← Chapters

အခန်း (၁၇၇)

Vol. 12 Ch. 177

အခန်း (၁၇၇)

Vol. 12 Ch. 177

ဒိုင်ယာဘလို ကမ္ဘာတွင် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်မှာ ကြောက်မက်ဖွယ်အကောင်းဆုံးဇာတ်ကောင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူတို့သည် ခြေရာလက်ရာမကျန်ခဲ့ပဲ သွားလာနိုင်ကြပြီး ကြောက်မက်ဖွယ် ကိုယ်ယောင်ဖျောက်အစွမ်းများနှင့် လုပ်ကြံသတ်ဖြတ်ခြင်းအစွမ်းများကို ပိုင်ဆိုင်ထားကြသည်။ သူတို့ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခြင်းစီတိုင်းသည် ချက်ချင်းပင် ကြောက်မက်ဖွယ်လက်နက်များဖြစ်လာနိုင်ငြပြီး အချိန်မရွေးသေနေနိုင်သော တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ လူရိုင်းဇာတ်ကောင်သည် အနီးကပ်တိုက်ပွဲတွင် ကျွမ်းကျင်သူများဟု အသိမှတ်ပြုကြသော်လည်း လူရိုင်းဇာတ်ကောင်သည် ကြီးမားသောခွန်အားက်ိုချည်းအသုံးပြုကာ တိုက်ခိုက်ခြင်းဖြစ်သည်။ သို့သော် လုပ်ကြံသတ်ဖြတ်သူ ဇာတ်ကောင်များသည်လည်း အနီးကပ်တိုက်ပွဲများတွင် ကျွမ်းကျင်သည်။ အမှောင်ထဲတွင်ပုန်းအောင်းနေကြသည့် အဆိပ်ပြင်းသောမြွေများကဲ့သို့ပင် ခုခံရန်မှာ အလွန်ခက်ခဲလှသည်။

ဤအမဲရောင်ဝတ်ရုံနှင့်လူမှာ တွေ့ရခဲသည့် ကျွမ်းကျင်သူတစ်​ယောက်ဖြစ်သည်။ သို့သော်သူပင် ဖှေး၏ များစွာသော အနီးကပ်သိုင်းကွက်များကြောင့် အနောက်သို့အနည်းငယ် ဆုတ်သွားရ၏။

“ကျားလက်သီး.....”

ကျယ်လောင်သော အော်သံတစ်ခုနှင့် ဖှေးရုတ်တရက် လုပ်ကြံသတ်ဖြတ်သူ၏ အစွမ်းဖြစ်သည့် [ကျားလက်သီး]ကို အသုံးပြုလိုက်သည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များသည် ထူးဆန်းသော စီးချက် အမြန်နှုန်းတစ်ခုနှင့် စီးဆင်းသွားပြီး ရင်သက်ရှုမောဖွယ် မြင်ကွင်းတစ်ခုထွက်ပေါ်လာသည်။ ဟိန်းနေသော ကျားနှစ်ကောင်၏ ပုံရိပ်သည် ဖှေး၏ လက်သီးနှစ်ဖက်ပတ်ဝန်းကျင်တွင် ပေါ်လာ၏။ လက်သီးများမှာ မိုးကြိုးများကဲ့သို့ပင် အမဲရောင်မျက်နှာဖုံးနှင့်လူအား အဆုံးမဲ့ရိုက်ခတ်လျှက်ရှိသည်။ လက်သီးချက်များသည် တစ်ချက်ထက်တစ်ချက် ပို၍ပြင်းထန်လာပုံရသည်။ ဒုတိယလက်သီးချက်သည် ပထမလက်သီးချက်ထက် အစွမ်းနှစ်ဆပိုထိရောက်၏။ ဖှေး၏ လက်သီးထိပ်တွင်ရှိသော ကျားခေါင်းမှာလည်း ပို၍ပီပြင်လာပြီး ဖှေး လက်သီးနှစ်ဖက်ကို ဝန်းရံထားသည်။ ထိုကြောက်မက်ဖွယ် စွမ်းအားများမှာ ကြယ်လေးလုံးအဆင့်ထက်ပင် ယောင်ယောင်လေးကျော်လွန်လောက်၏။ လေထုထဲတွင် စွမ်းအင်ပေါက်ကွဲသံများမှာ ဟိန်းထွက်နေ၏။

ဤကဲ့သို့ ထူးဆန်းသောလည်း သေစေနိုင်အောင် အန္တရာယ်များသည့် အကွက်များနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် အမဲရောင်ဝတ်ရုံနှင့်လူမှာ ထိပ်တိုက်မတိုက်ခိုက်ရဲပေ။ ဖှေး၏ တိုက်ခိုက်မှုများကိုသာ ကြိုးစား၍ ရှောင်တိန်းလျှက်ရှိသည်။

“နဂါးခြေသည်း....”

နောက်ထက်အော်ဟစ်သံတစ်ခုနှင့် အတူ ဖှေး လုပ်ကြံသတ်ဖြတ်သူ၏ အစွမ်း[နဂါးခြေသည်း]ကို အသုံးပြုလိုက်သည်။

ဤသည်မှာ ဆက်တိုက်ကန်ချက်သိုင်းကွက်ဖြစ်သည်။ ဖှေး၏ ခြေထောက်သည် စွမ်းအင်များဖြင့် ဖုံးလွမ်းသွားပြီး နဂါးခြေသည်းများအသွင်သို့ ပြောင်းလဲသွား၏။ အမဲရောင်မျက်နှာဖုံးနှင့်လူမှာ ဖှေး၏သိုင်းကွက် ရုတ်တရက်ပြောင်းလဲသွားသည့်အတွက် အငိုက်မိသွား၏။ ချက်ချင်းပင် ထိုကန်ချက်သည် အမဲရောင်မျက်နှာဖုံးနှင့်လူ၏ အပေါ်ဘက်လက်မောင်းကို ထိသွား၏။ သူ၏ လက်မောင်းပုံပျက်သွားသဖြင့် နာကြင်စွာညီးတွားလိုက်သည်။ သူ၏ ပါးစပ်မှ သွေများစီးကျကာ သူ၏ ခန္ဓာကိုယ်မှာ အနောက်သို့ လွင့်ထွက်သွားတော့၏။

ဖှေး ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ပြီး ချက်ချင်းပင် သူနောက်သို့လိုက်သွား၏။ ချက်ချင်းပင် အမဲရောင်ဝတ်ရုံနှင့် လူနားသို့ရောင်သွား၏။

တစ်ချက်ထပ်ပြီးကန်ရုံမျှဖြင့်ပင် အမဲရောင်မျက်နှာဖုံးနှင့်လူမှာ ထိုနေရာ၌ပင်သေဆုံးသွားနိုင်ဖွယ်ရှိသည်။

သို့သော် ထိုအချိန်တွင် အမဲရောင်မျက်နှာဖုံးနှင့်လူသည် တစ်စုံတစ်ခုကို လေးနက်သောအသံဖြင့် တီတ်ိုးရွတ်ဆိုလိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ခရမ်းရောင်မီးတောက်များ တောက်ပလာသည်။ မီးတောက်များ ပျောက်ကွယ်သွားချိန်တွင် သူ၏ ခန္ဓာကိုယ်နှင့် လက်မောင်းများပေါ်တွင်ရှိသော ဒဏ်ရာများသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ထို့နောက်တွင် ခရမ်းရောင် မီးတောက်များသည် ပန်းတစ်ပွင့်အသွင်သို့ပြောင်းသွားပြီး ဖှေး၏ ကန်ချက်ကိုကာရံလိုက်၏။

“ဖုန်း.....”

ခရမ်းရောင်ပန်းပွင့်နှင့် ဖှေး၏ နဂါးခြေသည်းကန်ချက်တို့ တွေ့ဆုံလိုက်ကြသည်။ တိုက်ခတ်ရာမှ အရှိန်ကြောင့် ကြောက်မက်ဖွယ်လေလှိုင်းများပင်ထွက်ပေါ်လာပြီး အနီးပတ်ဝန်းကျင်ရှိ ကျောက်တုံးများ သစ်ပင်များကို ဖျက်ဆီးပစ်လိုက်၏။ ညကောင်းကင်ရံတွင် ဖုန်မှုန့်များဝဲပျံကုန်ကြသည်။ အဝေးတွင်ရပ်နေသော ပီတာပင် လေအရှိန်ကြောင့် အနည်းငယ်လွင့်သွား၏။

ဖှေး လေပေါ်တွင် ကျွမ်းထိုးကာ မျက်နှာဖုံးနှင့် လူထံသို့ ပျံသန်းသွား၏။

လျို့ဝှက်သောအမဲရောင်ဝတ်ရုံနှင့်လူမှာ ဒဏ်ရာအနည်းငယ်ခန့် ထက်မံရရှိသွားသည်။ သို့သော် သူလေစီးဆင်းမှုက်ို အသုံးပြု၍ လွတ်မြောက်ရန်ကြိုးစားလိုက်သည်။ သူ၏ ရွေ့လျားမှုများမှာ လျှပ်စီးမိုးကြိုးကဲ့သို့ပင် လျှင်မြန်၏။ ကြေးသူတော်စဥ်အဆင့် ချမ်းဘော့ဒ်စစ်သည်တစ်ဦးသည် သူ၏ဓားကိုကိုင်မြှောက်ပြီး ထိုသူအားရပ်တံ့ရန်အတွက် ကြိုးစားသော်လည်း လက်ဖဝါးရိုက်ချက်တစ်ခုဖြင့် တွန်းထုတ်ခြင်းက်ို ခံလိုက်ရသည်။ ဟိုခုန်ဒီခုန်အနည်းငယ်ပြုလုပ်ပြီးနောက်တွက် မျက်နှာဖုံးနှင့်လူမှာ ကျယ်ပြောသော ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့၏။

“ထွက်ပြေးချင်လို့လား မီးလက်သီးကွ....”

ဖှေး၏ ခန္ဓာကိုယ်အတွင်းတွင် စီးဆင်းနေသောစွမ်းအင်များမှာ အရှိန်မြင့်တင်လာကြပြီး လုပ်ကြံသတ်ဖြတ်သူ၏ အစွမ်း [မီးလက်သီး]ကို အသုံးပြုလိုက်သည်။ ကျယ်လောင်သော ဆူညံသံတစ်ခုနှင့်အတူ ကြက်သွေးရောင် မီး​တောက်များသည် ဖှေး၏ လက်သီးပေါ်တွင် စတင်၍လောင်ကျွမ်းလာကြသည်။ ညအမှောင်ထဲတွင် အထူးပင်တောက်ပနေပြီး အံဩဖွယ်စွမ်းအင်များ ထုတ်လွှတ်လျှက်ရှိသည်။ မီးလက်စီးကို အသုံးပြုလိုက်သည့်အချိန်တွင် သူ၏ လက်များ တစ်ကြိမ်ခန့် တုန်ခါသွား၏။ ညအမှောင်ထဲတွက် ဥက္ကာပျံနှစ်လုံးကဲ့သို့ ဖျက်သန်းကာ အမှောင်ထုထံသို့ တိုးဝင်သွားတော့သည်။

စက္ကန့်အနည်းငယ်အကြာတွင် “ဝှစ်” ဟူသော အသံတစ်ခုနှင့်အတူ မီးရောင်များသည် အဝေးတစ်နေရာတွင်ပျောက်ကွယ်သွားတော့သည်။ဘထို့နောက်တွင် ဘာမှဆက်မဖြစ်တော့ပဲ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

ဖှေး အံ့သြသွားသည့် အမူရာတစ်ခုနှင့်အတူ အနီးနားရှိ ကျောက်တုံးတစ်ခုပေါ်သို့ ခုန်ချလိုက်ပြီး စဥ်းစားလိုက်သည်။

“ငါသူ့ကို တကယ်လွတ်သွားမယ်လို့ မထင်ခဲ့ဘူး... သူက လုပ်ကြံသတ်ဖြတ်သူရဲ့ မီးလက်သီးကိုတောင် ကာကွယ်နိုင်တယ်ဆိုတော့ အတော်ကျွမ်းတဲ့လူတစ်ယောက်ပဲ....” အနည်းငယ် အံ့သြသွားသည်။ ဖှေးဆက်မလိုက်တော့ချေ။ ရိပ်ကနဲဖြစ်သွားပြီး အမဲရောင်ဝတ်ရုံနှင့်လူကြောင့် ဒဏ်ရာရသွားသည့် စစ်သည်၏အရှေ့သို့ရောက်သွားကာ ပါလာဒင်ဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ စစ်သည်အား လက်ဖဝါးဖြင့်ဖိကာ ပါလာဒင်၏ အတွင်းစွမ်းအင်များကို အာရုံစိုက်လိုက်သည်။ ရွှေအလင်းရောင်တစ်ခုတောက်ပလာပြီး [ကုသခြင်း]အစွမ်းကို အသုံးပြုလိုက်ပြီဖြစ်၏။ ဖှေး ဒဏ်ရာရစစ်သည်အား လျှင်မြန်စွာပင် ကုသလိုက်သည်။

“အရှင်မင်းကြီး...”

ပီတာနှင့် စစ်သည်များသည် ထိတ်လန့်အံ့သြနေမှုတို့ကို အမြန်ချုပ်ထိန်းပြီး ဖှေးအနားသို့ပြေးလာကာ အလေးပြုလိုက်သည်။ သူတို့သည် အရှေ့ဘက်တောင်တန်းပေါ်တွင် တိုက်ပွဲဖြစ်စဥ်က မပါရှိခဲ့ကြချေ။ ထို့ကြောင့် သူတို့၏ဘုရင်တိုက်ခိုက်သည်ကို မြင်ဖူးသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးပင်။ သူတို့အားလုံး ဖှေး၏ လျို့ဝှက်စွာလှုပ်ရှားနိုင်ခြင်းနှင့် အနီးကပ်သိုင်းကွက်များဖြစ်သည့် [ကျားလက်သီး]နှင့် နဂါးခြေသည်းတို့ကို မြင်လိုက်ရသည့်အတွက် အံ့သြတုန်လှုပ်သွားခဲ့ကြသည်။

“အင်း...” ဖှေး ခေါင်းငြိမ့်ပြလိုက်သည်။ “ပီတာ ဘယ်လိုဖြစ်တာလဲဆိုတာ ငါ့ကို အသေးစိတ်ပြောပြစမ်း...မင်းတို့တွေတစ်ခုခုသတိထားမိတာရှိလား...”

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...မျက်နှာဖုံးနဲ့လူက အတော်ကျွမ်းကျင်တဲ့လူပဲ မှော်ထောင်ခြောက်လေးလွှာလောက်ကို ဖြတ်သန်းသွားလိုက်နိုင်ခဲ့ပုံရတယ်...သူသာ မတော်တဆ မီးထောင်ခြောက်တစ်ခုကိုသာ မနင်းလိုက်မိလောက်ဘူးဆိုရင် သူထောင်ခြောက်တွေအကုန်လုံးကို ကျော်ဖြတ်န်ိုင်သွားလောက်တယ်...လူအင်အားအရေအတွက်နဲ့ နေရာအကြောင်းသိရှိတာနဲ့တောင်မှ ကျွန်တော်တို့သူ့ကို နှစ်မိနှစ်လောက်ပဲ ထိန်းထားလိုက်နိုင်တယ် ...အရှင်မင်းကြီးသာအချိန်မီရောက်မလာခဲ့ဘူးဆ်ုရင် သူက အနောက်ဘက်တောင်တန်းထဲမှာရှိတဲ့ တားမြစ်နယ်မြေကို ဝင်ရောက်နိုင်လောက်တယ်....”

All Chapters