← Chapters

တိူးတက်မူ

Vol. 11 Ch. 158

တိူးတက်မူ

Vol. 11 Ch. 158

ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်။

အဆင့် A ဆယ်လီ ရဲ့ ပုံရိပ်နှငိ့အတူ..အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် လျပ်စစ်တံခါးတွေဟာ စျေးကွက်ထဲကို ရောက်ရှိသွားခဲ့ပါပြီ။

ကြော်ငြာဟာ ရုပ်မြင်သံကြား ၊ ဝိုက်ဘို ၊ စီးပွား​ရေး ကြော်ငြာ စခရင် ပေါ်တွေမှာ ရှိနေလို့ပါ..လူတွေကြားတဲ့ အနှံ့အပြားရောက်ရှိသွားတယ် လို့တောင် ပြောလို့ရပါတယ်။

မြို့သူ မြို့သားအများစုကို စွဲဆောင်သွားတာက လျပ်စစ် လက်ဗွေ တံခါး မဟုတ်ပါဘူး... A အဆင့် ဆာ်လီက ဆွဲဆောင်မူပေးခဲ့တာပါ။ A အဆင့် ဆယိလီဟာ များပြားလှတဲ့ ပရိတ်သတ်တွေ ရှိနေခဲ့ပြီး..လှပတဲ့ ရုပ်ရည်ကြောင့် လူကြိုက်များလှပါတယိ။

မြို့သူမြို့သားတွေဟာ ကြော်ငြာကို မြင်တဲ့ အချိန်မှာ စိတ်ဝင်စားပြီး လိုက်ကြည့်မိတာက တံခါးကိုမဟုတ်ပဲ..သူမကိုပါ။

အဆုံးမှာ ဒေါ်လာ နှစ်သန်း စာသား ပေါ်လာမှ မြို့သားတွေဟာ သတိထားမိကြပြီး...ကြော်ငြာကို တဖန် စိတ်ဝင်စား လာကြပါတယိ။

ဒီဒေါ်လာ နှစ်သန်းရဖို့ ဆိုတာ မလွယ်ကူမှန်းငိကြပေမယ့် လည်း သူတို့ လိုချင်ကြပါသေးတယ်။

တစ်ချို့ ပရို အဆင့် သော့ပြင်ဆရာများဟာ စိတ်လှုပ်ရှားလာကြပေမယ့်လည်း...လျှပ်စစ် လက်ဗွေစနစ် တံခါးကို သူတို့ ဖွင့်နိုင်ဖို့ ယုံကြည်ချက်မရှိကြပါဘူး။

ဒီလို တံခါးကိုဖွင့်ဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အရာပါ..ပြီးတော့ တံခါးမှာ သော့ထည့်တဲ့ အပေါက်လည်း ပါတာ မဟုတ်ပါဘူး။

ငါတို့က ဘယ်အပေါက်က သွားဖွင့်ရမှာလဲ....

ဗီဒီယာတွေဟာလည်း ဒီသတင်းကို ပလတ်ဖောင်း ပေါ်တွေမှာ စတင်တင်လာကြပါတယိ။သူတို့တွေဟာ လည်း ဆုငွေကို စိနိခေါ်ကြမယ့် လူတွေကို မစောင့်နိုင်ကြတော့ပါဘူး။

ယွဲ့မားလောခ်တွေဟာ အတော်ငြိမ်သက်ပါတယ်..သူတို့က အမှန်တကယ်ကို ကြီးကြီးကျယ်ကျယ် ကြော်ငြာဖို့ မလိုပါဘူး..ဘာလို့ဆို သူတို့ရဲ့ သော့ခ်တွေဟာ စျေးကွက်မှာ ကောင်းကောင်းရောင်နေရလို့ပါ။

စျေးဟာ အတော် သင့်တင့်ပြီး..အရည်အသွေးကလည်း ထိပ်ပိုင်းမှာ ရှိနေတာကြောင့် လူတန်းစား မရွေး သုံးစွဲကြပါတယ်။ဆယ်အိမ် မှာ အနည်းဆုံး သုံးအိမ်က ယွဲ့မားလောခ်ကို သုံးကြစမြဲပါ..ဒါကြောင့် သူတို့ ထွေထွေထူးထူး ကြော်ငြာနေဖို့ မလိုအပ်တော့ပါဘူး။

အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် လျှပ်စစ်တံခါး အတွက်ကတော့..သူတို့ဟာက သူခိုးရန် ကာကွယ်တဲ့ တံခါးအမျိုးအစားပါ။သူတို့ဟာ သော့ခ် တစ်ခုတည်းရောင်းတာ မဟုတ်ပဲ တစ်ခါတစ်ခါရောင်းရင် အစုံလိုက်ပဲ ရောင်းပါတယ်။

မြို့သား အများစုဟာ ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး ဒီသော့ကို မဝယ်ချင်ကြပါဘူး..ဒါကြောင့် ဒီကုမ္ပဏီဟာ အခုလို ငွေကုန်ခံပြီး လူလတ်တန်းစားတွေကို ဆွဲဆောင်ဖို့ ကြိုးစားနေရတာပါ။

အဆင့်မြင့်ကျားသစ် လက်ဗွေစနစ် တံခါး၏ ရုံးခန်းထဲတွင်။

"ရှာဖွေ မူစာရင်းကို စစ်ဆေးကြည့်လိုက်..ဒီတစ်ခေါက် ငါတို့ရဲ့ ကြော်ငြာက အဆင်ပြေလောက်တယ်"

"နံပါတ် တွေ ထွက်လာပြီ..ကြော်ငြာထွက်ပြီး သုံးနာရီ အတွင်းမှာပဲ ပစ္စည်းရှာဖွေမူ နှုန်းက သုံးရာ ရာခိုင်နှုန်း တိုးလာတယိ"

"ကောင်းတယ်..ဒါက တကယ်မဆိူးဘူး..ဒီညကျရင် နံပါတ်တွေ ပိုတိုးလာလိမ့်မယ်။ဒီည အောင်ပွဲခံဖို့သာ ပြင်ဆင်ထားကြပေတော့"

ဒီရုံခန်းထဲမှာ ရှိတဲ့ အလုပ်သမား တိုင်းဟာ ပျော်ရွှင်နေကြပါတယ်။သူတို့ အောင်မြင်ခဲ့ပါပြီ..ထပ်ပြောရရင်.လာပြီး ချဲလန့်ခေါ်တဲ့ လူတွေဟာလည်း အရမ်းနည်းပြီး..ဒီတံခါးက ဖွင့်ဖို့အရမ်း ခက်ခဲတယ် ဆိုတာ သိထားကြတဲ့ ပုံပါပဲ။

လင်းဖန်ဟာ သူ့လက်ကို ဆေးလက်အိပ်တွေ ဝတ်ထားပြီး အနီးအနားက ရှော့ပင်းမော တွေမှာ စျေးပတ်ဝယ်နေခဲ့ပါတယ်။

သူဆိုင် အသစ်စဖွင့်ကတည်းက အဝတ်စား အသစ်ဝယ်ရတယ်လို့ကို မရှိသေးပါဘူး။အခုသူ့မှာ ပိုက်ဆံသိပ်မရှားတော့ဘူး ဆိုမှတော့..အခုလို စျေးဝယ်ထွက်တာက ပုံမှတ်ပါပဲ။

.....

အင်တာနက်ပေါ်တွင်။

မနေက ဗီဒီယိုဟာ အင်တာနက်ပေါ်မှာ တက်လာခဲ့ပါပြီ။

တစ်ချိန်တညိးမှာပဲ ဗီဒီယာ စိတ်ဝင်စားမူ သိပ်မရှိလို့ သတင်းပျံ့နှုန်း နှေးကွေးနေခဲ့ပါတယ်..သို့ပေမယ့် ကြည့်ပြီးတဲ့ လူတိုင်းဟာ ဗီဒီယိုကို အချင်းချင်း ပြန်လည် မျှဝေနေကြလို့ပါ။

အစက တော့ ဒီဗီဒီယိုဟာ ဝီချပ်နဲ့ ဝိုက်ဘိုမှာ ပုံမှန်အနေအထားသာ ဖြစ်ပြီး အခုတော့ ကြည့်ရူနှုနိ တဖြည်းဖြည်းမြင့်တက်လာခဲ့ပါပြီ။

ဒါတွေက လူငယ် သတင်းထောက်လေး တစ်ယောက်ကြောင့်ပါ။သူ ဘာမှ လုပ်စရာ မရှိပဲ ဝိုက်ဘိုကို သုံးနေတုနိး..လူတစ်ယောက်တငိထားတဲ့ ဗီဒီယို တစ်ပုဒ်ကို စိတ်ဝင်စားသွားခဲ့ပါတယ်။

သူ ဗီဒီယိုကို ဖွင့်ကြည့်လိုက်တယ်။

အသံတွေဟာ ရှုပ်ထွေးနေလို့ပါ..ကြည့်ရတာ အိမ်ယာ တစ်ခုထဲမှာ ဖြစ်ပျက်နေတဲ့ ပုံပါပဲ။

ဖုန်းကင်မရာကို အပေါ်ကို ချိန်လိုက်တဲ့ အချိန်မှာ ကင်မရာဟာ လှုပ်ရမ်းနေပြီး ဝါးနေခဲ့ ပါတယ်..အပေါ်မှာ ဘာရှိလည်း သူသေချာ မမြင်ရပါဘူး။

ကင်မရာ ငြိမ်သွားပြီး ရှင်းလင်းသွားတဲ့ အချိန်မှာတော့ ပြတငိးပေါက်မှာ အသက် တစ်နှစ် နှစ်နှစ် အရွယ် ကလေးတစ်ယောက် တွဲလောင်း ဖြစ်နေတာကို သူတွေ့လိုကိရပါပြီ။

ဗီဒီယိုထဲမှာ မြင်ရသလောက်တော့ အမြင့်ဟာ အထပ်နှစ်ဆယ်ကျော်လောက်ရှိပြီး..တကယ်လို့အဲ့ကနေ ပြုတ်ကျလိုက်ရင်တော့..တကယ့် ကပ်ဆိုးတစ်ခုဖြစ်သွားမှာပါ။

"ဒီနေ့ခေတ် မိဘတွေကလည်း..ကလေးကို သေချာ ဂရုမစိုက်ဘူး"

ကလေးအမေရဲ့ ငိုသံကို ဗီဒီယိုထဲမှာ ကြားနေရပါတယိ။သူ ဒေါသထွက်မိပေမယ့်လည်း..သူ့နှလုံးဟာတော့ တဒုတ်ဒုတ် ခုန်နေလို့ပါ။

ယင်းနောက် မြင်ကွင်းဟာ ပြောင်းလဲ သွားပြီး..ကော်ရစ်ဒါ ပေါ်ကို ရောက်သွားခဲ့ပါပြီ။

ကြည့်ရတာ ဗီဒီယို နှစ်ခုကို တစ်ခုထဲ ဆက်ထားတဲ့ ပုံပါပဲ။ကင်မရာ အရည်အသွေဟာ ပိုမိုကြည်လာခဲ့ပြီး ရုပ်ပုံတွေလည်း ပိုမို ရှငိးလင်း နေခဲ့ပါတယိ။

ဗီဒီယိုထဲမှာ ကလေးအမေဟာ အရူးတစ်ပိူင်းဖြစ်နေပြီး မီးသတ်ကား အချိနိမှီ ရောက်မလာနိုင်တဲ့ အကြောင်းအရာတွေ ပြောနေကြပါတယိ။

၂၈ ထပ်ကနေ ၂၆ ထပ်ကို ပြုတ်ကျတယိ တကယ်လို့ ၂၆ ထပ် ပိုင်ရှငိကသာ စည်းမျဥ်းတွေကို မလိုက်နာပဲ အပြင်ဘက် သံတိုင်တွေ တပ်ထားလို့ သာမဟုတ်ရင် ကလေးက သေပြီး နေလောက်ပါပြီ။

"အာ ဒါက ဘယ်လို သော့ပြင်ဆရာ မျိုးလဲ တံခါး တစ်ခုဖွင့်ဖို့ကို အဲလောက်တောငိ အချိန်ယူရမှာလား..ဒါက ငါ့ကို သတ်နေသလိုပဲ"

ဗီဒီယိုထဲမှာ မာစတာ ဝမ်ဟာ သော့ဖွင့်ဖို့ အစွမ်းကုန်ကြိုးစား နေပေမယ့်လည်း အချိန်အတော်ကြာတဲ့ အထိ ပွင့်မလာခဲ့သေးပါဘူး။

လူငယ်လေးရဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ သူ့နားကို ဝိုင်းလာကြပါတယ်။

"မင်းဘာတွေ ကြည့်နေတာလဲ"

လူငယ်လေးဟာ ပြန်ပြောလိုက်တယ်။

"ကလေးက ပြတင်းပေါက်မှာ တွဲလောင်းဖြစ်နေတာ..ကလေးကို ကယ်လိုက်နိုင်လားတော့ ငါလည်း မသိသေးဘူး..ဒီနေ့ခေတ်မိဘတွေက အတော်ဆိုးတာပဲ"

ယင်းနောက် သူတို့အကုန်လုံးဟာ အတူတူ ကြည့်လိုက်ကြပါတယိ။

"ယွဲ့မားလော့ခ်ပဲ"

"ငါ့အိမ်မှာလဲ ယွဲ့မားလောခ်သုံးတာ သော့ပြင်ဆရာတောငိ ဒါဖွင့်ဖို့ အချိန်အတော်ယူရမယ်"

"ငါဘယ်လောကိကြာလဲသိတယ်..မိနစ် ၃၀၀ လောက်ကြာတယ်"

"အာ..အဲလောက်တောင် ကြာတာလား..အဲ့အချိန်ကလေးတောငိ အသက်ရှိပါဦးမလား"

သတင်းထောက်တွေဟာ စိတ်လှုပ်ရှားစွာ ဆက်ကြည့်နေကြပါတယိ။ယင်းနောက် မြင်ကွင်ဟာ ပြောင်းလဲ သွားပြီး လူငယ်လေးတစိယောက်ဟာ သော့ပြင်ဆရာကို ဘေးနားကို တွန်းထုတ်လိုက်တာ တွေ့နေရပါသည်။

"အိုး ဒီလူငယ်လေးက ဆရာကျလှချည်လား"

"အပြီးထိ ကြည့်စရာတောင် မလိုဘူး..ကလေးက ကယ်ပြီးလောက်ပြီ"

သတင်းထောက်တွေဟာ သူတို့ ဗီဒီယို ကြည့်နေကြပေမယ့် လည်း အဲ့နေရာမှာ ကိုယ်တိုင်ရှိနေသလို ခံစားနေကြရပါတယ်။

ပထမတံခါးကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ ဒုတိယ တံခါးဟာ ပေါ်ထွက်လာခဲ့ပါပြီ။

"ချီးပဲ ဒီမိသားစုက ဘာဖြစ်နေတာလဲ..သူခိုးရန်ကာကွယ်တဲ့ တံခါးပါ တပ်ထားဖို့ လိုလို့လား"

"သော့ပြင်ဆရာက ဒီတံခါးက လက်ဗွေစနစ်တံခါးဖြစ်ပြီး အားသုံးပြီး မဖွင့်ရင် မရဘူးလို့ပြောတယ်"

"ငါ ဒီလို တစ်ခါးမျိုးကို သိတယ်..ပိုင်ရှင်ကလွဲပြီး ဘယ်သူမှ ဖွင့်နိုင်မှာ မဟုတ်ဘူး"

"ငါတော့ ထပ်မကြည့်တော့ဘူး..နှလုံးရှော့ရလိမ်မယ်"

သတင်းထောက်တွေဟာ တစ်ခြားနေရာသွားဖို့ ပြင်လိုကိပါတယ်..သူတို့ နောက်ဆက်တွဲတွေကို ထပ်မကြည့်ချင်ကြတော့ပါဘူး။

ရုတ်ရက် ကြမ်းတမ်းတဲ့ အသံတွေဟာ ဖုန်းထဲကနေ ထွက်လာပါတော့တယိ။

ဆက်ကြည့်နေတဲ့ လူငယ်လေးဟာတော့ မျက်လုံးကြီး ပြူးပြီး ပါစပ်က ပွင့်နေလို့ပါ။

ခုနက သတင်းထောက်တွေဟာလည်း ဒီအသံကို ကြားပြီးပြန်လှည့်လာကြပါတယ်..သူတို့ ဗီဒီယိုကို မြင်လိုက်တဲ့ အချိန်မှာတော့ အကုန်ကြောင်အသွားကြပါပြီ။

"ဒါကြီးက ကြမ်းတမ်းလွန်းတယ်"

"သူက လက်ဗလာနဲ့ ထိုးနေတာလား..ဘယ်လို ဖြစ်နိုင်မှာလဲ.."

ဘန်းးး

သိပ်မကြာခင်မှာပဲ လက်ဗွေစနစ်နဲ့ တံခါးဟာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတာ တွေ့လိုက်ကြရပါတယိ။သတင်းထောက်တွေတင် အံ့သြနေကြတာမဟုတ်ပဲ..ဗီဒီယိုထဲလူတွေပါ အံ့သြနေကြတာပါ။

သတင်းထောက်တွေဟာ အသိစိတ်ဝင်လာပြီးအော်ဟစ်လိုက်ကြပါတော့တယ်။

"စောက်ရမ်းမိုကိတယ်"

"လူရော ဟုတ်လားဟ"

"ဒီ ဗီဒီယို တင်တဲ့ လူကို အမြန်မေးလိုက်..ဘယ်မှာ ဖြစ်ခဲ့တာလဲ ဆိုတာ..အခုချက်ချင်း သတင်းမှာ တင်ရမယ်"

"ငါ့မျက်လုံးနဲ့ မြင်ရတာ မဟုတ်ရင် ငါယုံနိုင်မှာတောငိ မဟုတ်ဘူး"

သူတို့ဟာ ဒီလိုနဲ့ပဲ ရုတိတရက် သတင်းကြီး တစ်ခုကို တွေ့သွားခဲ့ကြပြီး...ဗီဒီယိုကို သေချာပြင်ဆင်ကာ ကပ်ပရှင် တစ်ခုရေးပြီး သတင်းပလပ်ဖောင်တွေ ပေါ်မှာ တငိလိုက်ကြတယ်။

ဒီအခြေအနေက တကယ် မယုံကြည်နိုင်ဖွယ်ကောင်းလှတာပါ။

All Chapters