← Chapters

အခန်း (၁၁၀၄)

Vol. 79 Ch. 1104

အခန်း (၁၁၀၄)

Vol. 79 Ch. 1104

ဟန်မူယဲ့က အဆီအနှစ်ဝိညာဉ် ကျင့်ကြံခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်သွားခဲ့သည်။ နောက်တစ်ဆင့်တွင် အဆီအနှစ်ဝိညာဉ်ကို အစစ်အမှန်ကိုယ်ထည်အဖြစ် စုစည်းပြီး အစစ်အမှန်ဝိညာဉ်အဖြစ် ပြောင်းလဲရမည်။

အစစ်အမှန်ဝိညာဉ်အဆင့်သည် မဟာတောရိုင်းကမ္ဘာ၏ အစစ်အမှန် ကျွမ်းကျင်သူ ဖြစ်သည်။

လူဦးရေတစ်သန်းရှိသော ကလန်ကြီးများတွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ ရှိကြသည်။

ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးများက ရွှေရောင်တောက်နေသည်။

သူက အဆီအနှစ်ဝိညာဉ် နဝမအဆင့်သို့ ရောက်သွားသောကြောင့် ရွှေကျီးကန်းသွေးမျိုးဆက်ကလည်း ပိုမိုအားကောင်းလာသည်။

“မဟာနေမင်းရွှေကျီးကန်းရဲ့ နတ်ဘုရားမီးတောက်က အကန့်အသတ်မဲ့တယ်။ အရာအားလုံးကို လောင်ကျွမ်းနိုင်တယ်။ ဒါပေမဲ့ လောရဲ့ သွေးမျိုးဆက်တိုင်းက ဖျက်ဆီးဖို့မဟုတ်ဘူး။ ရှင်သန်ဖို့အတွက်ပဲ။ လောကကို ဘယ်သူက အလင်းပေးနိုင်လဲ”

ဟန်မူယဲ့က ကောင်းကင်ထက်တွင်ရှိသော မဟာနေမင်းကို မော့ကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။

မဟာနေမင်းရွှေကျီးကန်းသည် မဟာတောရိုင်းကမ္ဘာကို အလင်းပေးရန်အတွက် မွေးဖွားလာခြင်း မဟုတ်ပေ။

နတ်ဘုရားသားရဲများသာမက လူသားမျိုးနွယ် ကျင့်ကြံသူများတွင်လည်း ကိုယ့်ကိုယ်ကိုယ် စတေးရန် မည်သူမှ ဆန္ဒမရှိကြပေ။

“ဒါက ဓားတာအိုကို ကျင့်ကြံရသလိုပဲ။ အစပိုင်းမှာ ဖျက်ဆီးခြင်းကို ရှာဖွေတယ်။ ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးပြီး သတ်ဖြတ်တယ်။ ဒါပေမဲ့ အဆုံးမှာတော့ ပြန်လည်တည်ဆောက်ရတယ်”

နေမင်းကိုကြည့်နေသော ဟန်မူယဲ့၏ မျက်လုံးများက မီးတောက်လာသည်။

“ဘာဖြစ်လို့လဲဆိုတော့ စွမ်းအားတစ်ခုက အရမ်းသန်မာလာရင် ကမ္ဘာတစ်ခုက အဲဒီစွမ်းအားကို မှီခိုပြီး ဆက်လည်တည်ရှိရတယ်”

တစ်နည်းပြောရလျှင် မဟာ‌တောရိုင်းကမ္ဘာသည် မဟာနေမင်းရွှေကျီးကန်းကြောင့် တည်ရှိနေခဲ့သည်။

“မဟာနေမင်းရွှေကျီးကန်းရဲ့ ဝိညာဉ်က ဒီကမ္ဘာရဲ့ မူလရင်းမြစ်ပဲ”

သူက ထိုသို့ နားလည်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာသည်။ ရွှေကျီးကန်းသွေးမျိုးဆက်က နောက်တစ်ဆင့်သို့ တက်သွားခဲ့သည်။

သို့သော် သူက ပျော်ရွှင်ရမည့်အစား မျက်နှာထားလေးနက်နေသည်။

တခြားကမ္ဘာတွင်ဆိုလျှင် ထိုရင်းမြစ်စွမ်းအားကြောင့် သူက ပြိုင်ဘက်ကင်းဖြစ်နေလိမ့်မည်။

သို့သော် ဤနေရာသည် မဟာတောရိုင်းကမ္ဘာ ဖြစ်ပြီး ကျွမ်းကျင်သူများ ရှိနေကြသည်။

အကယ်၍ အသန်မာဆုံး ကျွမ်းကျင်သူများနှင့် နတ်ဘုရားသားရဲများက ထိုစွမ်းအားအကြောင်းကို သိသွားလျှင် လုယူရန် ရောက်လာကြလိမ့်မည်။

ထို့အပြင် တစ်ယောက်ယောက်က မဟာနေမင်းရွှေကျီးကန်း၏ ရင်းမြစ်စွမ်းအားကို ယူဆောင်သွားလျှင် မဟာတောရိုင်းကမ္ဘာက တခြားကမ္ဘာများကဲ့သို့ ပြိုကျသွားလိမ့်မည်။

ထိုသို့ အားကောင်းသော အပျက်အစီးနယ်မြေတစ်ခု ပြိုကျသွားလျှင် ကောင်းကင်တစ်သောင်းချောက်နက်၏ သေဆုံးခြင်းစွမ်းအားက လှုပ်ရှားလာပြီး ကပ်ဘေးအသစ်အဖြစ် ပြောင်းလဲသွားလိမ့်မည်။

“ဒါက ကပ်ဘေးရဲ့ မူလရင်းမြစ်လား”

ဟန်မူယဲ့က ခေါင်းငုံ့လိုက်သည်။ သူ့ကိုယ်ပေါ်တွင်ရှိသော အဆီအနှစ်ဝိညာဉ်စွမ်းအားက စုစည်းလာပြီး ထူးခြားသောအငွေ့အသက်မရှိပဲ သာမန်အတိုင်း ဖြစ်သွားသည်။

သူက ဤကမ္ဘာ၏ မူလရင်းမြစ်ကို ထွင်းဖောက်မြင်ခဲ့ပြီး ထိတ်လန့်သွားသည်။

သို့သော် ထိုကိစ္စများက သူနှင့် ဝေးကွာနေသေးသည်။ ဝင်မပါနိုင်သေးပေ။

ယခုအချိန်တွင် သူက ကိုယ်ပိုင်စွမ်းအားကိုသာ စုစည်းရမည်။

ဟန်မူယဲ့က ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသော အဆီအနှစ်ဝိညာဉ်စွမ်းအားကို အာရုံခံကြည့်လိုက်ပြီး စိတ်လှုပ်ရှားနေသည်။

ဤကမ္ဘာ၏ ရင်းမြစ်စွမ်းအားကို အနည်းငယ် နားလည်ခဲ့လျှင်ပင် သူ့အတွက် အလွန်အကျိုးရှိသည်။

ယခုအချိန်တွင် သူ၏ ရွှေကျီးကန်းမီးတောက်က အရာအားလုံးကို လောင်ကျွမ်းနိုင်သည်အထိ အဆင့်မြင့်သွားသည်။

ဤနတ်ဘုရားမီးတောက်ကြောင့် သူက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်လိမ့်မည်။

ထို့အပြင် သူက ပြင်ပကမ္ဘာမှ ယူလာသော ရတနာတချို့ကို အသုံးပြုနိုင်သည်။

အင်မော်တယ်ကျောက်တုံး၊ နတ်စွမ်းအားသလင်းကျောက်၊ ကောင်းကင်ချောက်နက်ပုလဲ၊ ဆေးလုံး၊ မှော်ရတနာနှင့် အင်မော်တယ်ရတနာများ ရှိနေသည်။

သို့သော် မူလဝိညာဉ်ဓားကိုတော့ မသုံးနိုင်သေးပေ။

“ဝီ”

တုန်ခါသံနှင့်အတူ အနက်ရောင်ဓားအိမ်တစ်ခုသည် သူ့လက်ထဲသို့ ရောက်လာသည်။

အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ် ဖြစ်သည်။

ယခင်က ဟန်မူယဲ့သည် ထောင်ချီနေသော ဓားရှည်များအား သိမ်းဆည်းထားနိုင်သည့် အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ကို အားကိုးခဲ့သည်။

သူက ဓားအိမ်ပေါ်တွင် လက်တင်ထားပြီး အဆီအနှစ်ဝိညာဉ်စွမ်းအားဖြင့် လွှမ်းခြုံသည်။

အဆီအနှစ်ဝိညာဉ်စွမ်းအားသည် အင်မော်တယ်စွမ်းအင်ကဲ့သို့ မသန့်စင်ပေ။ ချီစွမ်းအင်ကဲ့သို့လည်း မကောင်းမွန်ပေ။ သို့သော် ကြီးကျယ်ခမ်းနားသည်။

အဆီအနှစ်ဝိညာဉ်စွမ်းအားကြောင့် ဓားအိမ်ထဲတွင်ရှိသော ဓားရှည်များက ပဲ့တင်သံပေးလိုက်သည်။ သူတို့၏ စွမ်းအားက ဆက်တိုက် ပြောင်းလဲနေသည်။

ဓားရှည်များက အဆီအနှစ်ဝိညာဉ်စွမ်းအားကို သန့်စင်ပြီး ရတနာလက်နက် ဖြစ်လာနိုင်သည်။

ဟန်မူယဲ့က ဓားအိမ်တွင်ပေါ်လာသော အင်းကွက်များကို ကြည့်လိုက်ပြီး ဉာဏ်အလင်းရသါားသည်။

ဝိညာဉ်အင်းကွက် ....

အင်မော်တယ်အင်းကွက် ....

အစစ်အမှန်ဝိညာဉ်အင်းကွက်များသည် နောက်ဆုံးရင်းမြစ် ဖြစ်သည်။

လောက၏စွမ်းအားသည် မူလရင်းမြစ်မှ ရောက်လာပြီး မူလရင်းမြစ်သို့ ပြန်သွားသည်။

ထိုစက်ဝန်းက ကပ်ဘေးကို အခြေတည်ပြီး ဆက်တိုက်ဖြစ်ပေါ်သည်။

ဟန်မူယဲ့က ဆတ်ခနဲ တုန်ခါသွားပြီး ဖြည်းဖြည်းချင်း လက်မြှောက်သည်။

သူက လက်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။

ယခုအချိန်တွင် သူရရှိလိုက်သော ဉာဏ်အလင်းက သူ၏ ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်ထက် ကျော်လွန်နေသည်။

အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျင့်ကြံခြင်းနှင့်လည်း နားလည်နိုင်သောအရာမျိုး မဟုတ်ပေ။

အင်မော်တယ်ဘုရင်တစ်ပါး၏ ဉာဏ်အလင်း ဖြစ်သည်။

အစစ်အမှန်ဝိညာဉ်အဆင့်၏ ကျင့်ကြံခြင်း ဖြစ်သည်။

သူက လုချန်ရှန်ဆီမှ ရရှိထားသော အစစ်အမှန်ဝိညာဉ်အရိုးကို ထုတ်ယူသည်။ ထိုအရိုးက အနက်ရောင်အလင်းကို ထုတ်လွှတ်နေသည်။

“တော်သေးတယ်”

သူက ထိုအရိုး၏ထိန်းချုပ်မှုကို ခံလိုက်ရပြီး အဆင့်ကျော်၍ ဉာဏ်အလင်းရခဲ့သည်။

အကယ်၍ သူက အစစ်အမှန်ဝိညာဉ်အဆင့်၏ ကျင့်ကြံခြင်းကို သုံးသပ်ကြည့်ရန် ကြိုးစားလျှင် ရလဒ်တစ်ခုသာ ရှိလိမ့်မည်။ သေဆုံးခြင်း ဖြစ်သည်။ သူက အစစ်အမှန်ဝိညာဉ်အရိုး၏ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားလိမ့်မည်။

ဤလောက၏ ကျင့်ကြံခြင်းသည် အမှန်တကယ်ပင် ခက်ခဲသည်။ ခြေလှမ်းတိုင်းတွင် အန္တရာယ်များဖြင့် ပြည့်နေသည်။

ဟန်မူယဲ့က ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူပြီး အစစ်အမှန်ဝိညာဉ်အရိုးကို ချိပ်ပိတ်ထားလိုက်သည်။ သူက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

ဟန်မူယဲ့က ဆယ်ရက်ကြာသည်အထိ ပြင်ပကမ္ဘာ၏ ရတနာအမျိုးမျိုးကို ထုတ်ယူပြီး တချို့ကို သန့်စင်နေခဲ့သည်။ တချို့ကိုတော့ အကာအကွယ်ရတနာများအဖြစ် ပြောင်းလဲလိုက်သည်။

“ဝီ”

တံခါးပွင့်လာသောအခါ ဟန်မူယဲ့က အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ပြီး ရွှေရောင်လှံတစ်ချောင်းကို ကိုင်ထားသည်။ သူ့နောက်ကျောတွင် ဓားနှစ်လက်နှင့် ဓားအိမ်တစ်ခု ရှိသည်။ သူက ခြေလှမ်းကျဲကြီးများနှင့်အတူ ထွက်လာခဲ့သည်။

“အမဲလိုက်ပွဲမှာ ပါဝင်ဖို့အတွက် ကလန်ရဲ့ ကျွမ်းကျင်သူတွေကို စုစည်းလိုက်ပါ”

ဟန်မူယဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်သောကြောင့် လေထုက လှိုင်းထသွားသည်။

ချက်ချင်းဆိုသလိုပင် ဟန်တောင်တန်းရွှေကျီးကလန်က တုံ့ပြန်သံပေးလိုက်ပြီး မရေမတွက်နိုင်သော ရွှေကျီးကန်းပုံရိပ်များက ကောင်းကင်ထက်တွင် ပေါ်ထွက်လာကြသည်။

ကောင်းကင်ထက်တွင် ရွှေကျီးကန်းပုံရိပ်က တောင်ပံဖြန့်ထားပြီး မောက်မာစွာရှိနေသည်။

ဟန်တောင်တန်းရွှေကျီးကလန်၏ ကျွမ်းကျင်သူသုံးထောင်က ရွှေအလင်းအဖြစ် ပြောင်းလဲပြီး ရွှေကျီးကန်ဖြစ်နေသော ဟန်မူယဲ့၏နောက်မှ လိုက်သွားကြသည်။

မူယန်တောင်တန်းတွင် မူချန်ခုံးက ကလန်၏ ကျွမ်းကျင်သူများကို ဦးဆောင်ပြီး စောင့်ဆိုင်းနေသည်။

“လာနေပြီ”

လူတစ်ယောက်က အော်ဟစ်လိုက်ပြီး ကောင်းကင်ကို ညွှန်ပြသည်။

ထိုနေရာတွင် တိမ်တိုက်များက လှုပ်ရှားနေပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက ဟိန်းဟောက်နေသည်။ တဖျပ်ဖျပ်တောက်ပနေသော ရွှေအလင်းများကို မြင်ရသည်။

“ရွှေကျီးကန်းသွေးမျိုးဆက်ရဲ့ စွမ်းအားပဲ”

မူချန်ခုံး၏ဘေးတွင် ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက တီးတိုးပြောသည်။

“ဟန်တောင်တန်းရွှေကျီးကလန်ရဲ့ ခေါင်းဆောင်က အဓိကမျိုးဆက်တွေထက် အားမနည်းလောက်ဘူး”

မူချန်ခုံးက ခေါင်းညိတ်သည်။

ထို့ကြောင့် သူက ဟန်မူယဲ့ကို မျှော်လင့်ထားခဲ့သည်။

သူ့အမြင်တွင် ဟန်တောင်တန်းရွှေကျီးကလန်မှ ခေါင်းဆောင်၏အနာဂတ်သည် အကန့်အသတ်မရှိပေ။

“အစ်ကိုချန်ခုံး၊ သွားကြရအောင်”

ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

ရွှေကျီးကန်း၏ ခမ်းနားသောပုံရိပ်ကို မြင်ရသည်။

‌ရွှေကျီးကန်းက ပေတစ်သောင်းကြီးမားပြီး တောင်ပံခတ်လိုက်သောအခါတွင် လေပြင်းများကို ဖြစ်ပေါ်လာစေသည်။

“ဟားဟား၊ ဒီခရီးမှာ ငါတို့က အစွမ်းပြရမယ်”

“ကြည်လင်ကောင်းကင်တောအုပ်ကို သွားကြမယ်”

မူချန်ခုံးက အော်ဟစ်လိုက်သည်။ သူ့နောက်တွင်ရှိသော ရွှေကျီးကလန်သားများက လေထုထဲသို့ ပျံသန်းလာပြီး ခွန်အားကို ပေါင်းစပ်သည်။

မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်အများစုက အမွေဆက်ခံထားသော နည်းလမ်းများအရ သွေးနှင့်ချီကို ဆက်သွယ်နိုင်ကြသည်။

ထိုနည်းလမ်းက တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်မပေးနိုင်သော်လည်း ခရီးသွားရန် သင့်တော်သည်။

ရွှေကျီးကန်းက တောင်ပံဖြန့်လိုက်ပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။

ရွှေကျီးကန်း၏ မြည်သံက ကောင်းကင်ထက်တွင် ပဲ့တင်ထပ်နေပြီး တိမ်တိုက်များကို ပြန့်ကျဲသွားစေသည်။

“ရွှေကျီးကလန်ပဲ”

မြေပြင်တွင်ရှိနေသော လူတစ်ယောက်က အော်ဟစ်လိုက်သည်။

ရွှေကျီးကန်သည် မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုကြီးတစ်ခု ဖြစ်သောကြောင့် အာရုံစိုက်ခံရသည်။

“ဘယ်နေရာက ရွှေကျီးကလန်တွေလဲ”

“ကြည့်ရတာ အနည်းဆုံး လူတစ်သိန်းရှိတဲ့ ကလန်ကြီးနှစ်ခု ဖြစ်လိမ့်မယ်”

လူတချို့က တိတ်ဆိတ်စွာ ခေါင်းငုံ့ထားပြီး နေမင်းစွမ်းအားကို ထုတ်လွှတ်နေသည့် ရွှေကျီးကန်းပုံရိပ်ကို မကြည့်ရဲကြပေ။

လူတချို့က မျက်လုံးများတောက်ပလာပြီး ရွှေကျီးကန်းနှစ်ကောင်ကို စစ်ဆေးကြည့်နေကြသည်။

သူတို့က သုံးရက်ကြာအောင် ပျံသန်းလာပြီး ပေတစ်သောင်းကြီးမားသော ငှက်တစ်ကောင်နှင့် ရင်ဆိုင်လိုက်ရသည်။

“တိမ်တိုက်ကောင်းကင်သိမ်းငှက်လား”

ဟန်မူယဲ့က ပြောလိုက်သည်။

တိမ်တိုက်ကောင်းကင်သိမ်းငှက်က ကြမ်းတမ်းပြီး လျင်မြန်သည်။

ထိုသားရဲမျိုးက သတ်ဖြတ်ခြင်းကို နှစ်သက်သည်။

ပေတစ်သောင်းကြီးမားသော တိမ်တိုက်ကောင်းကင်သိမ်းငှက်က အစစ်အမှန်ဝိညာဉ်အဆင့်သို့ မရောက်သေးသော်လည်း အနည်းဆုံး အဆီအနှစ်ဝိညာဉ် နဝမအဆင့်တွင် ရှိလိမ့်မည်။

ထိုငှက်က ဟန်မူယဲ့တို့ကိုသာ တားဆီးထားခြင်း မဟုတ်ပေ။

အောက်တွင်ရှိနေသော ကလန်အများအပြားက လူစုခွဲလိုက်ကြသည်။

လေထုထဲတွင် ပျံသန်းနေသော ကလန်တချို့က တိတ်ဆိတ်စွာ ပုန်းအောင်းလိုက်ကြသည်။

ကောင်းကင်ထက်တွင် ထိုသိမ်းငှက်နှင့် ရင်ဆိုင်လျှင် အထိအခိုက်များလိမ့်မည်။

“ညီလေးဟန်၊ ငါလုပ်လိုက်မယ်”

မူချန်ခုံးက ပြောသည်။

မူချန်ခုံးက အဆီအနှစ်ဝိညာဉ် နဝမအဆင့်၏ အထွတ်အထိပ်တွင် ရှိနေသောကြောင့် တိမ်တိုက်ကောင်းကင်သိမ်းငှက်နှင့် ရင်ဆိုင်ရန် မခက်ပေ။

“မလိုပါဘူး”

ဟန်မူယဲ့က ပေါ့ပါးစွာပြောသည်။

“စုစည်းမယ်”

သူက ပြောလိုက်သည်။

သူ့စကားအဆုံးတွင် ရွှေကျီးကန်းပုံရိပ်က အလင်းကို ထုတ်လွှတ်လိုက်သည်။

ထိုအလင်းက လှံရှည်တစ်ခုအဖြစ် ပြောင်းလဲပြီး လမ်းပိတ်ထားသော တိမ်တိုက်ကောင်းကင်သိမ်းငှက်ကို တိုက်ခိုက်သည်။

ထိုလှံသည် ကောင်းကင်နှင့်မြေကြီး၏ ကောင်းချီးနှင့် မဟာနေမင်းရွှေကျီးကန်း၏ သွေးမျိုးဆက်စွမ်းအား ဖြစ်သည်။

တိမ်တိုက်ကောင်းကင်သိမ်းငှက်က ထူးဆန်းစွာ အော်ဟစ်လိုက်ပြီး တောင်ပံဖြန့်၍ ထွက်ပြေးသည်။

အကယ်၍ ထိုအလင်းလှံကို တားဆီးရဲလျှင် ကောင်းကင်နှင့်မြေကြီး၏ အဆုံးမရှိသောစွမ်းအားက ဆင်းသက်လာလိမ့်မည်။

သိမ်းငှက်က မတုံးအပေ။

All Chapters