ဒါအဆင်ပြေပါတယ်
Vol. 11 Ch. 154
ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်။
သတင်းတွေဟာ ပျံ့နှံ့သွားပြီး..ကြီးမားတဲ့..အကျိုးသက်ရောက် မူတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
မြို့သူမြို့သားတွေဟာ သူတို့မြင်တဲ့ အရာကိုတောင် သူတို့ မယုံကြည်နိုင်ကြပါဘူး။
"ရှန်ဟိုင်း အိုးရှင်း ဟော်တယ်ရဲ့ ပန်ကိတ်တွေမှာ တရားမဝင် ဆေးတွေ..ထည့်ပေါင်း ပေးထားတာလား"
မြို့သူမြို့သားတွေဟာ ကြောင်အသွားခဲ့တယ်..သူတို့ ရှန်ဟိုင်း အဆင့်မြင့်ဟော်တယ်ကို ချီးကျူးလို့ မပြီးသေးခင်မှာပဲ..သူတို့ကတော့ အာ ပျက်ဆီးသွားခဲ့ရပါပြီ။
ရှန်ဟိုင်း အိုးရှင်းဟော်တယ် ရဲ့ ပန်ကိတ်ကို စားခဲ့ကြတဲ့ လူတွေကတော့.. တိတ်ဆိတ်ငြိမ်သက်နေကြပါတယ်။
ဒါက သူတို့ မျက်နှာကို ဖြတ်ရိုက်လိုက် သလိုပါပဲ။
"ဟားဟားး ဒါက တကယ်စောက်ဆန်းကြီးပဲ..ရှန်ဟိုင်း အိုးရှင်းဟော်တယ် ကိုကြော်ငြာ ပေးနေတဲ့ လူတွေ ဘယ်ရောက်သွားကြတာလဲ..ထပ်ပြီး.ပြောကြစမ်းပါဦး"
"ဒါက တကယ်ကြောက်ဖို့ကောင်းတယိ"
"ဒီလို ဟော်တယ် အကြီးကြီးမှာတောငိ ဒီလို ကိစ္စတွေ ရှိတယ်လား"
"ကြောက်ဖို့ကောင်းလိုက်တာ"
"မာစတာ လင်းက ဘာလို့ ဘာမှ ဝင်မပြောလဲ ငါသိပြီ..သူက ဒီဟော်တယ်ကို ပြိုင်ဘက်အဖြစ်တောင် သဘောမထားဘူး"
"မာစတာ လင်းနဲ့ ဘယ်သူနီးကြလဲ..လက်ရှိ အခြေအနေကို အမြန်ဓာတ်ပုံသွား ရိုက်ကြစမ်းပါ။လူတွေ ဘယ်လို ရှိလဲ ငါကြည့်ချင်လို့"
("ငါက အဲ့နေရာနဲ့ သိပ်မဝေးဘူး သွားကြည့်လိုက်ဦးမယ်"
.....
တိမ်ဖြူလမ်း။
မာစတာ လင်း...
လင်းဖန်ဟာ ဆိုင်ထဲမှာ ထိုင်ပြီး ဖုန်းသုံးနေခဲ့ပါတယ်။သူ့ရဲ့ဝိုက်ဘို အကောင့်က တော့ ပြန်လည် ငြိမ်းချမ်းသွားခဲ့ပါပြီ။
ဆောင်းဦးဓား လည်း ပေါ်မလာပါဘူး..ကြည့်ရတာ သူကြုံတွေ့လိုက်ရတဲ့ ကပ်ဆိုးက သူ့ရဲ့ စိတ်ဝိဥာဥ်ကိုတောင် ထိခိုက်သွားတဲ့ ပုံပါပဲ။
လူလိမ် ထျန်ဟာ လင်းဖန်ရဲ့ အနားကို လာပြီး ပြောလိုက်ပါတယ်။
"ဟီးဟီး ကြည့်ရတာ ဒီနေ့တော့ မနေ့က တန်းစီတဲ့ လူတွေထက် များမယ် ထင်တယ်..ဒါပေမယ့် သူတို့တွေ အကုန်လုံးက မျက်နှာဖုံးတွေ တပ်ထားကြတယိ(masks) .. ရှန်ဟိုင်းမှာ ရောဂါတစ်ခုခု ဖြစ်နေကြလို့များလား"
လင်းဖန် ရယ်မောလိုက်တယ်။
"ခင်ဗျား ဘာတွေပြောနေတာလဲ..မြန်မြန် တုန်ကင်နံပါတ်တွေ သွားဝေလိုက်တော့.."
"သိပါပြီ"
လူလိမ် ထျန်ဟာ စိတ်ကြည်နေခဲ့ပါတယ်။ဒီလို လူအများကြီး ပြန်ဖြစ်လာတာက တကယ်ပျော်ဖို့ကောင်းတာပါ။လွန်ခဲ့တဲ့ ရက်အနည်းကတော့ သူတို့ ပြန်မလာတော့ဘူး ဆိုပြီး ပြောနေကြပြီး..အခုတော့ အကုန်ပြန်ရောက်လာကြတာပါပဲ။
လူတွေကြားထဲမှာတော့။
မာစတာ လင်းကို သစ္စာမဖောက်ပဲ ကျန်နေခဲ့တဲ့ လူတွေဟာ စတင်ပြီး စကားပြောလာကြပါတယ်။
"ဟေး..ဒီနေ့ အနောက်အရပ်ကနေများ နေထွက်လာခဲ့တာလားဟ..ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ..မနေ့ကဆိုရင် လူဆယ်ယောက်ပဲ ရှိတာလေ..ပြီးတော့ ဒီနေ့လူတွေက မျက်နှာဖုံးတွေတောငိ ဝတ်ထားကြသေးတယိ။ငါတို့ သူတို့ကို မမှတ်မိတော့ဘူး ထင်နေတဲ့ ပုံပဲ"
,
"ရှန်ဟိုင်း အဆငိ့မြင့် အိုးရှင်း ဟော်တယ်ရဲ့ ပန်ကိတ်တွေက သူဌေးလေးရဲ့ ပန်ကိတိတွေ ထက်ပိုကောင်းပါတယ် လို့ သူတို့ မပြောခဲ့ဘူးလား..ပြီးတော့ သူတို့ ဒီဆိုင်မှာ ဘယ်တော့မှ ပြန်လာမဝယ်တော့ဘူး ဆိုလားလို့"
မျက်နှာဖုံးတပ် ထားတဲ့ လူတွေဟာ ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာဖုံးတွေ ပြန်ချွတ်လိုက်ကြပါတယ်။
"ဒါက နားလည်မူ လွဲတာပါ..အဲ့တုန်းက ငါတို့က ဆေးစွဲနေကြတာလေ"
ကျန်တဲ့ လူများဟာ ရယ်မောလိုက်ကြပါတယ် ..သူတို့က အမှနိတကယ် အပြစ်တင်ချင်ကြတာ မဟုတ်ပါဘူး။ဒီတိုင်း အနည်းငယ် စနောက် ချင်ယုံပါပဲ။
ဘေးနားက ဆိုင်ပိုင်ရှင်များဟာလည်း မြင်ကွင်းကို ကြည့်ရင်း ကျေနပ်နေကြပါတယ်။သူတို့ရဲ့ ကာစတန်မာ အရင်းအမြစ်က ပြန်လည်အသက်ဝင်လာခဲ့ပါပြီ။
မာစတာ လင်းက အံ့သြဖို့ကောင်းအောင် ထူးချွန်တယ် ဆိုတာကိုတော့ သူတို့ ဝန်ခံရမှာပါ။
လူလိမ် ထျန်ဟာ နံပါတ် များကို ဝေလိုက်ပါတယ်။
ပြီးတာနဲ့ လင်းဖန်ဟာ တုန့်ဆိုင်းမနေပဲ နံပါတ် ဆယ်ခု ရွေးချယ်လိုက်တယိ။
အရွေးခံရတဲ့ လူများဟာ ပျော်ရွင်နေကြပြီးတော့ အရွေးမခံရတဲ့ လူများဟာ ဆက်ပြီး စောင့်နေကြဆဲပါ။
လင်းဖန် တွန်းလှည်းဆီကို လျောက်လာပြီး ပန်ကိတ်တွေကို ကျွမ်းကျင်စွာ တစ်ခုပြီး တစ်ခုပြုလုပ်လိုက်ပါတယိ။
"မာစတာ လင်း စိတ်မဆိုးပါနဲ့..ကျွန်တော်တို့လည်း လှည့်စားခံခဲ့ရတာပါ"
တစ်ချို့ လူတွေဟာ မာစတာ လင်း ကို ရှင်းပြဖို့ကြိုးစားလိုက်ကြပါတယိ။ဒါက သူတို့ အပေါ် မာစတာ လင်း အထင်သေးနေတယ် လို့ သူတို့ ခံစားနေရလို့ပါ။
အဲက ပန်ကိတ်တွေရဲ့ ဆွဲဆောင်မူကို ခံရပြီးတဲ့ နောက်မှာ သူတိူ့ မာစတာ လင်းအပေါ်ကို ဆိုးဆိုးရွားရွားတွေ ပြောမိခဲ့ကြပါတယ်..သူတို့ ဒါကို ပြန်တွေး မိတဲ့ အချိန်တိုင်း နောင်တတွေရနေခဲ့ကြပါပြီ။
လူအုပ်ကြီးဟာ သူတို့ကို မာစတာ လင်း စိတ်ဆိုးပြီး ခွဲခြား ဆက်ဆံမှာကို ကြောက်နေကြပေမယ့်လည်း..လင်းဖန် က သူတို့ အတွေးလွန်နေကြတယ် လို့ပဲ ပြောပြလိုက်ပါတယ်။
ကာစတန်မာ တစ်ယောက်မှ မရှိတောငိ မှပဲ သူဘာမှ ခံစားရမှာ မဟုတ်ပါဘူး။
သို့ပေမယ့် ဒီလူတွေဟာ သူ့ကို အပြစ်တင်ပြောဆိုပြီးတာတောငိ ဒီလို အရှက်မရှိ ပြန်လာကြတယ် ဆိုတာကတော့.. သူလုံးဝ မထင်ထားမိတဲ့ အရာပါ။
သူက တစ်ရက်ကို ပန်ကိတ် ဆယ်လုံးရောင်းနေတာ ဖြစ်ပြီး လူတွေ အများကြီး ထပ်လာလို့လည်း ဘာမှ ထူးမှာမဟုတ်ပေ။
လင်းဖန် လူအုပ်ကြီးကိုပြုံးပြ လိုက်ပြီး သူစိတ်မဆိုးကြောင်း ပြလိုက်ပါတယ်။
အဆင့်မြင့် အိုးရှင်း ဟော်တယ် အတွက်ကတော့ ဘာမှ ထပ်ပြောစရာ မလိုတော့ပေ။အကြီးအကဲ ကျန်းဟာ နည်းလမ်းတွေ ၊ အစီအစဥ်တွေ အများကြီးရှိပေမယ့်လည်း..သူသာ ပန်ကိတ်ထဲမှာ ဒီလို ပစ္စည်းပါဝင်မှန်းသိရင် သူ့ကို သေအောင် ရိုက်မယ် ဆိုရင်တောင်လုပ်ရဲမှာ မဟုတ်တာ ကျိန်းသေပါတယ်။
နောက်ဆုံးရိုက်ချက်က သူ့အတွက် သင်ခန်းစာပါပဲ။
လူလိမ် ထျန်ဟာ သိပ်မဝေးတဲ့ နေရာတစိခုကို စိုက်ကြည့်နေခဲ့ပါတယိ..သူတစ်ခုခု တွေးမိပေမယ့် လည်း သိပ်တော့ မသေချာပါဘူး။
လင်းဖန် မေးလိုက်တယိ။
"ခင်ဗျား ဘာတွေကြည့်နေတာလဲ..အရမ်းအာရုံစိုက်နေသလိုပဲ"
လူလိမ် ထျန်ဟာ ခေါင်းခါယမ်းလိုက်ပြီး..
"ဟိုးက အဆောက်အဦးကို ကြည့်လိုက်..အသားကင် လှမ်းထားတာလား..ကလေးလား ဆိုတာ။အရမ်းဝေး နေတော့ ငါလည်း သေချာ မမြင်ရဘူး"
"တကယ်လား"
လင်းဖန် ခေါင်းမော့ပြီး ကြည့်လိုကိတယ်။သူလည်း အသားကင်လား ..ကလေးလား ဆိုတာ သေချာ မမြင်ရပါဘူး..ဒါပေမယ့် တွဲလောင်း ကျနေတာတော့ သေချာပါတယ်။
ပန်ကိတ်ဝယ် တဲ့ လူအုပ်ကြီးဟာ လည်း လှမ်းမြင်နေကြပါတယိ။
"ဟေး..အဲတာ ကလေးတစ်ယောက်လားဟ"
"မဟုတ်သေးဘူး..အသားကင်ဖြစ်မယ်ထင်တယိ။အတော်ကြီးတယ်.."
"မင်းအသားကင်ကြီးကို ဒီလို အချိန်လုပ်မလားဟ နေအရမ်းပူပြီး အကုန် ကျွမ်းကုန်မှာပေါ့"
,
"ဒါက အသားကင်မဟုတ်ဘူးဆိုရင်...ဒါဆို..."
သူတို့ ဆွေးနွေးနေတုန်းမှာပဲ လူနာတင်ယဥ် အော်သံတွေနဲ့ ရဲကား အော်သံတွေ ကို ဆက်တိုကိ ကြားလိုက်ကြရပါတယ်။
လူတစ်ယောက်ဟာ ပြောလိုက်တယ်။
"ကလေးပဲ...ကလေး ပြုတ်ကျနေတာဟ"
ယင်းနောက်မှာ အကုန်လုံးထအော်လိုက်ကြပါတယိ။
"ဘာတွေ ဖြစ်နေလဲ..အမြန်သွားကြည့်ကြရအောင်"
"အိုး နိုး...ကလေးသာ ဆိုရင် တော့ အတော်ကြောက်ဖို့ကောင်းတယ်"
"ဟုတိတယ်..ရဲကားရော လူနာတင်ယဥ်ရော လာတယ် ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ.."
....
လူတွေဟာ ပုံမှနိဆိုရင် သိချင်တဲ့ နှလုံးသား ပြင်းပြ ကြပါတယ်။အခုလို သူတို့ ရှေ့မှာ တစ်ခုခု ဖြစ်နေတာ မြင်တဲ့ အချိနိမှာ သွားစပ်စုကြတာက ပုံမှန်ပါပဲ။
လင်းဖန်ဟာလည်း တစ်ချက်ကြည့်လိုက်ပြီး လဘက်ရည်ခွက်ကို ချကာ ပြောလိုက်တယ်။
"ကျွန်တော် တစ်ချက်သွားကြည့်လိုက်ဦးမယ်..ခင်ဗျားတို့ ဆိုင်ကို ကြည့်ထားလိုကိဦး"
"ကောင်းပြီ...ကောင်းပြီ.."
လူလိမ် ထျန်ဟာ အဆောက်အဥိးကို မျက်တောင် မခတ်ပဲ ကြည့်နေဆဲပါ။
တိမ်ဖြူလမ်း ဝန်းကျငိးရဲ့ အဆောက်အဦးတွေနဲ့ ပတ်သက်ပြီး ပုံပြင်တွေ အများကြီး ရှိပါတယ်။တကယ်လို့ ကလေးတစိယောက်သာ ပြုတ်ကျမယ် ဆိုရင် တကယ် ကြောက်စရာပါပဲ။
အဆောက်အဦးနား ရောက်တဲ့ အခါမှာတော့။
အောက်ဘက်မြေကြီးနေရာမှာ လူအုပ်ကြီးနဲ့ ပြည့်နေခဲ့ပါပြီ..သူတို့တွေဟာ အပေါ်ဘက်ကို လက်ညိုးတစ်ထိုးထိုးလုပ်နေပြီး မူရင်းရှန်ဟိုင်းသုံး ဘာသာစကားနဲ့ ပြောနေကြပါတယ်။
လင်းဖန် သူတို့ ပြောနေတာ တွေအကုန်လုံးကို နားမလည်ပေမယ့် လည်း အနည်းအကျဥ်းတော့ နားလည်ပါသေးတယိ။
"ဘာလို့ ၁၁၉ က မရောက်သေးတာလဲ"
"လူနာတင်ယာဥ်ရော ...ရဲကားရော လာနေကြပြီ ဒါပေမယ့် ဒီကို မရောက်ကြသေးဘူး"
အဲ့ချိန်မှာပဲ ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ကြောက်ရွံ့တဲ့ မျက်နှာထားနဲ့ အော်ပြောနေခဲ့ပါတယ်။
"မြန်မြန်..မြန်မြန် ကျွန်မ ကလေးကို ကယ်ပေးကြပါ.."
"သူတို့ ဘယ်မှာလဲ..."
မိန်းမငယ်လေးဟာ စိတ်ပူလွန်းလို့ သူမရဲ့ ကိုယ်ခန္တာတောင် ကတုန်ကယင် ဖြစ်နေခဲ့ပါပြီ။
"သူက နှစ်ဆယ့်ရှစ် ထပ်မြောက်ကနေ ပြုတ်ကျပြီး.. နှစ်ဆယ့်ခြောက်ထပ်မြောက်က ပြတင်းပေါက်မှာ ငြိနေတာ..အခု နှစ်ဆယ့်ခြောက်ထပ်မြောက်က ပိုင်ရှင်က အိမ်မှာ ရှိမနေဘူး..."
"နှစ်ဆယ့် ခြောက်ထပ်တငိမဟုတ်ဘူး..နှစ်ဆယ့်ခွန်နဲ့ နှစ်ဆယ့် ငါးထပ်က လူတွေလညိး အခုမရှိကြဘူး"
"တကယ်လို့ အချိန်မှီသာ မကယ်နိုင်ရင် ကလေးတော့ သေရတော့မယ်."
"ကြည့်ရတာ သူ့အမေက အမှိုက်အိတ် ပစ်ဖို့ အောက်ကို ဆင်းလာတာ.. ဒီလို ဖြစ်မယ်လို့ မထင်ထားခဲ့ဘူးထင်တယ်"
အောက်မှာရှိနေတဲ့ လူတွေဟာလည်း စိတ်ပူနေကြပေမယ့် အခုအခြေအနေကို ဖြေရှင်းဖို့ အဖြေမရှိကြပါဘူး။
"နှစ်ဆယ့် ခြောက်ထပ်မြောက်က အခန်းပိုင်ရှင်က အခုအလုပ်မှာ..ငါသူ့ကို ဖုန်းဆက်ပြီးသွားပြီ ဒါပေမယ့် သူအချိန်မှီရောက်လာ ပါ့မလား မသိဘူး"
"အမြန် သွားကြည့်ရအောင်..တံခါးတွေက ဖွင့်ရလွယ်လား မသိဘူး..."
ကလေးအမေဟာ ဒါကို ကြားတဲ့ အချိန်မှာ အဆောက်အဦး ပေါ်ကို အလျင်အမြန်ပြေးတက်သွားခဲ့ပါတယ်..သူမ ကြောက်စိတ်လွန်နေပြီး ဘာကိုမှ သေချာ မတွေးတော နိုင်တော့ ပါဘူး။
လင်းဖန်လည်း သူဒီအထိ ရောက်လာပြီး မှတော့ သွားကြည့်သင့်တယိလို့ တွေးလိုက်မိပါတယ်။