← Chapters

အခန်း (၁၀၉၉)

Vol. 79 Ch. 1099

အခန်း (၁၀၉၉)

Vol. 79 Ch. 1099

ဟန်ယွင်ချန်က ရှေ့သို့ တစ်လှမ်းတိုးလာပြီး ဟန်ယွင်ဟယ်ကို တီးတိုးပြောသည်။

“လူသားမုဆိုးတွေလား”

ဟန်ယွင်ဟယ်က အံ့အားသင့်သွားသည်။

ဘေးတွင်ရပ်‌နေသော မူကျီကလည်း မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။

“ဘာဖြစ်နေတာလဲ”

ဟန်ယွင်ချန်က တုံ့ဆိုင်းနေပြီး ဟန်မူယဲ့က ဖုန်းကျန်းနှင့်တခြားလူများကို ဆင့်ခေါ်၍ လူသားမုဆိုးများကို တိုက်ခိုက်ရန် သွားရောက်နေကြောင်း ပြောပြလိုက်သည်။

‘လူသားမုဆိုးတွေကို တိုက်ခိုက်တာလား’

‘သူတို့က လူနည်းနည်းလေးနဲ့ သွားရဲတယ်ပေါ့’

‘သူတို့ရောက်လာတာကို စောင့်နေပြီး တခြားကလန်တွေနဲ့ ဝိုင်းတိုက်ပါ့လား’

“အဓိပ္ပာယ်မရှိတာ”

မူကျီက စိုက်ကြည့်လိုက်ပြီး အော်ပြောသည်။

ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသည်။

“မင်းတို့က အရမ်းသန်မာတယ်လို့ ထင်နေကြတာလား”

မူကျီက နှာမှုတ်လိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။

ဟန်ယွင်ချန်က စိုးရိမ်နေပုံပေါ်သည်။

‘ဘာဖြစ်နေတာလဲ’

‘မူယန်တောင်တန်းရဲ့ ကျွမ်းကျင်သူက ဘာဖြစ်လို့ ထွက်သွားတာလဲ’

ဧည့်သည်များကလည်း နားမလည်နိုင်ဖြစ်နေသည်။

“တစ်ခုခုဖြစ်သွားတာပဲ”

သမင်စိမ်းကလန်၏ လူအိုကြီးက လှောင်ပြောင်လိုက်သည်။

လုချန်လင်းက ရှေ့တွင်ရှိသော ကျားသစ်နက်ကလန်၏ ကျွမ်းကျင်သူကို လှမ်းကြည့်သည်။

လူအိုကြီးက ခေါင်းခါလိုက်သည်။

မူယန်တောင်တန်း၏ ကျွမ်းကျင်သူတစ်ယောက် ရောက်လာသောကြောင့် သူတို့က တိုက်ခိုက်ရန် အဆင်မပြေသေးပေ။

ယခုအချိန်တွင် ဟန်တောင်တန်းကလန်၏ အခြေအနေကို စောင့်ကြည့်ပြီး လှုပ်ရှားရမည်။

“တစ်ယောက်ယောက်လာနေပြီ”

ရုတ်တရက်ဆိုသလိုပင် လူတစ်ယောက်က အော်ဟစ်လိုက်သည်။

အဝေးတစ်နေရာတွင် လေထိုးခွင်းသံကို ကြားရသည်။

ပုံရိပ်များ ပျံသန်းလာကြသည်။

ရှေ့ဆုံးတွင် နဂါးနက်ပုံရိပ်သုံးခု ရှိနေသည်။

အနက်ရောင်ဝံပုလွေနှင့် စိမ်းပြာရောင်မြွေပုံရိပ်သည် နောက်တွင် ပါလာသည်။

ရွှေကျီးကန်းပုံရိပ်နှစ်ခုသည် နောက်ဆုံးတွင် ရှိနေသည်။

“ရေနဂါးနက်ကလန်ခေါင်းဆောင် ဖုန်းကျန်းပဲ”

“ဝံပုလွေနက်ကလန်ရဲ့ ညီအစ်ကိုကျောက်ချူနဲ့ ညီအစ်ကိုကျောက်ကျစ်ပဲ”

ထိုလူများကို မှတ်မိနေသော လူတချို့က အော်ဟစ်လိုက်ကြသည်။

ဖုန်းကျန်းက ဤပတ်ဝန်းကျင်တွင် အသန်မာဆုံးဖြစ်ပြီး ပြိုင်ဘက်ကင်းသည်။

တခြားလူများကလည်း နာမည်ကြီးကျွမ်းကျင်သူများ ဖြစ်ကြသည်။

မူကျီက ဖုန်းကျန်းကို ကြည့်သည်။ ထို့နောက် ရွှေကျီးကန်းပုံရိပ်များကို ဆက်ကြည့်သည်။

သူက အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်စွမ်းအားကို ထုတ်လွှတ်နေသည်။

လုချန်လင်းက လက်သီးဆုပ်ထားသည်။

“အကြီးအကဲမူကျီလား။ မတွေ့ရတာ အတော်ကြာပြီ”

ဖုန်းကျန်းက ပျံသန်းလာပြီး ကျယ်လောင်စွာ ပြောသည်။

မူကျီက သတိထားနေပြီး ခေါင်းညိတ်လိုက်သည်။ သူက အောက်ဆင်းလာသော ကျွမ်းကျင်သူများကို ကြည့်လိုက်ပြီး ဟန်ချောင်ဟူနှင့် ဟန်တင်းရီကို ဆက်ကြည့်သည်။

“မင်းတို့ရဲ့ ခေါင်းဆောင်ငယ်က ဘယ်မှာလဲ”

“ဟုတ်တယ်။ ဟန်တောင်တန်းကလန်ရဲ့ ခေါင်းဆောင်ငယ်က ဘယ်ရောက်နေတာလဲ”

ထိုအချိန်တွင် ဟန်မူယဲ့က တစ်ချိန်လုံး ပျောက်ကွယ်နေကြောင်း လူတိုင်းက သတိထားမိလိုက်သည်။

“အကြီးအကဲမူကျီ၊ ခေါင်းဆောင်ငယ်က ကိစ္စတချို့ရှိလို့ နောက်မှာ ကျန်ခဲ့ပါတယ်။ ခဏနေရင် ရောက်လာပါလိမ့်မယ်”

ဟန်ချောင်ဟူက ရယ်လိုက်ပြီး ပတ်ဝန်းကျင်တွင်ရှိသော လူများကို နှုတ်ဆက်သည်။

“ကျေးဇူးပြုပြီး စောင့်ပေးကြပါ။ ခေါင်းဆောင်ငယ် ရောက်လာပါလိမ့်မယ်”

ထို့နောက် သူက ဦးညွတ်လိုက်ပြီး ထွက်သွားသည်။

တခြားလူများကလည်း လူစုခွဲလိုက်ကြသည်။

သူတို့က သွေးရနံ့ကို သယ်ဆောင်ထားသည်။

အမြင်စူးရှသော လူများက သူတို့၏ ကိုယ်ပေါ်တွင်ရှိသော သွေးစက်များကို မြင်နိုင်ကြသည်။

မူကျီက မျက်မှောင်ကြုတ်လိုက်ပြီး နှာမှုတ်သည်။ သူက ဟန်ယွင်ဟယ်၏နောက်သို့ လိုက်သွားပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။

ချက်ချင်းဆိုသလိုပင် လူတိုင်းက ဆွေးနွေးနေကြသည်။ ဟန်တောင်တန်းကလန်၏ ‌‌ခေါင်းဆောင်ငယ်က မည်သည့်နေရာသို့ ရောက်သွားသနည်း။

ထိုအချိန်တွင် ဟန်မူယဲ့က မိုင်ဆယ်ချီဝေးသော တောအုပ်ထဲတွင် ရှိနေသည်။

ဟန်ကျင်းနှင့် ကျားနက်က သူနှင့်အတူ ပါလာကြသည်။

အစောပိုင်းတွင် သူတို့အားလုံးက အတူတူပြန်လာကြသော်လည်း ဟန်ကျင်းက နှေးကွေးသောကြောင့် ကျားနက်ကို စီးနင်းခဲ့သည်။

လမ်းတစ်ဝက်အရောက်တွင် ကျားနက်က ဟန်မူယဲ့ကို လက်ဆောင်ပေးချင်သည်ဟု ဟန်ကျင်းက ပြောခဲ့သည်။

ဖုန်းကျန်းနှင့် တခြားလူများက လက်ဆောင်ပေးရန် ကြိုးစားနေသောကြောင့် ကျားနက်ကလည်း လက်ဆောင်ပေးချင်ခဲ့သည်။

သို့သော် ထိုလက်ဆောင်ကို ဟန်မူယဲ့က ကိုယ်တိုင်လိုက်ယူရမည်။

“ရှေ့မှာလား”

ဟန်မူယဲ့က ရှေ့တွင်ရှိသော တောင်စောင်းကို ကြည့်လိုက်သည်။

တောင်စောင်းက မတ်စောက်ပြီး တောင်ခြေတွင် စမ်းချောင်းတစ်ခုလည်း ရှိနေသည်။

ကျားနက်က အသံပေးလိုက်ပြီး လျင်မြန်စွာ ပြေးသွားသည်။

“ကျီ ....”

ငှက်အော်သံကို ကြားရသည်။ တောင်စောင်းပေါ်မှ ရွှေရောင်ငှက်တစ်ကောင် ဆင်းသက်လာသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

“ဧရာမသိမ်းငှက်ကြီးရဲ့ သွေးမျိုးဆက်လား”

“ရွှေတောင်ပံငှက်လား”

“ကျားနက်က ငါ့ကို ရွှေတောင်ပံနှင်းမြက်ပင် ပေးချင်တာလား”

“အဲဒီမြက်ပင်က ငါ့ရဲ့ သွေးမျိုးဆက်ကို မြှင့်တင်ပေးနိုင်တယ်”

ရှေ့တွင် ကျားနက်က ပြေးလွှားနေသည်။

ငှက်ကြီးက တောင်ပံသိမ်းပြီး ရပ်နားလိုက်သည်။

ဟန်မူယဲ့က ရယ်မောလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။

ရွှေကျီးကန်းပုံရိပ်သည် လက်သီးချက်အဖြစ် ပြောင်းလဲသွားပြီး လေပြင်းများကို သယ်ဆောင်လျက် ပြေးထွက်သွားသည်။

ကောင်းကင်ဖျက်ဆီးလက်သီး ....

လက်သီးပုံရိပ်က ရွှေတောင်ပံငှက်၏ လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ထားသည်။

ရွှေတောင်ပံငှက်က တောင့်ပံဖြန့်ပြီး အော်ဟစ်သည်။

“ကျီ ....”

ထိုအသံက လေထုကို ထိုးခွဲသွားပြီး ဓားတစ်လက်ကဲ့သို့ ဟန်မူယဲ့ဆီ ရောက်လာသည်။

ဝိညာဉ်တိုက်ခိုက်မှု ....

သို့သော် ဟန်မူယဲ့၏ ကောင်းကင်ဖျက်ဆီးလက်သီးက ဝိညာဉ်တိုက်ခိုက်မှုကို ခုခံနိုင်သည်။ လက်သီးချက်က ရွှေအလင်းကို ထုတ်လွှတ်ပြီး ရုတ်တရက် ပေါက်ကွဲသွားသည်။

“ဘုန်း” ‌

ရွှေတောင်ပံငှက်က ပေသုံးရာအထိ လွင့်ထွက်သွားပြီး တောင်စောင်းနှင့် တိုက်မိသည်။ ထို့နောက် ကျိုးပဲ့နေသော ကျောက်တုံးများနှင့်အတူ အောက်သို့ ပြုတ်ကျလာသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ရွှေတောင်ပံငှက် ရပ်နားခဲ့သော တောင်စောင်းပေါ်သို့ ခုန်တက်သည်။

တောင်စောင်းပေါ်တွင် ပေဆယ်ချီကြီးမားသော အက်ကွဲကြောင်းတစ်ခု ရှိသည်။ ထိုနေရာတွင် မီးခိုးရောင်အမွေးအတောင်နှင့် ငှက်ပေါက်လေးသုံးကောင်က ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

အောက်သို့ ပြုတ်ကျသွားသော ရွှေတောင်ပံငှက်က ဝမ်းနည်းစွာ မြည်သံပေးလိုက်ပြီး တောင်ပံဖြန့်လျက် ပျံတက်လာသည်။

ဟန်မူယဲ့က မတိုက်ခိုက်တော့ပဲ အစိမ်းရောင်ဆေးလုံးတချို့ကို ပစ်ပေးသည်။

“ဒီဆေးလုံးတွေက သူတို့ရဲ့ သွေးမျိုးဆက်စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်”

“မင်းရဲ့ ရွှေတောင်ပံနှင်းမြက်ပင်နဲ့ လဲမယ်”

ရွှေတောင်ပံငှက်က ဟန်မူယဲ့ကို စိုးရိမ်စွာကြည့်လိုက်ပြီး တုံ့ဆိုင်းနေသည်။ ထို့နောက် ခေါင်းငုံ့ပြီး ရှေ့တွင်ရှိသော ဆေးလုံးများကို နှုတ်သီးဖြင့် ကောက်ယူလိုက်သည်။

ထို့နောက် တောင်ပံခတ်ပြီး ရွှေတောင်ပံနှင်းမြက်ပင်ကို ထုတ်ပေးလိုက်သည်။

ဟန်မူယဲ့က မြက်ပင်ကို ကောက်ယူလိုက်ပြီး ခေါင်းညိတ်သည်။

“ငါက ဟန်တောင်တန်းမှာ ကျင့်ကြံနေတယ်။ မင်းက ဧရာမသိမ်းငှက်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ သွေးမျိုးဆက်ကို နှိုးဆွချင်ရင် ဟန်တောင်တန်းကို လာခဲ့ပါ”

ထို့နောက် သူက တောင်စောင်းမှ ခုန်ဆင်းလိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့်အတူ ထွက်သွားသည်။

တောင်စောင်းအောက်တွင် ကျားနက်က ဟိန်းဟောက်လိုက်ပြီး အောင်ပွဲခံနေသောပုံစံဖြင့် နောက်မှ လိုက်သွားသည်။

ငှက်က အသံပေးလိုက်ပြီး တုံ့ပြန်နေပုံပေါ်သည်။

“မင်းတို့တွေ အတူတူလာခဲ့ပါ။ ငါက အရင်သွားနှင့်မယ်”

ဟန်မူယဲ့က ဟန်ကျင်းကို လှည့်ကြည့်လိုက်ပြီး ပြောသည်။ ထို့နောက် ချောက်နက်ဓားကို ဆွဲထုတ်သည်။

သူက ဓားပျံကို စီးနင်းပြီး ပျံသန်းသွားခဲ့သည်။

“ခေါင်းဆောင်ငယ်ရဲ့နည်းလမ်းတွေက အံ့အားသင့်စရာပဲ”

ဟန်ကျင်း၏ မျက်လုံးထဲတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။

ကျားနက်က ထောက်ခံနေသည့်အတိုင်း အသံပေးလိုက်သည်။

“ဘုန်း”

လေထုထဲတွင် ပေါက်ကွဲသံ ပေါ်ထွက်လာသောကြောင့် ဟန်တောင်တန်း၏ ဧည့်သည်များက ခေါင်းမော့ကြည့်လိုက်ကြသည်။

ရွှေအလင်းစီးကြောင်းနှင့်အတူ ဓားအလင်းတစ်ခုက ဖျတ်ခနဲ ရောက်လာခဲ့သည်။

ထိုဓားက ကောင်းကင်နှင့်မြေကြီးကို ဖြတ်တောက်သွားပုံပေါ်သည်။

“အဲဒါက ဘယ်လိုနည်းလမ်းမျိုးလဲ”

“ဘယ်သူလဲ ....”

ဆူညံသံများ ပေါ်ထွက်လာသည်။

ဟန်တောင်တန်းတွင် အဝတ်လဲထားသော ဟန်ချောင်ဟူက အော်ပြောလိုက်သည်။

“ခေါင်းဆောင်ငယ်ကို ကြိုဆိုပါတယ်”

ဟန်တောင်တန်း၏ ရွှေကျီးကလန်သားများက မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် အော်ပြောလိုက်ကြသည်။

“ခေါင်းဆောင်ငယ်ကို ကြိုဆိုပါတယ်”

ဟန်တောင်တန်းတွင် ရွှေကျီးကလန်သားများ လေးရာကျော်ခန့်သာ ရှိသော်လည်း သူတို့၏ အရှိန်အဝါက ကြီးကျယ်ခမ်းနားနေသည်။

ဧည့်သည်တော်များက မနေနိုင်ပဲ စပ်စုကြည့်လိုက်ကြသည်။

လူအများ၏ မျက်လုံးများက တောက်ပသွားသည်။

သူတို့က ထိပ်တန်းအဆင့်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော ရွှေကျီးကန်းများ ဖြစ်ကြသည်။ သူတို့၏ကလန်က ကျဆင်းနေသော်လည်း အားကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်သည်။

လုချန်လင်းက တစ်ကိုယ်လုံး တုန်ခါသွားပြီး ကောင်းကင်ထက်မှ ဆင်းသက်လာသော ဟန်မူယဲ့ကို ကြည့်သည်။

သူနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ကျားသစ်နက်ကလန်၏ လူအိုကြီးက မျက်မှောင်ကြုတ်လိုက်ပြီး အငွေ့အသက်ကို သိမ်းဆည်းသည်။

သမင်စိမ်းကလန်သားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းငုံ့ထားသည်။

ဟန်တောင်တန်းတွင် မူကျီက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်နေသည်။ ရွှေအလင်းသည် သူ့မျက်လုံးထဲတွင် လှည့်ပတ်နေသည်။

သူ့အကြည့်အောက်တွင် ရွှေအလင်းသည် ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင် ပေါ်လာခဲ့သည်။

ရွှေအလင်းစီးကြောင်းနှင့် ဖုံးကွယ်ထားသော ပေသုံးဆယ်ကြီးမားသည့် ရွှေကျီးကန်းပုံရိပ် ပေါ်ထွက်လာသည်။

“ရွှေကျီးကန်းသွေးမျိုးဆက်”

မူကျီက စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်သည်။ သူက အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်၏ စွမ်းအားကို ထုတ်ဖော်သည်။

ဟန်မူယဲ့၏နောက်တွင်ရှိသော ရွှေကျီးကန်းပုံရိပ်က တုန်ခါနေပြီး အလင်းလွှာများ ပေါ်ထွက်လာသည်။

မီးခိုးပြာ‌ရောင် ....

အနီရောင် ....

လိမ္မော်ရောင် ....

အဝါရောင် ....

အစိမ်းရောင် ....

အပြာရောင် ....

အပြာရင့်ရောင် ....

ခရမ်း‌ရောင် ဖြစ်သည်။ ရွှေကျီးကန်းက မောက်မာစွာ တောင်ပံဖြန့်ထားသည်။

ထိုအရာသည် တော်ဝင်ဆန်သော ရွှေကျီးကန်းသွေးမျိုးဆက်၏ မောက်မာမှုဖြစ်ပြီး တောရိုင်းကမ္ဘာတွင်ရှိ‌သော မျိုးနွယ်အများစုကို ကျော်လွန်နေသည်။

All Chapters