ဖော်ပြ၍ မရနိုင်လောက်သော
Vol. 11 Ch. 157
ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် သေးငယ်တဲ့ ဆေးခန်းလေးတစ်ခုထဲကို ဝင်သွားလိုက်ပါတယ်။
အသက်ကြီးကြီးဒေါက်တာ တစ်ယောကိဟာ မျက်မှန် တပ်ပြီး သတင်းစာဖတ်နေခဲ့တာပါ။
"ဒေါက်တာ ကျွန်တော် ရဲ့ လက်ကို ကြည့်ပေးပါဦး..ဘာဆေးတွေ သောက်ရမလဲ ဆိုတာ"
လင်းဖန်ဟာ အထဲဝင်ပြီး သူ့လက်နှစ်ဖက်ကို ပြလိုက်တယ်။ဒီလက်တွေက ဆေးကုသမူ လိုအပ်နေပါပြီ..လက်နှစ်ဖက်စလုံးဟာ ရောင်ကိုငိးနေပြီး ကားစတီယာတိုင်တောင် ထိန်းနိုင်တော့မယ့်ပုံမရှိပါဘူး။
အသက်ကြီး ဒေါက်တာဟာ လင်းဖန်ကို လှည့်ကြည့်လိုက်ပြီး
"မင်းဘာတွေ လုပ်ခဲ့တာလဲ..အတော် ရောင်ကိုင်းနေတာပဲ"
လင်းဖန် ပြန်ဖြေလိုက်တယ်။
"တံခါးကို ထိုးခဲ့တာ"
ဒေါက်တာဟာ လင်းဖန်ရဲ့ ရောင်နေတဲ့ လက်ကို ဖိကာ မေးလိုက်တယ်..
" နာလား.."
လင်းဖန် ခေါင်းညိမ့်ပြလိုက်ပါတယ်။
ဘယ်လို စောက်ကျိုးနဲ့ မေးခွန်းလဲ....
"ကျွန်တော် အရောင်လျော့ဆေး သောက်ရင် ပြန်ကောင်းလာနိုင်လား"
ဒေါက်တာဟာ ဆေးကောင်တာဆီ လျောက်သွားလိုကိပြီး..
"ရောင်နေတာတွေက ပုံမှန်မဟုတ်ဘူး..လေးလေးနက်နက်ထားမှရမယ်။မင်းအခု ဆေးသောက်လို့ မရသေးဘူး..ပထဆုံး အအေး လိမ်းဆေးကို တစ်ရက်လိမ်းပေး..နောက်တစ်ရက်မှာ အပူလိမ်းဆေးကို လိမ်းပေး..ပြီးတော့ ဒီဆန်ချီ ဆေးလုံးတွေက မင်းရဲ့ သွေးလည်ပတ်မူကို ကူညီပေးပြီး နာကျင်တာတွေ..ရောင်ရမ်းတာတွေကို လျော့ချပေးလိုက်မယ်။အရမ်းတော့ အလျင်မလိုနဲ့ လေးငါးရက် ဆိုရင်တော့ ပျောက်သွားမှာပါ..တကယ်လို့ တစ်ခုခု မူမမှန်တာ ခံစားရရင် ဆေးရုံကို တန်းသွား..လက်ကို အသုံးပြုရတဲ့ အလုပ်တွေ မလုပ်ပဲ အနားနေဦး..."
လင်းဖန်ခေါင်းညိမ့်လိုက်ပါတယ်။သူ့ရဲ့ လက်တွေ ရောင်းကိုင်နေတာက အတော် အဆင်မပြေ ဖြစ်စေပေမယ့် လည်း သူနောင်တ မရပါဘူး။
အနည်းဆုံးတော့ ကလေးတစ်ယောက်ကို ကယ်နိုင်ခဲ့ပြီး...ဒါကထိုက်တန်တဲ့ အရာတစ်ခုပါ။
ယင်းနောက် သူဒါက်တာကို ပိုက်ဆံပေးကာ ဆေးခန်းမှ ပြန်ထွကိလာခဲ့ပါတယိ။
တိမ်ဖြူလမ်း။
လူလိမ် ထျန်ဟာ အော်ပြောလိုက်တယ်။
"မင်းလက်တွေ ရောင်ကိုင်းနေပါလား..ဘာတွေ လုပ်ခဲ့တာလဲ"
"တစ်ယောက်ယောက်ကို ကယ်ဖို့ ကြေးတံခါးကို လက်သီးနဲ့ထိုးပြီး ဖွင့်ရတာလေ"
လူလိမ် ထျန်ဟာ သူ့ကို ကြောင်တောင်တောင် ကြည့်နေခဲ့ပါတယိ။
"ကြေးတံခါးကို ထိုးဖွင့်တာလား.."
လူလိမ် ထျန် လင်းဖန်ပြောတာကို မယုံကြည်ပါဘူး..ဒီနည်းလမ်းက အတော်ဆိုးရွားတာပါ..လင်းဖန်က ကိုယ်ခံပညာကျွမ်းကျင်တယ် ဆိုပေမယ့်လည်း..လူသားတစ်ယောက်ပါပဲ။
ဒီလို မာကျောတဲ့ တံခါးမျိုးကို ထိုးနှက်တာက ကိုယ့်ခန္တာကိုယ်ကို အပြစ်ပေးသလိုပါပဲ။
"အိုး ဟုတ်သားပဲ..ကလေးတစ်ခုခု ဖြစ်သွားသေးလား.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်။
"ကလေးက နှစ်ဆယ့်ရှစ်ထပ်ကနေ ပြုတ်ကျတာ..သူက အတော်ကံကောင်းတယိ.နှစ်ဆယ်ခြောက်ထပ်က လူက ပြတင်းပေါက်အပြင်ဘက်မှာ သံတိုင်တွေ ထပ်လုပ်ထားတော့ ကလေးက အဲ့မှာ တွဲလောင်းချိတ်နေတာလေ..တကယ်လို့ အဲဒီသံချောင်းတွေသာ မရှိရင် တစိခါတည်း ပြုကျသွားမှာ။နှစ်ဆယ့်ခြောက်ထပ်မြောက်ရဲ့ အခန်းပိုင်ရှငိက အိမ်မှာ မရှိဘူးလေ..ပြီးတော့ သူခိုးရန်ကာကွယ်တဲ့ လက်ဗွေစနစ် ကြေးတံခါးလဲ တပ်ထားသေးတယိ..အဲတာနဲ့ ကျွန်တော်လဲ မတတ်သာ ပဲထိုးဖွင့်ရတော့တယ်။ဒါက အတော်နာကျင်စေတယ်"
လူလိမ် ထျန်ဟာ အံ့သြသွားခဲ့ပြီး..
"မင်းက စောက်ရမ်းမိုက်တာပဲ"
ဝူယူလန်ဟာလည်း သိချင်စွာ ဝင်မေးလိုက်ပါတယ်။
"ဒါဆို ကလေးကို ကယ်နိုင်လိုက်လား"
"အဲလိုထင်တာပဲ..ကလေးက နည်းနည်းပါးပါးလောက်ပဲ နာကျင်မှာပါ"
ဝူယူလန်ဟာ ဒါကို ကြားမှ စိတ်သက်သာရာရသွားပြီး လင်းဖန်ကို ပြောလိုက်ပါတယိ။
"မာစတာ လင်း , ရှင်က တကယ်တော်တယိ..ဟီးရိုးတစ်ယောက်ပဲ"
လင်းဖန်ရယ်မောလိုကိပြီး..
"ဟီးရိုးတစ်ယောက် ဖြစ်ရတာ လွယ်တယ်များထင်လို့လား..ငါ့လက်တွေကို ကြည့်ပါဦး ဝက်လက်တွေနဲ့တောင် တူနေပြီ"
ဝူတန်ဟီဟာ ဝင်ပြောလိုကိပါတယိ။
"မာစတာ လင်း , မင်းရဲ့ လက်တွေက သိပ်အဆင်ပြေမှာမဟုတ်ဘူ..ဒီရက်ပိုင်းဘာလို့ ယူလန်ကို လာမပြုစုခိုင်းတာလဲ.."
လင်းဖန် အစကတော့ လက်ခံတော့မလို့ပါပဲ..ဒါပေမယ့် တစ်ခုခုမူမမှန်တာကို သတိပြုမိလိုက်ပါတယ်။
ဝူတန်ဟီက ဒါကို ရည်ရွယ်ချက် ရှိရှိ လုပ်နေတာလား...
နွေးထွေးတဲ့ ညလေးတစ်ညမှာ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အတူရှိနေရင် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်ပါတယိ။
လင်းဖန်ဟာ ရယ်မောလိုကိပြီး..
"အဆင်ပြေပါတယ် ...ဒီလောက်ကြီးလဲ မဆိုးသေးပါဘူး"
ဝူယူလန်ဟာ သူမရဲ့ အဖေကို မျက်စောင်းထိုးပြီး ကြည့်လိုက်ပါတယ်..ဒီ စကားတွေဟာ ရုတ်တရက် ဆန်လွန်းပြီး..သူမ ဘာမှတောငိ မပြင်ဆင်ထားရသေးပါဘူး။
.......
ရဲဌာန တွင်။
လူတစ်စုဟာ ကွန်ပြူတာ ရှေ့မှာ ဝိုင်းထိုင်ပြီး..ဗီဒီယို တစ်ပုဒ်ကို ကြည်နေခဲ့ကြပါတယ်။
ဘန်းး
ဘန်းးး
တစ်ချက်ပြီး တစ်ချက်လက်သီးထိုး တဲ့ အသံတွေဟာတော့ စပီကာက နေထွက်ပေါ်နေလို့ပါ။
"အမေးဇင်း..တကယ်ကို အမေးဇင်း"
ရဲယူနီဖောင်း ဝတ်ထားတဲ့ လူတွေဟာ မယုံကြည်နိုင်တဲ့ မျက်နှာတွေနဲ့ ရေရွတ်နေခဲ့ကြပါတယိ။
အဲ့အချိန်မှာပဲ လီရှောင်ရှမ်းဟာ သူ့အမူနေရာကနေ ပြန်ရောက်လာခဲ့တယိ..သူ အခုတလော အွန်လိုင်းပေါ်က လူလိမ်ကို ဖမ်းဖို့ကို အသည်းအသန်ကြိုးစားနေတာ ဖြစ်ပြီး..အဲ့ကောင်အတွက် ထောင်ချောက်တွေတောငိ ဆင်ထားပြီးပါပြီ။သူလိုအပ်တာ ဆိုလို့ ထောင်ချောက်ထဲ ဝင်လာတာကို စောင့်ကြည့်နေဖို့ ပါပဲ။
"မင်းတို့ ဘာလုပ်နေကြတာလဲ"
လီရှောင်ရှမ်းဟာ အဲကွန်းအောက်မှာ အအေးခံရင်း မေးလိုကိပါတယ်။
"ခေါင်းဆောင် လာကြည့်လိုက်ဦး"
လူငယ်လေးတစ်ယောက်ဟာ မယုံကြည်နိုင်တဲ့ မျက်နှာထားဖြင့်..
"ယွဲ့မားလော့ခ်ကို စက္ကန့်နှသ်ဆယိနဲ့ ဖွင့်ပြီး ကြေးတံခါးကို ထိုးပြီးဖွင့်နေတာ"
"မဖြစ်နိုင်တာာ"
လီရှောင်ရှမ်းဟာ အံ့သြသွားခဲ့ပြီး..ကွန်ပြူတာ စခရင်ကို လာကြည့်လိုက်တဲ့ အချိနိမှာ ကောင်လေး တစ်ယောက်ဟာ တံခါးကို ထိုးနေတာ တွေ့လိုက်ရပါတယိ။
ထိူးကြိတ်နေတဲ့ ကောင်လေး ဒီဘက်ကို လှည့်လာတဲ့ အချိနိမှာတော့..
"ဒါ သူဌေးလေး မဟုတ်ဘူးလား"
ဘေးနားက ရဲများဟာ အံ့သြစွာဖြင့်မေးလိုက်တယိ။
"ခေါင်းဆောင် သူ့ကို သိလို့လား"
လီရှောင်ရှမ်းဟာ သေချာ အနီးကပ်ကြည့်လိုက်ပြီး အတည်ပြုလိုက်ကာ..
"အင်း ..သူက တိမ်ဖြူလမ်းက မာစတာလင်းလေ..မင်းတို့ သူ့ကိုတောငိ မကြားဖူးဘူးလား"
"အာ သူလား.."
"ဘာဖြစ်တာလဲ..သူဌေးလေး တစ်ခုခု မကောင်းတာ လုပ်ထားလို့လား..."
သူ သူဌေးလေး အပေါ်မှာ အထင်အမြင်ကောင်းတွေ ရှိပါတယ် ...တကယ်လို့ သူဌေးလေး တသ်ခုခုဖြစ်သွားရင် သူဝမ်းနညိးရမှာပါ။
"ဟင်အင်..သူ ဘာတစ်ခုမှ မဟုတ်တာ မလုပ်ထားဘူး..သူက ကောင်းတာပဲ လုပ်ထားတာ"
ယင်းနောက် ရဲများဟာ လီရှောငိရှမ်ကို အဖြစ်အပျက်အစုံအလင် ရှင်းပြလိုက်ပါတယိ။
လီရှောင်ရှမ်းဟာ ဒီလို အဖြစ်အပျက်တွေ ဖြစ်သွားလိမ့်မယ် လို့ မထင်ထားမိခဲ့ပါဘူး..ကလေးတစ်ယောက်ကို.ကယ်ဖို့ကြိုးစားနေတဲ့ သူဌေးလေးကို စခင်ပေါ်မှာ မြင်ရတာက အတော်လေးစားဖို့ကောင်းပါတယိ။
...
လင်းဖန် ဝူယူလန်ကို ကြေညာစာရွက်တစ်ခုကို ပရင့်ထုတ်ပြီး ကတ်ထားဖို့ ပြောလိုက်တယ်။
စာရွက်ပေါ်က စကားလုံးတွေကိုတော့..
"မာစတာ လင်းဟာ နေမကောင်း ဖြစ်နေပြီး..တစ်ပတ်ခန့် ပန်ကိတိရောင်းနိုင်မဟ် မဟုတ်ပေ"
သူမှာလညိး ရွေချယ်စရာ မရှိတော့ပါဘူး..ဒီလက်တွေနဲ့ ပန်ကိတ်လုပ်လို့မရတာကတော့ သေချာပါတယိ။
ဒီအခွင့်အရေးမှာ သူလည်း လွတ်လွတ်လပ်လပ်အနားယူလို့ ရပြီး..သူဆိုင်စဖွင့်ကတည်းက အေးအေးဆေးဆေး နားရတဲ့ အချိန်ဆိုတာ မရှိသေးပါဘူး။
ဘဝမှာ ..အကြာခန အပြင်သွားတာ ကလည်းကောင်းတဲ့ အရာပါ။
....
အဆင့်မြင့် ကျားသစ် လျှပ်စစ် လက်ဗွေစနစ် တံခါးများ ထုတ်လုပ်မူ။
သူတို့က အဆင့်မြင့်သော့တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုပါ..စျေးကွက်ထဲမှာ ဆိုရင် လည်း ရှေးဆုံးမှာ ဦးဆောင်နေတာက သူတို့ပါပဲ။
သူတို့ရဲ့ စျေးနှုန်းတွေက ..မြင့်ပေမယ့် သော့ခ်တွေက အရမ်းကို စိတ်ချရပါတယ်။ဒါကြောင့် သူတို့ရဲ့ ကာစတန်မာတိုင်းက ဂရိတ်သူဌေး ကြီးတွေပါ။
စျေးကွက် ထိုးဖောကိမူ ရုံးခန်းထဲတွင်..
"ကျွန်တော်တို့ ရိုက်ထားတဲ့ ကြော်ငြာကို ရုပ်သံလိုင်းတွေနဲ့ ဆွေးနွေးပြီးထားပြီး..ဒီည စတင်ပြီး ထုတ်လွှင့်ပြသလိမ့်မယ်"
အလုပ်သမား တစ်ယောက်ဟာ ပြောလိုက်တယ်
"ကျွန်တော်တို့ရဲ့ သောခ်တွေက အမြဲတမ်း အရည်အသွေးမြင့်ပြီး ...အခုလို A အဆင့် ဆယ်လီ တစ်ယောက်နဲ့ ကြော်ငြာရိုက်ကူးတဲ့ အချိန်မှာ ရလာဒ်က တကယ် ကောင်းမွနိးမှာပါ"
ကုမ္ပဏီရဲ့ စခရင်ကြီးမှာတော့ အဆင့်မြင့်ကျားသစ် လျှပ်စစ် လက်ဗွေစနစ် တံခါး ကြော်ငြာကို ပြသနေခဲ့ပါတယ်။
တောက်ပတဲ့ ဒိုင်ကားကြီးဟာ စခရင်ပေါ်မှာ ပေါ်လာပြီး..ဒါက ကြည့်ရူနေသူတွေကို လုံခြုံမူပေးစွမ်းနိုင်ပါတယိ။ယင်းနောက် A အဆင့် ဆယ်လီဟာ လက်ဗွေစနစ်ကို သရုပ်ပြဖို့ ပေါ်ထွက်လာခဲ့ပြီး..နောက်ဆုံးမှာတော့ ကြည့်ရူ့သူတိုင်းရဲ့ နှလုံးသားကို ဖမ်းစားသွားနိုင်တဲ့ စားတစ်ကြောင်း ရှိနေလို့ပါ။
"အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် လျှပ်စစ် တံခါးဟာ.. မည်သည့် လူကိုမဆို စိန်ခေါ်ပါတယ်..တကယ်လို့ အောင်မြင်စွာ ဖွင့်နိုင်မယ်ဆိုရင် ဆုကြေးငွေက ဒေါ်လာ နှစ်သန်း ပါ။ဒီနေရာကနေ ကျွန်တော်တို့ ကိုယ်ခံပညာရှင်တွေ..သော့ပြင်ဆရာတွေကို ချဲလန့် ခေါ်လိုကိ ပါရစေ"
ဒီ ကြော်ငြာမှာ A အဆင့် ဆယ်လီက ဟိုက်လိုက်တစ်ခုဖြစ်ပေမယ့်...ဒေါ်လာ နှစ်သန်းက ပိုကြီးမားတဲ့ ဟိုက်လိုက်တစ်ခုပါ။
အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် လျှပ်စစ်တံခါးကို ဖွင့်ပြီး ဘယ်သူမှ ဒေါ်လာနှစ်သနိး ရယူနိုင်မှာ မဟုတ်ပါဘူး။သူတို့ရဲ့ ပစ္စည်းကို သူတို့ ယုံကြည်ပါတယ်။
အလုပ်သမားဟာ ရယ်မောလိုက်တယ်။
"ဒီ ကြော်ငြာ ထုတ်လွင့်ပြီးသွားရင် မရေမတွက်နိုင်တဲ့ လူတွေ စိန်ခေါ်လိမ့်မယ်..ဒါပေမယ့် ဘယ်သူမှ ဆုငွေကို ရမှာမဟုတ်ဘူး"
အစည်းအဝေးခန်းထဲက အကြီးအကဲဟာလည ပြောလိုကိပါတယိ။
"ဒါက အဖြစ်နိုင်ဘူးဆိုတာ သေချာတယိ..ငါတို့က ဒါကို ထုတ်လုပ်ဖို့ အတော်ရင်းနှီးထားရပြီး..ကမ္ဘာ့အကောင်းဆုံး သော့ပြင်ဆရာ အယောက်တစ်ရာကို တောင် ဖိတ်ခေါ်ခဲ့ရသေးတယ်။ဒါပေမယ့် ဘယ်သူမှ မဖွင့်နိုင်ခဲ့ကြဘူး..ဘယ်သူက လုပ်နိုင်မယ် ထင်သေးလို့တုန်း"
အဲ့နေမှာ အဆင့်မြင့်ကျားသစ် လက်ဗွေစနစ် လျှပ်စစ်တံခါး တင် ကြော်ငြာ မဟုတ်ပါဘူး။
ယွဲ့မားလော့ခ် ထုတ်လုပ်တဲ့ ကုမ္ပဏီကတာင် ကြော်ငြာ ထုတ်လွင့်ခဲ့ပါတယ်။
"ယွဲ့မားလော့ခ် ရဲ့ ဒုတိယ မျိုးဆက်ဟာ ပုံစံ B ကို ကျော်လွန်သွားခဲ့ပါပြီ..သော့ပြင် မာစတာ ဆယ်ယောက်ပေါင်းဖွင့်ရင်တောင် မိနစ် ငါးရာကြာပါတယ်.. .သင့်ရဲ့ နွေးထွေးတဲ့ အိမ်လေးကို လုံခြုံစေဖို့ အခုပဲ ယွဲ့မားလော့ခ်ကို သုံးကြစို့"