တစ်စုံတစ်ယောက်ကသူ့ အတွက် ဒီကိုရောက်နေတာ
Vol. 11 Ch. 151
ဘာသာပြန် = စနိုးဝှိုက်
"အကြီးအကဲ ကျန်း, ခင်ဗျား ဒီကို ကြွားဖို့ သက်သက်လာတာတော့ မဟုတ်ပါဘူးနော်"
လင်းဖန် မေးလိုက်တယ်။
အကြီးအကဲ ကျန်းဟာ ရယ်မောလိုက်ပြီး..
"ဒီလိုတော့ မဟုတ်ဘူးပေါ့..သတင်းထောက်တွေက တိမ်ဖြူလမ်းက ပန်ကိတ်တွေနဲ့ ရှန်ဟိုင်း အဆင့်မြင့် အိုးရှင်း ဟော်တယ်ရဲ့ ပန်ကိတိတွေ ကြားထဲမှာ ဘယ်ဟာက ပိုကောင်းလဲ ဆိုတာတောင် သိချင်နေကြတယ်လေ။အဖြေကတော့ စားသုံးသူတွေရဲ့ အပေါ်မှာပဲ မူတည်မှာပေါ့"
လင်းဖန် ခေါင်းခါယမ်းလိုကိပြီး ဆိုင်ထဲကို ပြန်ဝင်ဖို့လုပ်လိုကိပါတယ်။
"ဘယ်လိုတောင် အချိန်ဖြုနိးလိုကိလဲ"
အကြီးအကဲကျန်းဟာ ဟာသတစ်ခုကို မြင်လိုက်သလို မျက်တောင် ပုတ်ခတိ ပုတိခုတ်ဖြစ်သွားပြီး...
"မာစတာ လင်း , မင်းကြောက်နေတာတော့ မဟုတ်ပါဘူးနော်..ဟုတ်တယ်မလား။ဒါက ငါတို့နှစ်ယောက်ရဲ့ ချစ်ခင်မူ အထိန်းအမှတ် ပြိုင်တာဖြစ်ပြီး ၊ နောက်ကွယ်မှာ တစ်ခြား အဓိပါယ်တွေ မပါပါဘူး"
လင်းဖန်ဟာ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး ပြန်လှည့်ကာ ပြောလိုက်တယ်။
"ကျုပ်က ဘာလို့ ခင်ဗျားနဲ့ ပြိုင်ရမှာလဲ"
အကြီးအကဲ ကျန်းဟာ သိပ်စိတ်မရှည်တော့ပေ..ဒီကောင်လေးက အတော် မောက်မာတယ်လို့ ခံစားမိလိုက်ပါတယ်။
သို့ပေမယ့် သတင်းထောက်တွေ ရှိနေတော့ သူ ရိုင်းရိုင်းစိုင်းစိုင်းတွေ သွားလုပ်လို့ မဖြစ်သေးပါဘူး။
"မာစတာ လင်း၊ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ ပူးပေါင်းပေးပါ..သတင်းထောက်တွေကလည်း အဖြေကို သိချင်နေကြတာလေ"
သတင်းထောက်တွေဟာ ကင်မရာတွေ ကိုင်ထားကြပြီး...
"မာစတာ လင်း , ကူညီပေးပါ ..လူတိုငိးက ဘယ်ပန်ကိတ်က ပိူကောင်းသလဲ ဆိုတာကို သိချင်နေကြတာလေ"
"အကြီးအကဲ ကျန်း လူနာတွေကို ပန်ကိတ်ပေးလိုက်တာ လူနာတွေက မစားနိုင်သေးပေမယ့်လည်း စားချင်စိတ်တော့ ရှိကြတယ်။တကယ်လို့ သူသာ အောင်မြင်ချင်ရင် ဖော်မြူလာကို နည်းနည်း ပြန်ပြင်ဖို့ လိုနေတာ"
"ဟုတိတယ်.. ဘယ်ပန်ကိတ်က အစစ်အမှန် ပိုကောင်းလဲ ဆိုတာ ကြည့်ပါရစေ"
သတင်းထောက်တွေဟာ ဒီကိစ္စတွေဟာ ထင်သလောက် မကြီးကျယ်တာ သိတာနဲ့ ကိစ္စတွေကို ပိုကြီးအောင် လုပ်ချင်နေကြတာပါ..ဒါဆိုရင် သူတို့ လူတွေ စိတ်ဝင်စားအောင် သတင်းတွေ ရေးလို့ရပါပြီ။
အကြီးအကဲ ကျန်းအတွက် ကတော့ ဒီကို လာခဲ့တာ အကြောင်းပြချက် နှစ်ခုပဲ ရှိပါတယိ။
ပထမ အချက်က လင်းဖန်သူနဲ့ အလုပ်တွဲမလုပ်ခြင်းရဲ့ ဆုံးရှုံးမူကို သိစေချင်ပြီး အခုချိန် နောင်တရလို့ မဖြစ်နိင်တော့ဘူး ဆိုတာကိုပါ။
သူကိုယ်တိုင်လာကမ်းလှမ်းပေမယ့် လည်း လင်းဖန်ရဲ့ ငြင်းပယ်ခြင်းက သူ့ကို မပျော်မရွှင် ဖြစ်စေပါတယ်။သူ့ရဲ့စာဖိုမှူးတွေ ဒီလိုပန်ကိတ်ကို ထုတ်ဖော် နိုင်ခဲ့တဲ့ အချိန်မှာတော့ သူ့ခံစားမူတွေဟာ ပြောမပြတတ်အောင်ပါပဲ။
ဒုတိယ အချက်က သူ့ရဲ့ ပန်ကိတ်တွေကို လူသိများအောင် ပိုလုပ်ဖို့ပါ။သူ့ရဲ့ ထုတ်လုပ်နိုင်စွမ်း ၊ ကြိုတင်ပြင်ဆင်ထားမူ ၊ အဆက်အသွယ် တွေနဲ့ ဆိုရင် ပန်ကိတ်တွေကို လူတွေရှေ့ ဖြန့်ချီပေးနိုင်ပေးဖို့က သိပ်မလိုတော့ပေ.။
အခုဟာက ရုပ်မြင်သံကြားတွေမှာ ငွေတွေအများကြီး ကုန်ကျခံကြေညာတာထက်တောင် ပိုထိရောက်ပါသေးတယ်။
လင်းဖန် နဲ့ ပန်ကိတ်နဲ့ လိုက်နှိုင်းယှဥ်တာက လူသိများဖို့ အလွယ်ဆုံးနည်းပါပဲ..ဒါကြောင့် သူဒီအခွင့်အရေးကို လက်မလွှတ်နိုင်တာပါ။
အကြီးအကဲ ကျန်းဟာ သူ့ပန်ကိတ်အတွက်ကတော့ ယုံကြည်မူအပြည့်ရှိတယ်လို့ ပြောလို့ရပါတယ် ...သူ့ပန်ကိတ်ကို စားပြီးတဲ့ နောက်မှာ ထပ်ထပ်ပြီး စားချင်နေကြမှာပါ။
သူ့ရဲ့ ကာစတန်မာတွေလည်း ဒီလို ခံစားရမယ်လို့ ယုံကြည်မူရှိပါတယိ။သူနေ့တိုင်း ဆိုင်ဖွင့်တာနဲ့ လူတွေ အလုအယက် ဝယ်နေတာမြင်တိုင်း ပီတိဖြစ်မိပါတယ်။
သူ့ပန်ကိတ်တွေသာ စျေးကွက်ထဲကို ထိုးဖောက်နိုင်ရင် ပိုက်ဆံတွေ လေပေါ်မှာ ဝဲနေတော့မှာပါ။
သို့ပေမယ့် သူ့ကို စိတ်ပျက်စေတဲ့ အရာက သူဘယ်လောက်ပဲ ပန်ကိတ်ဖော်မြူလာကိုမေးမေး.
သူ့ရဲ့ စာဖိုမှူးတွေက မပြောကြပါဘူး။သူတို့က ဝေ့လည်ကြောင်ပတ်နဲ့သာပြောနေကြပြီး..သူ တို့အတွက် ထားထား ချင်နေကြတဲ့ ပုံပါပဲ။
ဒါကြောင့် သူ စာဖိုမှူးတွေနဲ့ ..ပါတနာအဖြစ် ပူးပေါင်းဖို့သာ တတ်နိုင်ပါတော့တယ်..သူတို့ဆီက အတင်းတောင်းရင် သူတို့ အလုပ်ထွက်သွားကြမယ်ဆိုတာ သူသိထားပြီးသားပါ။
စာဖိုမှူးတွေဟာ အကြီးအကဲ ကျန်းနောက်မှာ ငြိမ်သက်စွာ ရပ်နေကြပါတယိ။ဒါက မောက်မာနေတာထက် ကောင်းတယ် ဆိုတာ သူတို့ သိထားပြီးသားပါ..အကြီးအကဲ ကျန်း လုပ်နေတာတွေ က စောက်ပြသနာ တက်နိုင်ဆိုတာ သိပေမဲ့ သူတို့ သတိမပေးရဲကြပေ။
သူတို့ဟာ အခြေအနေတွေ အထိုင်ကျအောင် ခနနေပြီးတာနဲ့ အလုပ်ထွက်ကြမှာဖြစ်ပြီး ..ဒီကိစ္စတွေနဲ့ လုံးဝ ဝင်မပတ်သက်ဖို့ ဆုံးဖြတ်ပြီး ကြပါပြီ။
တကယ်လို့ ပန်ကိတ်တွေကို ဟော်တယ်မှာပဲ ရောင်းမယ်ဆိုရင်တောင် ပြသနာ မရှိပါဘူး..ဒါပေမယ့် စျေးကွက် ကိုထိုးဖောက် မယ်ဆိုရင်တော့ ပြသနာ အကြီးကြီး တကိသွားမှာပါ။
လင်းဖန်ဟာ သူငြင်းလိုက်တဲ့အတွက် အကြီးအကဲ ကျန်းမပျော်မရွှင် ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
သတင်းထောက်တွေဟာလည်း သူတို့ ဘာသတင်းမှ မရရင် ဒီကို ခဲ့တာ အလကားပဲ ဆိုတာ သိထားကြပါတယိ။
သတင်းထောက်တစ်ယောက်ဟာ ပြောလိုက်တယ်။
"မာစတာ လင်း..ခင်ဗျား ယှဥ်ပြိုင်ဖို့ ကြောက်နေတာလား ဆိုတာ ကျွန်တော် သိပါရစေ။ဒါမှမဟုတ် ခင်ဗျားရဲ့ ပန်ကိတ်တွေက အကြီးအကဲ ကျန်းရဲ့ ပန်ကိတ်ထက် မကောင်းလို့လား"
လင်းဖန် သတင်းထောက်ကို ကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်။
"ကျုပ်ဘာ စိန်ခေါ်မူကိုမှ လက်ခံမှာ မဟုတ်ဘူး..ဘာလို့လဲ ဆိုရင် မလိုအပ်လို့ပဲ"
အဲ့အချိန်မှာပဲ သူ အကြီးအကဲ ကျန်းကို ကြည့်လိုက်တဲ့ အချိန်မှာ ဒေါသထွက်နေတာ တွေ့ရပြီးမျက်နှာကြီးတစ်ခုလုံး မဲနက်နေခဲ့ပါတယိ။
သို့ပေမယ့် သူဒါကို ဂရုမစိုက်ပါဘူး...စကားတွေ အများကြီး ထပ်ပြောနေလို့လဲ အပိုပါပဲ..
အကြီးအကဲ ကျန်းဟာ လင်းဖန်ရဲ့ စကားတွေကို ကြားလိုက်တဲ့ အချိန်မှာ စိတ်တိုသွကာ သတိပေးစကား ပြောလိုက်တယ်။
"မာစတာ လင်း, မင်းမပြိုင်ရဲရင် လေကြီးလေကျယ်တွေ သိပ်မပြောတာကောင်းမယ်နောိ"
လင်းဖန်ဟာ ခေါင်းယမ်းလိုကိပြှီး အကြီးအကဲကို ထပ်ဂရုမစိုက်ဖို့ ဆုံးဖြတ်လိုက်ကာ ဆိုင်ထဲကို ပြန်ဝငိသွားလိုက်ပါတယ်။သူဟာ ထိုင်ခုံကို ပြန်သွားထိုင်လိုကိပြီး လဘက်ရည်တစ်ခွကိသောက်ကာ ဖုန်းကို ထုတ်လိုကိပါတယိ။
ဒီနေ့ခေတ်လူတွေ အောင်မြင်ဖို့ ဘာလို့ အလျင်လိုနေကြတာလဲ ဆိုတာ ကို သူနားမလည်နိုင်တော့ပေ။
ငါ ပန်ကိတ်ရောင်းရင်း ဘယ်သူ့ကို အပြစ်ပြုမိလို့လဲ...ဒီကိစ္စတွေကို ချဲ့ကားနေဖို့ လိုလို့လား..
လူလိမ် ထျန်ကတော့ ဒေါသထွကိနေခဲ့ပါပြီ။
ဘယ်လိုလုပ် ဆိုင်ပေါက်ဝ အထိလာစော်ကားရဲတာလဲ.. သူက လင်းဖန်ကို စော်ကားရဲရအောင် သူ့ပန်ကိတ်က ဘယ်လောက်တောင် ကောင်းနေလို့လဲ...ဒီလူ စိတ်လွတ်သွားတာ ဖြစ်ရမယ် ..
"အားလုံးပဲ ပြန်လိုက်ကြပါတော့..ငါတို့ လုပ်စရာ အလုပ်ရှိသေးတယ်"
လူလိမ် ထျန်ဟာ အော်လိုက်ပါတယိ။
အကြီးအကဲ ကျန်းဘက်ကနေ ရပ်တည်ပေးဖို့အတွက် လာကြတဲ့ လူတွေဟာ စတင်စကားပြောလာကြပါတော့တယိ။
"ကြည့်ရတာ မာစတာ လင်းက တကယ်ကြောက်နေတယ် ထင်တယ်"
"ဒါမှနိတယ် မာစတာ လင်းက သူ့ပန်ကိတ်က အကြီးအကဲ ကျန်းရဲ့ ပန်ကိတ်လောကိ မကောင်းဘူးဆိုတာ သိပြီးသားဖြစ်မယ်"
"အကြီးအကဲ ကျန်းရဲ့ ပန်ကိတ်က အကန့်အသတ်မရှိဘူး..ဘယ်လောက်မိုက်လဲ"
"မင်းတို့နဲ့ ပြောနေရင်းတောင် ငါစားချင်လာပြန်ပြီ"
"ဟေး ထပ်မပြောနဲ့တော့ ..ငါလည်း စားချင်လာပြန်ပြီ။ဒါပေမယ့် ဒီက အခြေအနေကို တစ်ချက်စောင့်ကြည့်ရအောင်။ဘာမှ ထပ်မရှိတော့ရင်တော့ ပန်ကိတ် အမြန်သွားဝယ် ကြတာပေါ့"
"ငါ မြင်တာတော့ မာစတာ လင်းရဲ့ လုပ်ရပ်ကြောင့် ဒီအခြေအနေဖြစ်လာတာ။သူသာ အကန့်အသတ်မထားရင် သူ့စီးပွားရေးက ကျိန်းသေပိုကောင်းမှာပဲ။ဘယ်လိုဖြုန်းတီမူလဲ..လူတွေက သူတို့ မှာ ရှိတဲ့ အရည်အချင်းကို အသုံးမချတတ်ကြဘူး"
....
မာစတာ လင်းရဲ့ ပန်ကိတ်ကို ထောက်ခံတဲ့ လူတစ်ချို့ဟာတော့ ဝမ်းနည်းသွားကြပါတယိ။
"မင်းတို့ ဘာပြောတာလဲ .အရင်တုန်းကတော့ မာစတာ လင်းရဲ့ ပန်ကိတ်တွေက မင်းတို့အတွက်ပျော်ရွှင်မူတွေ ယူဆောငိလာပေးတယ်လို့ မထင်မိဘူးလား"
"ငါ ဒီမှာ စပြီး တန်းစီလာကတည်းက ဘဝမှာ မဓိပါယ်ရှီတာ တစ်ခုခု တိုးလာသလိုပဲ..ဒီမှာ အစောကြီး တန်းစီပြီး လက်မှတိတေ ဝေတဲ့အချိန်ဆို ရှိုးပွဲ လက်မှတ် ရသလိုမျိုးဟရင်ခုန်ဖို့ကောင်းတယ်..ငါအရွေးခံရရ မရရ ငါ ပျော်ရွှင်တယ်"
"ဟမ့် မာစတာ လင်းက ကန်းနေတာလား။မင်းတို့ကို အခုထိ တန်းစီခွင့်ပေးသေးရင်..ငါသာဆို မင်းတို့ကို ဘယ်တော့မှာ ဒီမှာ လာပြီး တန်းမစီခိုင်းတော့ဘူး"
...
"အခြအနေက အခုကွာခြားသွားပြီ ..အကြီးအကဲ ကျန်း ပန်ကိတ်က သတ်မှတ်ချက်မရှိ ဝယ်လို့ရတယ်"
"ဟုတိတယ် ဒါက တန်းစီရတာထက် ပိုပျော်ဖို့အ
မကောင်းဘူးလား"
"ဒီတစ်ခုထဲနဲ့ အကြီးအကဲ ကျန်းရဲ့ ပန်ကိတ်ကို နံပါတ် ၁ ရွေးပေးလိုက်မယ်ကွာ"
"မင်းတို့ အကြီးအကဲ ကျန်ရဲ့ ပန်ကိတ်ကို စားဖူးလား။အရသာက တကယ် မဆိုးဘူး ငါသေချာမပြောတတ်ပေမယ့် ညတိုင်း မစားပဲ အိပ်ရင် အဆင်မပြေဘူး"
"မင်းတို့ဟာ မင်းတို့ ပျော်ပျော်ကြီး တန်းစီနေကြ..မင်းတို့ဆီကို နောက်တစ်ခါပြန်မလာတော့ဘူး"
....
ဒီ ငြင်းခုန်မူတွေကို ကြားတဲ့ အချိန်မှာ အကြီးအကဲ ကျန်းဟာ ပြုံးလိုက်ပါတယ်။
လူတွေရဲ့ အနေအထားကို ကြည့်တာနဲ့ မာစတာ လင်းရဲ့ ပန်ကိတ်တွေဟာ အကြီးအကဲ ကျန်းရဲ့ ပန်ကိတ်တွေကို ယှဥိးနိုင်ပါဦးမလား....
သေချာတာပေါ့..ဘယ်ယှဥ်ပြိုင်နိုင်ပါ့မလဲ..
သတင်းထောက်တွေဟာ လည်း အခြေအနေတွေကို ငြိမ်သက်ပြီး စောင့်ကြည့်နေကြပါတယ်။
ဝူတန်ဟီဟာ လင်းဖန် အနားလာပြီး တီးတိုးပြောလိုက်တယ်။
"ဘာလို့ စကားနည်းနည်းလောက် ထွက်မပြောတာလဲ.."
လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး..
"မလိုဘူး ..ဒီလူတစ်ခုခု မကောင်းတာ ဖြစ်တော့မှာ ကျွန်တော် မြင်နေရတယ်.."
...
အဲ့အချိန်မှာပဲ ရဲကားလေးတစ်ီးဟာ ရောက်လာပြီး ရဲတွေ ဆင်းလာကြပါတယိ။
ဒါရိုက်တာကျန်းဟာလည်း သူတို့ထဲမှာ ပါလာပြီး အကြီးအကဲ ကျန်းကို မြင်တဲ့ အချိန်မှာ လက်ညိုးထိုးပြီး ပြောလိုက်တယိ။
"အဲ့လူပဲ"
အကြီးအကဲ ကျန်းဟာ အနည်းငယ် သံသယဖြစ်မိပေမယ့် သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပါသေးတယ်။
ကြည့်ရတာ ရဲတွေတောင် သူ့အခြေအနေကို စိတ်ဝင်စားနေကြတဲ့ ပုံပါပဲ...
စာဖိုမှူးတွေရဲ့ မျက်နှာဟာတော့ ဖြူဖျော့နေကြပါပြီ။သူတို့ ခြေထောက်တွေဟာ တုန်ရီနေပြီး..တစ်ခုခု ဆိုးတာ ဖြစ်တော့မယ် ဆိုတာ သူတို့ သိလိုက်ကြပါပြီ။
"အရာရှိ တို့, ခင်ဗျားတို့...."
အကြီးအကဲ ကျန်း စကားပြောလို့ မပြီးခင်မှာပဲ လီရှောင်ရှမ်းဟာ သူ့ပုခုံးပေါ်လက်တင်ကာ ဖြတ်ပြောလိုက်ပါတယိ။
"အဆင့်မြင့် အိုးရှင်း ဟော်တယ်နဲ့ ပတ်သက်တဲ့ လူတိုင်းကို စစ်ဆေးဖို့ ခေါ်သွားလိုက်"
အကြီးအကဲ ကျန်း : .......
သတင်းထောက်တွေနဲ့ ကျန်တဲ့ လူတွေဟာလည်း ဆွံ့အ ကုန်ကြပြီး ဘာမှ မပြောနိုင်ကြပေ။
".........."