မျှော်လင့်ချက်တွေက ကြောက်စရာကောင်းနေရင် ဘာတွေဖြစ်လာနိုင်လဲ...
Vol. 11 Ch. 155
ဘာသာပြန် = စနိုးဝှိုက်
လင်းဖန်ဟာ ကြောက်လန့်တစ်ကြား ပြေးနေတဲ့ ကလေးအမေရဲ့ နောက်ကနေ ကပ်လိုက်လာခဲ့ပါတယ်။
ဓာတ်လှေကားဟာ ပထမထပ်မှာ ရှိနေတဲ့ အတွက်..ဓာတ်လှေကား နဲ့ တက်တာက အမြန်ဆုံး နည်းလမ်းပါပဲ။
မတော်တဆ ဖြစ်တာက လေးထပ် ဒါမှမဟုတ် ငါးထပ်လောက်မှာ ဆိုရင်တော့..လှေးကားနဲ့ ပြေးတက်လိုက်တာ ပိုမြန်ပါတယိ။
အခုဟာက နှစ်ဆယ့်ခြောက်ထပ် မြောက်မှာ ဆိုတော့ ...ဓာတ်လှေကားက ရွေးချယ်မူကောင်းတစ်ခုပါ။
နှစ်ဆယ့်ခြောက်ထပ်မြောက်တွင်။
ကော်ရစ်ဒါမှာ လူတွေ အများကြီး ရှိနေခဲ့ပါပြီ။
ရဲအရာရှိ..ဒေါက်တာ...
သူတို့တွေဟာ မျက်လုံးတွေပြူးပြီး သေချာစောင့်ကြည့် နေကြပါတယိ။
ကလေးအမေဟာ အပေါ်ရောက်ရောက်ချင်းပဲ..ရဲတစ်ယောက်ရဲ့ လက်မောင်းကို ဖမ်းဆွဲကာ နီရဲ့နေတဲ့ မျက်လုံးမှာ မျက်ရည်စတွေနဲ့ ပြောလိုက်တယ်။
"အကုန် အဆင်ပြေသွားပြီလား.."
"မကြာခင်...မကြာခင် အဆငိပြေတော့ မှာပါ"
"မာစတာ ဝမ်..တံခါးလော့ခ် ပွင့် ပြီလား"
တံခါးရှေ့မှာ ရှိနေတဲ့ လူကတော့ လူကြီတစိယောက်ပါ။သူဟာ ပရိုအဆင့် သော့ပြင်ဆရာ တစ်ယောက်ဖြစ်ပြီး..သော့ပြင်ပြိုင်ပွဲ တွေမှာတောင် ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး..မရေမတွက် နိုင်တဲ့ သော့တွေကို ဖွင့်နိုင်စွမ်းရှိပါတယ်။
မာစတာ ဝမ်ဟာ နှာဖူးက ချွေးတွေကို သုတ်လိုက်တယိ။ပုံမှန် သော့ဖွင့်နေတဲ့ အချိန်တွေဆို သော့တစိခု ဖွင့်တာက သူ့အတွကိ ထမင်းစားရေသောက်ပါပဲ..သို့ပေမယ့် အခုက လူ့အသက်နဲ့ သက်ဆိုင်နေတဲ့ အရာပါ..စက္ကန့်တိုင်းက အရေးကြီးပါတယ်။
ကလေးအမေ အတွက်ကတော့ စက္ကန့်တိုင်းမှာ ခံစားနေရပါတယ်...သူမဟာ ရဲအရာကြီး ရဲ့ အက်ျီ တင်းကျပ်စွာကိုင်ပြီး....
"အခုထိ မပြီးသေးဘူးလား.."
ယင်းနောက် ကလေးအမေဟာ. ရဲအရာရှိကို တွန်းလိုက်ပြီး တံခါးကို ကန်ကျောက်လိုက်ပါတော့တယ်..သူမကြောင့် သော့ပြင်ဆရာတောငိ နေရာလွတ် မရှိတော့ပါဘူး။
ရဲတွေဟာ အလျင်အမြန် ရှေ့တကိလာပြီး သူမကို ဝိုင်းဆွဲလိုက်ကြတယိ။
"စိတိအေးအေးထားပါ..မာစတာ ဝမ်ကို တံခါးအေးအေးဆေးဆေး ဖွင့်ပါစေ.."
"မာစတာ ဝမ်..နောက်ထပ် မိနစ်အနည်းငယ်မှာ ပွင့်အောင် ဖွင့်ပေးပါ"
ရဲတွေဟာလည်း စိုးရိမ်နေကြတာပါပဲ..သူတို့ဟာ ဒီလို အခြေအနေမျိုးတွေကို ကြုံဖူးပြီး ကလေးအမေ ဘယ်လို ခံစားနေရမလဲ.ဆိုတာကို ကောင်းကောင်း နားလည်ပါတယိ။
သို့ပေမယ့် အချိန်မှီရောက်လာနိုင်တဲ့ လူတွေက နည်းပညာရှင်တွေပဲ ဖြစ်ပြီး..တကယ်လို့ မီးသတ်ကား သာ ရောက်လာနိုင်ရင် ဘာပြသနာမှ ရှိမှာမဟုတိပါဘူး..
သူတို့ လျှပ်စစ်လက်နက်ကို သုံးပြီး တံခါးကို ချက်ချင်း ဖျက်စီး ပစ်လို့ရပါတယ်..သို့ပေမယ့် သူတို့ရောက်လာတဲ့ အထိစောင့်နေရင် ကလေးအတွက် စိုးရိမ်စရာပါ...
လင်းဖန် ပြောလိုက်တယိ။
"ကျုပ်စမ်းကြည့်လို့ ရမလား."
သို့ပေမယ့် လင်းဖန် လျစ်လျူရှုခံလိုက်ရပါပြီး...ရဲအရာရှိဟာ အော်လိုက်တယ်...
"အလုပ်မရှိတဲ့ လူတွေ အလင်းရောင်ရအောင်..ဘေးဖယ် ပေးကြပါ"
လင်းဖန် လည်း တစ်ခြား လူတွေ လိုပဲ ဘေးနားကို အတွန်းခံလိုက်ရပါတယ်။
"မာစတာ ဝမ် ပြီးပြီလား.."
ရဲအရာရှိဟာ မေးလိုက်တယ်။တကယ်လို့ မပြီးသေးရင် ကလေးအမေ ထသောင်းကျန်း မှာကို ကြောက်ရပါသေးတယ်။
မစ္စတာ ဝမ်ဟာ နှာဖူးက ချွေးတွေကို သုတိလိုက်ပြီး ပြောလိုက်တယ်..
"ဒါက ယွဲ့မား လော့ခ် ပဲ..အချိန်လိုလိမ့်မယ်.."
ရဲအရာရှိတွေဟာ ယွဲ့မားလော့ခ် ဆိုတဲ့ အသံကို ကြားတဲ့ အချိနိမှာ နှလုံးခုန်သံတွေ မြန်သွားခဲ့ပါတယ်။
ရဲဆစ်ယောက်အနေနဲ့ သူတို့လည်း သော့အမျိုးအစားတွေ အကြောင်းကို မူခင်းဖိုင်တွေဖတ်ရင်း သိထားကြပြီးသားပါ။
"ယွဲ့မားလော့ခ်"
ဒီလော့ခ် အမျိုးအစားတွေက နိုင်ငံထဲမှာတောင် အတော်ကျော်ကြားပါတယ်။ဒီလိုသော့ မျိုးကို ဖွင့်နိုင်ဖို့ ဆိုရင်.တစ်စုံတစိယောက်ဟာ ဒီသော့ထဲမှာ ရှိနေတဲ့.ပင် နေရာတွေ..ခလုတ်အသွားအလာတွေ ..နေရာတွေကို..ရင်းနှီး နေဖို့ လိုပါလိမ့်မယ်။
သော့မရှိပဲ ဖွင့်နိုင်ဖို့ဆိုရင် ကျွမ်းကျင်မူကသာ အဓိက အချက်ပါ..ဒါ က B ပုံစံ သော့တွေထက် ဖွင့်ရတာ ပိုပြီး ခက်ခဲပါတယ်။
ရဲတွေဟာ လည်း စိတ်ပူပန်နေကြပါပြီ။
"ခင်ဗျား အချိန်ဘယ်လောက် လိုတာလဲ.."
မာစတာ ဝမ်ဟာ အလွန်တော်တဲ့ သော့ပြင်ဆရာ တစ်ယောက်လို့ ပြောလို့ရပြီး..သူ ဒီလိုသော့ကို တစ်ခေါက်ဖွင့်ဖူး ထားပါတယိ။
သို့ပေမယ့် သူဒီလို ဖွင့်ဖို့ မိနစ် ၃၀၀ ကြာ အချိန်ယူခဲ့ရတာပါ..အဆင့်တိုင်းဟာ အတော်ခက်ခဲပြီး အခုအခြေအနေကလည်း..စိတ်တည်ငြိမ်အောင် ထားဖို့ ခက်ခဲတဲ့ အနေအထားပါ..
သူ အချိန်အတော်ကြာ တွေဝေနေပြီးမှ..ရဲအရာရှိ ဘက်ကို လှည့်ကာ
"မိနစ် ၃၀၀ လိုတယ်"
"ဘာ."
ရဲအရာရှိဟာ ဒါကို ကြားပြီး ကြောင်အသွားခဲ့ပါတယိ။သူပြီး တဲ့အချိန်ဆိုရင် တောင် အတော်နောက်ကျ သွားလောက်ပါပြီ။
ကလေးအမေဟာ ထခုန်နေပြီး ငိုကြွေးခဲ့ပါတယိ။
"ငါ့ကလေး...ငါ့ကလေး..."
"ဘေးကို ဖယ်"
လင်းဖန် တွေဝေ မနေပဲ ရဲကို ဘေးကို တွန်းထုတ်လိုက်တယ်။
"မိနစ် ၃၀၀ ဟုတ်လား..ကလေးက အဲလောက်တောင့်ခံနိုင်မလား..ငါလုပ်မယ်.."
လင်းဖန် ရဲတွေကိုတောင် ဂရုမစိုက်တော့ပဲ မာစတာ ဝမ်ကို ဘေးကို တွန်းထုတ်လိုက်ပါတယိ။
ယင်းနောက် သူ မာစတာ ဝမ်ရဲ့ ပစ္စည်းထည့်တဲ့ အိပ်ကို တစိချက်ကြည့်လိုက်ပြီး ဝိုင်ယာ အပိူင်းအစ ရှစ်ချောင်းကို ယူကာ လေးချောင်းအပိုင်း အစအဖြစ်လိမ်လိုက်ပါတယိ။
မာစတာ ဝမ်ဟာ ဘေးကို တွန်းခံလိုကိရတဲ့ အချိနိမှာ ဒေါသထွက်သွားခဲ့ပြီး...
"မင်းဘာလုပ်တာလဲ..အခုချိန်က လာရှုပ်ရမယ့် အချိန်မဟုတ်ဘူး..မင်းက ဝိုင်ယာ တွေနဲ့ တံခါးဖွင့် ချင်နေတာလား..ဒါက မင်းမြင်ဖူးနေကြ မင်းအိမ်က တံခါး မဟုတ်ဘူး။ဒါက ယွဲ့မား လော့ပဲ..ဝိုင်ယာနဲ့ ဖွင့်တဲ့ ခေတ်က ဟိုးမှာ ကျန်ခဲ့ပြီ..နားလည်လား.."
"ပါးစပ်ပိတ်ထား"
လင်းဖန် ပြန်အော်လိုက်တယိ။
သူ ဝိုင်ယာ ရှစ်ချောင်းကို သော့ပေါက်ထဲ ထည့်လိုက်ပါတယိ..ဒါက သူ့မှာ လက်အိပ်တစ်စုံဝတ်ထားတဲ့ အတိုင်းပါပဲ။
သူ အထဲကို ဝိုင်ယာ ထည့်လိုက်တာနဲ့ အထဲမှာ ဖြစ်ပျက်နေတဲ့ ပုံစံတွေကို သူ့စိတ်ထဲမှာ ရှငိးရှင်းလင်းလင်း မြင်နေရပြီး..အရာရာ တိုင်းကို ထိန်းချုပ်နိုင်သလို ခံစားလိုက်ရပါတယိ။
ယင်းနောက် သူ နောက်ထပ် ဝိုင်ယာ အနည်းငယ်ကို ယူလိုက်ပြီး အပေါက်ထဲကို ထိုးထည့်လိုကိပါတယိ။
ဆယ် စက္ကန့် အကြာမှာတော့ သော့ပေါက်ထဲမှာ ဝိုင်ယာ ကြိုးတွေ နဲ့ ပြည့်နေခဲ့ပါပြီ။သူ ဝိုင်ယာ တွေ ရဲ့ အစွန်းကို ကိုင်ထားပြီး လိမ်လိုက်ကာ..အပေါ်ကို ကြမ်းကြမ်း တမ်းတမ်း ဆွဲမ လိုက်တယိ။
ဂျောက်...
ပရိုကျတဲ့ မာစတာ ဝမ် အတွက်ကတော့ ဒီအသံက ရငိးနှီး နေခဲ့ပါပြီ..ဒါက သော့ပွင့် သွားတဲ့ အသံပါ။
မာစတာ ဝမ်ဟာ သူ့ရှေ့က ကောင်လေးကို မယုံကြည်နိုင်စွာကြည့်လိုက်မိပါတယိ။
လူရော ဟုတ်လား....
ဒါက ပုံစံ B ကို ကျော်လွန်ထားတဲ့ ယွဲ့မား လော့ခ်ပါ။
ဒါကို တောင် အစက အဆုံး စက္ကန့် နှစ်ဆယ်ပဲ အချိန်ယူသွားတာလား...
ယွဲ့မား လော့ခ် ကို ဆရာကျကျ ဖွင့်နိုင်တယိ ဆိုရင် တောငိ စက္ကနိ့ နှစ်ဆယိ ဆိုတာကတော့ မဟုတ်သေးပါဘူး။
မာစတာ ဝမ် ကိုယ်တိုင် မြင်ရနေတာ ဖြစ်တဲ့ အတွက် အတော်ကို စိတ်လှုပ်ရှားနေခဲ့ပါတယိ..ယင်းနောက် သူဟာ ဝမ်းသာစွာဖြင့်...
"သော့ခ် ပွင့်သွားပြီ"
ဘေးမှာ ရပ်နေတဲ့ ရဲတွေဟာ လည်း စိတ်လှုပ်ရှားသွားပြီး ဘာမှ မပြောနိုင်တော့ပေ။သူတို့ ယွဲ့မားလော့ခ် ဖွင့်ရတာ ဘယ်လောက်ခက်ခဲကြောင်း သိထားကြပေမယ့် လည်း..ဒီနေ့ မြင်တွေ့ရတာက အမြင်ကျယ်စေပါတယိ။
လူငယ်လေးတစ်ယောက်က..စက္ကန့် အနည်းငယ် လောက် အချိန်ယူပြီး ယွဲ့မား လော့ခ်ကို ဖွင့်သွားတာလား ....
သော့နဲ့ ဖွင့်ရင်တောင် သူ့ထက် နောက်ကျရင် နောက်ကျ နိုင်ပါသေးတယ်..
ကလေးအမေရဲ့ အမှောင်ထုထဲကျရောက်နေတဲ့ စိတ်တွေဟာလည်း မျှော်လင့်ချက်တွေ ပြန်လည်
ရောက်ရှိလာခဲ့ပါပြီ။
ဘေးနား ဝန်းကျင်မှ လူများဟာ လက်ခုတ် ဝိုင်းတီးလိုက်ကြတယ်..
"အမေးဇင်း.."
"တကယ်ကို အံ့သြစရာပဲ"
လင်းဖန်ဟာ မတ်တတ်ရပ်လိုက်ပြီး ထွက်သွားဖို့ လုပ်လိုက်ပါတယိ။ကျန်တဲ့ အခြေအနေဟာ ရဲတွေကိုင်တွယ် ရမှာ ဖြစ်ပြီး သူနဲ့ အဆိုင်တော့ပါဘူး..သူတတ်နိုင်တဲ့ အရာကို သူကူညီပြီးသွားပါပြီ။
အဲ့အချိန်မှာပဲ ရဲအရာရှိရဲ့ စကားပြောစက်ကနေ..အသံထွက်လာခဲ့ပါတယ်။
"တံခါးပွင့်သွားပြီလား..ကလေးအခြေအနေက တောင့်မခံနိုင်တော့ဘူးထင်တယိ..သူ အချိန်မရွေး ပြုတ်ကျ သွားနိုင်တယ်"
"ပွင့်သွားပြီ..အခုသွားကယ်လိုက်မယ်"
ရဲအရာရှိဟာ တံခါးကို ကိုင်ကာ ဆွဲဖွင့်လိုက်တယိ။
လင်းဖန်လည်း ပြုံးပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယိ..အခုချိန်က သူထွက်သွားဖို့ အကောင်းဆုံးအ ချိန်ပါပဲ.. သို့ပေမယ့် သူ လှည့်လိုက်တဲ့အချိန်မှာပဲ ကျယ်လောင်တဲ့ အသံကြီးတစ်ခုကို ကြာူလိုကိရပါတယိ။
ဒီအသံက ကလေးအမေရဲ့ အော်သံပါ..တံခါးက ပွင့်သွားပြီ မဟုတ်ဘူးလား...သူက ဘာလို့ ထပ်အော်ရ ပြန်တာတုန်း...
လင်းဖန် ဘာတွေ ဖြစ်နေတာလဲ ဆိုတာ ပြန်လှည့်လာကြည့်လိုက်တဲ့ အရာမှာတော့ ဆွံ့အသွားခဲ့ပါပြီ။
ချီးပဲ တံခါးကို တစ်ခုထဲ မဟုတ်ပဲ နှစ်ခုတောင် ထားရအောင် ဒီအိမ်ထဲမှာ ဘာရတနာတွေ ရှိနေလို့လဲ...
လင်းဖန်သာမက ရဲတွေရော..မာစတာ ဝမ်ရော ဘာမှ မပြောနိုင်ကြတော့ပါဘူး။
မာစတာ ဝမ်ဟာ ဒုတိယ တံခါးကို မြင်ပြီး ဖြူဖျော့နေတဲ့ မျက်နှာနဲ့ မေးလိုက်တယိ...
"ဒါက လျှပ်စစ် လက်ဗွေ တံခါးပဲ။ဒါက ရီမု နဲ့ရော လျို့ဝှက်နံပါတ် နဲ့ရော မဟုတ်ဘူး..ဒါကို ဖွင့်ဖို့ဆို ပိုင်ရှင်ရဲ့ လက်လိုတယိ"
ရဲအရာရှိဟာ မေးလိုက်တယ်။
"ဒီတံခါးကို ဖွင့်ဖို့က အချိန်ဘယ်လောက်လိုတာ လဲ"
"ကျုပ်တို့ အပြင်အား မသုံးရင် ပွင့်မှာမဟုတ်ဘူး..ဒါပေမယ့် တံခါးက ကြေးနီနဲ့ လုပ်ထားတာ..မှန်ကန်တဲ့ လက်နှက် မရှိပဲနဲ့..ဖွင့်ဖို့က မဖြစ်နိုင်တဲ့ အရာပဲ.."
ရဲအရာရှိဟာ လင်းဖန်ရဲ့ လက်ကို ညစ်လိုက်ပြီး...မျှော်လင့်ချက်အပြည့်နဲ့ ကြည်လိုက်ပါတယိ။
မာစတာ ဝမ်လည်း လင်းဖန် သူ့ထက်ကျွမ်းကျင်မှန်း အသိအမှတ်ပြုပါတယိ..သို့ပေမယ့် ဒါက ကျွမ်းကျင်မူနဲ့ မဆိုင်ပါဘူး.ဖြစ်ကို မဖြစ်နိုင်တဲ့အရာပါ။
သော့ခ် မာစတာ တစ်ယောက်ရဲ့ အမြင်က တံခါးမှာ သော့ခ် ပေါက်တစ်ခု ရှိနေသ၍ ဖွင့်လို့ရကို ရရပါမယ်။
ဒါပေမယ့် ဒီတံခါးမှာ ဘာသော့ခ် ပေါက်မှ . မရှိပါဘူး..အရမ်းကျွမ်းကျင်တဲ့ စကေးတွေ ရှိရင်တောင် အပိုပါပဲ။
ကလေးအမေဟာ ဒါကို ကြားပြီး ကြမ်းပြင်ပေါ် ကို အားအင် ကုန်ကာ လဲချသွားခဲ့ပါတယ်။
အစကတော့ ပထမ တံခါးပွင့်ပြီး အဆင်ပြေပြီ လို့ မျှော်လင့်ထားခဲ့တာပါ..သို့ပေမယ့် ဒုတိယ တံခါးကို မြင်လိုက်တဲ့ အချိန်မှာတော့ မျှော်လင့် ချက်တွေဟာ လေထဲမှာ အငွေ့လို ပျောက်ကွယ်သွားခဲ့ပါပြီ။