ကြောင်အသွားကြခြင်း
Vol. 11 Ch. 152
ဘာသာပြန် = စနိုးဝှိုက်
မတော်တဆ မူတိုင်းဟာ ရဲအရာရှိတွေ မှာ တာဝန်ရှိပါတယ်။
အကြီးအကဲ ကျန်းဟာ အော်လိုကိတယိ..
"မင်းတို့ ဘာလုပ်နေကြတာလဲ..ငါဘာလုပ်ထားလို့လဲ.မင်းတို့က ငါ့ကို စစ်ဆေးမယ်ဆိုတော့ ငါက ဘာလို့ထားလို့လဲလို့..."
သူ တကယ်စိတ်ရှုပ်သွား ခဲ့တာပါ။
ငါဘာလုပ်ထားလို့လဲ...ငါ ဘာလုပ်ထားလို့ ရဲဖမ်းတာ ခံရမှာလဲ ဟ..ငါ သတင်းထောက်တွေကို ခေါ်လာတာက ဥပဒေကို ဆန့်ကျင်နေလို့လား..
အကြီးအကဲ ကျန်း လက်ရှိ အဓိက အာရုံစိုက်ထားတာက ပန်ကိတ်လုပ်ငန်းမှာပါ။သူ့မှာ အဆက်သွယ်ကောင်းတွေ ရှိတယ် ဆိုတာကလည်း သူ့ရဲ့ ကျွမ်းကျင်လိမ္မာ မူတွေကြောင့်လို့ ပြောလို့ရပါတယ်။
သူ့ ဘဏ်ထဲမှာ ပိုက်ဆံ အများကြီးရှိပြီး..ပန်ကိတ်တွေကိုလည်း သူ့ရဲ့ စာဖိုမှူးတွက ဖန်တီးထားကြတာပါ။
တစ်နှစ်အတွင်းမှာ သူ့ရဲ့ ပန်ကိတ်တွေ တရုတ်ပြည်တစ်ခုလုံးကို ဖြန့်ကျတိ နိုင်ပါလိမ်မယ်။ဒါက သူ့ကို ထိပ်တန်း သူဌေးကြီး စာရင်းထဲ ဝင်အောင် တောင် မြင့်တင်ပေးနိင်ပါတယိ။
တကယ်လို့ နိုင်ငံတကာ စျေးကွက် အထိပါ ထိုးဖောက်သွားနိုင်ပြီ ဆိုရင်..ငွေတွေဟာ တလဟော ဝင်လာမှာဖြစ်ပြီး ဟော်တယ် တွေ တစ်ခုထက်မက ဖွင့်နိုင်တော့မှာပါ။
လင်းဖန်ဟာ လည်း မျက်တောင် အနည်းငယ် ခတ်လိုက်ပြီး သူ့ရှေ့မှာ ဖြစ်နေတဲ့ အဖြစ်အပျက်ကို တစ်ချက်ရှိုးလိုက်ပါတယိ။
ဘာတွေ ဖြစ်ကုန်တာ တုန်းဟ...
အရမ်းလည်း အောင်ပွဲ ခံမနေနဲ့ဦး အခြေအနေတွေက ပြောင်းလဲ နိုင်သေးတယ်..
ဒါက ဆိုးရွား အပြောင်းအလဲပဲ..ပထမတော့ ခင်ဗျား မာန်တက်နေတယ်..အခုတော့ ကံတရားက တဖန်ပြန်ရောက်လာပြီလေ.
သို့ပေမဲ့ အကြီးအကဲ ကျန်းဟာ အခုချိန်ထိ သူဘာအမှား လုပ်ထားလဲ ဆိုတာ နားမလည်နိုင်သေးပေ။
စာဖိုမှူးတွေကတော့ ခေါင်းလေးတွေကို ငုံ့ထားကြပါတယ်...
အဖြစ်အပျက်တွေ ပေါ်သွားတာက မြန်လှချည်လား..ဒါက ဘယ်လောက်မှတောငိ မကြာလိုက်ဘူး...
သတင်းထောက်တွေဟာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို ကြည့်ပြီး ဒေါသထွက်လာကြပါတယ်။
မာစတာ လင်းက ရဲဌာန နဲ့ ရင်းနှီးတာနဲ့ပဲ ဒီလို အတင်းဆွဲထုတ်သွား လိူ့ရလား...
သူတို့ မြင်နေတဲ့ အတိုင်းကတော့ ဒီဖြစ်နိုင်ခြေ တစ်ခုထဲ ရှိတာပါ..တစ်ခြား အကြောင်းအရင်းရှိနေတာ အဖြစ်နိုင်ပါဘူး။
သတင်းထောက် တစ်ယောက်ဟာ မနေနိုင်တော့ပဲ မေးခွန်းထုတ်လိူက်တယ်..
"အကြီးအကဲ ကျန်း ဘာဖြစ်နေလို့လဲ...ဘာအတွက် သူ့ကို စစ်ဆေးဖို့ ခေါ်သွားရမှာလဲ..."
နောက်တစ်ယောက်ဟာ ပြောလိုက်တယ်..
"အားလုံးပဲ ကျွန်တော်က ရှန်ဟိုင်း လူထု သတင်းဌာနက သတင်းထောက် တစ်ယောက်ပါ..အကြီးအကဲ ကျန်းက ရှန်ဟိုင်း အစားအသောက် လုပ်ငန်းရှငိ တစ်ဦးပဲ ..သူအပြစ်တွေ ကျူးလွန်ခဲ့တာလဲ သိလို့ရမလား.."
ဘေးနားမှာ ရှိနေတဲ့ လူအုပ်ကြီးဟာလည်း တီးတိုး ပြောလာကြပါပြီ။
"မာစတာ လင်းက ရဲတွေ နဲ့အဆက်သွယ်ကောင်းရှိတယိလို့ ကြားတယ်..သူက အကြီးအကဲ ကျန်းကို ခေါ်ထုတ်သွားဖို့ ရဲခေါ်လိုက်တာ ဖြစ်နိင်မလား"
"အတိအကျပဲ..ဘယ်လိုလုပ်ပြီး အပြစ်မရှိတဲ့ လူကို ခေါ်သွားလို့ရမှာလဲ။အကြီးအကဲ ကျန်းက အမူမှ မကျုးလွန်းထားတာကို.."
"ငါတို့ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်ရမယ်..ဒီအရာရှိက အာဏာကို အလွဲသုံးစား လုပ်နေတာပဲ.."
"တစ်စုံတစ်ယောက်ကို အကြောင်းမဲ့ ဖမ်းဆီးတာက ပြစ်မူမြောက်တာ မဟုတ်ဘူးလား"
အကြီးအကဲ ကျန်ဟာ ပါးစပ်က တတွတ်တွတ်ပြောနေခဲ့ပါတယ်..
"မင်းတို့ ငါ့ကို ခေါ်သွားလို့ ရပါတယ်..ဒါပေမယ့် အကြောင်းပြချက်လေး တော့ ပေးဦးလေကွာ..ငါက တရား ဥပဒေအတိုင်း လုပ်ပြီး မှန်ကန်တဲ့ လူတစ်ယောက်ပါ။အရင်ကလည်းငါအမှားမှ မလုပ်ဖူးဘူးလေ..ဘာလို့ ငါ့ကို ခေါ်သွားကြတာလဲ.."
ဒါရိုက်တာ ကျန်းဟာ နောက်ထပ် သည်းမခံနိုင်တော့ပဲ လက်ညိုးထိုးကာ ပြောလိုက်တယ်..
"မင်းကိုမင်း မှန်ကန်တဲ့ လူတစ်ယောက်လို သရုပ်ဆောင်နေတယ်ပေါ့..ဒါဆို ပန်ကိတ်ထဲမှာ ဘာလို့ ထည့်ထားတာလဲ"
အကြီးအကဲ ကျန်းဟာ ကြောင်အသွားပြီး အပြစ်ကင်းစွာ ပြန်ဖြေလိုက်တယ် .
"မင်းဘာပြောချင်တာလဲ..ဒါက ငါ့ရဲ့ လျို့ဝှက် ဖော်မြူလာလေ.ဘာလို့ တစိခြားဟာတွေ ရောနေရဦးမှာလဲ"
ဒါရိုက်တာ ကျန်းဟာ သူ့အိတိထဲက အချက်အလက်တွေကို ထုတ်ယူလိုက်ပါတယ်။
"မင်းဘယ် ဖော်မြူလာကို ပြောနေတာလဲ..မင်းပန်ကိတ်ထဲမှာ တရားမဝင်ဆေးတွေ အများကြီးပါတယ်..ဒါတွေက ကာစတန်မာတွေကို တစ်ခါစားပြီးတိုင်း အငမ်းမရစွဲလမ်း စေတဲ့ ဟာတွေလေ။ဟော်တယ် တစ်ခုရဲ့ သူဌေးတစ်ယောက် အနေနဲ့ မင်းက နောက်ဆက်တွဲတွေ သိတာတောင် ဒီလို အလုပ်ကို လူပ်ရဲသေးတယ်။သေချာကြည့် မင်း တရားဝင် ပမာဏ ထက်ကျော်လွန်နေပြီ..အရမ်းများလွန်းလို့ စားပြီးတဲ့ လူတွေဟာ မထိန်းချုပ်နိုင်ပဲ အငမ်းမရ ဖြစ်နေတာပေါ့။ဒါတောင် မင်းက လျို့ဝှက် ဖော်မြူလာ လို့ ပြောရဲသေးတယိ"
"ဒါဘယ်လို ဖြစ်နိုင်မှာလဲ"
အကြီးအကဲ ကျန်းဟာ ကြောင်အသွားခဲ့တယ်။သူဟာ အချက်အလက်စာရွက်တွေ ကို ဖမ်းဆွဲကာ ပါဝင်ပစ္စည်း တွေကို သေချာကြည့် လိုက်ပါတယ်။
ယင်းနောက် သူဟာ ဒေါသထွက်သွားပြီး သူ့စာဖိုမှူးတွေကို ကြည့်ကာ အော်လိုက်တယ်.
"မအေလိုးတွေ..မင်းတို့..မင်းတို့ငါ့ကို ဒီလို လုပ်ရဲတယ်လား.."
ဒီမအိမ်လုံး တစ်သိုက် အစားအသောက်ထဲမှာ ဒီလို ပါဝင်ပစ္စည်းမျိုး ထည့်ရဲ လိမ့်မယ် လို့ သူတကယ် မထင်ထားခဲ့ပါဘူး။
ဒါက လူတစ်ယောက်ကို တောင် သေစေနိုင်တဲ့ အရာပါ..
အကြီးအကဲ ကျန်း နောက်ဆက်တွဲကို စဥ်းစားမိလိုက်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့ပါတယိ။သူတော့ အဆုံးသတ်ပါပြီ။
လုံးဝကို အဆုံးသတ်ပြီ...
သူသာ အခြေအနေတွေကို သေချာရှင်းမပြပဲ သူအပြစ်ကင်းစင်ကြောင်းသာ မပြနိုင်ရင် ထောင်ထဲတောင် ဝင်ရမှာပါ။
"အဲတာ ငါတို့နဲ့ ဘာမှ မဆိုင်ဘူး..ငါတို့ ဒီအကြောင်း ဘာမှ မသိထားဘူး."
စာဖိုးမှူး တစ်ယောက်ဟာ အော်လိုက်တယ်..
"သူက ငါတို့ကို အတင်းလုပ်ခိုင်းတာ..ငါတို့ ဒီအကြောင်း ဘာမှမသိခဲ့ဘူး.."
အကြီးအကဲ ကျန်း ဒီစကားကို ကြားတဲ့ အချိန်မှာ သွေးအန်မလိုတောငိ ဖြစ်သွားခဲ့ပါတယ်။အခြေအနေက ဒီလို ပြောင်းလဲသွားမယ် ဆိုတာ သူဘယ်တုန်းကမှ မစဥ်းစားမိတဲ့ အရာပါ။
အဲ့အချိန်မှာတော့ သူ့ဆိုင်ရှေ့မှာ ကာစတန်မာတွေ တန်းစီနေကြတဲ့ ပုံရိပ်တွေ၊ ပန်ကိတ်တွေကို သရဲဘီလူးစီးသလို အတင်းဝင် နေကြတဲ့ ပုံတွေဟာ သူ့စိတ်ထဲမှာ ပြန်ပေါ်လာခဲ့ပါတယ်။
အကြီးအကဲ ကျန်းဟာ နောင်တရနေခဲ့ပါပြီ။အဲ့အချိန်တုန်းက သူပန်ကိတ်ရောင်းရတာကို အပျော်လွန်ပြီး ကန်းနေခဲ့တာ ဖြစ်နိင်ပါတယ်။
သူ့ရဲ့ စားဖိုမှူးတွေကို အရမ်းယုံကြည်ခဲ့မိတဲ့ ကိုယ့်ကိုကိုသာ အပြစ်တင်နိုင်ပါတော့တယ်။စားဖိုမှူး တွေ ဒီလို အလုပ်မျိုးလုပ်လိမ့် မယ်လို့ မထင်ထားမိခဲ့ပါဘူး။
"မင်းတို့..မင်းတို့ အကုန်လုံး"
အကြီးအကဲကျန်းဟာ စားဖိုမှူး တွေအကုန်လုံးကို လက်ညိုးထိုးလိုက်တယ်။တကယ်လို့ သူသာ ဒီအပြစ်တွေ အကုန်လုံးကို တစ်ယောက်တည်း ခံရရင် တကယ် အဆုံးသတ်ပါပြီ။
ဒီစာရင်း စာရွက်ထဲက ပစ္စည်းတစ်မျိုးလောက်ကို သာ အသုံးပြုထားရင် သူသည်းခံနိုင်ပါတယ်သေးတယ်။ဒါပေမဲ့ ဒီမအိမ်လုံး တွေက ရှိသမျှ တရားမဝင်ပစ္စည်းတွေ အကုန်လုံးကို လိုက်ထည့်ထားတာပါ။
သို့ပေမယ့် အကြီးအကဲ ကျန်း မသိသေးတဲ့ တစ်ခုတည်းသော အရာက စားဖိုမှူးတွေဟာ ပန်ကိတ်ရောင်းရတဲ့နှုန်းကို သူ မကျေမနပ်ဖြစ်မှာ ကြောက်တာကြောင့် အကုန်တိုင်ပင်ပြီး ပါဝင်ပစ္စည်းကို ပိုထည့်လိုက်တယ် ဆိုတာပါပဲ။
စာဖိုမှူးဟာ ပြန်အော်လိုက်တယ်.
"ခင်ဗျား ကျုပ်တို့ကို ဒီပစ္စည်းတွေ ထည့်ခိုင်းတယ် ဆိုတာ ကျုပ်တို့မှာ သက်သေရှိတယ်..ဒါက ကျုပ်တို့နဲ့ ဘာမှ မဆိုင်ဘူး"
အကြီးအကဲ ကျန်း : ....................
လီရှောင်ရှမ်းဟာ ခေါင်းခါယမ်းလိုက်ပြီး အချက်ပြလိုက်ပါတယ်။
"အကုန်ခေါ်ခဲ့"
ဘေးနားမှာရှိနေကြတဲ့ လူအုပ်ကြီးရော..သတင်းထောက်တွေရောဟာ ငြိမ်သက်စွာရပ်နေကြပြီး အသံတစ်သံမှ မထွက်ကြပါဘူး။အခု ပြောသွားတဲ့ စကားတွေ အများကြီးကတင် သူတို့ကို တွေးစရာ အများကြီး ရှိစေပါတယ်။
ဒါရိုက်တာ ကျန်းဟာ ပြောလိုက်တယ်။
"ချစ်လှစွာသော ပြည်သူလူထုတို့..ခင်ဗျားတို့သာ ရှန်ဟိုင်း အဆင့်မြင့် အိုးရှင်းဟော်တယ်ရဲ့ ပန်ကိတ်တွေကို စားထားကြတယ် ဆိုရင်..ရန်ဟီဆေးရုံကို ချက်ခြင်းသွားဖို့ မျှော်လင့်ပါတယ်။ကျွန်တော်တို့ ဆေးရုံမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးပြင်ဆင်မူတွေ လုပ်ထားတာကြောင့် သွား စစ်ဆေးကြည့်ကြပါ။ခင်ဗျားတို့ ဒီကိစ္စကို လေးနက်မူရှိကြဖို့ အကြံပေးပါရစေ။ပါဝင်ပစ္စည်းတွေက ခင်ဗျားတို့ ကိုယ်ထဲမှာ ဘေးအန္တရာယ်ဖြစ်စေနိုင်ပါတယိ။စောစော စစ်ဆေးလေ စောစော ပြန်ကောင်းလာနိုင်လေပါပဲ"
ဒါရိုက်တာကျန်းဟာ ပြောပြီးတာနဲ့ ဒီပန်ကိတ်ထဲမှာ တစ်ခြားပါဝင် ပစ္စည်းတွေ ရှိသေးလား ဆိုတာ စစ်ဆေးဖို့ အစားအသောက်နဲ့ ဆေးဝါး ဌာန ကိုထွက်သွားလိုက်တယ်။သူတို့ရဲ့ ဓာတ်ခွဲခန်းက ကောင်းပေမယ့်လည်း အစားအသောက်နဲ့ ဆေးဝါး ဌာနရဲ့ ဓာတ်ခွဲခန်းကိုတော့ မယှဥ်နိုင်ပါဘူး။
လူအုပ်ကြီးဟာတော့။
"ဘယ်လို ဖြစ်သွားတာလဲ..ဘယ်လိုလုပ် ဒါမျိူး ရှိနေတာလဲ"
"ချီးပဲ ပန်ကိတ်ထဲမှာ မူးယစ်ဆေးတွေ တကယ်ထည့်ရဲတယ်လား.."
"ငါတစ်ရက်ကို ဆယ်လုံးလောက်စားတာက စွဲနေတာ ဖြစ်နိုင်မလား.."
"ချီးပဲ ဘယ်လိုဖြစ်လို့ ဒီလို ဖြစ်နေတာလဲ"
ရှန်ဟိုင်း အိုးရှင်းဟော်တယ်ရဲ့ ကာစတန်မာတွေဟာ ရှော့ရနေခဲ့ပါတယ်။သူတို့ရဲ့ မျက်နှာတွေကတော့ သရဲတစ်ယောက်ကို မြင်လိုက်သလို ဖြူဖျော့နေလို့ပါ။
သူတို့ပျော်ပျော်ကြီး စားနေတဲ့ အရာက မူးယစ်ဆေးတွေ ဖြစ်နေလိမ့်မယ်လို့ တွေးတောင် အတွေးရဲကြပါဘူး။
"ဟားဟား ဒါက အရမ်းရယ်ရတာပဲ..မင်းတို့ အရမ်းကြိုက်နေတဲ့ ပန်ကိိတ်တွေက ဒီလိုလုပ်ထားတာလား"
"အာ..ငါတကယ်မထင်ထားဘူး..ဟော်တယ်ကြီးတစ်ခုရဲ့ သူဌေးတစ်ယောက်က ဒီလိုအလုပ်မျိုးကို လုပ်ရဲတယိလား"
"ငါ အရင်က ပြောပြီးသွားပြီလေ..မာစတာ လင်းနဲ့ အတူနေတာကသာ အလုံခြုံဆုံးပါလို့"
"အသေအချာပဲ သူတို့ကို သူတို့ပဲ အပြစ်တင်သင့်တယ်။သူတို့က မာစတာ လင်းကို တောင်အပြစ်တင်ချင်ကြသေးတယ်။မာစတာ လင်းက စောက်ဂရုတောင် မစိုက်ဘူး..သူတို့မရှိလဲ မာစတာ လင်းကတော့ တစ်နေ့ ပန်ကိတ် ဆယိလုံးပဲ"
"ဘယ်သူမှ မရှိရင်တောင် ငါတစ်ယောက်ထဲ ဆယ်လုံးဝယ်မယ်ကွာ..တစ်ချိန်တည်းမှာပဲ သူတို့ကိုတောင်ကျေးဇူးတင်လိုက်ဦးမယ်"
"လူတိုင်းပဲ သေချာကြည့်ထားကြ..ဒီကောင်တွေ မာစတာ လင်းရဲ့ ဆိုင်ရှေ့မှာ ဘယ်လို အရှက်မရှိပြန်လာတန်းစီကြမယ်ဆိုတာ"
"ကြည့်လိုက် မာစတာ လင်းက တည်တည်ငြိမ်ငြိမ်ပဲ..သူက နှလုံးသားထဲကနေတောင် မခံစားဘူး။သူ့ရဲ့ နှလုံးသားကို ဘယ်အရာကမှ လှုပ်ခတ်အောင် မလုပ်နိုင်ဘူး"
...
လင်းဖန်ဟာ မတ်ထပ်ထရပ်လိုက်ပြီး..အစားအသောက်နဲ့ ဆေးဝါးဌာန က စစ်ဆေးချက် စာရွက်ကို သူ့လှည်းနားသွားကာ ပြောင်းပြီး ကပ်ထားလိုက်ပါတယ်။
ဒီလို အပြုအမူ သေးသေးလေးက အဓိပါယ်တွေအများကြီး ပါဝင်နေလို့ပါ..
စျေးနှုန်းအသင့်အတင့်ရှိပြီး... အကောင်းဆုံး အစားအသောက်အနေနဲ့..ထင်မြင်ချက်တွေ..မျှတမူတွေ မလိုအပ်ပါဘူး။
သတင်းထောက်တွေဟာ မာစတာ လင်းကို ဝိုင်းကြည့်နေကြလို့ပါ။
လင်းဖန်ဟာ အကုန်လုံးကို တစ်ချက်ပြန်ကြည့်လိုက်ပြီး..ဆိုင်ထဲကို ပြန်သွားကာ လဘက်ရည် ပြန်သောက်နေလိုက်ပါတယ်။
ဒီအခြေအနေကို ငါက ဘာထပ်ပြောစရာ လိူသေးလို့လဲ...