ငါ့လက်တွေ မခံစားရတော့ဘူး
Vol. 11 Ch. 156
ဘာသာပြန် = စနိုးဝှိုက်
စွယ်စုံကျမ်းရဲ့ သော့ဖွင့်တဲ့ စကေးတွေဟာ အရမ်းကြမ်းတမ်းတယ် ဆိုပေမဲ့ လည်း ခက်ခဲတဲ့ သော့တွေကို ဖွင့်ဖို့ဆိုရင် အချိန်တစ်ခုတော့ လိုအပ်ပါသေးတယ်။
"ဆယ်မိနစ်"
ဒါက လင်းဖန် လုပ်နိုင်တဲ့ အကောင်းဆုံး အချိန်ပါ..လျှပ်စစ်လက်ဗွေ စနစ် တံခါဟာ သော့ထိုးပြီးဖွင့်ရတဲ့ တံခါးတွေနဲ့ မတူပါဘူး။
တစ်ခြားသော့တွေဟာ ဖွင့်ဖို့ လွယ်ကူပေမယ့်လည်း ဒီလို သော့အမျို့အစားတွေက ဖွင့်ဖို့တကယ် ခက်ခဲတာပါ..အရမ်းကျွမ်းကျင်ပါတယ် ဆိုတဲ့ လူတွေတောင် ဒီလို သော့မျိုး နဲ့ တွေရင် ဘယ်က စလုပ်ရမယ်မှန်း သိတော့မှာ မဟုတ်ပေ။
ဒီလို တံခါးမျိုးကို ဆယ်မိနစ်နဲ့ ဖွင့်တယိ ဆိုတာကတောင် အတော် လျင်မြန်နေပြီလို့ ပြောလို့ရပါတယ်..မာစတာ ဝမ်တောင် သူ့နားသူ မယုံကြည်နိုင်ပါဘူး။
သို့ပေမယ့် ဆယ်မိနစ်ဆိုတာ သူတို့ ပျော်ရွှင်သင့်တဲ့ အချိန်တစ်ခုလည်း မဟုတ်ပြန်ပါဘူး...ဆယ်မိနစ်အတွင်းမှာ ကလေးက ပြုတ်ကျပြီး သေသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယိ။
ရဲအရာရှိဟာ ပြောလိုက်တယ်။
"ငါတို့ ဘာလုပ်ကြမလဲ...ဆယ်မိနစ် အတွင်းမှာ တစ်ခုခု ဖြစ်သွားရင် ငါလည်း ဘာလုပ်မလဲ မသိတော့ဘူး.."
မာစတာ ဝမ်ဟာ ဘာမှမပြောပေ..သူဘာပြောရမှန်း မသိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကလေးအမေဟာ တော့ လင်းဖန်ရဲ့ လက်ကိုကိုင်ကာ ငိုကြွေး လိုက်ပြီး
"တောင်းပန်ပါတယ်..ကျွန်မ ကလေးကို ရအောင် ကယ်ပေးပါ.."
ဘေးနားမှာ ရှိနေကြတဲ့ ဒေါက်တာတွေ..မြို့သားတွေဟာ ခေါင်းခါယမ်းလိုက်ကြတယိ..ကြည့်ရတာ မျှော်လင့်ချက် မရှိတော့တဲ့ ပုံပါပဲ။
ဆယ်မိနစ် အတွင်းမှာ အရာရာ ဖြစ်ပျက်သွားနိုင် ပါတယ်..အသက်တစ်ချောင်းဟာ အခုချိန်မှာ သေးခြင်းနဲ့ ရှင်ခြင်း ကြားထဲမှာ ရောက်နေခဲ့တာပါ။
ရဲအရာရှိဟာ လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်တယ်။
"အကောင်းဆုံးကြိုးစားပေးပါ..ငါတို့ နားလည်ပါတယိ"
ဒီကိစ္စက တစ်စုံတစိယောက် အပေါ်မှာ အပြစ်တင်လို့ မရဘူးဆိူတာ သူတို့အကုန်လုံးနားလည်ထားပါတယိ..ဒီ လူငယ်လေးက သူအတတ်နိုင်ဆုံး ကြိုးစား ထားပြီး ပါပြီ။
သူတို့ ပထမ တံခါးပွင့် မြင်တဲ့ အချိန်မှာ အကုန် စိတ်သက်သာရာ ရသွားကြပေမယ့် ဒုတိယ တံခါးကို မြင်တဲ့ အချိန်မှာ..စိတ်ပျကိမူတွေ ဖြစ်ပေါ်လာခဲ့ရပါတယိ။
အခြေအနေတွေကို ကြည့်ရတဲ့ ပုံကတော့..တံခါးပွင့်သွားရင်တောင် .အရမ်းနောက်ကျ သွားတော့မယ့် ပုံပါပဲ။
သူလည်း နတ်ဘုရား တစ်ပါး မဟုတ်ပါဘူး..အခြေအနေနဲ့ လိုက်ပြီး သူလုပ်နိုင်တာ အကောင်းဆုံး လုပ်ဖို့သာ တတ်နိုင်ပါတော့တယ်။
လင်းဖန် နောက်ကို အနည်းငယ် ဆုတ်လိုက်ပြီး
"လူတိုင်းပဲ ကျေးဇူးပြုပြီး..နောက်ကို နည်းနည်း ဆုတ်ပေးကြပါ"
ရဲအရာရှိတွေနဲ့ ကျန်တဲ့ လူတွေဟာ ဒီကောင်လေး ဘာလုပ်ချင်တာလဲ မသိကြပေမယ့်... သူတို့ ရဲ့ မျှော်လင့်ချက်တွေဟာ ဒီကောာင်လေး အပေါ်မှာ မူတည်နေတဲ့ အတွက် ဘာမှမေးခွန်းမထုတ်ပဲ..ဖယ်ပေးလိုက်ကြပါတယ်။
မာစတာ ဝမ်ဟာ လှည်း တံခါးရှေ့က သူ ပစ္စည်းလေးတွေကို သွားယူကာ ရှောင်ပေးလိုက်ပါတယ်။
ဘေးနားက ဒေါက်တာ တွေ..မြို့သားတွေဟာလည်း ကြည့်နေကြပြီး..ဒီကောင်လေး ဘာဆက်လုပ်မလဲ ဆိုတာကို စဥ်းစားလို့ မရကြပါဘူး..
လင်းဖန် အသက်ကို ပြင်းပြင်းရူလိုက်တဲ့ အချိန်မှာ သူ့ရဲ့ ခန္တာကိုယ်က ကြွက်သားတွေ..အရိုးတွေဟာ တောင့်တင်းလာ အသံတွေ ထွက်ပေါ်လာပါတော့တယိ။
ငါ့ရဲ့ သွေးလည်ပတ်မူနဲ့ အတူ..နှလုံးသွေးတွေ ဆူပွက်လာကြစမ်းပါစေ...
လူအုပ်ကြီးဟာ ဟာ အံ့သြသွားခဲ့ကြပါတယ်..ဒီအသံက ကောင်လေးဆီက လာတာတော့ အမှန်ပါ..သို့ပေမယ့် ကောင်လေး အသံမြည်အောင် ဘယ်လိူ လုပ်လဲ ဆိုတာတော့ သူတို့ နားမလည်ကြပါဘူး။
လင်းဖန် ခြေထောက်နှစ်ချောင်းလုံးကို မြေကြီးမှာ ချထားလိုက်ပါတယ်။သူဟာ လက်တစ်ဖက်ကို ရှေ့ မှထားပြီး တစ်ဖက်ကို နောက်မှာ ထားလိုက်တယ်. သူ့ခန္တာကို ကိုအရှေ့ကို နည်းနည်း ယိမ်းထားပြီး..အခုချိန် သူ့ရဲ့ ခွန်အားနဲ့..အလျင်နှုန်းကတော့ ထိပ်ဆုံးကို ရောက်နေခဲ့ပါပြီ။
ဘန်းးး
သူ့လက်သီး နှစ်လုံးကို တံခါးဆီ တွဲလုံးတစ်ခုလို ထိုးသွင်းလိုက်ပြီး. ကျယ်လောင်လှတဲ့ အသံကြီးဟာ ကော်ရစ်ဒါ တစ်ခုလုံး ကျယ်ပြန့်သွားခဲ့ပါတယိ။
နံရံပေါ်မှာက အလွှာတွေဟာ အောက်ကို ကွာကျလာပြီး..ကြေးတံခါးဟာ အတွင်းဘက်ကို ချိုင့်ဝင်သွားခဲ့ပါတယ်..ဒါက တစ်ချက်ထဲနဲ့ ချိုင့်ဝင်သွားခဲ့တာပါ။
မျက်လုံးတွေဟာ ပြူးကျယ်သွားပြီး ..ပါးစပ်တွေဟာ ဟောင်းလောင်းတွေ ဖြစ်သွားကြပါပြီ။
လူတိုင်းဟာ သရဲ့တစ်ကောင်ကို မြင်လိုက်ကြရသလိုပါပဲ..
တငိုငို တရီရီ ဖြစ်နေတဲ့ ကလေးအမေတောင် မျက်တောင် ပုတ်ခတ်ပုတိခတ် လုပ်ပြီး လင်းဖန်ကို စိုက်ကြည့်နေခဲ့ပါပြီ။
လင်းဖန်ဟာ ခေါင်းကို ငုံးထားပြီး နောက်ကို ပြန်ဆုတ်လိုက်တယ်..သူလက်မောင်းတွေဟာ တုန်ရီနေပြီး..လက်သီးတွေဟာတော့ နီရဲ နေလို့ပါ။
သူ စူပါမန်း တစ်ယောက် မဟုတ်သလို..အတွင်းအားတွေ ရှိတဲ့ ကွန်ဖူး ဆရာကြီး တစိယောက် မဟုတ်ပါဘူး..သူက အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတဲ့ လူသားတစ်ယောက်ပါ။
သူ့ရဲ့ ခွန်အားတွေဟာ နှစ်ဖက်ချွန်ပုံစံ မျိူးဖြစ်ပြီး ကြေးတံခါး ချိုင့်ဝင်သွားသလို သူလည်း နာကျင်ရပါတယ်..ပြီးတော့ ဒါက သစ်သား တံခါးလည်း မဟုတ်ပါဘူး။
သစ်သားတံခါးဆိုရင် တစ်ချက်ထဲနဲ့ ကွဲကြေသွားမှာ ဖြစ်ပြီး သူလည်း နာကျင်မှာ မဟုတ်ပေ။
အားးး
နောက်တစ်ချက်ထိုး လိုက်တဲ့ အချိန်မှာတော့ ကြေးတံခါးဟာ ပိုပြီး ချိုင့်ဝင်သွားခဲ့ပြီး..အက်ကြောင်းရာ အနည်းငယ်တောင် ပေါ်လာခဲ့ပါတယ်။
ရဲတွေဟာလည်း ကြောင်အနေကြပါပြီ။
ကြောက်ဖို့ကောင်းတယ်..တကယ်ကြောက်ဖို့ကောင်တယ်...
ဘေးနားကလူအုပ်ကြီးဟာလည်း ကလေးကိုတောင် မေ့နေကြပြီး..သူတို့ ရှေ့က အဖြစ်အပျက်ကိုပဲ အံ့သြနေကြပါတယ်။
ဒါက သူတို့အတွက်တော့ ထူးဆန်းမူတစ်ခုပါပဲ..
လင်းဖန်ဟာ နောက်တစ်ကြိမ်ပြင်ဆင်လိုက်တယ်..သူ့ရဲ့ နှာဖူးမှာ သွေးကြောတွေ ဟာ ထောင်နေခဲ့ပြီး .မျက်နှာမှာ ချွေးတွေ ရွဲနစ်နေခဲ့ပါပြီ။
အကြောက်လန့် ကင်းတဲ့ ကျားတစ်ကောင်လိုဟစ်ကြွေးသံနဲ့ အတူသူ့ရဲ့ လက်သီး တစ်စုံဟာ တံခါးဆီကို နောက်တစ်ကြိမ် ထပ်ဝင်သွားခဲ့ပါတယ်။
ဘန်းးးး
တံခါးက ဖရိန် တွေဟာ တံခါးကနေ ကွာကျပြီး ပြုတ်ကြသွားခဲ့ပြီး..သတ္တု လက်ဗွေရာကတော့ အထဲကို ကျွံဝင်သွားခဲ့တယ်..ဟုတ်တာပေါ့ ဒါကို ဘယ်သူမှ မမြင်နိုင်ကြပေမယ့် ခံစားမိကြပါတယိ။
မကြာခင်မှာပဲ..
ဘန်းးး
ဘန်းး
လင်းဖန်ဟာ တံခါးကို တစ်ချက်ပြီး တစ်ချက်ထိူးနေပြီး အချက်တိုင်းဆီ မှာလည်း..ပြင်းထန်တဲ့ ခွန်အားတွေ ပါဝင်နေလို့ပါ..လူအုပ်ကြီးတောင် ကော်ရစ်ဒါကြီး လှုပ်နေတာ ခံစားကြရပါတယိ။
တုန်ခါမူကြောင့် ဖြစ်လာတဲ့ အသံကြီးတွေဟာ သူတို့ရဲ့ နားစည်ထဲမှာ ခေါငိးလောင်းထိုးနေသလိုပါပဲ။
စကားပြောစက်တွင်..
"ဘာတွေ ဖြစ်နေတာလဲ..အဲ့မှာ ဆူညံ့နေသလားလို့"
ရဲအရာရှိဟာ မြင်ကွင်းကို ဆွံ့အစွာကြည့်နေရင်းမှ စကားပြောစက်ကို ဖြည်းညှင်းစွာ ကိုင်လိုက်ရင်း..
"စူပါမန်းက တံခါးကို ဖျက်ဆီးပေးနေတာ.."
စကားပြောစက် : .............
ဘန်းးးးး
နောက်ဆုံးတစ်ချက်...
ကြေးတံခါးကြီး နောက်ဆုံးတော့ ပျက်ဆီး သွားပါပြီ..လင်းဖန်ကတော့ တုန်တုန်ရီရီ ဖြစ်နေလို့ပါ။
ဒီလို အချိန်ခန လေး အတွင်းမှာ သူ့ခန္တာကိူယ်ထဲက စွမ်းအင်တွေ အကုန် ထုတ်သုံးလိုက်ရပါတယိ..သူ့လက်တွေကို အဆက်မပြတ် အသုံးပြုရလွန်းလို့..ထုံကျင်နေခဲ့ပါပြီ။
သူ့လက်ကိုသူ ပြန်ခံစားလို့ မရတော့ပါဘူး။
လင်းဖန်ဟာ ပြောလိုက်တယ်..
"ပြီးသွားပြီလေ ..ဘာတွေကြည့်နေတာလဲ..ကလေးကို အမြနိသွားကယ်တော့"
လူတွေဟာ အလျင်အမြန်ပဲ အသိပြန်ဝင်လာကြပြီး အထဲပြေးဝင်လိုက်ကြပါတယိ။
"ငါ သွားကယ်တော့မယ်..ဒေါက်တာတွေ သူရဲ့ လက်ကို တစ်ချက်ကြည့်ပေးလိုက်ကြဦး"
"လမ်းဖယ် လမ်းဖယ် ဒေါက်တာတွေ လာလိမ်မြယ်"
ဆူညံ့သံတွေဟာ ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး..ကလေးအမေရဲ့ ငိုသံတွေ..ရဲအရာရှိရဲ့ အမိန့်ပေး သံတွေဟာ ဆူညံ့နေလို့ပါ။
လင်းဖန်ဟာ သူခိုးရန်က ကာကွယ်ဖို့ တပ်ဆင်ထားတဲ့ ကြေးနီ တံခါးကို ကြည့်လိုက်ပါတယိ..ဒါက သေချာအလှဆင်ထားပြီး စျေးပေါမယ့် ပုံစံလုံးဝ မရှိပါဘူး။
ဒါပေမဲ့ ဒီလို တံခါးမျိုး ထပ်တပ်ထားဖို့ လိုလို့လား...
သူဟာ ဓာတ်လှေကားကနေ အလျင်အမြန် ဆင်းသွားခဲ့ပါတယိ။သူ့ကို ထပ်ပြီး မလိုအပ်ကြတော့ပါဘူး။
လင်းဖန်လက်ကို ကိုင်ထားပြီး သူ့အမူအရာကတော့ တည်ငြိမ်နေလို့ပါ။
အပြင်ဘက်တွင်..
လင်းဖန် သူ့လက်ကို မြင်လိုက်တဲ့ အချိနိမှာတော့ ငိုချင်စိတ်ကို မနည်းထိန်းထားလိုက်ရပါတယိ..
သူတို့ဟာ ရောင်ကိုင်းနေခဲ့ပါပြီ..
"ရောင်ကိုင်းလွန်းလို့ ..ငါခံစားလို့တောင် မရတော့ဘူး"
စွယ်စုံကျမ်းရဲ့ ပါဝါတွေဟာ အစွမ်းထက်ပေမယ့်လည်း အလွန်အကျွံကြီး သွားလုပ်လို့ မရပါဘူး။ကြေးတံခါး ပျက်ဆီးသွားသလိုပဲ သူ့လက်လဲ ထိခိုက်ခဲ့ရပါတယ်။
သူ့လက်အခြေအနေကို ကြည့်ရတာတော့ သူသေချာ မကုသပဲ.. ဒီရက်ပိုင်းမှာ အနားမယူရင် ပြန်ကောင်းနိုင်မယ့်ပုံမရှိပေ။
နှစ်ဆယ့်ခြောက်ထပ် မြောက်က တိုက်ခန်း ပိုင်ရှင်ဟာ အိမ်ပြန်ရောက်လာခဲ့ပါပြီ။
သူ ကြမ်းပြင်ပေါ်က ကြေးတံခါးကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်။
သူ ဒီတံခါးနဲ့ ပတ်သက်ပြီး ဝမ်းနည်းလို့တော့ မဟုတ်ပါဘူး..ဒါပေမဲ့ ဒီတံခါးကို ဝယ်တဲ့ အချိန်တုနိးက ..ရောင်းလိုက်တဲ့ ကောင်လေး သူက လွဲပြီး ဘယ်သူမှ ဖွင့်လို့ရမှာ မဟုတ်ဘူးဆိုပြီး ပြောရောင်း ခဲ့တာပါ။
ဒါပေမဲ့ အခုတော့..
သူ အိမ်ပြန်ရောက်လို့ ပထမဆုံး မြင်လိုက်ရတာက အောက်မှာ ပြုတ်ကျပျက်ဆီး နေတဲ့ သူ့ရဲ့ ကြေးတံခါးကြီးပါ။
ဘေးနားက လူများဟာ တီးတိုးပြောဆိုနေကြပါတယိ။
"ကလေးက အတော်ကံကောင်းတာပဲ မဟုတ်ရင်တော့ အခြေနေမဟန်ဘူး"
"ဟုတိတယ် ငါတို့ခြံဝန်းက ပိုင်ရှင်က ပြတင်းပေါက်အပြင်မှာ သံတိုင်းတွေ ထပ်မလုပ်ခိုင်းဘူး ဒါပေမဲ့ ဒီပိုင်ရှင်ကတော့ လုပ်ထားတယိ..ဒါက ကလေးကို ကယ်လိုက်နိုင်မယ် လို့ ဘယ်သူထင်ထားမှာလဲ"
"ဒါက နှစ်ဆယ့်ခြောက်ထပ်လေ..တွေးမိရင်တောင် အတော်ကြောက်ဖို့ ကောင်းတယ်"
"ဟေး တံခါးကို ဖျကိဆီးသွားတဲ့ ကောင်လေး ဘယ်ရောက်သွားလဲ"
"အာ သူအခုနက ဒီမှာရှိသေးတယ်..အခုမရှိတော့ဘူး"
"သူက ကောင်းတဲ့ ကိစ္စကို လုပ်ခဲ့ပေမယ့် လူသိမခံချင်ဘူး..ဘယ်လို စိတ်ထားကောင်းတဲ့ နိုင်ငံသားလဲ"
ရဲအရာရှိဟာ ကလေးကို လူနာတင်ယာဥ်နဲ့ ထည့်ပေးလိုက်အပြီးမှာ အရာရာတိုင်းကို ရှင်းလင်းလိုက်ပါတယ်။သူ့ရဲ့ အတွေ့အကြုံတွေကို လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ပြောတဲ့ အချိန်မှာတော့..တစ်ယောက်မှ မယုံကြည်ကြပါဘူး။
ဘယ်လို ဟာသမျိုးလဲ....
သူတို့ မျက်လုံးနဲ့ မြင်ရတာ မဟုတ်ရင် ဘယ်သူမှ ယုံကြည်ကြမှာ မဟုတ်ကြပေ။သို့ပေမယ့် လူတွေထဲမှာ ဗီဒီယို ရိုက်ထားတဲ့ လူတစ်ချို့က ထုံးစံအတိုင်း ရှိနေကြစမြဲပါ။
လူတိုင်းဟာ အစအဆုံးရိုက်ထားတဲ့..ဗီဒီယို ဖိုင်ကို မြင်ကြတဲ့ အချိနိမှာတော့ မယုံကြည်လို့ မရတော့ပါဘူး။