အခန်း (၁၇၉)
Vol. 12 Ch. 179
မြေအောက်လိုဏ်ဂူတစ်ခုလုံးသည် နတ်ဘုံနတ်နန်းကဲ့သို့ပင် ဤနေရာသည် အေးစက်ပြီးကြောက်မက်ဖွယ်အကျဥ်းထောင်တစ်ခု ဖြစ်ခဲ့သည်ဆိုသည်ကိုပင် ယုံနိုင်ဖွယ်မရှိပေ။
ဤသည်မှာ ဖှေး အိမ်မက်ပေါင်းများစွာထဲတွင် စိတ်ကူးယဥ်ခဲ့သည့် သုခဘုံဖြစ်၏။
“အရှင်မင်းကြီး ဒီနေရာကို နာမည်တစ်ခုချီးမြှင့်တော်မူပါ....”
“ဟုတ်ပါတယ်အရှင်မင်းကြီး ပြန်လည်တည်ဆောက်နေတာက ပြီးသလောက်ဖြစ်နေပါပြီ နာမည်ပေးဖို့ပဲကျန်ပါတော့တယ်....”
အလုပ်များနေကြသော စစ်သည်များ၊ ပန်းပဲဆရာများနှင့် ဗိသုကာပညာရှင်များသည် ဘုရင်ရောက်လာသည်က်ိုတွေ့သောအခါတွင် အနားသို့စုရုံးကာရောက်ရှိလာကြသည်။ သူတို့အားလုံးမှာ ဤမှော်ဆန်သောနေရာအား ချစ်မိနေကြပြီဖြစ်သည်။ မူလစတင်စဥ်က မည်သူမှ မှောင်မိုက်အေးစက်နေသော အကျဥ်းထောင်ကြီးအား ဤကဲ့သို့နေရာမျိုးဖြစ်စေရန် ပြောင်းလဲနိုင်မည်ဟု ထင်မထားခဲ့ကြချေ။ ယခုအချိန်တွင်မူ သူတို့အားလုံး၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးများကိုယ်စီရှိနေကြပြီဖြစ်သည်။
ဖှေး ရယ်မောလိုက်သည်။ “ဟားဟာ ဟုတ်ပြီလေ ဒီနေ့ကစပြီး ဒီနေရာက ငါတ်ို့ချမ်းဘော့ဒ်ရဲ့ လျို့ဝှက်စီမံခန့်ခွဲမှုနေရာနဲ့ အရည်အချင်းလေ့ကျင့်ရေးနေရာဖြစ်ရမယ်...ဒီနေရာကို လူအားလုံးရဲ့ ချွေးတွေနဲ့ တည်ဆောက်ထားလို့ ဒီလိုခေါ်ရအောင်....” ဖှေး သူ၏ လက်ဖဝါးများကို ဖြန့်လိုက်သည်။ တောက်ပလာသော အလင်းတစ်ခုနှင့်အတူ ခရမ်းရောင်နှင့် အစိမ်းရောင်ဓားနှစ်လက်ကို ဆင့်ခေါ်လိုက်၏။ လူအားလုံး၏ မျက်လုံးအောက်မှာပင် အဝင်ဝရှိ ကြီးမားသည့် ကျောက်တုံးကြီးကို အထဲသို့ရွေ့လိုက်ကာ အပေါ်သို့ခုန်တက်သွား၏။ ခရမ်းရောင်နှင့် အစိမ်းရောင်ဓားနှစ်လက်သည် အလင်းတန်းနှစ်ခုအသွင်သို့ပငိ ကူးပြောင်းသွားပြီး ကျောက်သားမျက်နှာပြင်ပေါ်တွင် ကခုန်တော့သည်။ မီးပွားစများနှင့် ကျောက်အပိုင်းစများနှင့် အတူ သူပြောလိုက်၏။ “သူရဲကောင်းမြို့တော် လို့ခေါ်ရအောင်....”
သူရဲကောင်းမြို့တော်။
ဖှေး အောက်သို့ခုန်ဆင်းလာသည်နှင့်အတူ ကျောက်အပိုင်းစများလည်း ကြွေကျလာပြီး စာလုံးများပေါ်လာတော့သည်။
တောင်ခေါင်းထဲတွင် အော်ဟစ်အားပေးသံများဖြင့် ဆူညံသွား၏။
“သူရဲကောင်းမြ်ို့တော် ဟားဟား အဲ့နာမည်မှာ အဓိပ္ပါယ်နှစ်ခုရှိတယ်...ပထမအနေနဲ့ ဒီနေရာကြီးတစ်ခုလုံးကို ချမ်းဘော့ဒ်ကလူတွေရဲ့ ကြ်ိုးစားမှု ချွေးစက်တွေနဲ့ ဖန်တီးထားလို့ပဲ...ဒုတိယအနေနဲ့က ဒီနေ့ကစပြီး ဒီထဲကနေလမ်းလျှောက်ထွက်သွားတဲ့လူတွေအားလုံး ရဲရင့်တည်ကြည်တဲ့နှလုံးသားရှိတဲ့ သူရဲကောင်းတွေဖြစ်လာစေချင်လို့ပဲ....”
ဖှေး၏ အသံမှာ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားသည်။ တချို့စစ်သည်များနှင့် ဗိသုကပညာရှင်များမှာ စိတ်လှုပ်ရှားစပြုလာကြပြီး သွေးများပင် ဆူပွက်လာနေကြပြီဖြစ်သည်။ ဤကဲ့သို့ မျိုးရိုးဂုဏ်မှာလွန်စွာအရေးပါသည့် အေဇာရုတိုက်တွင် ၄င်းတို့ကဲ့သို့ သာမန်လူတန်းစားများမှာ စိတ်ကျေနပ်မှုရရှိရန်မှာ အလွန်လွယ်ကူ၏။ ဘုရင်ထံမှ သူရဲကောင်းဟုပြောချင်းမှာ မျိုးဆက်များစွာ ကြွားဝါနိုင်သည့်အရာပင်ဖြစ်သည်။
.....
လူများတဖြည်းဖြည်းကျဲလာကြပြီး သူရဲကောင်းမြို့တော်၏ လိုအပ်သောအနားသပ်ပြင်ဆင်မှုများကို စတင်လုပ်ဆောင်ကာ အလုပ်များနေကြတော့၏။
ခေါင်းဆောင်မှူး ပီတာလဲ သူတော်စဥ်တပ်ဖွဲ့အား သူ၏ အမိန့်အောက်သို့ခေါ်ပြီး နေရာအား စောင့်ကြည့်ကာကွယ်ရန်အတွက် အစီစဥ်များချမှတ်နေ၏။ ဖှေး ဆင့်ခေါ်ထားသည့် ထောင်မှူး အိုလတ်ဂ်တစ်ယောက်ပင် ဖှေးအနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလျှက်ရှိသည်။ သူတို့နှစ်ယောက် ဘုရင်အတွက် အထူးစီစဥ်ပေးထားသည့် ကျောက်တုံးအခန်းတစ်ခုအတွင်းသို့ ရောက်ရှိလာကြ၏။ ဖှေးအခန်းအား ဂရုတစိုက်ကြည့်လိုပ်ပြီး ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ပရိဘောဂ အများစုကို ကျောက်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အခန်းအလည်တွင် ရေသူမရေပန်းတစ်ခုပါရှိသည်။ ထိုရေပန်းကန်ထဲတွင်လည်း အမြှီးနီငါးကလေးများ ကူးခတ်နေကြ၏။ ပန်းများ အစိမ်းရောင်မြက်ပင်များဖြင့်အလှဆင်ထားမှုများမှာ မခမ်းနားလှချေ။ သို့သော် ရိုးရှင်းကာ လန်းဆန်း၏။ ဤသည်မှာ ဖှေးသဘောကျသည့် အခန်းစတိုင်ဖြစ်သည်။
“ငါ့ကိုပြောပါဦး စစ်ဆေးမေးမြန်းနေတဲ့ ကိစ္စရော အဆင်ပြေရဲ့လား.....” ဖှေး ငါးစာတစ်ချို့ကိုယူလိုက်ပြီး ရေပန်းကန်အနားတွက်ရပ်ရင်း ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
“အဆင်ချောပါတယ်အရှင်မင်းကြီး....ဒီလူတွေက ဆွေကြီးမျိုးကြီးဂုဏ်ပုဒ်နဲ့တောင်မထိုက်တန်ပါဘူး ကြွတ်တွေလိုပဲ သိမ်ငယ်ကြပါတယ်...ဒရော့ဂ်ဘာနဲ့ ပီးရာ့စ်တို့က သူတို့စစ်သည်တစ်ချို့ကို ကျောက်တုံးတွေဆွဲပြီး ဇူလီမြစ်ထဲကို ပစ်ချပြရုံနဲ့တင် အတော်ကြောက်သွားကြတယ်...ဘုရင်ကိုးပါးလုံး လုံးဝအာမခံရဲပဲ သဘောတူစာချုပ်တွေကို ချက်ချင်းလက်မှတ်ထိုးလိုက်ကြပါတယ်...အရှင်မင်းကြီးရဲ့အမိန့်အတိုင်းပဲ သူတို့ရဲ့ အယုံကြည်ရဆုံးကိုယ်ရံတော်တွေကို တိုင်းပြည်ကိုပြန်ပြီး ပိုက်ဆံယူဖို့ ကျွန်တော်တ်ို့ လွှတ်ပေးလိုက်ပါတယ်....” ထောင်မှူးအိုလတ်ဂ်မှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေလိုက်၏။ “ကျွန်တော်တို့တွေ စစ်ဆေးမေးမြန်းပြီးတဲ့ ဘုရင်တွေကို သီးသန့်စီခွဲထားပါတယ်...သူတို့တွေအကုန်လုံး ပြန်လည်တိုက်ခိုက်ကြတဲ့ အကြောင်းအရင်းကတော့ မင်းသားတွေရေးထိုးထားတဲ့ ငွေကို မပေးချင်တာအပြင် လျို့ဝှက်တဲ့လူတစ်ယောက်က မြှောက်ပေးခဲ့လို့လို့လဲ သိရပါတယ်...”
“လျို့ဝှက်တဲ့လူလား....” ဖှေး သူ၏လက်ထဲမှ လက်ကျန်ငါးစာများကို ခြေကာ ရေကန်ထဲသို့ ပစ်လိုက်ပြီး လက်များကို ခါကာ မေးလိုက်သည်။ “ဘယ်လို လျို့ဝှက်တဲ့လူလဲ...”
“အဲ့လူရဲ့ မူလဇစ်မြစ်အတိအကျကို အဲ့ဘုရင်တွေလဲ သေချာသိပုံမရဘူး...သူက အင်ပါယာမြို့တော် စိန့်ပီတာစဘာ့က စွမ်းအားကြီးမှော်ဆရာတစ်ယောက်ဖြစ်ပုံတော့ရတယ်...သူက ဒီနေ့စစ်သည်တွေနဲ့အတူလိုက်မလာတာလို့ ကြားရတယ် အတူပါလာတဲ့သူ့နောက်လိုက် မှော်ဆရာတစ်ယောက်တော့ရှိတယ်...အဲ့တာကနေ့လည်ကတိုက်ပွဲမှာ စတင်တိုက်ခိုက်တဲ့ လေစွမ်းအင်သုံးမှော်ဆရာလေ...သူကတော့ ပူပေါင်းတပ်ဖွဲ့နဲ့အတူ ပါလာလို့ ကျွန်တော်တ်ို့ဖမ်းမိလိုက်တယ်...ဒါမယ့် အဲ့လူက အင်ပါယာက ဆွေကြီးမျိုးကြီးနွယ်ဝင်တစ်ယောက်ဖြစ်တဲ့ပုံပဲ..သူကလဲ သူ့မျိုးဂုဏ်ကြောင့်အတော်မာနထောင်လွှားနေတယ် အရှင်မင်းကြီးအမိန့်မပါသေးပဲနဲ့ ကျွန်တော်တ်ို့လဲ သူ့ကို ဘာမှမလုပ်ရဲသေးဘူး...အဲ့တာ...” အိုလတ်ဂ်မှာ အနည်းငယ်အကြပ်ရိုက်နေသည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ အင်ပါယာမှ ဆွေကြီးမျိုးကြီးများသည် အဖွဲ့ဝင်တိုင်းပြည်ဘုရင်များထက် ပို၍ အရေးကြီးသော လူများဖြစ်၏။ ထို့ကြောင့် ဖှေး၏ ဆုံးဖြတ်ချက်မပါသေးပဲ အိုလတ်ဂ် အလျင်စလိုမပြုလုပ်ရဲသေးပေ။
“အဲ့ကောင်တွေက တကယ့်စောက်ပိန်းတွေပဲ ဘယ်ကမှန်းမသိတဲ့လူရဲ့ စကားကိုယုံပြီး ချမ်းဘော့ဒ်ကို လာတိုက်ခဲ့ကြပုံပဲ....ဦးနှောက်မရှိကြဘူး ဘယ်လိုများဘုရင်ဖြစ်လာကြတာပါလိမ့်...” ဖှေး သူ၏ခေါင်းကို ခါရမ်းကာ တည်ကြည်သော အမူအယာတစ်ခုဖြင့် ပြောလိုက်သည်။ “အဲ့လူ ဘယ်မိသားစုက ဘယ်အင်ပါယာကဆိုတာတွေကို ဂရုစိုက်မနေနဲ့ အဲ့လျို့ဝှက်တဲ့လူရဲ့ ဇစ်မြစ်ကိုသိရဖို့ ရတဲ့နည်းနဲ့ စစ်ဆေး။ မင်းလဲ သိမှာပါ အမဲရောင်အိမ်ငယ်လေး အကျဥ်းထောင်ကနေ ဘယ်ရန်သူမှ ခေါင်းမော့ရင်ကော့ပြီးထွက်သွားစရာအကြောင်းမရှိဘူး။ သူတ်ို့တွေက ချမ်းဘော့ဒ်ကို တိုက်ခိုက်ရဲတော့ သေတာထက်ဆိုးတဲ့ ဘဝရဲ့အရသာကို သိသွားသင့်တယ်...အရင်တုန်းကဆို ချမ်းဘော့ဒ်ကလူတွေက မင်းကို မရဏအထိတွေ့လို့ခေါ်ကြတယ်လို့ငါကြားဖူးတယ်။ သွေးအေးပြီး ရက်စက်တတ်လို့ မင်းနာမည်ကြားတာနဲ့ လူတွေမျက်နှာပျက်တဲ့အထိပဲဆိုပဲ....အခုချိန်က မင်းရဲ့ ကျောက်တုံးတွေကိုတောင် ငိုစေမယ့် နှိပ်စက်နည်းတွေကို ထုတ်သုံးပြီး စစ်မေးရမယ့်အချိန်ပဲ...ဘယ်ရန်သူကိုမှ သနားနေစရာမလိုဘူး ဒါက အမဲရောင်အခန်းငယ်ရဲ့ ရည်ရွယ်ချက်ပဲ ငါသိချင်တာတွေကို သိရဖို့ပဲ...”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...” ဖှေး၏ အဖြေသည် အိုလတ်ဂ်အားခနတာ ကြောင်သွားစေသည်။ ထို့နောက်တွင် ကျောမက်လိုက်ပြီး ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်၏။
“ယာယီအနေနဲ့တော့ အဲ့ကိစ္စကို ခနထားလိုက်ပါဦး။း မင်းလုပ်နိုင်တဲ့အချိန်မှလုပ်...” ဖှေးပြောပြီး လက်ကိုဝှေ့ရမ်းလိုက်သည်။ လေးထောင့်ကျကျ တိကျစွာ ပိုင်းဖြတ်ပစ်ထားသည့် သိုးသရေချပ်တစ်ခုသည် အိုလတ်ဂ်ထံသို့ ပျံသန်းသွား၏။ အိုလတ်ဂ် အံ့သြစွာဖြင့် အမြန်ဖမ်းယူလိုက်သည်။ ဖှေး ဆက်ပြော၏။ “အဲ့တာတွေက နောက်လအဖို့ မင်းလုပ်ရမယ့် တာဝန်တွေပဲ...” ဖှေး ထက်မံရှင်းမပြတော့ချေ။ အိုလတ်ဂ်အပြင် ကျန်ချမ်းဘော့ဒ်ခေါင်းဆောင်များဖြစ်ကြသည့် ဘရွတ်၊ ဘတ်စ်နှင့် ကျန်လူများလည်း ဤကဲ့သို့စာရွက်များရရှိပြီးဖြစ်သည်။
ထောင်မှူးအိုလတ်ဂ်မှာ စက္ကန့်အနည်းငယ်ခန့်တွေဝေသွားပြီးနောက်တွင် ချက်ချင်းသဘောပေါက်ကာ ထိတ်လန့်စွာဖြင့်မေးလိုက်သည်။ “အရှင်မင်းကြီး ချမ်းဘော့ဒ်ကနေ အချိန်တစ်ခုကြာထွက်သွားမလို့လား...”
ဖှေး ခေါင်းငြိမ့်ပြလိုက်၏။
သူဘာမှ ဆက်မပြောတော့ပေ။ ရေပန်းအရှေ့တွင်ရပ်ကာ အိုလတ်ဂ်အား ကျော်လွန်၍ တောင်တွင်းမြေအောက်လိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာတစ်ခုထံသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မီတာ၂၀ခန့်အမြင့်ရှိသော သံမဏိတံခါးကြီးတစ်ခုသည် အထဲတွင် မကောင်းဆိုးဝါးကြီးတစ်ကောင်အား ပ်ိတ်လှောင်ထားသကဲ့သို့ ခိုင်မြဲစွာတည်ရှိနေ၏။ ဤသံမဏိ ဂိတ်တံကားအနောက်တွင် ဘာရှိနေသည်ကို မည်သူမျှမသိကြချေ။ လွန်ခဲ့သည့် နှစ်၂၀၀ခန့်လုံး ချမ်းဘော့ဒ်မှဘုရင်များသည် ထိုဂိတ်တံကားအနောက်တွင်ရှိသော လိုဏ်ဂူများထဲသို့လေ့လာရန်ကြိုးစားကြည့်ခဲ့ကြဖူးသည်။ သို့သော် များပြားသော သေဆုံးမှုနှင့် ပျောက်ဆုံးမှုများမှ လွဲ၍ ဘာမှအကြောင်းမထူးခဲ့ကြချေ။ ထိုအနောက်တွင်ရှိနေသော လျို့ဝှက်ချက်၏ အနည်းငယ်မျှကိုပင် မည်သူမှ မသိရှိခဲ့ကြဖူးပေ။
“အရှင်မင်းကြီး...အရှင်မင်းကြီးလဲ အသေချာသိမှာပါ....” အိုလတ်ဂ်ဖှေးကြည့်နေသည့် နေရာအားလိုက်ကြည့်ပြီး ဖှေး၏အစီစဥ်ကို ရိပ်မိသွားသည်။ “အရှင်မင်းကြီး အဲ့နေရာက အန္တရာယ်များပါတယ် အလွန်ကို အန္တရာယ်များပါတယ်...”