အခန်း (၁၀၉၆)
Vol. 79 Ch. 1096
သူက ဟန်မူယဲ့၏မျက်လုံးကို ကြည့်လိုက်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
ဟန်မူယဲ့၏မျက်လုံးထဲတွင် ရှုပ်ထွေးမှုများကို မမြင်နိုင်ပေ။
သူ့မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပပြီး အဆုံးမရှိသော သတ်ဖြတ်လိုစိတ်ကို ဖော်ပြနေသည်။
“ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထခဲ့တယ်”
ချန်ယောင်က ခပ်အုပ်အုပ် အော်ဟစ်လိုက်ပြီး ခါးတွင်ရှိသော ဖဲကြိုးကို ဆုပ်ကိုင်ရန် ကြိုးစားသည်။
သို့သော် သူ၏ ကျောရိုးတစ်လျှောက်တွင် အေးစက်မှုကို ခံစားလိုက်ရပြီး ဘယ်ဘက်နံရိုးက နာကျင်လာသည်။
ဟန်မူယဲ့က ဓားတိုကို ဖြည်းဖြည်းချင်း ပြန်ယူသည်။ ထိုဓားပေါ်တွင် သွေးစက်များကို မြင်ရသည်။
“အဲဒီလူဆယ့်ခြောက်ယောက်ကို ငါသတ်လိုက်တာပဲ”
ဟန်မူယဲ့က ဓားပေါ်တွင် တင်ကျန်နေသော သွေးစက်များကို ခါချလိုက်ပြီး တည်ငြိမ်စွာပြောသည်။
မဟာတောရိုင်းကမ္ဘာသည် နောက်ပိုင်းကမ္ဘာများနှင့် ကွာခြားသည်။
ဤနေရာတွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက အလွန်သန်မာပြီး သက်ရှိများ၏ စိတ်အာရုံကို အကန့်အသတ်အထိ ဖိနှိပ်ထားသည်။
ကာကွယ်မှုမရှိသော အဆီအနှစ်ဝိညာဉ် သတ္တမအဆင့် ကျင့်ကြံသူကို တစ်ချက်တည်း သတ်ပစ်နိုင်သည်။
တခြားကမ္ဘာများတွင် ထိုသို့ မလုပ်နိုင်ပေ။
တခြားကမ္ဘာများတွင် လူသားအင်မော်တယ်အဆင့် ကျင့်ကြံသူများကပင် ခုခံရန် နည်းလမ်းအမျိုးမျိုးကို ပိုင်ဆိုင်ကြသည်။
ဟန်မူယဲ့နှင့် နီးကပ်စွာရှိနေသော တာအိုတန်ခိုးရှင်ချန်ယောင်က သေဆုံးသွားရန် ကံပါလာခဲ့သည်။
တစ်ခါတည်း လုပ်ကြံသတ်ဖြတ်လိုက်လျှင် အားထုတ်နေရန် မလိုအပ်ပေ။
ဟန်မူယဲ့က လက်မြှောက်ပြီး တာအိုတန်ခိုးရှင်၏အလောင်းကို ဖမ်းယူသည်။
ခဏအကြာတွင် သူက ဒုတိယထပ်၏ ပစ္စည်းများကို စုဆောင်းပြီး အဝတ်အိတ်ထဲသို့ ထည့်လိုက်သည်။
ဆက်သွယ်ရေးအတွက် အသုံးပြုသော ဝင်္ကပါပြားတစ်ခု ရှိနေသည်။
ပျက်စီးခြင်းပုတီးစေ့ ရှစ်ရာကျော်ကိုလည်း ရခဲ့သည်။
လူသားမျိုးနွယ်၏ နည်းစနစ်များကို မှတ်သားထားသော ကျောက်စိမ်းပေလွှာနှစ်ခုလည်း ရှိနေသည်။
ကုသခြင်းနှင့် ကျင့်ကြံခြင်းအတွက် ကောင်းမွန်သော ဆေးပုလင်းနှစ်ခုကိုလည်း ရခဲ့သည်။
အဖိုးတန်ဝိညာဉ်သတ္တုအချို့နှင့် ဓားမော့တစ်လက်ကိုလည်း တွေ့ရသည်။
သူက ဒုတိယထပ်၏ ပစ္စည်းများအားလုံးကို စုစည်းပြီး အဝတ်အိတ်ထဲသို့ထည့်၍ ဒုတိယထပ်သို့ ဆင်းလာသည်။ စားပွဲထိုးများ၏ ထိတ်လန့်နေသော အကြည့်အောက်တွင် သူက စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။
....
နှစ်လအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဟန်တောင်တန်း၏ ပတ်ဝန်းကျင်တွင်ရှိသော ကလန်များက ခေါင်းဆောင်ဆက်ခံပွဲကို သိနေကြသည်။
ဟူချန်နှင့် အမြီးဖြူမြေခွေးကလန်က လွန်ခဲ့သောနှစ်လတွင် အကြိမ်ပေါင်းများစွာ အလည်ရောက်လာခဲ့သည်။
ဟန်မူယဲ့ထုတ်ပေးလိုက်သော ဆေးလုံးများ၏တန်ဖိုးကြောင့် ဟူချန်နှင့် အမြီးဖြူမြေခွေးကလန်၏ ခေါင်းဆောင်က တည်ငြိမ်စွာ မနေနိုင်တော့ပေ။
အမြီးဖြူမြေခွေးကလန်၏ ခေါင်းဆောင် ဟူလျန်က ဟန်တောင်တန်းသို့ ကိုယ်တိုင်ရောက်လာပြီး ဆေးလုံးအရောင်းအဝယ်နှင့်ပတ်သတ်၍ ဆွေးနွေးခဲ့သည်။
ဟန်မူယဲ့က ကျားခုန်တောင်တန်းမှ ပြန်ရောက်လာပြီး ဝယ်ယူခဲ့သော ဝိညာဉ်ဆေးပင်များနှင့် အဆင့်မြင့်ဆေးလုံးများကို သန့်စင်ခဲ့သည်။
အမြီးဖြူမြေခွေးကလန်က ဟန်မူယဲ့၏ ဆေးလုံးများကို ကူညီရောင်းချပေးရန် ဆန္ဒရှိသည်။
အမြီးဖြူမြေခွေးကလန်က ဟန်မူယဲ့၏ဆေးလုံးများကို ရောင်းချပြီး နှစ်လအတွင်း လွန်ခဲ့သောဆယ်စုနှစ်၏ ကြွယ်ဝမှုကို စုဆောင်းနိုင်ခဲ့သည်။
သို့သော် အကျိုးအမြတ်အများဆုံး ကလန်က ဆန္ဒကူးဝက်ဝံနက်ကလန် ဖြစ်သည်။
ဝက်ဝံနက်ကလန်၏ သခင်လေး စီယွမ်က ဟန်တောင်တန်းသို့ တိုက်ရိုက်ရွှေ့ပြောင်းလာပြီး ဟန်မူယဲ့ကို တပည့်လက်ခံပေးရန် တောင်းဆိုခဲ့သည်။
စန္ဒကူးဝက်ဝံနက်ကလန်တွင် မီးတောက်ကို ထိန်းချုပ်နိုင်သော မီးပြင်းဖိုတစ်လုံး ရှိသည်။ ထိုမီးပြင်းဖိုကြောင့် သတ္တုရိုင်းသန့်စင်ရာတွင် အလေ့အလွင့်နည်းသွားပြီး သန့်စင်ထားသော သတ္တုများ၏ အရည်အသွေးက မြင့်မားလာသည်။
စန္ဒကူးဝက်ဝံနက်ကလန်တွင် ရှိနေသော မျိုးနွယ်စုများ၏ သတ္တုရိုင်းက တောင်တစ်လုံးသဖွယ် စုပုံနေသည်။
ထို့ကြောင့် သမင်စိမ်းကလန်က အလွန်ဒေါသထွက်နေသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။
ဟန်တောင်တန်းနှင့် မိုင်ရှစ်ထောင်အကွာတွင် လိုဏ်ဂူတစ်ခု ရှိနေသည်။ ထိုနေရာတွင် ဟန်မူယဲ့၊ ဟန်ချောင်ဟူနှင့် ဟန်တင်းရီတို့က ထိုင်နေကြသည်။
သူတို့အပြင် ရေနဂါးနက်ကလန်ခေါင်းဆောင် ဖုန်းကျန်းနှင့် ကလန်သားနှစ်ယောက်လည်း ရှိနေသည်။
တစ်ဖက်တွင် အနက်ရောင်ဝံပုလွေအမှတ်အသားနှင့် လူသန်ကြီးနှစ်ယောက် ထိုင်နေသည်။ ထို့အပြင် အပြာရောင်မျက်လုံးများနှင့် ပိန်ပါးသော လူအိုကြီးတစ်ယောက်လည်း ရှိနေသည်။
“ဝေါင်း ....”
ကျားနက်၏ ခပ်အုပ်အုပ်ဟိန်းဟောက်သံ ပေါ်ထွက်လာသည်။ အနက်ရောင်ဝတ်စုံနှင့် ဟန်ကျင်းက ကျားနက်၏ဘေးတွင် ပါလာခဲ့သည်။
“ခေါင်းဆောင်ငယ်၊ အကြီးအကဲနဲ့ ဧည့်သည်တော်တို့”
ဟန်ကျင်းက တည်ငြိမ်သောမျက်နှာထားဖြင့် လူတိုင်းကို ဦးညွတ်လိုက်သည်။
လွန်ခဲ့သောနှစ်လတွင် ဟန်မူယဲ့၏ ပြုပြင်ထားသော ကျင့်ကြံခြင်းနည်းစနစ်များ၊ အမျိုးမျိုးသော ဆေးလုံးများနှင့် ကြွယ်ဝသော အစားအစာများကြောင့် ဟန်တောင်တန်းရွှေကျီးကလန်က လျင်မြန်စွာ တိုးတက်လာသည်။
ယခုအချိန်တွင် ဟန်ကျင်းက အဆီအနှစ်ဝိညာဉ် ပဥ္စမအဆင့်သို့ ရောက်သွားပြီး ရွှေကျီးကန်းသွေးမျိုးဆက်အချို့ကို နိုးထခဲ့သည်။
သူက ထိုတိုးတက်မှုမျိုးကို တစ်ခါမှ စိတ်ကူးမကြည့်နိုင်ခဲ့ပေ။
ထို့ကြောင့် သူက ဟန်မူယဲ့ကို နက်ရှိုင်းစွာ သစ္စာရှိနေသည်။
“ခေါင်းဆောင်ငယ်၊ လူသားတွေက မိုင်တစ်ရာအကွာမှာ ရောက်နေပါပြီ”
လူတိုင်း၏အကြည့်အောက်တွင် ဟန်ကျင်းက တီးတိုးပြောလိုက်သည်။
လူသားမုဆိုးများ ....
ထို့ကြောင့် ဟန်မူယဲ့က ပတ်ဝန်းကျင်တွင်ရှိသော ကျွမ်းကျင်သူများကို စုစည်းထားခဲ့သည်။
ရေနဂါးနက်ကလန်၏ ဖုန်းကျန်းက ဟန်တောင်တန်းရွှေကျီးကလန်နှင့် ဆက်ဆံရေးကောင်းသည်။ ထို့ကြောင့် ဟန်မူယဲ့က ကိုယ်တိုင်သွားပြီး လူသားမုဆိုးများကို သတ်ဖြတ်ရန် ဖိတ်ခေါ်ခဲ့သည်။
ဝံပုလွေနက်ကလန်နှင့် မီးမျက်လုံးမြွေကလန်မှ ကျွမ်းကျင်သူများကိုလည်း ဟန်မူယဲ့က ဖိတ်ခေါ်ထားသည်။ သူတို့ကို ပျက်စီးခြင်းပုတီးစေ့ နှစ်ဆယ်စီ ပေးခဲ့သည်။
အထူးသဖြင့် မိုင်ထောင်ချီအကွာတွင်ရှိသော မီးမျက်လုံးမြွေကလန်၏ ခေါင်းဆောင် ချီယွင်လျန်က အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်တွင် ရှိနေပြီး သွေးမျိုးဆက်ကို နိုးထခဲ့သည်။ သူက အလွန်အားကောင်းသည်။
“ဟမ့်၊ ကောင်းကင်တစ်သောင်းတိုင်းပြည်ရဲ့ လူသားတွေက မဟာတောရိုင်းကမ္ဘာရဲ့ မျိုးနွယ်စုတွေကို အမြဲတမ်း ဆန့်ကျင်နေခဲ့တယ်။ သူတို့က ရွှေကျီးကလန်ကိုတောင် အမဲလိုက်ခဲ့တယ်”
ဖုန်းကျန်းက အေးစက်စွာပြောလိုက်ပြီး သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်သည်။
တခြားကျွမ်းကျင်သူများ၏ မျက်နှာထားကလည်း လေးနက်နေကြသည်။
ကောင်းကင်တစ်သောင်းတိုင်းပြည်၏ မုဆိုးများက အဓိကအားဖြင့် ရွှေကျီးကလန်ကိုသာ ပစ်မှတ်ထားသော်လည်း ‘ယုန်သေလျှင် မြေခွေးက ဝမ်းနည်းရသည်၊ နှုတ်ခမ်းပဲ့လျှင် သွားက အေးစက်သည်’ ဟူသော စကားအတိုင်းပင် ဖြစ်သည်။ မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်များက ရွှေကျီးကလန်၏ ဖြစ်ရပ်ကိုကြည့်ပြီး တည်ငြိမ်စွာ မနေနိုင်ကြပေ။
“ဧည့်သည်တော်တို့၊ ဒီအမဲလိုက်ပွဲကနေ ရလာတဲ့ အကျိုးအမြတ်အားလုံးကို ခင်ဗျားတို့ဆီ ပေးလိုက်ပါမယ်”
“အနာဂတ်ပြဿနာတွေကို ဖယ်ရှားဖို့အတွက် ကျေးဇူးပြုပြီး တိုက်ခိုက်ပေးကြပါ”
ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး တခြားလူများကို ပြောသည်။ မှိန်ဖျော့သော ရွှေကျီးပုံရိပ်သည် သူ့နောက်တွင် ပေါ်ထွက်လာသည်။
လူတိုင်းက ခေါင်းညိတ်သည်။ သူတို့၏နောက်တွင်ရှိသော ပုံရိပ်များက သဘာဝစွမ်းအားကို လှုပ်ရှားသွားစေသည်။
“သတ်”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။ သူ့နောက်တွင်ရှိသော ရွှေကျီးကန်းပုံရိပ်က အသက်ဝင်လာသည်။ သူ၏ သွေးချီစွမ်းအားက ရွှေရောင်ချပ်ဝတ်အဖြစ် အသွင်ပြောင်းပြီး ကောင်းကင်ထက်တွင် ပျံသန်းသွားသည်။
သူက လက်ထဲတွင် ရွှေရောင်လှံတစ်စင်းကို ကိုင်ထားခဲ့သည်။
ဟန်ချောင်ဟူက သူ့နောက်မှ လိုက်လာသည်။ သူကလည်း ရွှေကျီးကန်းပုံရိပ်ကို ထုတ်ဖော်ပြီး မီးတောက်နေသော လှံတစ်ချောင်းကို ကိုင်ထားသည်။
သူက အဆီအနှစ်ဝိညာဉ် ဆဌမအဆင့်တွင်ရှိသော ရွှေကျီးကလန်၏ အကြီးအကဲတစ်ယောက် ဖြစ်ပြီး ဟန်မူယဲ့၏ အကူအညီနှင့် လွန်ခဲ့သောနှစ်လတွင် အလွန်တိုးတက်လာခဲ့သည်။
သူက ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် လုပ်ဆောင်ပြီး သွေးမျိုးဆက်စွမ်းအားကိုလည်း အနည်းငယ် နိုးထစေခဲ့သည်။ ထို့အပြင် အင်းကွက်သုံးခုနှင့် လှံတစ်ချောင်းကို ရထားသောကြောင့် တိုက်ခိုက်နိုင်စွမ်း တိုးတက်လာသည်။
ရေနဂါကလန်ကလန်၏ ကျွမ်းကျင်သူသုံးယောက်ကလည်း အဆီအနှစ်ဝိညာဉ်များကို ဖော်ထုတ်ပြီး ပျံသန်းသွားကြသည်။
ကျန်လူများကလည်း နောက်မှ လျင်မြန်စွာ လိုက်လာကြသည်။
ကျားနက်က စိတ်လှုပ်ရှားနေသော မျက်လုံးတစ်စုံဖြင့် ဟိန်းဟောက်သည်။
ကျားနက်၏နောက်တွင်ရှိသော ဟန်ကျင်းက သစ်သားဓားကို ကိုင်ထားပြီး လျင်မြန်စွာ လှုပ်ရှားသည်။
“ဘုန်း”
ရှေ့တွင် ပေါက်ကွဲသံကို ကြားရသည်။
ခေါင်းဆောင်ငယ်က လူသားမုဆိုးများနှင့် တိုက်ခိုက်နေပြီဖြစ်သည်။
ဟန်ကျင်းက အံကြိတ်ထားပြီး သွေးများဆူပွက်လာသည်။
သူက ရွှေကျီးကလန်သားတစ်ယောက် ဖြစ်သောကောင့် မာနကြီးသည်။
သို့သော် လွန်ခဲ့သော နှစ်များတွင် သူတို့၏ကလန်က ကျဆင်းနေပြီး မရေမတွက်နိုင်သော ကလန်သားများကို လူသားများက အမဲလိုက်ခဲ့ကြသည်။
ယနေ့တွင် သူက သေဆုံးသွားမည်ဆိုလျှင်ပင် ခေါင်းဆောင်ငယ်၏နောက်သို့ လိုက်ပါပြီး လူသားများကို သတ်ဖြတ်ရမည်။
သူက ဟိန်းဟောက်လိုက်ပြီး ပြေးထွက်သွားသည်။ အနီရောင်မီးတောက်သည် သူ၏ကိုယ်ပေါ်တွင် တောက်လောင်နေခဲ့သည်။
နေမင်း၏စွမ်းအား ဖြစ်သည်။
ယခင်ကဆိုလျှင် နေမင်း၏စွမ်းအားကြောင့် ဟန်ကျင်းက ပျော်ရွှင်နေလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူက မည်သည့်အရာကိုမှ မခံစားရပဲ စစ်မြေပြင်သို့ ပြေးဝင်သွားခဲ့သည်။
“သတ်”
သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ခေါင်းဆောင်ငယ် သင်ကြားပေးထားသည့်အတိုင်း ဓားကို လွှဲခုတ်သည်။
သူက တိုက်ခိုက်နေသောအချိန်တွင် သေဆုံးမသွားပဲ ရန်သူ၏ခွန်အားကို ခံစားကြည့်ရမည်။
ဓားကို ဆွဲထုတ်လိုက်သောအခါတွင် မရပ်တန့်ပဲ လိုက်ပါသွားရမည်။
သွေးများ ပန်းထွက်လာသည်။ ဟန်ကျင်းက ဓားနှင့်အတူ ဗလာနယ်မြေသို့ ဝင်ရောက်သွားပုံပေါ်သည်။
ကလန်အသီးသီး၏ ကျွမ်းကျင်သူများက ဟန်ကျင်းကို လှည့်ကြည့်လိုက်ကြသည်။
ဟန်ကျင်း၏ ကျင့်ကြံဆင့်က နိမ့်ကျသည်။ သို့သော် သူ၏ တိုက်ခိုက်မှုက လူအုပ်ထဲတွင် ထင်ရှားနေသည်။
“သူက ပါရမီကောင်းတာပဲ။ ဓားနည်းစနစ်ကလည်း ထူးခြားတယ်”
ဖုန်းကျန်း၏နောက်တွင်ရှိသော ရေနဂါးနက်ကလန်၏ ကျွမ်းကျင်သူတစ်ယောက် နက်ရှိုင်းသောအသံဖြင့် ပြောသည်။
ယခုအချိန်တွင် ဟန်ကျင်း၏ တိုက်ခိုက်နိုင်စွမ်းက သူနှင့် ယှဉ်နိုင်သည်။
သူတို့က အဆင့်ကြီးတစ်ဆင့် ကွာခြားသည်။
တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။
ဖုန်းကျန်းက လူသားကျွမ်းကျင်သူများနှင့် တိုက်ခိုက်နေသော ဟန်တောင်တန်းရွှေကျီးကလန်၏ ခေါင်းဆောင်ငယ်ကို လှမ်းကြည့်သည်။
သူတို့ကြားတွင် တောင်တန်းတစ်ခု ရှိနေသောကြောင့် တိုက်ပွဲကို ရှင်းလင်းစွာ မမြင်နိုင်ပေ။
သို့သော် ဆက်တိုက်ထွက်ပေါ်လာသော ပေါက်ကွဲသံများကြောင့် တိုက်ပွဲ၏ ပြင်းထန်သော အခြေအနေကို ခန့်မှန်းကြည့်နိုင်သည်။
ပတ်ဝန်းကျင်တွင်ရှိသော လှုပ်ရှားနေသည့် စွမ်းအားများသည် တိုက်ခိုက်နေသောလူ၏ ခွန်အားကို ဖော်ပြနေသည်။
အနည်းဆုံး လူသားမုဆိုးနှစ်ယောက်သည် အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်တွင် ရှိနေသည်။
ထိုမုဆိုးများ၏ခွန်အားက သူတို့၏ ခန့်မှန်းချက်ထက် ကျော်လွန်နေသည်။
“သတ်”
ဖုန်းကျန်းက ခပ်အုပ်အုပ် အော်ဟစ်သည်။ သူက လက်ထဲတွင်ရှိသော ဓားမော့ကို ဝှေ့ယမ်းလိုက်သည်။ ဓားမော့အလင်းက ပေတစ်ရာအကွာအထိ ရောက်သွားပြီး အပြာရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်ကို သတ်ဖြတ်သည်။
မီးမျက်လုံးမြွေကလန်၏ ခေါင်းဆောင် ချီယွင်လျန်က အပြာရောင်မျက်လုံးများကို အသုံးပြုသည်။ သူ့ရှေ့တွင်ရှိသော မီးခိုးရောင်ဝတ်စုံနှင့် လူသားအာခီမီပညာရှင်က တစ်ကိုယ်လုံး တုန်ခါသွားပြီး စွမ်းအားကို မထုတ်ဖော်နိုင်တော့ပေ။
“ဘန်း”
ချီယွင်လျန်က လက်မြှောက်ပြီး လက်သီးချက်ဖြင့် ပြိုင်ဘက်ကို လွင့်ထွက်သွားစေသည်။
“ဝီ”
အဝေးတစ်နေရာတွင် မီးတောက်များ ပေါ်ထွက်လာသည်။
အမှန်တကယ်ပင် ရွှေကျီးကန်းသွေးမျိုးဆက် နိုးထခြင်း ဖြစ်သည်။
လူတိုင်းက ခေါင်းမော့ကြည့်လိုက်ပြီး ပေတစ်ရာကြီးမားသော တောင်ပံဖြန့်ထားသည့် ရွှေကျီးကန်းပုံရိပ်ကို မြင်ရသည်။
ရွှေကျီးကန်းက မီးလုံးတစ်လုံးကို မှုတ်ထုတ်လိုက်သည်။
“ဘန်း”
တောင်တန်းက ပြိုကျလာပြီး မြေပြင်က အက်ကွဲသွားသည်။ မီးတောက်များက ပတ်ဝန်းကျင်ကို လောင်ကျွမ်းနေခဲ့သည်။
တောင်တန်း၏တစ်ဝက်က ပျက်စီးသွားခဲ့သည်။
ရွှေကျီးကန်း၏ သွေးမျိုးဆက်စွမ်းအား ဖြစ်သည်။
လူတိုင်းက ရွှေရောင်ချပ်ဝတ်နှင့် လှံရှည်ကိုင်ထားသော ကောင်းကင်ထက်တွင်ရှိနေသည့် ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
သူက အဆီအနှစ်ဝိညာဉ်၏ ခရမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။
ခရမ်းရောင် ....
လူတိုင်းက ကြောင်အစွာ ကြည့်နေမိသည်။
ရွှေကျီးကန်းသွေးမျိုးဆက် နိုးထခြင်း၏ အဆီအနှစ်ဝိညာဉ် အဌမအဆင့် ဖြစ်သည်။