← Chapters

အခန်း (၁၈၀)

Vol. 12 Ch. 180

အခန်း (၁၈၀)

Vol. 12 Ch. 180

ဖှေး သူ၏ခေါင်းကိုခါရမ်းလိုက်ပြီး အိုလတ်ဂ်အား စိုက်ကြည့်ရင်း သူ၏ အကြည့်များသည် နူးညံ့သိမ်မွေ့လာသည်။ အိုလတ်ဂ်ဤကဲ့သို့ပြောခြင်းမှာ သူ့ထံတွင် ကောင်းမွန်သောစိတ်ထားရှိသောကြောင့်ဖြစ်ကြောင်း သူသိရှိ၏။ အိုလတ်ဂ်အား သူ၏ဘေးတွင် ယုံကြည်စွာခေါ်ထားခဲ့ခြင်းမှာ မှန်ကန်သည့်အပြုမူဖြစ်ကြောင်းကို ဖှေး ဘစ်ဇားနှင့်တိုက်ခိုက်ခဲ့စဥ်က ခံစားလိုက်မိသည်။

"အေးဆေးပါ ငါလုပ်နေတာကို ငါသိပါတယ်...."

အိုလတ်ဂ်ပြောသည်မှာ မမှားချေ။ ဤသံမဏိတံခါးကြီးအနောက်တွင်ရှိသော နေရာမှာ အလွန်အန္တရာယ်များသည်။ ယခင်ဘုရင်လက်ထက်တွင် လေ့လာရန် ဝင်ရောက်သွားခဲ့သည့် စူးစမ်းရှာဖွေရေးသမားများ တစ်စုံတစ်ယောက်မှ ပြန်လည်ထွက်ခွာလာခြင်းမရှိခဲ့ပေ။ သ်ို့သော် ဖှေးတွင်လည်းထိုအထဲသို့ဝင်ကာ သံမဏိတံခါးအနောက်တွင်ရှိနေသည့် အရာများကို လေ့လာကြည့်ရမည့် အ​ကြောင်းပြချက်တစ်ခုရှိ၏။ ဘက်ပေါင်းစုံမှကြည့်ပါက ချမ်းဘော့ဒ်တိုင်းပြည်နှင့် ပတ်သက်သော လျို့ဝှက်ချက်များရှိနေမည်မှာ အမှန်အကန်ပင်။ လျို့ဝှက်ဆန်းကျယ်ကာ အထာကျသည့်ပုံပေါက်နေသောလည်း ချမ်းဘော့ဒ်တိုင်းပြည်အတွက် အချိန်မရွေးပေါက်ကွဲနိုင်သည့် မီးတောင်ပေါ်သို့ တက်ထိုင်နေရသကဲ့သို့လည်း ဖြစ်နေ၏။ ထို့ကြောင့်ဖှေးမှာ ဤမီးတောင်၏ ပေါက်ကွဲမှုအကွာအဝေးကို လျှော့ချရမည်လဲ ဖြစ်သည်။

ဖှေး သူ၏အသက်အား ဂရုမစိုက်ပဲ စွန့်စားမည်တော့မဟုတ်ပေ။

ဒိုင်ယာဘလိုကမ္ဘာအခန်း၁ ဖြစ်သည့် [သူပုန်စခန်း]မြေပုံအား အောင်မြင်ပြီးနောက်တွင် သူရရှိခဲ့သည့် ဆုများမှာ ဤအန္တရာယ်များလှသည့် လိုဏ်ဂူဝင်္ကဘာကို လုံခြုံစွာ စူးစမ်းရှာဖွေရန်အတွက် လုံလောက်ပြီဟု သူထင်၏။ ဤသံမဏိတံခါးအနောက်သို့ မသွားမှီသူ အရာတစ်ချို့ကို စီမံခန့်ခွဲရာ စီစဥ်ရဦးမည်ဖြစ်သည်။ ဤစူးစမ်းရှာဖွေမှုမှာ အချိန်ကြာမြင့်မည်ဖြစ်ကြောင်းလဲ ဖှေးရှင်းလင်းစွာ ခံစားမိ၏။ ထို့ကြောင့် သူထွက်ခွာသွားပြီးချိန်တွင်လည်း ချမ်းဘော့ဒ်တိုင်းပြည် ချောမွေ့စွာလှည်ပတ်ရန်အတွက် စီစဥ်ပေးခဲ့ရဦးမည်ဖြစ်သည်။

ဖှေးတစ်ယောက် သံမဏိဂိတ်တံခါးအနောက်သို့ မဝင်မှီ လိုအပ်သည့် စီစဥ်စရာရှိသည်များကို စီစဥ်နေသည်။

ထိုအချိန်တွင် အိုလတ်ဂ်တစ်ယောက်လဲ ကြိုးများ၊ သံမဏိချိန်းကြိုးများ၊ အဝတ်များကို ပြင်ဆင်ပေးနေ၏။ လျို့ဝှက်စွာ ပြင်ဆင်ပေးထားသည့် အစားစာနှင့်ရေများလည်း ပါရှိသည်။ ဖှေးအသုံးပြုနေကြ လက်ကိုင်တုတ်ဖြစ်သည့် အိုလတ်ဂ်တစ်ယောက်မှလွဲ၍ ဖှေး၏အစီစဥ်ကို မည်သူမျှမသိရှိကြချေ။

တစ်ချိန်တည်းမှာပင် ဖှေး သူရဲကောင်းမြို့တော်အတွက် နောက်ဆုံးအစီစဥ်များကို ချမှတ်လိုက်သည်။

ချမ်းဘော့ဒ်သင်တန်းကျောင်းထက် ပိုပြီးအဆင့်မြင့်​သော ပညာရေးတစ်ခုဖြစ်သည့် ချမ်းဘော့ဒ်တက္ကသိုလ်ကို သူရဲကောင်းမြို့တော်တွင် ဖွင့်လစ်သွားမည်ဖြစ်သည်။ အခြေခံကိုယ်ခံပညာတစ်ချ်ို့နှင့် မှော်ပညာလေ့ကျင့်လ်ိုသူများအတွက် အခြေခံသိုင်းပညာများသင်ကြားပေးသည့် ချမ်းဘော့ဒ်သင်တန်းကျောင်းနှင့် နှိုင်းယှဥ်ပါက ချမ်းဘော့ဒ်တက္ကသိုလ်တွင် သင်ကြားပေးသည့် ပညာရပ်များမှာ ပို၍ တိကျကာ နက်နဲတော့မည်ဖြစ်သည်။ သူတော်စဥ်အာကာရာမှ မှော်ဆေးပုလင်းဖော်စပ်နည်းများနှင့် မှော်စာလိပ်ပြုလုပ်နည်းများ၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခတ်ရှာမှ မှော်လေးအတတ်၊ အဖိုးကြီးကိန်းမှ မှော်ပညာအခြေခံများနှင့် မှော်တရားကျင့်စဥ်များကို သင်ကြားပေးမည်ဖြစ်သည်။ သူပုန်စခန်းတွင်မည်သူမှ ဂရုစိုက်ခြင်းမခံရသည့် ဝါးရစ်တစ်ယောက်ကလည်း စစ်ဘက်ဆိုင်ရာခရီးသွားခြင်း၊ လှေစီးခြင်းနှင့် တောတွင်းအသက်ရှင်နေထိုင်နည်းများကို သင်ကြားပေးသွားမည်ဖြစ်သည်။

သူပုန်စခန်းတွင် ပုန်းအောင်းနေကာ လောင်းကစားနှင့် သူတစ်ပါးအား လိမ်ညာရသည်ကို နှစ်သက်သော ဂိဒ်ပင် မဟာခေါင်းဆောင်ဖြစ်သော ဖှေးမှ ဆင့်ခေါ်ပြီး စိတ်ပညာနှင့် လိမ်လည်လှည့်စားခြင်းအတတ်တို့ကို သင်တန်းပို့ချပေးမည်ဖြစ်သည်။

ထိုအရာများအပြင် ဖှေးသည်လည်း ဆရာကြီးရာထူးကိုယူပြီး လုပ်ကြံသတ်ဖြတ်နည်းများ၊ အနီးကပ်တိုက်ခိုက်မှု ၊ သားရဲကောင်များထိန်းကျောင်းနည်း၊ ရေမီးလျှပ်စစ်နှင့် အဆိပ်မှော်ပညာ၊ ကုသခြင်းမှော်ပညာ၊ လေးအတတ်၊ လက်နက်ပစ်ပေါက်နည်းများ၊ မှော်ထောင်ခြောက်ပြုလုပ်နည်းများ စသည်တို့ကို ကိုယ်တိုင်ကိုကျသင်ပေးသွားမည်ဖြစ်သည်။

တက္ကသိုလ်အား သူရဲကောင်းမြို့တော်တွင်တည်လိုက်သည်။ စာသင်ခန်းများကိုလည်း ပြန်လည်တည်ဆောက်ခြင်း စတင်သည့်အချိန်ကတည်းက ဖန်တီးထားပြီးဖြစ်၏။ ဆရာများမှလွဲ၍ မတူညီသော သင်ခန်းစာဘာသာရပ်များကို မတူညီသော စာသင်ခန်းများတွင် လေ့ကျင့်သင်ကြားရမည်ဖြစ်သည်။ အခြေခံစာသင်ခန်းသုံးပစ္စည်းများကိုလည်း စီစဥ်ထားပြီးဖြစ်သည်။ ဖှေးသည် သူ၏အရင်ဘဝတွင် တက်ရောက်ခဲ့သည့် တက္ကသိုလ်အတိုင်း သူမှတ်မ််ိသလောက်စီစဥ်ထားခဲ့ခြင်းဖြစ်၏။

အားလပ်ချိန်တွက် ပျော်ရွှင်မှုအတွက် အသုံးချမည့် အားကစားခန်းများလဲ ပါရှိ၏။

ဖှေးသည် ရေကူးကန်သုံးကန်၊ သာမန်အရွယ်စားရှိ ဘားတစ်ခု၊ ဘောလုံးကွင်းတစ်ကွင်းနှင့် ဘက်စကတ်ဘော ဘောလုံးကွင်းနှစ်ခု ပြုလုပ်ပေးထား၏။ ထို့နောက်တွင် သူ၏ ဉာဏ်ကောင်းသောဇနီးလောင်း အန်ဂျယ်လာနှင့် ဆံပင်ရွှေရောက်နှင့် အမ်မာတို့အား ဘောလုံးများပြုလုပ်ရန်အတွက် အကူညီတောင်းလိုက်၏။ ဘောလုံးအတွင်းပိုင်းများကို နတ်ဆိုးသားရဲကောင်များ၏ ဆီးအိတ်ကိုအသုံးပြု၍ ပြုလုပ်ထားခြင်းဖြစ်သည်။ လေမှုတ်သွင်းကာ အသေချာချုပ်လုပ်ထားသဖြင့် မြေကမ္ဘာရှိ ကွာလတီမြင့် ဘောလုံးများနှင့် အရည်သွေးသိပ်မကွာလှပေ။ ထို့နောက်တွင် ဤအားကစားနှစ်ခုမှာ သူ၏အရင်ဘဝတွင် အဘယ်ကြောင့်ပေါ်ပျူလာဖြစ်ခဲ့သည်ကို သိလာရ၏။ ဖှေးတစ်ယောက် ဘောလုံးနှင့်၊ ဘတ်စကတ်ဘော ကစားပုံကစားနည်းစည်းမျဥ်းများကို ရှင်းပြပြီးသည့်နောက်တွင် ဤအားကစားနှစ်ခုမှာ ချမ်းဘော့ဒ်တိုင်းပြည်တွင် ရောဂါကဲ့သို့ ပျံ့နှံ့သွား၏။ ပေါ်ပျူလာဖြစ်မှုမှာ ဖှေးထင်ထားသည်ထက်ပင်ပို၏။ တိုင်းပြည်ထဲတွင် ဘောလုံးကွင်းများနှင့် ဘတ်စကတ်ဘောကွင်းများ ပြုလုပ်ပြီးသည့်နောက်တွင် ယခင်က ညစာစားပြီး လမ်းလျှောက်လေ့သာရှိကြသော ချမ်းဘော့ဒ်မြို့သူမြို့သားများ၏ အားလပ်ချိန်အများစုကို ထိုအားကစားများကသာ နေရာယူထားတော့၏။ ထို့နောက်တွင် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့အပါဝင် လူသန်ကြီး၂၂ယောက်နှင့်ဖွဲ့စည်းထားသည့် ဘတ်စကတ်ဘောအသင်းမှာ ချမ်းဘော့ဒ်တွင် ပြိုင်ဘတ်ကင်းဖြစ်လာတော့၏။

မြေအောက်လိုဏ်ဂူတည်ရှိနေမှုအား ယာယီအားဖြင့် မြို့သူမြို့သားများထံမှ လျို့ဝှက်ထားဦးမည်ဖြစ်သည်။

ဖှေး၏ အစီစဥ်အရ ချမ်းဘော့ဒ်တက္ကသိုလ်သို့ တက်ရောက်ခွင့်ရမည့်လူများမှာ ချမ်းဘော့ဒ်သင်တန်းကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် စစ်ပွဲများစွာကို သစ္စာရှိစွာတ်ုက်ခိုက်ခဲ့ဖူးသည့် စစ်သည်များသာဖြစ်သည်။ အေဇာရုတိုက်တွင် အရေးကြီးအရာများဖြစ်သည် နောက်ခံမျိုးရိုးနှင့်အသက်အကန့်သက်တို့မှာ ဖှေးအတွက်သိပ်ပြီးအရေးမပါလှချေ။ ချမ်းဘော့ဒ်တွင် အရည်ချင်းရှ်ိခေါင်းဆောင်များလိုအပ်နေသည့်အတွက်ဖှေး လူတိုင်းကိုအခွင့်ရေးပေး၍ မြေတောင်မြှောက်ပေးနေခြင်းဖြစ်သည်။

သို့သော် ဤတက္ကသိုလ်တက်ရောက်မည့်လူများသည် မြေအောက်လိုဏ်ဂူ၏ ၁၀ခုမြောက် သံမဏိဂိတ်တံခါး မတိုင်မှီထိသာ လွတ်လပ်စွာ သွားလာခွင့်ရှိမည်ဖြစ်သည်။ တောင်အတွင်းဆုံးထိမရောက်မှီ သံမဏိဂိတ်တံခါးများ စုစုပေါင်း၂၁ခုကိုတပ်ဆင်ထား၏။ စမ်းသပ်မှုများစွာအောင်မြင်သည့် ကျောင်းသားများသာ ၁၁ခုမြောက်ဂိတ်တံခါးအနောက်သို့ ဖြတ်သန်းကာ မည်သည့်အရာများရှိသည်ကို ကြည့်ရှုရန်အတွက် ဘုရင်၏ ခွင့်ပြုမိန့်ရမည်ဖြစ်သည်။

[မနက်ဖြန် gp2မှာ စတင်ပါမယ်ဗျ။ မဝင်ရသေးရင် လာအားပေးကြပါဦး😁😁]

All Chapters