← Chapters

အခန်း (၁၁၀၃)

Vol. 79 Ch. 1103

အခန်း (၁၁၀၃)

Vol. 79 Ch. 1103

“တိမ်ခိုတောင်တန်းကို သွားကြမယ်”

ဟန်မူယဲ့က ပြောလိုက်သည်။

ကျားနက်သည် တိမ်ခိုတောင်တန်းတွင် နေထိုင်သည်။

ထိုတောင်တန်းသည် ပေသောင်းချီရှည်လျားပြီး နတ်ဘုရားသားရဲများအပါအဝင် သားရဲအမျိုးမျိုးကို ထောက်ပံ့ပေးထားသည်။

မဟာတောရိုင်းကမ္ဘာသည် နတ်ဘုရားသားရဲများ၏အိမ် ဖြစ်သည်။

သူတို့က မဟာတောရိုင်းကမ္ဘာ၏ အစစ်အမှန်ပိုင်ရှင်များ ဖြစ်ကြသည်။

“ကောင်းပြီ”

တူတစ်လက်သယ်ထားသော စီယွမ်က ပြုံးလိုက်ပြီး သဘောတူသည်။

သူတို့နှစ်ယောက်က လျင်မြန်စွာပြေးလွှားပြီး မိုင်ရာချီအကွာတွင်ရှိသော တောအုပ်ဆီသို့ ချက်ချင်းရောက်လာကြသည်။

“တိမ်နက်”

ဟန်မူယဲ့က ခပ်အုပ်အုပ်အော်ခေါ်သည်။

“ဝေါင်း”

အဝေးတစ်နေရာတွင် အနက်ရောင်ပုံရိပ်တစ်ခု ပျံသန်းလာသည်။

ကျားနက်၏ကိုယ်ပေါ်တွင် အဆီအနှစ်ဝိညာဉ်ပုံရိပ် ရှိနေသည်။

ကျားနက်က အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီး အဌမအဆင့်၊ နဝမအဆင့် ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်နိုင်သည်။

လွန်ခဲ့သောနှစ်ငါးဆယ်တွင် ကျားနက်က တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။

သို့သော် ဟန်မူယဲ့၏အကူအညီကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်လျှင် လျင်မြန်စွာတိုးတက်လာရန် မဖြစ်နိုင်ပေ။

“ဝှစ် ....”

လေထုထဲတွင် ရွှေရောင်ငှက်သုံးကောင်က တောင်ပံဖြန့်လိုက်ပြီး ကျားနက်ထက် ပိုမိုလျင်မြန်စွာ ပျံသန်းလာခဲ့သည်။

ရွှေတောင်ပံငှက်သုံးကောင်က ဟန်မူယဲ့၏ ဦးခေါင်းထက်တွင် လှည့်ပတ်နေကြသည်။

ထိုငှက်သုံးကောင်သည် ရွှေတောင်ပံနှင်းမြက်ပင်ကို လဲလှယ်ခဲ့သော ငှက်ကြီး၏ ကလေးများ ဖြစ်ကြသည်။

ယခုအချိန်တွင် သူတို့က မိခင်ဖြစ်သူထက် ဟန်မူယဲ့ကို ပိုမိုခင်တွယ်နေလိမ့်မည်။

ဟန်မူယဲ့က အားလပ်နေသော အချိန်တိုင်းတွင် ဆေးလုံးများကို ကျွေးခဲ့သည်။

ထို့ကြောင့် ငှက်ကလေးများက အသက်ငါးဆယ်ခန့်သာ ရှိသေးသော်လည်း အဆီအနှစ်ဝိညာဉ် ပဥ္စမအဆင့်သို့ ရောက်နေကြသည်။ ထို့အပြင် သွေးမျိုးဆက်ကိုလည်း နိုးထခဲ့ပြီး ရွှေတောင်ပံသိမ်းငှက်ကြီး၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သူတို့၏ တိုးတက်မှုကို ကျားနက်ကပင် အားကျမိသည်။

တောင်စောင်းတွင်နေထိုင်သော ရွှေတောင်ပံငှက်ကြီးက ကလေးများကို ဟန်တောင်တန်းသို့ သွားနိုင်ရန် လွှတ်ပေးထားသည်။

“ကောင်းပြီ။ ငါက မင်းတို့သုံးကောင်ကိုလည်း ခေါ်သွားပေးမယ်”

ဟန်မူယဲ့က လှည့်ပတ်နေသော ငှက်သုံးကောင်ကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

သူက ပျံသန်းလိုက်ပြီး ငှက်တစ်ကောင်၏ကျောပေါ်သို့ တက်သည်။

“ကျင်းတစ်၊ သွားကြမယ်”

သူက အော်ဟစ်လိုက်သည်။ ရွှေတောင်ပံငှက်က တောင်ပံကို လှုပ်ရှားလိုက်ပြီး ပျံသန်းသွားသည်။

အောက်တွင် စီယွမ်က ‌ခေါင်းကုတ်လိုက်ပြီး ရေရွတ်သည်။

“ဆရာ၊ အဲဒါက ကျင်းတစ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိတာလဲ။ ဘယ်ငှက်က ကျင်းနှစ်နဲ့ ကျင်းသုံးလဲ”

သူ့ဘေးတွင်ရှိသော ကျားနက်က ဟိန်းဟောက်လိုက်ပြီး လှည့်ထွက်သွားသည်။

စီယွမ်က ခပ်ဟဟရယ်လိုက်ပြီး နောက်မှ လျင်မြန်စွာ လိုက်လာသည်။

လူတိုင်းက လှုပ်ရှားလိုက်ကြသည်။ ငှက်သုံးကောင်က ကောင်းကင်ထက်တွင် ရှိနေသည်။

“သတ်”

မိုင်သုံးရာအကွာတွင် စီယွမ်က အဝါရောင်အစင်းကြားနှင့် ခြင်္သေ့တစ်ကောင်ကို တိုက်ခိုက်ခဲ့သည်။

ထိုသားရဲကို သံမဏိအင်းကွက်ခြင်္သေ့ဟု ခေါ်သည်။ ထိုခြင်္သေ့က သံမဏိကဲ့သို့ မာကျောသော လည်ဆံမွေးကို အသုံးပြုပြီး ခုခံနိုင်စွမ်းကောင်းသည်။

သို့သော် စီယွမ်နှင့် ရင်ဆိုင်လိုက်ရသည်။

စီယွမ်၏ တူချက်ကြောင့် မြေပြင်တွင် ပေသုံးဆယ်ကျယ်ဝန်းသော အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။

စီယွမ်က တူကို ဝှေ့ယမ်းလိုက်သောအချိန်တိုင်းတွင် ခြင်္သေ့က တစ်ကိုယ်လုံး တုန်ခါသွားသည်။

ထိုတူက သူ၏ အရိုးများကို ကျိုးပဲ့သွားစေလိမ့်မည်။

စီယွမ်က မိုးခြိမ်းသံတူနည်းစနစ်ကို အသုံးပြုနေသည်။

ဟန်မူယဲ့က ထိုနည်းစနစ်ကို သူ့အတွက် ဖန်တီးပေးခဲ့သည်။ တူချက်များက ဆက်တိုက်ဖြစ်ပေါ်နေပြီး ပြိုင်ဘက်က လွတ်မြောက်ရန် အခွင့်အရေးမရှိပေ။

တူချက်သုံးချက်အပြီးတွင် တူပုံရိပ်များသည် ကောင်းကင်တွင် ပြည့်နှက်နေသည်။ ခြင်္သေ့က မူးဝေနေခဲ့သည်။

စီယွမ်က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ခြင်္သေ့၏ လည်ဆံမွေးများကို ဆွဲထားသည်။

“ဘန်း”

ထို့နောက် နဖူးကို လက်သီးဖြင့် ထိုးချလိုက်သည်။

ကျားနက်က ဆက်မကြည့်နိုင်သောကြောင့် အကြည့်လွှဲလိုက်သည်။

“ဘန်း”

“ဘန်း”

....

ဆယ့်ငါးမိနစ်ခန့်အကြာတွင် စီယွမ်က ခြင်္သေ့၏အလောင်းကို ဆွဲယူလာခဲ့သည်။

သူက ထိုခြင်္သေ့ကို စီးတော်သားရဲအဖြစ် ယဉ်ပါးအောင်လုပ်ချင်သော်လည်း ခြင်္သေ့က ခေါင်းမာနေသည်။

ထို့ကြောင့် သေဆုံးသွားရသည်။

အကယ်၍ လမ်းတွင် ဗိုက်ဆာလာလျှင် ခြင်္သေ့ကို စားနိုင်သည်။

သို့သော် သူ၏ ဒုတိယမြောက်လက်သီးချက်တွင် ခြင်္သေ့က အညံ့ခံပြီး ခွင့်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုအကြောင်းကို ကျားနက်က ပြောပြမည်မဟုတ်ပေ။

စီယွမ်၏ နောက်ထပ်လက်သီးချက်က ခြင်္သေ့ကို တစ်ခါတည်း သတိလစ်သွားစေခဲ့သည်။

ဟန်မူယဲ့က မိုင်ရှစ်ထောင်ခန့်အထိ ဆက်သွားလိုက်ပြီး ကျောက်တုံးတစ်တုံးပေါ်တွင် ရပ်နားသည်။

သိပ်မဝေးသောနေရာတွင် အားကောင်းသောအငွေ့အသက်နှင့် ခြေလေးဖက်သားရဲတစ်ကောင်က ဖြည်းဖြည်းချင်း ထွက်လာပြီး သူ့ကို သတိထား၍ စောင့်ကြည့်နေသည်။

“ငှက်မွေးနီချပ်ဝတ်နဂါး၊ ခြေလေးဖက်နဲ့ လျင်လျင်မြန်မြန် ပြေးလွှားနိုင်တယ်။ ချပ်ဝတ်တွေနဲ့ ခုခံနိုင်စွမ်းကောင်းတယ်။ မီးမှုတ်ထုတ်နိုင်ပြီး သန့်ရှင်းစင်ကြယ်တယ်”

ဟန်မူယဲ့၏ စကားကြောင့် ရှေ့တက်လာသော သားရဲက ရပ်တန့်သွားသည်။

သို့သော် ဟန်မူယဲ့က ရပ်တန့်ရန် စိတ်ကူးမရှိပေ။ သူက ချောက်နက်ဓားနှင့် အသက်ဓားကို ဆွဲထုတ်သည်။

“အဆီအနှစ်ဝိညာဉ် နဝမအဆင့်၊ ရှေးခေတ်နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ လုံလောက်ပြီ”

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။

“ခလွမ် ....”

ငှက်မွေးနီချပ်ဝတ်နဂါးက အမြီးရှည်ကို ဝှေ့ယမ်းလိုက်ပြီး ချောက်နက်ဓားကို တားဆီးသည်။

ဟန်မူယဲ့၏ လမ်းကြောင်းကိုလည်း တားဆီးထားသည်။

“သတိကြီးတယ်”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ဖျတ်ခနဲလှုပ်ရှား၍ လက်ထဲတွင်ရှိသော အသက်ဓားတိုကို ထိုးသွင်းသည်။

“ခလွမ်”

ငှက်မွေးနီချပ်ဝတ်နဂါးက နောက်ခြေကို မြှောက်လိုက်ပြီး တားဆီးသည်။

ဟန်မူယဲ့က လျင်မြန်သည်။ သို့သော် နဂါးက သတိထားနေသည်။

ထို့အပြင် နဂါးက အဆီအနှစ်ဝိညာဉ် နဝမအဆင့်တွင် ရှိသောကြောင့် ရွှေရောင်ကြေးခွံများကို အားဖြည့်ထားနိုင်သည်။ ဟန်မူယဲ့၏ဓားက ကြေးခွံများကို မထိုးဖောက်နိုင်ခဲ့ပေ။

ဖရိုဖရဲနိုင်ပုံရသော ထိုနဂါးက အလွန်သွက်လက်ပြီး ဟန်မူယဲ့၏ ဓားချက်များကို ဆက်တိုက်တားဆီးခဲ့သည်။

ဘေးတွင် စီယွမ်က စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသည်။

သူက ဟန်မူယဲ့၏ တိုက်ပွဲများကို မြင်ဖူးသည်။ သို့သော် ဟန်မူယဲ့နှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်သောလူကို မမြင်ဖူးပေ။

ဟန်မူယဲ့က မူချန်ခုံးနှင့် တိုက်ခိုက်ခဲ့သောအချိန်တွင် လှံကိုသာ သုံးခဲ့သည်။ ဓားကို မသုံးခဲ့ပေ။

ဟန်မူယဲ့က ပိုမိုလျင်မြန်လာသည်။ ဓားအလင်းများက ငှက်မွေးနီချပ်ဝတ်နဂါးကို လွှမ်းခြုံထားသည်။

ခရမ်းရောင် အဆီအနှစ်ဝိညာဉ်ပုံရိပ်သည် ဟန်မူယဲ့၏နောက်တွင် ပေါ်လာသည်။

ဆယ်မိုင်ပတ်ဝန်းကျင်တွင် ကောင်းကင်နှင့်မြေကြီး၏ တောက်ပနေသောအလင်းသည် နေတစ်စင်းနှင့် တူနေသည်။ သားရဲများက ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။

ဟန်မူယဲ့၏ အဆီအနှစ်ဝိညာဉ်သည် မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ငွေရောင်သန်းလာသည်။

“သတ်”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ဓားဖြင့် ငှက်မွေးနီချပ်ဝတ်နဂါး၏ ဦးခေါင်းကို ချိန်ထားသည်။ နဂါးက တစ်ကိုယ်လုံး တုန်ခါသွားပြီး မြေပြင်တွင် ဝပ်နေသည်။ သူက မလှုပ်ရှားရဲတော့ပေ။

လေထုထဲတွင်ရှိသော ဓားအလင်းများက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ဟန်မူယဲ့၏ လက်ထဲသို့ ရောက်လာသည်။

ထိုဓားသည် ယခင်ဓားချက်များအားလုံး၏ စွမ်းအားကို စုစည်းထားသည်။

ထိုဓားချက်ကို ထိုးသွင်းလိုက်လျှင် ဟန်မူယဲ့က အဆီအနှစ်ဝိညာဉ် နဝမအဆင့်သို့ ရောက်သွားလိမ့်မည်။

ထို့အပြင် နဂါးကို သတ်ဖြတ်ပြီး ကျင့်ကြံဆင့်ကို တည်ငြိမ်စေမည်။

သို့သော် ဟန်မူယဲ့က ဓားကို ဆုပ်ကိုင်ထားပြီး ထိုးမသွင်းခဲ့ပေ။

“ပုရွက်ဆိတ်တစ်ကောင်ကတောင် ရှင်သန်ချင်တယ်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့တဲ့ သားရဲတစ်ကောင်ဆိုရင် ပြောနေစရာမလိုတော့ဘူး”

“မင်းက မသေချင်ဘူး”

“ငါက မင်းကို သတ်နိုင်တယ်။ ဒါပေမဲ့ အကြောင်းပြချက်မရှိပဲ မသတ်သင့်ဘူး”

“မဟာတောရိုင်းကမ္ဘာမှာ သတ်ဖြတ်ခြင်းပဲ ရှိနေတာမဟုတ်ဘူး”

ဟန်မူယဲ့က တစ်ခုခု နားလည်သွားပုံရပြီး ကောင်းကင်ကို ကြည့်သည်။

နေမင်းသည် တောက်ပပြီး မဟာတောရိုင်းကမ္ဘာကို အလင်းပေးနေသည်။

မဟာနေမင်းရွှေကျီးကန်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် မဟာတောရိုင်းကမ္ဘာ၏ သတ်ဖြတ်မှုများကို မြင်တွေ့ခဲ့ရသည်။

“ကောင်းကင်တာအိုက ဒီလိုမျိုးပဲလား”

“မဟာတောရိုင်းကမ္ဘာရဲ့ ကောင်းကင်တာအိုက ဘယ်လိုမျိုးလဲ”

“သတ်ဖြတ်မှုကို ရပ်တန့်ဖို့အတွက် သတ်ဖြတ်လိုက်တာက ကောင်းကင်တာအိုရဲ့ သဘောအတိုင်းပဲလား”

ဟန်မူယဲ့က ဓားကို ဖြည်းဖြည်းချင်း သိမ်းလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မင်း ထွက်သွားလို့ရပြီ”

မြေပြင်တွင်ဝပ်နေသော ငှက်မွေးနီချပ်ဝတ်နဂါးက မတ်တပ်ရပ်လိုက်ပြီး ညင်သာစွာ ခေါင်းငုံ့သည်။ ထို့နောက် လှည့်ထွက်သွားသည်။

စီယွမ်က ရှေ့တက်လာပြီး ညင်သာစွာပြောသည်။

“ဆရာ၊ ကျွန်တော်တို့ နောက်ထပ် သားရဲတစ်ကောင်ကို ရှာကြည့်ရင်ရော”

ဟန်မူယဲ့က ခေါင်းခါသည်။ သူ့နောက်တွင်ရှိသော အဆီအနှစ်ဝိညာဉ်က ပျောက်ကွယ်သွားသည်။

သူက သတ်ဖြတ်ခြင်းကို အသုံးပြု၍ အဆင့်တက်ရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် ယခုအချိန်တွင် သူက နားလည်သွားသည်။ သတ်ဖြတ်ရန် ဆန္ဒမရှိသောကြောင့် သူက အဆင့်တက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုအရာက ကောင်းကင်၏ဆန္ဒလည်း ဖြစ်သည်။

“ပြန်ကြရအောင်”

ဟန်မူယဲ့က လှည့်ထွက်သွားသည်။

သူက ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်လိုက်သည်။

သူ့နောက်တွင်ရှိသော တောအုပ်တွင် ငှက်မွေးနီချပ်ဝတ်နဂါး ပြန်ရောက်လာသည်။ ထိုနဂါးက ငွေရောင်ဆေးပင်တစ်ပင်ကို ပါးစပ်နှင့် ကိုက်ထားသည်။

ငှက်မွေးနီချပ်ဝတ်နဂါးက ဆေးပင်ကို ဟန်မူယဲ့၏ရှေ့တွင် ချပေးခဲ့ပြီး ထွက်ပြေးသွားသည်။

ဟန်မူယဲ့က ခေါင်းငုံ့လိုက်ပြီး ဆေးပင်ကို ကြည့်သည်။

“နှစ်တစ်သိန်းသက်တမ်းရှိတဲ့ နေစုစည်းသစ်ကိုင်းပဲ။ ဒီရတနာမျိုးနဲ့ အဆင့်မတက်နိုင်ဘူးဆိုရင်တော့ ကျင့်ကြံခဲ့တာတွေအားလုံး အလကားဖြစ်သွားလိမ့်မယ်”

ဟန်မူယဲ့က ရယ်လိုက်ပြီး ဆေးပင်ကိုယူ၍ ဓားအလင်းနှင့်အတူ ပျံသန်းသွားသည်။

သူက ဆေးလုံးသန့်စင်ရန် မစောင့်နိုင်တော့ပေ။

....

ဆယ်ရက်အကြာတွင် ဟန်တောင်တန်းကလန်၏ အလယ်တွင်ရှိသော ကျောက်သားစံအိမ်မှ ခပ်အုပ်အုပ်ပေါက်ကွဲသံ ပေါ်ထွက်လာသည်။

ထိုအသံနှင့်အတူ ‌ငွေအလင်းက ဖျတ်ခနဲပေါ်လာပြီး ပျောက်ကွယ်သွားသည်။

အပြင်ဘက်တွင်စောင့်ကြပ်နေသော ရွှေကျီးကန်းများက တစ်ကိုယ်လုံး တုန်ခါနေပြီး ဒူးထောက်ချင်လာသည်။ သူတို့က သတိဝင်လာသောအချိန်တွင် ထိုခံစားချက်က ပျောက်ကွယ်သွားခဲ့သည်။

စံအိမ်ထဲတွင် ဟန်မူယဲ့က ဝင်္ကပါအလင်းလွှာကို အသက်သွင်းထားပြီး ထိုင်နေခဲ့သည်။ ရွှေကျီးကန်းပုံရိပ်သည် သူ့နောက်တွင် ပေါ်ထွက်လာသည်။

ရွှေကျီးကန်းက ခမ်းနားသောအငွေ့အသက်ကို ထုတ်လွှတ်နေပြီး ငှက်မွေးတိုင်းကို မီးတောက်ဖြင့် ဖွဲ့စည်းထားသည်ဟု ထင်ရသည်။

ရွှေကျီးကန်း၏ ခန္ဓာကိုယ်က အရောင်အမျိုးမျိုးကို ထုတ်လွှတ်နေပြီး နောက်ဆုံးတွင် ခရမ်းရောင်မှ ငွေရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ငွေရောင်အဆီအနှစ်ဝိညာဉ် ....

အဆီအနှစ်ဝိညာဉ် နဝမအဆင့် ဖြစ်သည်။

All Chapters