ဖှေး သူ၏ ဝိဉာဉ်စွမ်းအားကို သူတ်ို့ထံသို့ ချည်းကပ်နိုင်ရန်အတွက် ဖြေးငြင်းစွာအသုံးပြုလိုက်သည်။ အတက်နိုင်ဆုံး တည်ငြိမ်ပြီး ရင်းနှီးသည့်ပုံပေါက်ရန်အတွက် ကြိုးစားထား၏။ ထို့နောက်တွင် သူမီးမှုတ်သားရဲများထံသို့ ဖြေးညင်းစွာဖြင့် တစ်လှမ်းပြီးတစ်လှမ်း ချည်းကပ်သွားတော့သည်။

“အရှင်မင်းကြီး ဒီကောင်တွေက အတော်ရန်လိုတယ်....သူတို့နားကို သိပ်ပြီးမကပ်တာကောင်း....”

ဖှေး၏ ဘေးတွင်ရှိသော အစေခံတစ်ချို့မှာ ဘေးအား သတိပေးရန်ကြိုးစားလိုက်သည်။ သို့သော် သူတို့၏စကားပင် မဆုံးလိုက်ပဲ အံဩသွားရ၏။ အလွန်ကြောက်လန့်ကာ ရန်လိုနေခဲ့သော မီးမှုတ်သားရဲများမှာ မည်ကဲ့သို့မှ မတုန့်ပြန်ချေ။ တချို့အကောင်များဆိုလျှင် ဘုရင်၏ အနားသို့ပင် တ်ိုးကပ်လာကြပြီး သူတို့၏ ခေါင်းများထိုးကာပွတ်သပ်နေကြ၏။ ဤအစေခံများသည် သူတို့၏ မျက်လုံးများကိုသူတို့ ပွတ်သပ်လိုက်ကြသည်။ သူတို့မြင်တွေ့နေရသည့် အရာများကို မယုံကြည်နိုင်ကြချေ။ “ဒါတော်တော်မှော်ဆန်တာပဲ....” သူတို့အားလုံးတွေးလိုက်မိကြသည်။ သူတ်ို့ နည်းလမ်းအမျိုးမျိုး အသုံးပြုကြည့်ခဲ့ကြသော်လည်း လုံးဝမချည်းကပ်နိုင်ခဲ့ကြချေ။ တယောက်ဆိုလျှင် မျက်နှာကိုပင် တည့်တည့်ကန်ခံလိုက်ရ၏။

ဘုရင်မင်းမြတ်မှာ နတ်ဘုရားကဲ့သို့ပင်။

ဘုရင်၏ အစွမ်းများကို မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း သို့သော် သူတ်ို့ ယခုအကြိမ်တွင်လည်း ထိတ်လန့်အံ့သြမိသည်။

ရန်လိုနေခဲ့ကြသည့် သားရဲများမှာ ဘုရင်ရောက်လာသည့်အချိန်တွင် လမ်းပျောက်နေသော ကလေးများ သူတို့၏ မိဘနှင့် ပြန်တွေ့သကဲ့သို့ ပြုမူနေကြ၏။ သူ၏ လယ်ဗယ်၂၁ ဒရူးအစွမ်းများသည် မီးမှုတ်သားရဲများ သူ့အားလွယ်ကူစံာလက်ခံလာစေရန်အတွက် လုပ်ဆောင်ပေးခဲ့သည်။ ဤသားရဲများမှာ ဉာဏ်ရည်သိပ်ပြီး မြင့်မားခြင်းမရှိပေ။ သူတို့၏ အသိစိတ်မှာ မွေးကင်းစကလေးများကဲ့သို့ပင်။ သူတို့သည် အမဲရောင်ခွေးကြီးကဲ့သို့ မဟုတ်ပေ။ ထို့ကြောင့် သူတို့၏ ယုံကြည်မှုကို ရရှိရန်မှလွယ်ကူ၏။ ဖှေး သူ၏ ထားသိုရာအကန့်အတွင်းမှ သွေးပုလင်းများထုတ်ယူကာဒဏ်ရာအပြင်းထန်ရရှိနေသော မီးမှုတ်သားရဲများကို စတင်ကုသတော့သည်။ တစ်ချို့မှာ ခြေထောက်ရိုးများကျိုးနေကြသည်။ တချို့မှာ ပြင်းထန်စွာဝင်တိုက်မိသော အရှိန်ကြောင့် လည်ပင်ရိုးများကျိုးကာ သေလုမြောပါးဖြစ်နေကြ၏။ သူတို့အားလုံးဖှေးအား ဝမ်းနည်းကာ တောင်းဆိုနေသည့် အမူအယာဖြင့် စိုက်ကြည့်နေကြ၏။

သွေးပုလင်း ငါးလုံးခန့် အသုံးပြုပြီးသည့်နောက်တွင် ဒဏ်ရာရနေကြသော သားရဲကောင်များအားလုံးမှာ ပြန်ကောင်းလာကြပြီဖြစ်သည်။

ဖှေး၏ ဇာတ်ကောင်၇ခုလုံးသည် ဒိုင်ယာဘလိုကမ္ဘာရှိ အခန်း၁ကို အောင်နိုင်သွားသည်မှာ ကံကောင်းလှသည်။ ပစ္စည်းများ ရွေ့ပြောင်းသည့် ကုန်ကျစရိတ်မှာ သိသိသာသာပင် လျှော့နည်းသွားပြီဖြစ်သညိ။ ထို့အပြင် ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာနှင့် အပြင်ကမ္ဘာချိတ်ဆက်ကာ ကျောက်မြတ်ရတနာများလည်း ရောင်းချနေသည့်အတွက် ပိုက်ဆံမှာ ပူစရာသိပ်မလိုအပ်ချေ။

မီးမှုတ်သားရဲများအားလုံးကို ကုသပြီးသည့်နောက်တွင် ဖှေးခနတွေးလိုက်ပြီး မီးမှုတ်သားရဒများသောက်သုံးသည့် ရေခွက်ထဲအား ဟော့ခ်ဆေးပုလင်း အနည်းငယ်ရောထည့်လိုက်သည်။ ထို့နောက်တွင် အစေခံများအား သတိထားရန်အချက်အနည်းငယ်တ်ို့ကို မှာကြားကာ ဤမီးမှုတ်သားရဲများထံမှ ထွက်လာခဲ့တော့သည်။

ဖှေး မြင်းဇောင်းအလည်နေရာမှ ထွက်လာသည့်အချိန်တွင် မီးမှုတ်သားရဲများမှာ တည်ငြိမ်သွားပြီဖြစ်သည်။ သူထိုသားရဲများကို ထိကိုင်ကာ သက်သာအောင်ပြုမူပြီး အစေခံများကိုလည်း နည်လမ်းတချို့ပြောပြခဲ့သည့်အတွက် အစေခံများသည်လည်း ထိုသားရဲများအနားသို့ ကပ်ပြီး စောင့်ရှောက်ပေးနိုင်ပြီဖြစ်သည်။ ထိုအကောင်များသည် ဖှေးထွက်သွားသည်ကို တွေ့သောအခါ ဖှေးနှင့် မခွဲနိုင်သည့်ဟန်ကိုပြသကြသည်။ အလုပ်ရှုပ်သော မိဘများက အိမ်တွင်ထားခဲ့ကြသော ကလေးများကဲ့သို့ပင်။

ဤမှော်ဆန်သည့် မြင်ကွင်းသည် အစေခံများကို ထက်မံ၍ အံ့သြသွားစေပြန်သည်။

ဖှေး ဤသားရဲများကို ဘလက်ကီကဲ့သို့ ဟော့ခ်ဆေးပုလင်း အသုံးပြုကာ လေ့ကျင့်ပေးရန်တွေးနေ၏။ သူစိတ်ကူးယဥ်နေရင်းဖြင့် တစ်ဖက်သို့ကြည့်လိုက်မိသည်။ သူမြင်လိုက်ရသည့် မြင်ကွင်းသည် သူ့အား အံ့သြသွားစေသည်။ အပြာနုရောင် ဂါဝန်ရှည်နှင့် အန်ဂျယ်လာမှာ စစ်မြင်းများ၏အရှေ့တွင် တောက်ပစွာပြုံး၍ ရပ်နေသည်ကို တွေ့လိုက်ရ၏။ စိုးရိမ်ထိတ်လန့်နေကြသော စစ်မြင်းများမှာ တနည်းနည်းဖြင့် တည်ငြိမ်သွားပြီဖြစ်ပြီး အန်ဂျယ်လာ၏အနားတဝိုက်တွင် သူမအား စောင့်ရှောက့်မည့် ကိုယ်ရံတော်များကဲ့သို့ ဒူးထောက်နေကြ၏။ ဤမြင်ကွင်းသည် ကဗျာစရာများ ရေးဖွဲ့သည့် ယူနီကွန်းနတ်မြင်းများ ရှင်သန်ခြင်းနတ်ဘုရားမ၏ရှေ့တွင် ဒူးထောက်နေသကဲ့သို့ပင်။ ဤမြင်ကွင်းသည် နတ်သမီးပုံပြင်များကဲ့သို့ပင်။

All Chapters