← Chapters

အခန်း (၁၇၈)

Vol. 12 Ch. 178

အခန်း (၁၇၈)

Vol. 12 Ch. 178

ဖှေးခေါင်းငြိမ့်ပြလိုက်ပြီး လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ ချက်ချင်းပြန်ပြောင်းကာ လက်မှ ထူးဆန်းသည့် သင်္ကေတများစွာကိုပြလုပ်လိုက်ပြီး ထောင်ချောက်နေရာများကိုပြောင်းလဲလိုက်၏။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ မြေအောက်လိုဏ်ဂူထံသို့လှမ်းလျှောက်သွားရင်း မေးလိုက်သည်။ “မင်းအမြင်အရဆိုရင် ဒီတစ်ခေါက်ဖောက်ထွင်းဝင်ရောက်လာသူက ဟိုနေ့အခမ်းနားမစခင်က ဖောက်ထွင်းလာတဲ့လူနဲ့ အတူတူပဲလား....”

ပီတာ လမ်းလျှောက်ရင်း စဥ်းစားကြည့်နေ၏။ ထို့နောက်တွင် ယုံကြည်ချက်ဖြင့် ပြန်ဖြေလိုက်သည်။ “အရှင်မင်းကြီး ကျွန်တော်တို့က လူနှစ်ယောက်လုံးနဲ့ တိုက်ခိုက်ဖူးပါတယ် ခွန်အားနဲ့ စွမ်အင်အမျိုးအစားရဆ်ိုရင်တော့ လူတစ်ယောက်ထဲပဲ ဖြစ်လောက်တယ်...သူက အရင်တစ်ခေါက်ကထက် ပိုပြီးတော့အစွမ်းထက်လာတဲ့ပုံပဲ...ထူးဆန်းတာတစ်ခုက ဖောက်ထွင်းဝင်ရောက်လာသူက ရန်လိုတဲ့ပုံမရှိဘူး...သူကတစ်ခုခုကိုလိုက်ရှာနေပြီး ဘယ်သူ့ကိုမှ နာကျင်အောင်မလုပ်ချင်တဲ့ပုံပဲ...အဲ့လိုမှမဟုတ်ဘူးဆိုရင်....”

“အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းတ်ို့တွေသေရင်သေ မသေရင် ဒဏ်ရာအပြင်းထန်ရနေလောက်ပြီမလား....” ဖှေး သူ၏ မေးစေ့ကိုပွတ်လိုက်သည်။ “ဟုတ်တယ် ငါလဲ အဲ့တာကိုသတိထားမိပါတယ်...သူက သူရဲ့တိုက်ခိုက်မှုတွေကို အတော်သတိထားနေတယ် ဘယ်သူ့ကိုမှ နာကြင်အောင်လုပ်ဖို့တော့ အစီစဥ်ရှိပုံမရဘူး...အဲ့တာကြောင့် ငါလဲ သူ့ကိုသေအောင်မတိုက်ပဲ သင်ခန်းစာပေးရုံလောက်တင် တိုက်ခိုက်ခဲ့တာ...တားမြစ်နယ်မြေမှာရှိတဲ့မှော်ထောင်ခြောက်တွေကို ငါပြန်ပြင်ထားလိုက်ပြီး မင်းတ်ု့တွေ ဂရုစိုက်ပြီး သူတ်ို့တွေကို မြေအောက်လိုဏ်ဂူထဲကိုလုံးဝမရောက်စေနဲ့ ဟုတ်ပြီလား...”

အမဲရောင်ဝတ်စုံနှင့်လျို့ဝှက်ထူးဆန်းသည့်လူမှာ အဖျက်သဘောဆောင်ပုံမရသဖြင့် ဖှေးအနည်းငယ်တော့ စိတ်အေးစွား၏။

ထိုသူနှင့် အနည်းငယ်တိုက်ခိုက်အပြီးတွင် အချိန်တိုအတွင်းသာဖြစ်သော်လည်း ဖှေးအချက်အလက်များစွာ သတိထားမိလိုက်သည်။ ထိုသူ၏ ရင်းမြစ်ကိုမူ မသိရသေးချေ။ သို့သော် သူ၏ အတွင်းအား တုန့်ပြန်မှုမှာ မဟာဘုရားကျောင်းမှ အသုံးပြုသည့်ပုံနှင့် အနည်းငယ်ဆင်တူသည်။ သို့သော် ဖှေး ချမ်းဘော့ဒ်ရှိ မဟာဘုရားကျောင်းမှ သူတော်စဥ်ဇိုလာနှင့် ကျန်လူများကို သံသယလုံးဝမဖြစ်မိချေ။ ထိုနှစ်ယောက်မှာ ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်နှင့် မိတ်ဆွေဖြစ်ရန်ကို အလွန်စွဲလမ်းနေကြသူများဖြစ်ကြသည်။ ထို့ကြောင့် ဖှေးစိတ်ဆ်ိုးစေမည့်အရာကို လုံးဝပင်လုပ်ရဲကြလိမ့်မည်မဟုတ်ပေ။ သို့သော် ဤလျို့ဝှက်ထူးဆန်းသည့်လူ၏ ဓားမှဖန်တီးခဲ့သော ခရမ်းရောင်ပန်းပွင့်ပုံသဏ္ဍာန်စွမ်းအင်မှာ ဖှေးအား အလွန်အမှတ်ရနေစေသည်။ဤအချက်ကို သူထိုလူအားရှာဖွေရန်အတွက် သဲလွန်စတစ်ခုအနေဖြင့် အသုံးပြုနိုင်သည်။ အေဇာရုတိုက်တွင် ခရမ်းရောင်စွမ်းအင် အသုံးပြုသူများမှာအလွန်ရှားပါးသောကြောင့်ပင်။ ဤကိစ္စမှာ ဖြေးညင်းစွာ ခြေရာကောက်၍ စုံစမ်းစစ်ဆေးရမည့်ကိစ္စဖြစ်သည်။ ပီတာပြောသည့်ပုံအရ ဤလူမှာ ယခင်ဖောက်ထွင်းဝင်ရောက်လာသူနှင့် အတူတူဖြစ်သောကြောင့် ထူလူသည် ချမ်းဘော့ဒ်တွင်ရောက်ရှိနေသည်မှာ အချိန်အတန်ကြာလောက်ပြီဖြစ်သည်။ ထို့ကြောင့် သဲလွန်စများရှိလိမ့်မည်လဲ ဖြစ်၏။

ဖှေး အတွေးများသည် လျှင်မြန်စွာ ဖြတ်သန်းရင် မကြာမှီမှာပင် ဖှေး မြေအောက်လိုဏ်ဂူအတွင်းသို့ ရောက်ရှိလာ၏။

မြေအောက်လိုဏ်ဂူမှာ စစ်သည်များနှင့် လက်သမားများစွာတို့၏ အနေ့နေ့အညညကြိုးစားမှုတို့ကြောင့် ကြောက်မက်ဖွယ် မှောင်မဲအေးစက်နေသည့် ရေအကျဥ်းထောင်အဖြစ်မှ များစွာပြောင်းလဲသွား၏။ သူတိုင်းပြည် ကိုးခုမှစစ်သည်များ၏ အလောင်းများပုံထားသည့် နေရာမှ ဝင်ရောက်လာခဲ့ပြီး အစောင့်များတင်းကျပ်စွာချထားသည့် သံမဏိဂိတ်တံခါး ကိုးဆင့်ကို ဖြတ်ကျော်ကာ တောင်ထဲတွင်ရှိသော မြေအောက်လိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာသည်လည်း လုံးဝပင်ပြောင်းလဲသွားပြီဖြစ်သည်။

ကွတ်မျက်တော့မည့် အကျဥ်းသားများကို ချုပ်ထားလေ့ရှိသည့် အေးစက်သည့် အကျဥ်းခန်းများအား ယခုအချိန်တွင် အသေချာပြင်ဆင်မွမ်းမံထားသည်။ အေးစက်သော သံမဏိချောင်းများကို သာမန်သစ်သားတံခါးများ ပြတင်းပေါက်များဖြင့် ပြောင်းလဲတပ်ဆင်လိုက်သ​ည်။ အလင်းများ အနေထားများကို အသေချာဒီဇိုင်းဆွဲကာ ပြောင်းလဲထားသဖြင့် အခန်းများမှာ ပိုမိုလင်းကာ နွေးထွေးလာပြီဖြစ်၏။ ကျောက်ဂူပေးသည့်ခံစားချက်မှာ အေးစက်စည့် အကျဥ်းခန်းကဲ့သ်ို့မဟုတ်တော့ပေ။ နွေးထွေးသည့် အိမ်တစ်လုံးကဲ့သို့ပင်။

နံရံများပေါ်တွင် ပြန့်ကျဲနေသည့် အရွယ်အစားမျိုးစုံရှိသော အခန်းများမှာ အသုံးပြုပုံ အမျိုးမျိုးရှိသည်မှာ ထင်ရှားသည်။ ထိုအခန်းများမှာ မီတာ၄၀၀မြင့်သော နံရံပေါ်တွင် ပျားအုံတစ်ခုကဲ့သို့ စနစ်တကျ ဖောက်ထွင်းထား၏။ ပုံမှန်အားဖြင့် ကျင်းနေသော ကျောက်လှေကားများကို ချဲ့ထွင်ကာ လုံခြုံမှုရှိစေရန်အတွက် လက်ရန်းများတပ်ဆင်ထား၏။

လှေကားများအပြင် မျက်နှာကြပ်အပေါ်မှကြီးမားသည့် သံမဏိချိန်းကြိုး၈ခု ကျလျှက်ရှိသည်။ ထိုချိန်းကြိုးတစ်ခုခြင်းစီတိုင်းတွင် သံမဏိဖြင့် ခိုင်ခန့်အောင်ထောက်ပံ့ထားသည့် သစ်သားလှောင်အိမ်တစ်ခု တပ်ဆင်ထားသည်။ ထိုလှောင်အိမ်တစ်ခုသည် လူဆယ်ယောက်အလေးချိန်ကို သယ်ဆောင်နိုင်စွမ်းရှိသည်။ တောင်တွင်းနေရာ၏ ထောင့်လေးခုတွင် သံမဏိစ​က်သွားများကို တပ်ဆင်ထားပြီး ထိုစက်သွားများကို လှည့်ပါက သစ်သားလှောင်အိမ်များကိုမနိုင်သည်။ ဤသည်မှာ ဖှေးခေါင်းအခြောက်ခံက. အသားကုန်စဥ်းစားထားသည့် ဓာတ်လှေကားပုံသံ ဖြစ်၏။ ဒိုင်ယာဘလိုကမ္ဘာမှ ပန်းပဲဆရာများနှင့် ချမ်းဘော့ဒ်မှ ပန်းပဲဆရာများပူးပေါင်းပြီး အကောင်ထည်ဖော်ခဲ့နိုင်ခြင်းဖြစ်သည်။ ဤဓာတ်လှေကား ၄ခုကြောင့် သာမန်၁နာရီခန့်တက်ရမည့်အကွာအဝေးကို ၅မိနစ်ခန့်ဖြင့် သွားနိုင်ပြီဖြစ်သည်။

ခိုးချထားသည့် ဓာတ်လှေကားဒီဇိုင်းအပြင် ချမ်းဘော့ဒ်မှ ဗိသုကာပညာရှင်များသည်လည်း နောက်ပိုင်းတွင် ​မြေအောက်လိုဏ်ဂူအား ပြုပြင် တည်ဆောက်ရာတွင် ဝင်ရောက်ပါဝင်လာကြသည်။

ဤဗိသုကာပညာရှင်များမှာဒဏ္ဍာရီဇာတ်လမ်းများကို အလွန်နှစ်သူများဖြစ်သဖြင့် နတ်ဘုရားပုံများ ပန်းကနုတ်များကို ယခင်က ကြမ်းတမ်းနေခဲ့သော မြေအောက်လိုဏ်ဂူနံရံများပေါ်တွင် အချောသပ်ကာ ထွင်းထုရေးဆွဲအလှဆင်ကြသည်။ ခေတ်အဆက်ဆက်ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်များပုံများလည်း ပါရှိသည်။ ဖှေးဘုရင်ဖြစ်သည်မှာ လအနည်းငယ်သာရှိသေးသော်လည်း ဖှေးလက်ထက်တွင် အတ်ုးတက်ဆုံးဖြစ်သဖြင့် ဖှေး၏ ပုံများမှာ ပို၍များပြားနေ၏။

အရှေ့ဘက်အနောက်ဘက် တောင်ဘက်မြောက်ဘက်နှင့် အလည်ခေါင်တွင် မီတာ၄၀ခန့်ရှိသော ဖှေး၏ ရုပ်ထုကြီးများဖြစ်သည်။ အမူအယာများမှာပြုံးနေခြင်း၊ အမျက်ဒေါသဖြစ်နေခြင်း၊ သနားကြင်နာနေခြင်းနှင့် ဓားကိုဝှေ့ရမ်းနေခြင်းတို့ ဖြစ်ကြပြီး ကြည့်ရှုရသည်မှာ အလွန်ကြီးကျယ်ခမ်းနားလှ၏။

ဤသည်မှာ ဗိသုကာပညာရှင်များ စိတ်တိုင်းကျ ကိုယ့်သဘောနှင့်ကိုယ် ထုလုပ်ထားခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်မှ ဘုရင်အားဖားလို၍ အခပေးကာ ထုလုပ်ခိုင်းခြင်းမျိုးမဟုတ်။

ဤပြုပြင်ပြောင်းလဲမှုများအပြင် တစ်ခြားထင်ရှားသည့် အလှဆင်ထားပုံများ မြေအောက်လိုဏ်ဂူထဲတွင် အစိမ်းရောင်သစ်ပင်များစွာကိုလဲ စိုက်ပျိုးထားခြင်းဖြစ်သည်။

ချမ်းဘော့ဒ်အတွင်းတွင် မြင်နိုင်သည့် သစ်ပင်များအားလုံးကို မြေအောက်လိုဏ်ဂူအတွင်းတွင်လည်း မြင်တွေ့နိုင်သည်။ မတူညီသော လေအရည်အသွေးနှင့် အပူချိန်တို့ကြောင့်ဖြစ်ပုံရ၏။ အပြင်မှသစ်ရွက်များ အဝါရောင်ပျောင်းနေသည့် ရာသီဖြစ်သော်လည်း မြေအောက်လိုဏ်ဂူတွင် စိုက်ပျိုးထားသည့်သစ်ပင်များမှာ စိမ်းစိုလျှက်ရှိသည်။ ဤသည်မှာ ဖှေးသည် သူမြေကမ္ဘာတွင်ရှိစဥ်က အနည်းငယ်သာသိရှိလဲ့သော ဇီဝဗေဓ ဗဟုသုတများကို မှီငြမ်းကာ လေစီးဆင်းပုံများကိုအသေချာဖန်တီးထားသောကြောင့် ဖြစ်၏။ ထို့ကြောင့်အပင်များသည် အပြင်လောကရှိ ရာသီဥတုပြောင်းလဲပုံများအပေါ်တွင် မှီခိုခြင်းမရှိပဲ ၁၂ရာသီးစိမ်းလန်းနေခြင်းဖြစ်သည်။ မတူညီသော ဂေဟစနစ်တစ်ခုကဲ့သို့ပင်။

​မြေအောက်လိုဏ်ဂူ ပြုပြင်တည်ဆောက်မှုအား ဒိုင်ယာဘလိုကမ္ဘာမှ ဧည့်သည်တော်များသည်လည်း ပါဝင်အားဖြည့်ပေးခဲ့သည်။

မြေအောက်ရေစီးကြောင်းအား အာကာရာစီရင်ပေးထားသည့် မှော်အစီရင်တစ်ခုနှင့်ပြုပြင်ကာ ဗိသုကာပညာရှင်များ ဖောက်လုပ်ထားသည့် ရေမြောင်းများအတွင်းမှ စီးဆင်းသွားစေသည်။ ရေမှော်ပညာနှင့် ပြုပြင်ပြီး​နောက်တွင်ရေများသည် ယခင်လိုအေးစက်စက်မနေတော့ပေ။ နွေးထွေးကာ ရှင်သန်မှုများဖြင့် ပြည့်ဝနေ၏။ သေးငယ်သည့် ရေမြောင်းမှာ ရေစီးဆင်းမှု အလွန်သွက်လက်ပြီး အနီးနားရှိ အပင်များကို ရေလောင်လျှက်ရှိ၏။ အာကာရာနှင့် အမျိုးသမီးသူပုန်များသည်လည်း စိတ်အားထက်သန်စွာဖြင့် မှော်ပညာကိုအသုံးပြုကာ ရေပန်းအကြီးအငယ်များကိုဖန်တီးပြီး ရက်သက်ရှုမောဖွယ်နေရာတစ်ခုနှင့်တူအောင်ပင် ဖန်တီးထားကြ၏။ အစိမ်းရောင်အပင်များနှင့် ရေစီးနေသော မြောင်းလေးများကို နေရာတိုင်းတွင်တွေ့နိုင်ပြီးမြင်ကွင်းမှာ မှော်ဆန်ပြီး လှပလှ၏။

ဤရေစီးဆင်းမှုစနစ်မှာ သူ့ဟာနှင့်သူ အသားကျစပြုနေပြီဖြစ်သည်။ ရေပေါ်တွင် အဖြူရောင်မြူခိုးများ ဆိုင်းနေပြီး အမြှီးနီငါးလေးများသည် ရေထဲတွင် ကူးခတ်နေကြ၏။

All Chapters