← Chapters

အခန်း (၁၇၆)

Vol. 12 Ch. 176

အခန်း (၁၇၆)

Vol. 12 Ch. 176

ဖှေး သူ၏ မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သည်။ သို့သော် သူအိမ်မက်မက်နေခြင်းမဟုတ်ပေ။

ဤသည်မှာအလွန်းထူးဆန်းလှသည်။ ဖှေး စိုးရိမ်ထိတ်လန့်နေကြသော မီးမှူတ်သားရဲများကို စိတ်အေးလက်အေးဖြစ်စေရန်အတွက် ထိန်းချုပ်နိုင်ခဲ့ခြင်းမှာ သူ၏ ဒရူးဇာတ်ကောင်၏ စွမ်းအားများကို အသုံးပြုခဲ့သောကြောင့်ဖြစ်သည်။ သို့သော် အန်ဂျယ်လာမှ စစ်မြင်းများအား အချိန်တိုအတွင်း မည်ကဲ့သို့ ထိန်းနိုင်ခဲ့သနည်း။ “အန်ဂျယ်လာကလဲ ဒရူးတစ်ယောက်ပဲလား...ဒါပေမယ့်...အေဇာရုတိုက်မှာက အဲ့လိုအစွမ်းမျိုးရော ရှိရဲ့လား.....” ဖှေးတွေးလိုက်မိသည်။ အန်ဂျယ်လာအား ကာကွယ်စောင့်ရှောက်မည်ဖြစ်သော အစေခံများလည်း အံ့သြနေကြ၏။

........

“အလတ်ဇန္ဒား ဘာလို့လဲတော့မသိဘူး ငါသူတို့ရဲ့ စိတ်ခံစားချက်တွေကို အာရုံခံမိနေတယ်...ငါဘာမမလုပ်ခဲပဘူးရယ် သူတို့ကိုနှစ်သိမ့်ပေးဖို့လုပ်နေတုန်း...ဒီမြင်းတွေက ဒူးထောက်နေကြတယ်....သူတို့က အတော်ယဥ်ပြီး ချစ်စရာကောင်းတာပဲ....”

အပြန်လမ်းတွင် အန်ဂျယ်လာဖှေး၏ မေးခွန်းကို ပြန်လည်ဖြေကြားလိုက်သည်။ သို့သော် ဤအချက်မှာ ဖှေးအား ပို၍ပင်စိတ်ဝင်စားစေသည်။ ဖှေးသည် အန်ဂျယ်လာ တိရိစ္ဆာန်ချစ်တတ်သည်ကို သိရှိပြီးဖြစ်သည်။ ဟော့ခ်ဆေးပုလင်း မတိုက်ရသေးစဥ်က အမဲရောင်ခွေးကြီးသည်လည်း အလွန်ကြမ်းကြုတ်ရန်လိုကာ လူများကို အနားသို့ လုံးဝအကပ်မခံပေ။ သို့သော် အန်ဂျယ်လာမှာ ထိုစဥ်ကတည်းက အမဲရောင်ခွေးကြီးကို သူမ၏ အနားတွင် ယဥ်ပါးအောင်ထားနိုင်ပြီး သူမအလိုရှိသည်များကို အမိန့်ပေးနိုင်သည်။ ထိုကဲ့သို့ ဖြစ်ရပ်များစွာရှိခဲ့သော်လည်း ဖှေးမှာ သတိထားမိခဲ့ခြင်းမရှိပေ။

သို့သော် ယနေ့ဖြစ်ခဲ့သော အရာမှာ အလွန်ထူးဆန်းသည်။ ချစ်ခြင်းမေတ္တာဟူသော စကားလုံးတစ်ခုထဲဖြင့် ဖော်ပြနိုင်မည်မဟုတ်ပေ။ ဤစစ်မြင်းများမှာ အလွန်ခေါင်းမာကြသည်။ ပတ်ဝန်းကျင်အသစ်သို့ ရောက်ခါစဖြစ်သောကြောင့် ကျွမ်းကျင်မြင်ထိန်းများဖြင့် အနားမကပ်န်ိုင်ခဲ့ကြချေ။ ဥပဒေပြုအရာရှိများသည် လူအင်အားများများဖြင့် ခွန်အားများများအသုံးပြု၍ ၄င်းတို့အား မြင်းဇောင်းထဲသို့ မရမကခေါ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။ “မြင်းထိန်းခြင်းအတွေ့ကြုံလုံးဝမရှိတဲ့အန်ဂျယ်လာက ဘာလို့ဒါမျိုးလုပ်နိုင်တာပါလိမ့်...ဒါက တော်တော်စိတ်ဝင်စားစရာကောင်းတာပဲ တိရစ္ဆာန်တွေကရော ရုပ်ဆ်ိုးတာ ရုပ်ချောတာ ခွာခြားတတ်ကြတာလား....အန်ဂျယ်လာက ချစ်စရာလေးမို့လို့များ နာကျင်အောင်မလုပ်ချင်ကြတာလားမသိ...ဒါကလဲ မဖြစ်နိုင်ပါဘူးလေ...”

ဖှေး ဤကဲ့သို့ တွေးလိုက်မိသောအခါတွင် သူ၏ခေါင်းကိုလျှင်မြန်စွာ ခါရမ်းလိုက်သည်။ ဤကဲ့သို့ရယ်စရာကောင်းသော အကြောင်းပြချက်မှာ လုံးဝဖြစ်နိုင်ဖွယ်မရှိချေ။

ဤလျို့ဝှက်ချက်၏ အခြေကို သိရရန်မှာ အချိန်လိုဦးမည့်ပုံရ၏။

ဘုရင့်နန်းတော်သို့ ပြန်ရောက်သည့်အချိန်တွင် အန်ဂျယ်လာနှင့် အန်မာတို့မှာ ပင်ပန်းနေကြပြီဖြစ်သဖြင့် အိပ်စက်အနားယူရန်အတွက် သူမတို့၏ အခန်းသို့ပြန်သွားကြ၏။

ဖှေးသည် ပင်ပန်းခြင်းမရှိသေးပေ။ သူ၏ အခန်းအတွင်းသို့သွားကာ သူသိမ်းဆည်းထားသည့် အတွင်းအားကျင့်စဥ်စာလိပ်များကို ဖတ်ရှုလေ့လာ၍ လက်တွေ့စမ်းသပ်မှု တချို့ကိုလုပ်ဆောင်ကြည့်နေ၏။ သို့နောက်တွင် လုပ်ကြံသတ်ဖြတ်သူ ဇာတ်ကောင်အဖြစ်သို့ပြောင်းကာ သူ၏ သီအိုရီအတိုင်း ကျင့်စဥ်စာလိပ်အသစ်များ ဖန်တီး၍ရမရ စမ်းသပ်ကြည့်တော့၏။

ကြယ်နှစ်လုံးအဆင့် အတွင်းအားကျင့်စဥ်စာလိပ်တွင် ပါရှိသည့် လူ့ခန္ဓာကိုယ်အတွင်းမှ အတွင်းအားစီးကြောင်းများကို သေချာစွာ မှတ်သားအပြီးတွင် ဖှေး လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက်တွင် သူ၏ မျက်လုံးများကို ပိတ်ကာ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏ ခန္ဓာကိုယ်အတွင်းတွင်ရှိသော အတွင်းအားစီးကြောင်းများကို အသေချာအာရုံခံကြည့်ကြ၏။ သူ၏ ခန္ဓာကိုယ်အတွင်းတွင် အတွင်းအားများ မည်ကဲ့သို့ စီးဆင်း​နေသည်ကို ခံစားပြီးနောက်တွင် မင်တံတစ်ခုကို ယူလိုက်ပြီး အရှေ့တွင်ရှိသော လယ်သာချပ်ပေါ်တွင် ရေးဆွဲတော့သည်။ သူသည် ထိုအရာအား ကြယ်နှစ်လုံးအဆင့် ကျင့်စဥ်စာလိပ်တွင်ဖော်ပြထားသည့် အတွင်းအားစီးကြောင်းများနှင့် ပေါင်းစပ်ကြည့်လိုက်သည်။

ထို့နောက်တွင် ဖှေးစီးကြောင်းအသစ်၇ခုကို ထပ်ဖြည့်လိုက်သည်။ ပြန်လည်စစ်ဆေးပြီးနောက်တွင် ဤ ကြယ်နှစ်လုံးအဆင့် အတွင်းအားကျင့်စဥ်စာလိပ်တွင် အတွင်းအားစီးကြောင်း ၁၄ခုခန့်ရှိသွားပြီဖြစ်သည်။ ကျင့်စဥ်စာလိပ်များသည် စီးကြောင်းမည်မျှဖော်ပြထားသည့်အပေါ်မူတည်ကာ အဆင့်ခွဲခြားသည့်အတွက် ဤစာလိပ်မှာ ကြယ်၃လုံးအဆင့်ခန့်ရှိသွားပြီဟု ပြောနိုင်၏။

သို့သော် ဤအရာမှာ သီအိုရီသက်သက်သာဖြစ်သည်။

ဤကျင့်စဥ်စာလိပ်ကို အပြင်တွင် လက်တွေ့စမ်းသပ်လေ့ကျင့်ကြည့်ပါက မည်ကဲ့သို့ရှိမည်ကို ဖှေးအာမမခံနိုင်ချေ။ သူလက်တွေ့ စမ်းသပ်ကြည့်ရန် လိုအပ်ပေဦးမည်ဖြစ်သည်။

စွမ်းအားစီးကြောင်းအသစ်များကို ရေးဆွဲခြင်းမှာ အလွန်စွမ်းအင်ကုန်ခမ်းသည့် လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။ ဖှေးစာလိပ်တစ်ခုရေးဆွဲပြီးချိန်မှာပင် အလွန်ပင်ပန်းလာ၏။

........

ဖှေး သူ၏အခန်းထဲသို့ အိပ်စက်အနားယူရန်အတွက်ဝင်သွားတော့သည်။ ရုတ်တရက်ပင် အနောက်ဘက်တောင်တန်းများထံမှ ပေါက်ကွဲစွမ်းအင်တစ်ခုထွက်ပေါ်လာသည်။ ဖှေး ဝေဝေဝါးဝါးခံစားလိုက်ရ၏။

ဖှေးသည် ထိတ်လန့်အံ့သြသွားသည်။ သူ၏ မျက်နှာပင် အရောင်ပြောင်းလဲသွား၏။ ဖြစ်နိုင်ချေမှာ တစ်ခုတည်းသာရှိသည်။ တစ်စုံတစ်ယောက်သည် အနောက်ဘက်တောင်တန်းများတွင်ရှိသော ထောင်ခြောက်များကို ထိလိုက်မိသောကြောင့်ပင်။

မြေအောက်လိုဏ်ဂူအား စောင့်ကြပ်နေကြသည့် စစ်သည်များထိလိုက်မိသည်မှာမဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆ်ိုသော် စစ်သည်များသည် ထောင်ခြောက်များကင်းသောနေရာကို အတိအကျသိရှိပြီးဖြစ်သောကြောင့်ပင်။ ဤသည်မှာ ဖောက်ထွင်းဝင်ရောက်လာသူ ရှိနေပြီဟူသော အဓိပ္ပာယ်ပင်။

ဖှေးသည် လုပ်ကြံသတ်ဖြတ်သူ၏ အစွမ်းများကိုချက်ချင်းအသုံးပြုလိုက်ပြီး သူ၏ အိပ်ခန်းအတွင်းမှ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။ သာမန်မျက်လုံးဖြင့် မမြင်တွေ့နိုင်သည့် အရိပ်တစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး မှောင်မိုက်သော ကောင်းကင်ရံအောက်တွင် လျှင်မြန်စွာဖြင့် လျှပ်စီးကဲ့သို့ အနောက်ဘက်တောင်တန်းများစီသို့ ထွက်ခွာသွားတော့၏။ သူထွက်ခွာသွားသည်က်ု နန်းတော်အတွင်းမှ မည်သူမျှ မသိလိုက်ကြချေ။

ဖှေး အနောက်ဘက်တောင်တန်းရှိ ကန့်သက်နယ်မြေဝန်းကျင်တွင် အနီရောင်မီးတောက်များနှင့် အဖြူရောင်လျှပ်စီးအလင်းများကို တွေ့လိုက်ရ၏။ မှောင်မိုက်သော ညအောက်တွင် ထင်ရှားလျှက်ရှိသည်။ အလင်းရောင်အောက်တွင် ဖှေး လူတစ်ချို့ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။ တိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်နေသည်မှာ ထင်ရှား၏။

“ဘယ်သူလဲဟေ့ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ကန့်သက်နယ်မြေထဲကို ဖောက်ဝင်လာရဲသာ ဘယ်သူလဲ....”

ဖှေး အဝေးတစ်နေရာမှ ပီတာ၏ အော်သံကို ကြားလိုက်ရသည်။ ပုံရိပ်များသည် တစ်နေရာမှတစ်နေရာရွေ့လျားနေကြသည်။ သူတို့၏ လက်ထဲတွင်ရှိသော ဓားများမှာရိုက်ခတ်ရာမှ မီးပွားများဖြစ်ပေါ်လျှက်ရှိသည်။ ဖောက်ထွင်းဝင်ရောက်လာသူမှာ တစ်ယောက်တည်းသာဖြစ်ပုံရသည်။ ပီတာနှင့် သူတော်စဥ်တပ်ဖွဲ့ဝင်တချို့သည် သူ့အားခုခံတိုက်ခိုက်နေကြ၏။ ဖှေး၏ မှော်ထောင်ခြောက်များ၏ အကူအညီဖြင့်ပင် ထိုလူအား အနိုင်မယူနိုင်ပဲ ဖြစ်နေကြ၏။ ထိုသူသည် စွမ်းအားအကုန်မသုံးပဲ တိုက်ခိုက်နေသကဲ့သို့ပင်။

ဤအခိုက်တန့်တွင် နောက်ဆုံးတွင်ဖှေးရောက်ရှိလာသည်။

“နောက်ဆုတ် သူ့ကိုငါရင်ဆိုင်လိုက်မယ်...” ဖှေးအော်လိုက်သည်။ လေထဲတွင် ဖှေး၏ လက်ချောင်းများကိုကွေးလိုက်ပြီး လက်သည်းတစ်ခုအသွင်သို့ ဖန်တီးလိုက်ပြီး အမဲရောင်ဝတ်ရုံအား ကိုယ်လုံးပြည့်ဝတ်ထားသော ထိုးဖောက်ဝင်ရောက်လာသူကို တိုက်ခိုက်လိုက်သည်။

“အရှင်မင်းကြီး....”

ပီတာနှင့် ချမ်းဘော့ဒ်စစ်သည်များမှာ အော်သံကိုကြားလိုက်ရပြီး ရောက်ရှိလာသူမှာ ဖှေးဖြစ်မှန်းသိလိုက်ရသည်။ သူတို့အားလုံး ဝမ်းသာကာ အနောက်သို့ဆုတ်သွားကြတော့သည်။ ထို့နောက်တွင် ဖောက်ထွင်းလာသူထွက်ပြေးလွတ်မြောက်နိုင်သည့် လမ်းကြောင်းများကို အသေချာ ပိတ်ထားလိုက်ကြ၏။

“ဖုန်း ဖုန်း ဖုန်း ဖုန်း”

တစ်ချိန်တည်းမှာပင် ဖှေးနှင့် ဖောက်ထွင်းဝင်ရောက်လာသူမှာ တစ်ယောက်နှင့်တစ်ယောက် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ကြတော့သည်။ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ် ပြောင်းလဲထားသော ဖှေးမှာ အနီးကပ်တိုက်ပွဲများတွင် ပြိုင်းဘက်ကင်းလုနီးနီးပင်။ သူ၏ ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုစီတိုင်းအားလက်နက်ကဲ့သို့ အသုံးပြုနိုင်ပြီး အမဲရောင်ဝတ်ရုံနှင့် ထိုးဖောက်ဝင်ရောက်လာသူအား မိုးစက်များကဲ့သို့ တရစက်တိုက်ခိုက်နေ၏။ သူ၏ရန်သူမှာ ဤကဲ့သို့ထူးဆန်းသည့်တိုက်ခိုက်မှုပုံစံနှင့် ရင်ဆိုင်ရန်အတွက် အဆင်သင့်မဖြစ်သေးသည်မှာ ထင်ရှားသည်။ အတက်နိုင်ဆုံး ခုခံကာ နောက်သို့ဆုတ်သွား၏။

All Chapters