သတင်းကြီး
Vol. 11 Ch. 153
ဘာသာပြန် = စနိုးဝှိုက်
အကြီးအကဲ ကျန်းကို ထောက်ခံဖို့ရောက်လာကြတဲ့ လူတွေဟာတော့ ဆွံ့အပြီး ကျန်ခဲ့ကြပါတယ်။အခု အခြေအနေက သူတို့ မျက်နှာကို ဖြတ်ရိုက်ခံထား ရသလိုပါပဲ။
သူတို့ဟာ ခန္တာကိုယ်မှာ ဘာမှားနေလဲ ဆိုတာ အလျင်အမြန် သွားစစ်ဆေးနေချင်နေကြပါတယ်။
သူတို့ကလေးအတွက် ပန်ကိတ်ဝယ်သွားကြတဲ့ လူအနည်းငယ်လည်း ရှိပါသေးတယ်။သူတို့ဟာ ကျောင်းကို အလျင်အမြန်သွားပြီး ကလေးကို ဆေးရုံခေါ်သွားဖို့ လုပ်နေကြပါတယ်။
ဆရာမတွေပြောတာကတော့ သူတို့ကလေးတွေဟာ တစ်ချိန်လုံး ပန်ကိတ်အကြောင်းကိုပဲ စိတ်ကူးယဥ်နေပြီး စာအပေါ်မှာ အာရုံမစိုက်နိုင်ကြပါဘူး။
အခြေအနေတစ်ခုလုံးကို နားလည်သွားတဲ့ အချိန်မှာ တစ်ချို့တွေဟာ နက်ရှိုင်းစွာ နောင်တရနေကြပြီး၊ အကြီးအကဲ ကျန်းဆီက ဖြေရှင်းချက်ကို လိုချင်နေကြပါတယ်။
တစ်ခြား သတင်းထောက်တစ်ယောက်ဟာ တောင်းပန်လိုက်တယ်။
"မာစတာ လင်း စကားလေး နည်းနည်းလောက်ပြောပေးပါလား"
သတင်းထောက်တွေဟာ အမှန်တရားကို သိလိုက်ကြရပါပြီ။သူတို့ရဲ့ စိတ်တွေဟာ ရှုပ်ထွေးနေကြပြီး..ဒီနေ့တစ်နေ့အတွင်းမှာတင် ပြောင်းလဲသွားမူက ရုတ်တရက် ဆန်လွန်းပါတ
ယ်။
လင်းဖန်ကတော့ လဘက်ရည်သောက်နေဆဲပါ..သူဒီလူတွေကို ဘာမှရှင်းပြ မနေချင်တော့ပါဘူး။
သူလူလိမ်ထျန်ကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာ လူလိမ် ထျန်ဟာ ချက်ချင်းနားလည်သွားပြီး..တံခါးရှေ့ကို သွားရပ်ကာ ပြောလိုက်ပါတယ်။
"မင်းတို့ ဆိုင်းဘုတ်ကို မမြင်ကြဘူးလား..မင်းတို့ အခုထိ နားမလည်ကြသေးဘူးပေါ့..ဒါက မာစတာ လင်း ပဲ။မင်းတို့ ဒီလောက်တောင် နားမလည်ထားရင် မာစတာ လင်းဆီကို လာစရာ ဘာမကြောင်းမှ မရှိဘူး"
သတင်းထောက် တွေဟာ ဆိုင်းဘုတ်ကို ကြည့်လိုက်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့ကြပါတယ်။သူတို့ မာစတာ လင်းကို မေးခွန်းနည်းနည်း မေးချင်နေကြတာပါ..ဒါပေမဲ့ မာစတာ လင်းက စကားပြောချင်တဲ့ ပုံစံ မရှိတာကြောင့် သူတို့ ထွက်သွားဖို့သာ တတ်နိုင်ပါတော့တယ်။
သူတို့ရဲ့ နောက်ထပ်ဦးတည်ချက်က ရဲစခန်းကို ဖြစ်ပြီး ဘယ်လို အခြေအနေရှိလဲ ဆိုတာ သတင်းယူကြရမှာပါ။အဲ့မှာ သတင်းကောင်းကောင်း ထပ်ရှိနေရင်တော့ အကောင်းဆုံးပါပဲ။
သို့ပေမယ့် ဒီနေ့အတွက်ကတော့ လုံလောက်တာ ထက်တောင်ပိုနေပါပြီ။အခြေအနေက အတော်ကို ဆန်းကျယ်လွန်းခဲ့တာပါ။
လူလိမ် ထျန်ဟာတော့ စိတ်အခြေအနေ ကောင်းနေခဲ့ပါတယ်။
"အကြီးအကဲ ကျန်း ဖမ်းခံရမှာ မင်းကြိုသိထားတာလား"
"ကျွန်တော်လည်း ဖမ်းခံရမှ သိတာ"
လင်းဖန် ဒီကိစ္စကို နှလုံးသားထဲကနေ..မခံစားရပါဘူး။
အကြီးအကဲ ကျန်းက ပန်ကိတ်တွေကို ထုတ်လုပ်ပြီး ရောင်းချတောါ ဘာဖြစ်လဲ.ဒါက ငါနဲ့မှ မဆိုင်တာ...
အဲနေ့ ပြီးကတည်းက သူ့မှာ အရည်အချင်းတွေ စွမ်းရည်တွေ တိုးလာတာဖြစ်ပြီး..ပန်ကိတ်တစ်ခုလောက်အတွက်နဲ့တော့ ဖက်ပြိုင်စရာ မရှိပါဘူး။
ဝူတန်ဟီဟာ ရယ်မောလိုက်တယ်။
"မာစတာ လင်းရဲ့ စွမ်းရည် တွေက တကယ်ကို နံပါတ် ၁ ပဲ"
လင်းဖန်ဟာ ရယ်မောလိုက်ပြီး ဖုန်းကို ထုတ်လိုက်ပါတယ်။
ဆောင်းဦးဓားဟာ လတ်တလော ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အတော်စိတ်လှုပ်ရှားနေတယ်။သူ့ရဲ့ တစ္ဆေလိပ်ပြာ လက်ချောင်း တွေဟာ မြန်ဆန်လွနိးပြီး မှတ်ချက်နေရာတွေမှာ နေရာလွတ်တောင် မရှိတော့ပါဘူး။
ဒီလို ကျွမ်းကျငိတဲ့ လူမျိုးဆိုတာ ရှာဖွေဖို့အတော် ခက်ခဲတယ်လို့တောငိ ပြောလို့ရပါတယ်။
ဆောင်းဦးဓားကို တစ်စုံတစ်ယောက်ကသာ ပို့စ်တစ်ခုအတွက် ၅၀ ဆင့် ပေးမယ်ဆိုရင် ရက်ပိုင်းအတွင်းနဲ့ သူ့ရဲ့ ဘဏ်အကောင့်ထဲကို ငွေတွေ ဒလဟော ဝင်လာမှာပါ။
ဘယ်သူကမှ ဆောင်းဦးဓားကို သီးသန့်အလုပ်မခေါ်တာကတော့ စိတ်ပျက်စရာ ပါပဲ။
သို့ပေမယ့် ဆောင်းဦးဓားဟာ အခုလို အင်တာနက် ထရိုး အဖွဲ့အစည်းခေါင်းဆောင် အနေနဲ့ အလုပ်လုပ်နေရတာကို လုံးဝ မပျင်းပါဘူး။
အဲတာက သူပျင်ူတဲ့ အချိန်တိုင်း လင်းဖန် ရဲ့ ဝိုက်ဘိုကို နေ့တိုင်း မီးသွားသွားရှို့နေလို့ပါ။
သူစာထပ်ရိုက်ပြီးတဲ့ အချိန်မှာပဲ သီးသန့် မက်ဆေ့ တစ်စောင်ဟာ ရောက်လာခဲ့ပါတယ်။
လင်းဖန် :: အဓိပါယ် မရှိတာတွေ လုပ်နေတာ ရပ်လိုကိတော့..မင်းဘဝ အတွက် စိတ်ခံစားချက်တွေကို ပြင်ဆင်ထား။သတိရပါ..အရက်တွေကို ထပ်မသောက်မိစေနဲ့..
အိမ်ထဲတွင်။
ဆောင်းဦးဓားဟာ လင်းဖန်ဆီက စာကျလာတဲ့ အချိန်မှာ လင်းဖန်သူ့ကို ကြောက်သွားပြီလို့ ထင်ထားခဲ့တာပါ..သို့ပေမယ့် စာကို သေချာဖတ်လိုက်တဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့ပါတယ်။
"လစ်လိုက်"
သိပ်မကြာခင်မှာပဲ သူ့ဖုန်းဟာ မြည်လာခဲ့တယ်။
ဆောင်းဦးဓားဟာ ဖုန်းစခရင်က ပုံကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့ပေမယ့် ဖုန်းမကိုင်ခဲ့သေးပါဘူး။
လီဂျီဟု
ဒီနာမည်က သူ ဂျူနီယာ အထက်တန်း ကျောင်းသားဘဝက ပထမဆုံး အချစ်ဦးရဲ့ နာမည်ပါ။
ဒီ နာမည်က သူ့နှလုံးသားထဲမှာ အမြဲတမ်း ရှိပါတယ်..အခုထိ သူ မမေ့နိုင်သေးပါဘူး။
သူ ဖုန်းကိုင်လိုက်တယ်။
"ဘိုင်ချီ ..ငါပါ. ဒီလထဲမှာ ငါမဂ်လာဆောင်တော့မှာလေ..နင်လာနိုင်မလား"
ဖုန်းထဲက ထွက်လာတဲ့ အသံဟာ အနည်းငယ်တိုးပြီး ညှင်သာပါတယ်။ဒါက ချိုသာတဲ့ အသံတစ်ခုပါ။
ဆောင်းဦးဓားရဲ့ နာမည်အစစ်အမှန်က အို့ဘိုင်ချီပါ..သို့ပေမယ့် သူ့ရဲ့ နာမည်အစစ်အမှန်ကို သူသဘောမကျပဲ ဆောငိးဦးဓားဆိုတဲ့ နာမည်ကိုပဲ သူသဘောကျမိပါတယ်။
သူ လီဂျီဟု ဆီက ဖုန်းကော ကိုမြင်တဲ့ အချိန်မှာအရမ်းစိတ်လှုပ်ရှားမိတာပေါ့။သို့ပေမယ့် သူမပြောလိုက်တဲ့ စကားဟာ သူ့ကို မိုးကြိုးပစ်လိုက်သလိုပဲ..သူဆွံ့အသွားခဲ့ပါပြီ။
"ဘိုင်ချီ ကြားရလား.."
ဆောင်းဦးဓားရဲ့ မျက်နှာဟာတော့ မကောင်းတော့ပေ။
"အင်း ကြားပါတယ်..ငါ ဂုဏ်ပြုပါတယ်ဟာ..နင်ဘယ်သူနဲ့ မဂ်လာဆောင်မှလဲ ငါသိလို့ရမလား."
သူမဟာ အချိန်အတော်ကြာ တွေဝေသွားခဲ့တယ်။
"ဝူဟောင်ယွန်."
"နင်လာမှာ လား.."
နာမည်ကို ကြားလိုက်တဲ့ အချိန်မှာ ဆောင်းဦးဓားဟာ သူ့အပေါ်ကို နောက်တစ်ကြိမ် မိုးကြိုးပစ်ချလိုက်သလို ခံစားခဲ့ရပါတယ်..သူတကယ် မယုံကြည်ပါဘူး။
သူကျောင်းတက်စဥ်အခါတုန်းက..
ကျောင်းမှာ ယူနိီဖောင်းဆင်တူ ဝတ်ထားတဲ့ အတွဲလေးတစ်ခု ရှိခဲ့တယ်လေ.. ပြုံးတယ်..ရယ်မောကြတယ် ... မုန့်တွေကို အတူတူစားကြတယ်။
သူတို့ ပျော်နေကြတာက တစ်ယောက်ထဲ အထီကျန်စွာ မုန့်စားနေတဲ့ ဖက်တီးကောင်လေး တစ်ယောက်ကို ကြည့်ရင်းနဲ့ပေါ့...
"ဒီကမ္ဘာမှာ ငါအမုန်းဆုံးလူက ဝူဟောင်ယွန်ပဲ..ဒီကောင်က တစ်ခြားလူတွေကို အနိုင်ကျင့်ဖို့ပဲ သိတာ"
"ဟုတ်ပါတယ်လေ..ဂျီဝမ် ..နင်အေးဆေးတဲ့ ဘဝလေးမှာပဲ နေပါ။ငါ..ဆောင်းဦးဓားက သူ့လိုမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး..သူမှာက ပိုက်ဆံတွေ အများကြီးရှိတာပဲ"
"ဟုတ်တယ်.."
....
ဆောင်းဦးဓားဟာ အဲ့အချိန်တုန်းက အရမ်းကြီး ဝတဲ့ အထဲမှာ မပါပါဘူး။သို့ပေမယ့် ဆောင်းဦးဓားရဲ့ ငယ်ရွယ်တဲ့ အချိန်တွေက..အလျင်အမြန်ပဲ ကုန်ဆုံးသွားခဲ့ပါတယ်။
"ငါလာခဲ့ပါ့မယ်"
ဒါက စကား နှစ်လုံးထဲ ဆိုပေမယ့် လည်း ဒီစကားပြောဖို့ကို သူ့မှာရှိတဲ့ ခွန်အားတွေ အကုန်လုံး စိုက်ထုတ်ထားရတာပါ။
သူဖုန်းကို ချလိုက်တယ်။
ဆောင်းဦးဓားဟာ ကွန်ပြူတာ စခရင်ကို ကြည့်နေခဲ့ပြီး..သူ့ရဲ့ လက်တွေကတော့ ကီးဘုတ်ပေါ်မှာပါ..ဒါပေမယ့် သူ ဘာတစ်ခုမှ မရိုက်ရသေးပါဘူး။
မျက်ရည်တွေဟာ အထိန်းကွပ်မဲ့ စွာ ကျလာပါတော့တယ်...
သူကလေးလေး တစ်ယောက်လိုပဲ ငိုကြွေးနေခဲ့ပါပြီ။
........
ရဲဌာန တွင်။
"ချစ်လှစွာသော အရာရှိတို့ ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူးနော်..ဒီထဲမှာ ဘာပါဝင်ပစ္စည်းတွေ ရှိနေလဲ ဆိုတာတောင် ကျွန်တော် မသိဘူး"
အကြီးအကဲ ကျန်းရဲ့ မျက်လုံးတွေဟာ နီရဲနေခဲ့ပါတယ်။
ဒါဘယ်လို ဖြစ်နိုင်မှာလဲ...
ဒါက သူမတရား ခံရတာပါ..သူသာ ဒီအကြောင်းကို အစောကြီး ကတည်းက သိမယ်ဆိုရင်..သူသေလောက်အောင် အရိုက်ခံရမယ် ဆိုရင် တောင် ဒီလို အလုပ်မျိုးကို လုပ်ရဲမှာ မဟုတ်ပါဘူး။
သူဟာ ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး..ရှိသင့်တဲ့ နာမည်ကျော်ကြားမူ လည်း ရှိပါတယ်..သူ ဒီလို အန္တရာယ်ရှိတဲ့ အလုပ်ကို ရင်းပြီးလုပ်ဖို့ မလိုအပ်ပါဘူး။
သူ အဲ့အချိန်တုန်းက အတော်ကို ပျော်ရွှင်နေပြီး သူ့ရဲ့ စာဖိုမှူးတွေ ဒီလို လုပ်လိမ့်မယ် လို့ တကယ်မထင်ထားမိခဲ့ပေ။
စာဖိုမှူးတွေ ပထမဆုံး စလုပ်နိုင်ခဲ့တဲ့ ညက ဆိုရင် ဝမ်းသာလွန်းလို့ အိပ်တောင် မပျော်ခဲ့ပါဘူး။
ဒါဟာ သူ့ရဲ့ ကိုယ်ပိုင် တံဆိပ် အဖြစ် ကမ္ဘာအနှံ့ကို ဖြန့်ချီနိင်မယ့် အရာဖြစ်ပြီး ...ဒါက လျိုဂန်မာလိုပဲ ကမ္ဘာ့အဆင့်မှီတစ်ခု ဖြစ်လာမှာပါ။
လင်းဖန်ဆီက ပန်ကိတ်တွေဟာ လူတွေ နားလည်နိုင်တဲ့ အဆင့်ကို ကျော်လွန်နေတဲ့ အရာပါ။စွယ်စုံကျမ်း မရှိပဲနဲ့တော့. ..တူအောင်လိုက်လုပ်ဖို့ဆိုတာ ..ဟာ မဖြစ်နိုင်သလောက်ပါပဲ..
လီရှောင်ရှမ်းဟာ အကြီးအကဲ ကျန်းကို စိုက်ကြည့်လိုက်တယ်။
"ဒီကိစ္စက ခင်ဗျားနဲ့ မဆိုင်ပါဘူးလို့ ပြောယုံနဲ့ ပြီးသွားလောက်အောင် မရိုးရှငိးဘူး။ကျုပ်တို့ အခု စစ်ဆေးမူတွေ ပြုလုပ်နေတယ်..ခင်ဗျား စားဖိုမှူးတွေကလည်း ခင်ဗျား သူတို့ကို အတင်းခိုင်းတာပါ လို့ပြောနေကြတာပဲလေ.။အခြေအနေအရတော့ ဒီပန်ကိတ်တွေ ထုတ်လုပ်ဖို့ ခင်ဗျား အပြည့်အဝ ထောက်ပံ့ပေးထားတာ ထင်ရှားနေတယ်"
အကြီးအကဲ ကျန်းဟာ အခုချိန်မှာ ဒေါသထွက်လွန်း လိူ့ ဒီစားဖိုမှူးတွေကို အရေခွံစုတ် ချင်နေခဲ့ပါပြီ။
ဒီလို နတ်ဆိုးဆန်တဲ့ ကောင်တွေက ဘယ်ဥကနေ ပေါက်လာကြတာလဲ....
တစ်ချိန်တည်းမှာပဲ သူ လောဘကြီးပြီး ဒီအခြေအနေကို ဖန်တီးမိတာကို နောင်တရနေခဲ့ပါတယ်။
"ခေါင်းဆောင်လီ ...သေချာတွေး ကြည့်ပါဦး..ကျုပ်က ဘာလို့ ကိုယ့်သေတွင်းကို တူးမှာလဲ။ကျုပ်မှာ ဟော်တယ် စီးပွားရေး ရှိပြီး ကိုယ်ကျင့်တရားတွေလည်းရှိတယ်လေ.ကျုပ်မာစတာ လင်းရဲ့ ပန်ကိတ် အညွှန်းကို သူတို့ကို ပေးလိုက်တာပဲရှိတယ်..သူတို့ လုပ်လိုက်တာကိုကြည့်..ဒီစာဖိုမှူးတွေက ကျွန်တော်ဆီမှာ ဆယ်နှစ်လောက် လုပ်လာတာ ဆိုတော့ ကျွန်တော် သူတို့ကို ယုံကြည်တာ ပုံမှန်ပဲလေ..ကျုပ်သာ သူတို့ လုပ်ထားတာကို သိရင် ဘယ်လိုလုပ် ကိုယ့်ပန်ကိတ်ကို ကိုယ်ပြန်စားမှာလဲ.."
"ထပ်ပြောရရင်..ဒီလို ပစ္စည်းတွေ ထည့်ရင် ဘာဖြစ်မလဲ ဆိုတာကို ကျုပ်ကောင်းကောင်း အသိဆုံးပါ..ကျုပ်ဘယ်လိုလုပ် ဒီလို အလုပ်ကို လုပ်မှာလဲ..ပြီးတော့ ကိုယ့်ပန်ကိတ်ကိုလည်း ပြန်စားမှာ မဟုတ်ဘူး.."
အကြီးအကဲ ကျန်းဟာ အတော် စိတ်ပျက်နေခဲ့ပါပြီ..စားဖိုမှူးတွေ သူ့အပေါ်ကို အပြစ်အကုန် ပုံချချင်နေတာ ထင်ရှားပါတယ်။
စာချုပ်မှာ လက်မှတ်ထိုးတုန်းကလည်း သူသေချာတောင် မဖတ်ခဲ့ပါဘူး..အခုတော့ ကိုယ့်သေတွင်း ကိုတူးမိသလို ဖြစ်နေခဲ့ပါပြီ။
ခေါင်းဆောင်လီ ဟာလည်း ခေါင်းညိမ့်လိုက်ပါတယိ..သူ ဒီ သံသယဖြစ်စရာ အချက်တွေကို တွေ့ပြီးထားပြီးထားပါ..
"စိတ်အေးအေးထားပါ..ကျုပ်တို့သေချာ စစ်ဆေးပေးမှာပါ..တကယ်လို့ ခင်ဗျားသာ မတရား ခံရတယ်ဆိုရင် ..တရားမျှတမူ ရှာပေးပါမယ်"
"ကျေးဇူးပါ..ကျေးဇူးပါ.."
အကြီးအကဲ ကျန်း ဟာ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။သူ မျှော်လင့်နိုင်တာ အကုန်ကတော့ ရဲအရာရှိတွေ သေချာစစ်ဆေးပေးဖို့ ပါပဲ။
သတင်းထောက်တွေဟာလည်း ရဲဌာနကို ရောက်လာခဲ့ကြပါတယ်။သူတို့ အပြင်ဘက်မှာ အချိန်အတော်ကြာစောင့်နေခဲ့ပြီး..အကြီးအကဲ ကျန်း ထိန်းသိမ်းခံရမယ် ဆိုတာ သိပြီးတဲ့ နောက်မှာ..ပြန်ထွက်သွားခဲ့ကြပါတယ်။
ဒီနေ့အတွက် အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားပြီး..သူတို့ ဒါတွေကို သတင်အဖြစ် ဖန်တီးကြရပါဦးမယ်...