← Chapters

အခန်း (၁၀၉၄)

Vol. 79 Ch. 1094

အခန်း (၁၀၉၄)

Vol. 79 Ch. 1094

‘အသက်တစ်ရာ’

‘ပန်းပဲပညာမှာ ကျွမ်းကျင်တာလား’

ဟန်မူယဲ့က နှလုံးခုန်မှားသွားပြီး ခေါင်းညိတ်လိုက်သည်။

“သတ္တုရိုင်းတွေကို တကယ်ပဲ သန့်စင်နိုင်တယ်ဆိုရင် လက်နက်ဖန်တီးဖို့အတွက် ပေးနိုင်ပါတယ်”

စီကျီက ပျော်ရွှင်သွားသည်။ သူက ကလန်သားများကို ဆင့်ခေါ်ပြီး စကားအနည်းငယ် ပြောလိုက်သည်။ ထို့နောက် ခါးတွင်ရှိသော တူကို ဖြုတ်ယူပြီး နမူနာကြည့်နိုင်ရန် ဟန်မူယဲ့ကို ပေးလိုက်သည်။

တူက သမင်စိမ်းကလန်၏ လှံရှည်များထက် ဆိုးဝါးသည်။ သို့သော် ပန်းပဲပညာရပ်တချို့ကို မြင်နိုင်သည်။

ကလန်ငယ်တစ်ခုအတွက် ထိုနည်းလမ်းမျိုးသည် ရှင်သန်တိုးတက်လာရန် လုံလောက်သည်။

ဟန်မူယဲ့က တူကို ပြန်ပေးလိုက်သောအခါတွင် အရပ်ဆယ်ကျော်ရှည်လျားသော ဝက်ဝံနက်ကလန်သားတစ်ယောက် လျှောက်လာခဲ့သည်။

ထိုလူငယ်ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားသည်။

“ယွမ်လေး၊ ဒါက ဟန်တောင်တန်းရွှေကျီးကလန်ရဲ့ ခေါင်းဆောင်ငယ်ပဲ”

စီကျီက နွေးထွေးစွာ မိတ်ဆက်ပေးသည်။

ဝက်ဝံနက်လူငယ်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“စီယွမ်က ခေါင်းဆောင်ငယ်ကို နှုတ်ဆက်ပါတယ်”

ဟန်မူယဲ့က စီယွမ်၏လက်ကို ကြည့်လိုက်သည်။

ထိုနေရာတွင် မှိန်ဖျော့သော ရွှေရောင်ဓားပုံရိပ် ရှိနေသည်။

သူထင်ထားသည့်အတိုင်း ဖြစ်သည်။

မဟာတောရိုင်းကမ္ဘာထဲသို့ သူနှင့်အတူ ဝင်လာသော ကျင့်ကြံသူများကြားတွင် လူတစ်ယောက်က သူနှင့်နီးကပ်စွာ ရှိနေခဲ့သည်။

ယခုအချိန်တွင် စီယွမ်က ဤလောက၏စွမ်းအားကို ခုခံရန် အားကောင်းသည့် ဝိညာဉ်စွမ်းအားကို မပိုင်ဆိုင်သေးပေ။ သူက အပျက်အစီးနယ်မြေထဲသို့ ဝင်မလာခင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မမှတ်မိပေ။

ဟန်မူယဲ့က သူ၏ မှတ်ဉာဏ်များကို နိုးထစေနိုင်သည်။ သို့သော် ထိုသို့ လုပ်လိုက်လျှင် ဤလောက၏ စွမ်းအားက တန်ပြန်သက်ရောက်လာလိမ့်မည်။ စွန့်စားရန် မထိုက်တန်သေးပေ။

မှတ်ဉာဏ်များက အလိုလျောက် နိုးထလာလျှင် ပိုကောင်းသည်။

ဟန်မူယဲ့က လက်နက်သန့်စင်ရန် အလုပ်အပ်မည်ဟု ကြားလိုက်ရသောအခါတွင် စီယွမ်က တက်ကြွနေပြီး သူနှင့် တခြားလူများကို မီးပြင်းဖိုဆီသို့ ခေါ်သွားခဲ့သည်။

“ခေါင်းဆောင်ငယ်၊ မစိုးရိမ်ပါနဲ့။ ဒီမီးပြင်းဖိုကို သမင်စိမ်းကလန်ရဲ့ မီးပြင်းဖိုအတိုင်း တည်ဆောက်ထားတယ်။ သတ္တုသန့်စင်ဖို့အတွက် အရမ်းသင့်တော်တယ်”

“ဒါပေမဲ့ ဒီမှာရှိတဲ့ မြေအောက်မီးတောက်က ကြမ်းတမ်းတယ်။ တစ်ခါတလေမှာ သတ္တုရိုင်းတွေ ပျက်စီးသွားတတ်တယ်”

စီယွမ်က ရိုးသားပြီး လှည့်ပတ်မနေပေ။

ဟန်မူယဲ့က မီးပြင်းဖိုကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

“မြေအောက်မီးတောက်ကို တိုက်ရိုက်အသုံးပြုတာလား”

“မီးထိန်းချုပ်အင်းကွက်တွေ မရှိဘူးပေါ့”

သူ့စကားကြောင့် စီယွမ်က ကြောင်အသွားသည်။

ဘေးတွင်ရှိနေသော စီကျီကလည်း နားမလည်နိုင်ဖြစ်နေသည်။

ဝက်ဝံနက်ကလန်၏ မီးပြင်းဖိုက သတ္တုရိုင်းများကို မည်သို့ သန့်စင်ခဲ့ကြောင်း သူမသိပေ။

သို့သော် မီးထိန်းချုပ်အင်းကွက် မရှိလျှင် ညင်သာသော မြေအောက်မီးတောက်နှင့်ဆိုလျှင်ပင် ကံကောင်းမှသာ ဝိညာဉ်သတ္တုတစ်ဝက်ကို သန့်စင်နိုင်လိမ့်မည်။

“မင်းတို့ရဲ့ မီးပြင်းဖိုက သတ္တု ၅၀%လောက်ကို ပြန်ရဖို့ ဖြစ်နိုင်ရဲ့လား”

ဟန်မူယဲ့က စီယွမ်ကို ကြည့်သည်။

စီယွမ်၏မျက်နှာက နီရဲသွားသည်။ သူက ခေါင်းခါလိုက်ပြီး ဖြည်းဖြည်းချင်း လက်သုံးချောင်းထောင်ပြသည်။

၃၀%သာ ကျန်လိမ့်မည်။

သမင်စိမ်းကလန်၏ တစ်ဝက်ခန့်သာ ဖြစ်သည်။

ထို့အပြင် အဖိုးအခလည်း ပေးရသောကြောင့် ဟန်မူယဲ့တို့ ပြန်လာမည်ဟု သမင်စိမ်းကလန်သားများက ယုံကြည်နေကြသည်။

စီကျီနှင့် စီယွမ်က ဟန်မူယဲ့ကို စိုးရိမ်စွာ ကြည့်သည်။

သူတို့ကလန်သို့ သတ္တုသန့်စင်ရန်အတွက် အပြင်လူများ သိပ်မလာကြပေ။ ထို့ကြောင့် အခွင့်အရေးတိုင်းကို တန်ဖိုးထားရမည်။

“ငါက ဒီသတ္တုတွေကို သန့်စင်ဖို့ ခွင့်ပြုပေးနိုင်ပါတယ်။ ဒါပေမဲ့ မီးပြင်းဖိုမှာ မီးထိန်းချုပ်အင်းကွက်ကို ထည့်သွင်းရလိမ့်မယ်”

ဟန်မူယဲ့က ရှေ့တွင်ရှိသော မီးပြင်းဖိုကို ကြည့်လိုက်ပြီး ပြောသည်။

‘အင်းကွက်ထွင်းထုမှာလား’

စီယွမ်နှင့် စီကျီက ကြောင်အသွားသည်။

‘ရွှေကျီးကလန်ရဲ့ ခေါင်းဆောင်ငယ်က အင်းကွက်ကို ထွင်းထုနိုင်တာလား’

‘အဲဒါက ပန်းပဲပညာရှင်ရဲ့ စွမ်းရည်မဟုတ်ဘူးလား’

“ငါတို့ ရွှေကျီးမျိုးနွယ်က နေမင်းမီးတောက်ကို ထိန်းချုပ်တယ်။ အဲဒါကြောင့် မီးတောက်ကို အသုံးပြုတဲ့နေရာမှာ ကျွမ်းကျင်တယ်”

ဟန်မူယဲ့က သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး ပြောသည်။

‘အဲဒီလိုလား’

စီကျီနှင့် စီယွမ်က ကြောင်အစွာ ခေါင်းညိတ်သည်။

နောက်တွင်ရပ်နေသော ဟန်ကျင်းနှင့် တခြားလူများက စိတ်ရှုပ်သွားကြသည်။

ရွှေကျီးကလန်က မီးတောက်ကို ထိန်းချုပ်နိုင်သည်။ သို့သော် သူတို့က မီးထိန်းချုပ်အင်းကွက်ကို မကြားဖူးပေ။

ဟန်မူယဲ့က သူတို့၏အတွေးကို ဂရုမစိုက်ပဲ ရှေ့တက်သွားပြီး လက်ဝါးချက်ကို ထုတ်ဖော်သည်။

“ဘန်း”

ငြိမ်သက်နေသော မြေအောက်မီးတောက်က ပေါက်ကွဲထွက်လာသည်။

ဟန်မူယဲ့၏ မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပနေပြီး လက်ချောင်းထိပ်တွင် အဆီအနှစ်ဝိညာဉ်စွမ်းအားကို ထုတ်ဖော်သည်။

ရွှေအလင်းက ထက်မြိနေပြီး အနက်ရောင်မီးပြင်းဖိုပေါ်တွင် လှုပ်ရှားသွားသည်။

ရွှေရောင်အလင်းသည် ရောယှက်သွားပြီး လွင့်မျောနေသည်။

အင်းကွက် ....

အင်းကွက်များ ဖြစ်ကြသည်။

စီကျီနှင့် စီယွမ်က အင်းကွက်များကို စိုက်ကြည့်နေပြီး လက်သီးဆုပ်ထားကြသည်။

အင်းကွက်များကြောင့် မြေအောက်မီးတောက်က ထိန်းချုပ်ခံလိုက်ရပြီး ကြမ်းတမ်းမှုပျောက်ကွယ်သွားကြောင်း ခံစားမိသည်။

သူတို့ ဝက်ဝံနက်ကလန်က ဤနေရာတွင်ရှိသော မြေအောက်မီးတောက်ကို ထိန်းချုပ်နိုင်တော့မည်။

သူတို့က တိုးတက်လာတော့မည်။

ဟန်မူယဲ့က ဆက်လက်လှုပ်ရှားနေပြီး မီးပြင်းဖိုပေါ်တွင် အင်းကွက်သုံးခုကို ထည့်သွင်းခဲ့သည်။

“မင်းရဲ့သွေးကို အသုံးပြုပြီး သန်စင်လိုက်ပါ”

ဟန်မူယဲ့က အင်းကွက်များကို အဆုံးသတ်လိုက်ပြီး စီယွမ်ကို ကြည့်သည်။

“ကျွန်တော်လား”

စီယွမ်က နားမလည်နိုင်သော မျက်နှာထားဖြင့် သူ့ကိုယ်သူ ညွှန်ပြသည်။

“မင်းမဟုတ်ရင် ငါလုပ်ရမှာလား”

ဟန်မူယဲ့က စီယွမ်၏လက်ကို ဆွဲယူလိုက်ပြီး မီးပြင်းဖို၏ အင်းကွက်များအပေါ်တွင် သွေးဖောက်ထုတ်သည်။

အင်းကွက်များက အသက်ဝင်လာပုံပေါ်ပြီး တွန့်လိမ်လှုပ်ရှားနေသည်။ ထို့နောက် ရွှေအလင်းက စီယွမ်၏လက်ကို ရစ်ပတ်လိုက်သည်။

ထိုအချိန်ကို အခွင့်ကောင်းယူပြီး ဟန်မူယဲ့က စီယွမ်၏လက်တွင်ရှိသော ရွှေဓားပုံရိပ်ကို စစ်ဆေးကြည့်လိုက်သည်။

ကျန့်တနျို ဖြစ်သည်။

‘သူလား’

ဟန်မူယဲ့က ပြုံးသည်။

ကြံ့ခိုင်သန်မာသော ကျန့်တနျိုက မဟာတောရိုင်းကမ္ဘာ၏ ဝက်ဝံနက်ကလန်သို့ ရောက်လာခဲ့သည်။

‘သူ့မှတ်ဉာဏ်တွေ နိုးထလာရင် ဘယ်လိုဖြစ်နေမလဲမသိဘူး’

ဟန်မူယဲ့က ဤနေရာတွင် ကျန့်တနျိုကို မြင်လိုက်ရသောကြောင့် ပျော်ရွှင်နေခဲ့သည်။

သူက ပန်းပဲပညာရပ်တွင် ပါရမီကောင်းသည်။ ထို့ကြောင့် ဟန်မူယဲ့ကို ကူညီပေးနိုင်လိမ့်မည်။

“ဝီ”

ရွှေအင်းကွက်များက စီယွမ်၏လက်တွင် ရစ်ပတ်နေသည်။ သူ့မျက်နှာထားက ပြောင်းလဲသွားသည်။

ရွှေအလင်းများ ပျောက်ကွယ်သွားသောအခါ သူ့လက်တွင် ရွှေရောင်အမှတ်အသားတစ်ခု ကျန်နေခဲ့သည်။

သူက မီးပြင်းဖိုနှင့် မြေအောက်မီးတောက်ကို ထိန်းချုပ်နိုင်သွားသည်။

“ကောင်းပြီ။ ငါက ဒီသတ္တုရိုင်းတွေကို ချန်ထားခဲ့မယ်”

ဟန်မူယဲ့က စီယွမ်၏ပခုံးကို ပုတ်ပေးလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

စီယွမ်က ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

“စိတ်မပူပါနဲ့ခေါင်းဆောင်ငယ်။ ကျွန်တော်က ဒီသတ္တုရိုင်းတွေကို သုံးရက်အတွင်း သန့်စင်လိုက်ပါ့မယ်”

“ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ ဝက်ဝံနက်ကလန်က အဖိုးအခ မယူပါဘူး”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ထိုကိစ္စကို ဂရုမစိုက်ပေ။

သူက ပေတစ်ထောင်အကွာသို့ ရောက်လာသောအခါတွင် ဝက်ဝံနက်ကလန်၏ မီးပြင်းဖိုက ကျယ်လောင်သောအသံနှင့်အတူ အသက်ဝင်လာသည်။

“မင်းတို့တွေ ဒီမှာနေခဲ့ကြပါ။ သတ္တုရိုင်းနဲ့ လက်နက်တွေကို သန့်စင်ပြီးသွားရင် ပြန်ယူလာခဲ့ပါ”

“ငါက ကျားခုန်တောင်တန်းကို သွားလိုက်အုံးမယ်”

ဟန်မူယဲ့က ဟန်ကျင်းနှင့် တခြားလူများကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

သူက ကျားခုန်တောင်တန်း၏ တာအိုတန်ခိုးရှင်ချန်ယောင်နှင့် တွေ့ချင်သည်။

ဟန်ကျင်းနှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်ကြသည်။

သူတို့က ခေါင်းဆောင်ငယ်၏အမိန့်ကို ဆန့်ကျင်မည်မဟုတ်ပေ။

ဟန်မူယဲ့က ဝက်ဝံနက်ကလန်မှ ထွက်လာပြီး တောအုပ်ထဲသို့ ဝင်သွားသည်။ သူက ချောက်နက်ဓားကို ထုတ်ယူပြီး ရွှေအလင်းအဖြစ် ပြောင်းလဲ၍ ကျားခုန်တောင်တန်းသို့ ဦးတည်လိုက်သည်။

ထိုအချိန်တွင် ကျားခုန်တောင်တန်းမှ မျိုးနွယ်စုများ၏ဈေးကွက်တွင် နှစ်ထပ်စံအိမ်တစ်လုံး ရှိနေသည်။ ထိုစံအိမ်တွင် အနက်ရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ပျက်စီးသွားသော သလင်းကျောက်ဆယ့်ခြောက်ခုကို ကြည့်နေသည်။

“မုဆိုးတစ်ဖွဲ့လုံး ရှင်းပစ်ခံလိုက်ရတာလား”

“ဘယ်သူလုပ်တာလဲ”

“ဖုန်းကျန်းလား”

“ထူကျူးလား”

“ရွှေကျီးကလန်လား။ မဖြစ်နိုင်ဘူး ....”

တာအိုတန်ခိုးရှင်ချန်ယောင်၏ မျက်နှာထားက မှုန်မှိုင်းနေသည်။

မုဆိုးဆယ့်ခြောက်ယောက်က သူ၏ လူယုံများဖြစ်ပြီး နှစ်ပေါင်းရာချီအောင် ပျိုးထောင်ထားခဲ့သည်။

အနာဂတ်တွင် ကောင်းကင်တစ်သောင်းတိုင်းပြည်သို့ ပြန်သွားရန်အတွက် ထိုလူများကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုရမည်။

သို့သော် ရိုးရှင်းသော တာဝန်တစ်ခုကြောင့် သူ၏လက်အောက်ငယ်သား တစ်ဝက်ခန့် သေဆုံးသွားသည်။

“ဟန်တောင်တန်းရွှေကျီးကလန်”

တာအိုတန်ခိုးရှင်ချန်ယောင်က သတ်ဖြတ်လိုစိတ်တချို့နှင့်အတူ မျက်လုံးကို မှေးကျဉ်းလိုက်သည်။

“ပြီးတော့ လုထန်ကျားသစ်နက်ကလန်”

လုထန်ကျားသစ်နက်ကလန်၏ သတင်းကြောင့်သာ မဟုတ်လျှင် သူက မုဆိုးများကို စေလွှတ်ခဲ့မည်မဟုတ်ပေ။

ဤတစ်ကြိမ်တွင် သူ၏ ဆုံးရှုံးမှုတစ်ဝက်က လုထန်ကျားသစ်နက်ကလန်နှင့် သက်ဆိုင်နေသည်။

သို့သော် သူက လူသတ်တရားခံကို မသိနိုင်သေးပေ။

မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် သူလေ့ကျင့်ပေးထားသော မုဆိုးအဖွဲ့ကို သတ်ဖြတ်နိုင်သောလူများ သိပ်မရှိပေ။

တာအိုတန်ခိုးရှင်ချန်ယောင်က ပျက်စီးသွားသော သလင်းကျောက်များကို သိမ်းလိုက်ပြီး မျက်နှာထားတည်ငြိမ်သွားသည်။

“ဒီကိစ္စနဲ့ပတ်သတ်ပြီး သတင်းထွက်လာလိမ့်မယ်။ ငါက နည်းနည်းလောက် စောင့်နေလိုက်ရုံပဲ”

သူက ညင်သာစွာရေရွတ်ပြီး မတ်တပ်ရပ်သည်။

သူက မျိုးနွယ်စုများကြားတွင် ရှိနေသောကြောင့် အလွန်သတိထားသည်။

ဟန်တောင်တန်းရွှေကျီးကလန်၏ အချက်အလက်ကို သေချာမသိရလျှင် ထပ်မံလှုပ်ရှားမည်မဟုတ်ပေ။

သူက လေးနက်သောမျက်နှာထားဖြင့် ရွှေရောင်ဝင်္ကပါပြားတစ်ခုကို ထုတ်ယူသည်။

ဝင်္ကပါပြားက တုန်ခါနေပြီး လည်ပတ်သွားသည်။ ထို့နောက် အပြာရောင်အလင်းတစ်ခု ပေါ်လာသည်။

“ကျားခုန်တောင်တန်းရဲ့ အမဲလိုက်တပ်ဖွဲ့ ဒုဗိုပ်ချုပ်ချန်ယောင်က အရာရှိကို အရိုအသေပေးပါတယ်”

ချန်ယောင်က အလင်းတန်းကို ဦးညွတ်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“ဒုဗိုလ်ချုပ်ချန်ယောင်လား။ ဘာကိစ္စရှိလို့လဲ”

အလင်းတန်းထဲမှ အသံထွက်လာသည်။

ချန်ယောင်က လက်အောက်ငယ်သားများ၏ သေဆုံးမှုကို လျင်မြန်စွာ ပြောပြပြီး ခန့်မှန်းချက်ကို တင်ပြလိုက်သည်။

အလင်းတန်းက တိတ်ဆိတ်နေပြီး ပြန်ပြောသည်။

“ငါက ကျွမ်းကျင်သူတွေကို စေလွှတ်လိုက်မယ်။ မင်းက ကျားခုန်တောင်တန်းနဲ့ မိုင်တစ်သိန်းပတ်ဝန်းကျင်မှာရှိတဲ့ ရွှေကျီးကလန်တွေကို စုံစမ်းထားပါ”

“ဧကရာဇ်က ရွှေကျီးကန်းတွေကို သတ်ဖြတ်ဖို့ အမိန့်ထုတ်ထားတယ်။ ဆုကြေးတွေက တကယ်ရက်ရောတယ်”

ထိုစကားကြောင့် ချန်ယွင်က ပျော်ရွှင်သွားသည်။

သူက ရွှေကျီးကန်းများကိုသတ်ဖြတ်ပြီး ရရှိလာမည့်ဆုကြေးများကြောင့် ကျားခုန်တောင်တန်းကို စောင့်ကြပ်ရန် တာဝန်ယူခဲ့သည်။

ယခုအချိန်တွင် ဆုကြေးကို တိုးမြှင့်ထားသောကြောင့် စွန့်စားရန် ထိုက်တန်သည်။

မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် အားကောင်းသော ရွှေကျီးကလန်များ ရှိသည်။

သို့သော် အရာရှိက ကျွမ်းကျင်သူများကို စေလွှတ်လိုက်မည်ဟု ပြောသောကြောင့် အနည်းဆုံး အဆီအနှစ်ဝိညာဉ် အဌမအဆင့်နှင့် နဝမအဆင့် ကျင့်ကြံသူများ ရောက်လာကြလိမ့်မည်။

သူတို့က လူသားမျိုးနွယ်၏ ကျင့်ကြံခြင်းပညာရပ်၊ ချပ်ဝတ်နှင့် လက်နက်များကို အသုံးပြုပြီး အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်ကြသည်။

All Chapters