← Chapters

မဖြစ်နိုင်တာတွေကို တွေ့ရ မယ့် အချိန်ပဲ

Vol. 11 Ch. 159

မဖြစ်နိုင်တာတွေကို တွေ့ရ မယ့် အချိန်ပဲ

Vol. 11 Ch. 159

ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း။

"အာ.. သူဌေးလေးက ဘာလို့ ဒီနေ့ ဒီမှာ မရှိရတာလဲ.."

"ဟိုမှာ စာကတ်ထားတာ ကိုကြည့်ဦး သူဌေးလေးက နေမကောင်းလို့ ပန်ကိတ်ရောင်းတာကို တပတ်နားမယ်တဲ့"

"အာ.ဝမ်းနည်းစရာပဲ"

"သူဌေးလေးက အချိန်တောင် မမှန်တော့ဘူး လက်ရှိဖြစ်ပျက်သွားတာကြောင့် သူမာန ကြီးသွားတာလား...အခုတော့ သူရောင်းချင်ရောင်းရမယ် မရောင်းချင်မရောင်းဘူးဆိုပြီး လုပ်နေပြီ"

"ငါလည်း သူဌေးလေး ဘဝင်မြင့်သွားတယ်လို့ ထင်တာပဲ..မနေ့ကတောင် သူအကောင်းကြီးလေ..ဒီနေ့ကြမှ ဘယ်လိုဖြစ်လို့ နေမကောင်းဖြစ်သွားရတာလဲ.."

"တော်လောက်ပြီ မင်းတို့လည်း နားချင်တဲ့ အချိန်နားကြတယ်လေ..သူဌေးလေးက နားချင်းတဲ့အချိန် နားလို့မရတော့ဘူးလား.."

"ဒါက တစ်နေ့ကို ပန်ကိတ်ဆယ်လုံးပဲ ရောင်းပေးရတာလေ..အနားယူရတဲ့ အထိဖြစ်ဖို့ လိုလို့လား.."

တစ်ချို့ မြို့သား တွေဟာ စိတ်ရှုပ်ထွေး နေကြပြီး တစ်ချို့ဟာ မပျော်မရွှင် ဖြစ်လာကြပါတယိ။

တစ်ချို့ လူတွေကတော့ ဒီလူတွေ စည်းကျော်နေတာ ကို သတိပေးနေခဲ့တယ် ..သူဌေးလေးက သူနားချင်တဲ့ အချိန်နားတာက သူ့ရဲ့ လွတ်လပ်ခွင့်ပါ။သူက နံရံမှာတောင်..အသိပေး ထားပါသေးတယ်။

တစ်ခုခု အရေးကြီးတာ ဖြစ်နေလို့ မဟုတ်ရင်..သူ ဒီလိုလုပ်မှာ မဟုတ်ပါဘူး။သူက တစ်ခြားလူတွေ ပြောတာလောက် ဆိုးတဲ့ လူတစ်ယောက် မဟုတ်ပေ။

လူအုပ်ကြီးထဲက တစ်ယောက်ဟာ..လူလိမ် ထျန်ကို မေးခွန်းထုတ်လိုက်ပါတယ်။

"သူဌေးလေးမှာ တစ်ခုခု ဖြစ်နေတာလား"

လူလိမ် ထျန် ပြန်ဖြေလိုက်တယ်။

"ဘာမှ သိပ် မဟုတ်ပါဘူး..သူလက်တွေ ဒဏ်ရာရထားတော့ အနားယူဖို့ လိုနေတာ.."

"သူဌေးလေးက မာစတာ တစ်ယောက်လေ..ဘယ်လို ဖြစ်ပြီး သူ့လက်က ဒဏ်ရာရ ရပြန်တာတုန်း"

နောက်တစ်ယောက်ဟာ ဝင်ပြောလိုက်တယ်..

"ဟုတိတယ်..ခင်ဗျား ကျုပ်တို့ကို လိမ်နေတာလား"

လူလိမ် ထျန်ဟာ မျက်မှောင်ကျုတ်လိုက်တယ်..ဒီမြို့သားတွေက အတော်ကို အကြောင်းအကျိုး မဆီလျော် ကြတာပါ။

လင်းဖန်ရဲ့ လက်က တကယ်ဒဏ်ရာရနေခဲ့တာပါ..ပြီးတော့ လင်းဖန် လက်ဘာမှ မဖြစ်ဘူး ဆိုရင်တောင် သူနားလို့ မရတော့ဘူးလား....

မြို့သား တစ်ယောက်ဟာ မနေနိုင်တော့ပဲ ဝင်ပြောလိုက်ပါတယ်။

"သူတို့ကို..ဂရုမစိုက်နဲ့..သူတို့က ရူးနေကြတာ။သူဌေးလေး ဒဏ်ရာရနေတယိ ဆိုတော့ သူပြန်သက်သာအောင် အနားယူဖို့ လိုတာပေါ့..တစ်ပတ်ပဲ ရှိတာပါ.ငါတို့ စောင့်နိုင်ပါတယ်"

လူလိမ်ထျန်ဟာ ရယ်လိုက်တယ်..ကံကောင်းချင်တော့ အကြောင်းအကျိုး ဆီလျော်တဲ့ လူတွေလည်း ရှိပါသေးတယ်။သူတို့အကုန်လုံးသာ အကြောင်းအကျိုး ဆီလျော်ရင် .ဘာပြသနာ မှရှိမှာမဟုတ်ပေ။

"ဟေးးး"

"ကြည့်လိုက်ကြဦး သူဌေးလေးက သတင်းထဲမှာ ပါလာပါလား"

"အာ..တကယ်သူဌေးလေးဟ..မနေ့က ဒီနားမှာ ဖြစ်သွားတဲ့ မတော်တဆ မူအကြောင်း မဟုတ်ဘူးလား"

"ချီးပဲ ..တကယ်ရူးသွပ်ဖို့ ကောင်းတယ်..ကြည့် တံခါးကို ထိုးဖွင့်နေတာ"

မြို့သားတွေဟာ တီးတိုး ပြောနေကြပါတယ်..ယင်းနောက် တစ်ချို့နေရာ မှာရပ်ပြီး သေချာကြည့်လိုက်တဲ့ အချိန်မှာ ..သူဌေးလေး မျက်နှာက အသေအချာပါပဲ။

လူအုပ်ကြီးရဲ့ မျက်လုံးတွေဟာ လူလိမ် ထျန်အပေါ်ကို ကြည့်လိုက်ပြီး..ဒါအမှန်လား ဆိုတာ မေးချင်နေကြပါပြီ။

လူလိမ် ထျန်ဟာ စီးကရက်ကို ဟန်ပါပါ သောက်နေရင်းကနေ ခေါင်းကို မော့လိုက်ပြီး.

"အဲဒါ မင်းတို့ရဲ့ သူဌေးလေးပဲ..တံခါးက အရမ်းမာကျော ပြီးတော့ ဖွင့်ဖို့ ခက်ခဲတယ်လေ..အချိန်ကလည်း မလောက်ဘူး..ဒါကြောင့် လက်တွေကိုပဲ အသုံးပြုခဲ့ရတာ။အဆုံးမှာ သူ့လက်တွေက ရောင်ရမ်းပြီး ဒဏ်ရာ ရသွားတယ်..သူက အရှက်မရချင်လို့ ဆိုင်ကို မလာတော့တာ"

"မင်းတို့ကတော့ သိမှာမဟုတိဘူး ဒါပေမယ့် ဒေါက်တာကတောင်..အခြေအနေ မကောင်းရင် သူ့လက်တွေ တသက်လုံး သုံးမရ ဖြစ်သွားနိုင်တယိလို့ပြောတယ်.."

လူလိမ် ထျနိ ရဲ့ အမူအရာတွေက အကယ်ဒမီပေးလို့တောင် ရနိုင်လောက်ပါတယိ..သူ့ ပုံစံဟာ အသဲကွဲနေတဲ့ ပုံပေါ်ပြီး..သူ့နောက်ဆုံးစကားကတော့ တကယ့် အဓိကပါပဲ။

လူအုပ်ကြီးဟာတော့ အံ့သြလွန်းလို့ မေးရိုးတွေ တောင်ပြုတ်ကျ သွားကြပါပြီ။

သူတို့လဲ ဒီကိစ္စကို သိထားကြပါတယ် ...အဲ့အချိန်တုန်းက အဲ့နေရာမှာ လူတွေ အများကြီး ရှိနေပြီး..သူတို့ သူဌေးလေးကို မတွေမိကြပဲ..သူဌေးလေး ဒီလို တံခါးကို ဖွင့်လိုက်တာကိုလည်း မသိမထားမိကြပါဘူး။

"ကြည့်..သူဌေးလေးက ကလေးကို ကယ်ဖို့အတွက်နဲ့ လက်တွေတောင် ပျက်စီးလုနီးပါးပဲလေ..ဒါကို မင်းတို့တွေက သူဌေးလေး..မောက်မာတယိလို့ ပြောနေတယ်..မင်းတို့ နှလုံးသားတွေ ဘယ်လိုတောငိ ဆိုးရွားနေတာလဲ ငါမသိတော့ဘူး"

"ငါလည်း မနေ့က အဲ့မှာရှိနေတာ..အခြေအနေက အတော်စိုးရိမ်ရပြီး ကလေးက ပြတင်းပေါက်မှာ ငြိနေတာ..တကယ်လို့ သူဌေးလေးသာ မကူညီရင် ကလေးကို ကယ်နိုင်မှာ မဟုတိဘူး။ငါကြားတာတော့ မိသားစုကလည်း ကယ်ပေးတဲ့ လူကို ရှာဖွေနေကြတယ်တဲ့..သူတို့က သူဌေးလေးကို ကျေးဇူးတငိချင်နေကြတာ"

အစတုန်းက လင်းဖန်ကို သံသယ ဖြစ်နေတဲ့ လူတွေဟာလည်း ရှက်ကိုးရှက်ကန်း ခံစားလိုက်ကြရပါတယ်။

"ဒီလိုတွေ ဖြစ်သွားတာပေါ့..ငါတို့ သူဌေးလေးကို နား လည်မူလွဲသွားကြတာပဲ"

တစ်ချို့ လူတွေဟာ ခေါင်းလေးတွေ ငုံ့ထားကြပြီး သူတို့ အစောက ပြောခဲ့တာတွေကို နောင်တရနေကြပါပြီ။ဒါက အတော်ကို ရှက်ဖို့ ကောင်းတဲ့ အရာပါ။

........

ရှော့ပင်းစင်တာ တစ်ခုတွင်။

လင်းဖန် သူ့ရှေ့က အက်ျီကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်။

"ဒါလေးက အတော်ကောင်းတယ်...ဒါကို ဝတ်လိုက်ရင် အနည်းငယ် တောင် နုပျိုသွားသလိုပဲ"

ဘေးနားက အရောင်းမိန်းကလေးဟာ ရယ်မောလိုက်ပြီး...

"လူချောလေး..တကယ်လို့ ရှင်သာ နည်းနည်း ငယ်ရင် ကောလိပ် စာမေးပွဲ ပြန်ဖြေလို့ရတယ်"

လင်းဖန် ရယ်မောလိုက်တယ်။

"ဒါလေးပေးပါ"

အရောင်း မိန်းကလေးဟာ အက်ျီကို အိပ်ထဲ ထည့်ပေးလိုက်တယ်...ငွေပေးချေတဲ့ အချိန်မှာတော့ လင်းဖန် သူ့ပိုက်ဆံ အိပ်ကို နှိုက်လို့ မရတော့ပါဘူး..ဒါကြောင့် သူ့လက်အိပ်တွေကို ချွတ်လိုက်ပါတော့တယ်။

ယင်းနောက် သူ့ရဲ့ ရောင်ကိုင်းနေတဲ့ လက်တစ်စုံဟာ ပေါ်ထွကိလာခဲ့ပြီး..အရောင်းမိန်းကလေး ကို အံ့သြသင့်စေခဲ့ပါတယ်။

လင်းဖန် အရောင်းမိန်းကလေးရဲ့ အံ့သြနေတဲ့ မျက်နှာ အမူအရာကို တွေ့လိုက်ပြီး..

"မဟုတ်တာတွေ လျောက်မတွေးနဲ့နောိ မိန်းမလှလေး..လက်တွေ ဒီလို ဖြစ်နေတာက သူ့အကြောင်းအရင်း နဲ့သူရှိတယိ"

="အိုကေ အိုကေ"

အရောင်း မိန်းကလေးဟာ သူမ နားလည်တယိ ဆိုတဲ့ ပုံစံနဲ့ ခေါင်းညိမ့်ပြလိုကိပါတယ်။

လင်းဖန် ကြည့်လိုက်ပြီး..

အာ.. ငါမရှင်းပြတာကမှကောငိးဦးမယ်..နဂိုကတည်းက ရှုပ်ထွေးနေတာကို ..အနည်းဆုံးတော့ မနေ့ကထက် သက်သာပြီး အရောင်လျော့နေပါပြီလေ..

အင်တာနက်ပေါ်တွင်။

"တစ်ယောက်ယောက် ပြောကြစမ်းပါ..ဒါက ကွန်ပြူတာ အထူးပြုလုပ်ချက်တွေလား ဆိုတာ"

"ငါ့ဖင်ကသာ အထူးပြုလုပ်ထားတာလေ..မင်း သတငိးမဖတ်ဘူးလား"

"သူ ပထမ တံခါးကို အလျင်အမြန်ဖွင့်ပြီး ဒုတိယ တံခါးကို ရိုကိဖွင့်တာကတော့ ကြောက်စရာကြီး"

"ဟုတ်တယ်..ဒါမျိုးလုပ်ဖို့ ခွန်အားတွေ ဘယ်လောက်တောင် ရှိရမှာလဲ မသိဘူး"

"ကံကောင်းချင်တော့ ကလေးက ကယ်တင်ပြီးသွားပြီ..လူငယ်လေးကတော့ လေးစားစရာပဲ"

"လေးစားတယ် ..သူက ငါ့ရဲ့လေးစားမူတွေကို ရသွားပြီ"

"ခနလေး မင်းတို့ ဒါဘာကို ဆိုလိုတာလဲ သဘော မပေါက်ကြဘူးလား"

"ယွဲ့့မားလော့ခ်"

"အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါး"

"A အဆင့် ဆယ်လီ ချောချောလေး ပြောတာတော့ သော့ပြင်တဲ့ မာစတာ အယောက်တစ်ရာ ပေါင်းဖွင့်တာတောငိ မရဘူးတဲ့..ဆုငွေက ဒေါ်လာ နှစ်သန်း တောင်နော်"

"ယွဲ့မားလော့ခ်..မိနစ် ငါးရာ..."

.....

အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါး ကုမ္ပဏီမှ ဝန်ထမ်းများ အောင်ပွဲခံ နေကြသည့် နေရာမှာတော့။

မရေမတွက်နိုင်တဲ့ အလုပ်သမား များဟာ သူတို့မျက်နှာပေါ်မှာ အပြုံးလေးတွေ ကိုယ်စီနဲ့ ရှိနေခဲ့ကြပါတယိ။ပြီးခဲ့တဲ့ လက ကြိုးစားမူတွေကို နောက်ဆုံးတော့ ခံစားကြရပါပြီ။

A အဆင့် မောဒယ်နဲ့ အတူ ဆုကြေးငွေ ဒေါ်လာ နှစ်သန်းပါ ပေါင်းစပ်လိုက်တဲ့ အခါမှတော့ မအောင်မြင်စရာ အကြောင်း မရှိတော့ပါဘူး။

အင်တာနက် ရှာဖွေမူ နှုန်းကလည်း ဒုံးကျည်တစ်ခုလို ထိုးတက်နေခဲ့ပြီး..သူတို့ ကြော်ငြာ စထုတ်လွင့်ပြီး ကတည်းက မရေမတွက်နိုင်တဲ့ အလုပ် ဖုန်းးကော တွေကို လက်ခံရရှိခဲ့ပြီးပါပြီ။

သူတို့အများစုဟာ ပထမ အဆင့်မြို့ကြီးတွေက ဖြစ်ပြီး..တစ်ချို့ ဒုတိယ..တတိယ အဆင့် မြို့တွေ လည်း ပါဝင်လို့ပါ။

ဒါက အခုလို ကြော်ငြာခြင်းရဲ့ အဓိက တိုးတက်မူပါပဲ။

အဆင့်မြင့် ကျားသစ် တံခါးတွေဟာ စျေးကြီးပေမယ်လည်း ​ေစျးကွက်ရဲ့ အသိအမှတ်ပြုမူကို လက်ခံရရှိပြီးသားပါ။

သူတို့ အလုပ်စလုပ်ကတည်းက အဆင့်မြင့် ကျားသစ် လက်ဗွေ စနစ် တံခါးတပ်ဆင်ထားတဲ့ အိမ်ကို ဘယ် သူခိုးမှ..အခိုးခံရတာ မကြုံဘူးသေးပေ။

ဒီ အောင်ပွဲခံပွဲမှာ ခေါင်းဆောင်တွေပါ ရောက်ရှိနေကြပြီး..သူတို့ မျက်နှာမှာ မပြုံးလေးတွေ ကိုယ်စီ ရှိနေခဲ့ကြပါတယ်။

A အဆင့် ဆယ်လီကို ငှားရမ်းရတာ ငွေအတော် ကုန်ကျ ပေမယ့်လည်း..ဒါနဲ့ ထိုက်တန်တဲ့ အောင်မြင်မူကို ပြန်ရခဲ့တာ ပါပဲ။

အဆင့်မြင့် ကျားသစ် လက်ဗွေ စနစ် တံခါး ကုမ္ပဏီရဲ့ အကြီးအကဲ တစ်ယောက်ဟာ..မျက်နှာမှာ အပြုံးးလေး တစ်ခု ဆင်မြန်းလိုက်ပြီး....

"အားလုံးပဲ စခရင်ကို ကြည့်ကြပါဦး..မနက်ကနေ အခုချိန်အထိ ဆယိနာရီ ကုန်သွားပြီ..အခု ငါတို့ရဲ့ ထုတ်ကုန်ကို ရှာဖွေမူနှုန်း ဘယ်လောက်မြင့် သွားလဲ ကြည့်ရမယ့် အချိန်ပဲ"

အကြီးအကဲ ဟာ အချိန်ခန စောင့် နေပြီးမှ ကီးဘုတ်ပေါ်က ခလုတ်တစ်ခုကို နှိပ်လိုက်ပါတယိ။

စခရင်ဟာ တဖြည်းဖြည်း ပြောင်းလာပြီး ဘိုင်တုပေါ်က ရှာဖွေမူ နှုနိးကို ဖော်ပြပေးပါတော့တယိ။

"ဝိုး.."

"အတော် မြင့်လာတာပဲ"

"အခုက တစ်ရက်ပဲ ရှိသေးတယ် နောက်ရက်အနည်းငယ်ဆို ဘယ်လောက်တောင် တက်လာလိမ့်မလဲ"

"ဟားဟား ၂၂၀၀ % ကွ ငါတို့ရဲ့ မားကတ်တင်း အစီစဥ်က အောင်မြင်ပြီ"

"ဟုတ်တယ် ဒီရက်တွေ ကြိုးစားခဲ့တာ အလဟသ မဖြစ်ဘူး"

အကြီးအကဲ ဟာပြောလိုက်တယိ။

"ကုမ္ပဏီမှာ ရှိတဲ့ လူတိုင်းကို ကျေးဇူးတငိပါရစေ..မင်းတို့ရဲ့ ကြိုးစားမူတွေ ကြောင့်သာ မယုတ်ရင် ဒီအဆင့်အထိ ရောက်လာနိုင်မှာ မဟုတ်ဘူး"

"ငါတို့အခု ဆုနဲ့ အတူ မေးခွန်းလေး တစ်ခုမေးမယ်၊ ဘိုင်တု ရဲ့ ရှာဖွေမူ တွေထဲမှာ ဘယ်တစ်ခုက ဟော့စ် အဖြစ်ဆုံးလဲ..မင်းတို့ရဲ့ အဖြေတွေကို ရေးချလိုက်ပါ..ဌာန တစ်ခုကို အဖြေတစ်ခုရှိရမယ်"

ဌာန တစ်ခု ချင်းစီက အလုပ်သမားများဟာ စတင်ဆွေးနွေး လိုက်ကြပေမယ့် သူတို့ရဲ့ အဖြေတွေကတော့ အကုန်နီးပါး တူညီသလောကိရှိကြပါတယ်။

"ဘာလို့ လျှပ်စစ် လက်ဗွေ တံခါးက လုံခြုံတာလဲ"

"အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါးဟာ ဒီနိင်ငံမှာ အလုံခြုံဆုံး တံခါးလား"

"လျပ်စစ်တံခါးဆိုင်..အဆငိ့မြင့် ကျားသစ် လက်ဗွေစနစ် တံခါးကို ရွေးချယ်သင့်လား"

များပြားလှတဲ့ အဖြေတွေ ဆွေးနွေးခဲ့ကြပါတယ်။

.......

အကြီးအကဲဟာ စိတ်ကောင်း ဝင်နေခဲ့ပြီး

"အခု ဌာန အားလုံး အဖြေကို လာပို့ကြတော့..အခုက အဖြေကို အားလုံးကြည့်ရမယ့် အချိန်ပဲ..ဘိုင်တုမှာ ရှာဖွေ မှုမြင့်နေတာက ဘယ်အကြောင်းအရာ ဖြစ်မလဲဆိုတာ စခရင်ပေါ်မှာ ကြည့်လိုက်ရအောင်"

သူဟာ ကီးဘုတ်ကို နိပ်ပြီး ကလစ်ကို ထောက်လိုကိပါတယိ။

ရုပ်ပုံဟာ ပြောင်းလဲသွားကာ.....

လူတိုင်းဟာ ဒီအဆိုင်မှာ အသက်ရူကို ရပ်တန့်ထားကြပြီး ..အဖြေကို ရင်တထိပ်ထိပ် စောင့်နေကြပါတယိ..ဒီအချိန်က သမိုင်းဝင်မဲ့ အဖြစ်အပျက်ကို စောင့်ကြည့်နေရ သလိုပါပဲ။

All Chapters