← Chapters

စိန်ခေါ်မူ

Vol. 11 Ch. 161

စိန်ခေါ်မူ

Vol. 11 Ch. 161

ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် မတုန့်ပြန်နိုင်ခင်မှာပဲ ယေက်ျားတစိယောက်နဲ့ မိန်းမတစ်ယောက်ဟာ သူ့ရဲ့ လက်ကို တစ်ဖက် စီ ဖမ်းဆွဲလိုက်ပြီး.

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတငိပါတယိ"

"ရပါတယ် ရပါတယ်..နာလို့ပါ..အမယ်လေး"

လင်းဖန် အသက်ပြင်းပြင်း ရူပြီး နာကျင်မူကို တောင့်ခံလိုက်တယ်။

ဘေးနားက လူများဟာ အလျင်အမြန်ပဲ ဝင်ပြောလိုက်ကြပါတယိ။

"မာစတာ လင်းရဲ့ လက်ကို လွှတ်လိုက်ကြ..သူက တံခါးကို ထိုးဖွင့်ထားရလို့ လက်ကြီး ရောင်ကိုင်းနေတာ..."

လင်မယား နှစ်ယောက်ဟာ ဒါကို ကြားကာ အလျင်အမြနိလွှတ်ပေးလိုက်ကြပြီး. အလျင်အမြန်ပဲ တောင်းပန်လိုက် တယ်။

"တောင်းပန်ပါတယိ..ကျွန်တော်တို့ တကယ်မသိလို့ပါ"

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ပြသနာ ကြီး မဟုတ်ပါဘူး..ဒီကိစ္စတွေက ပြသနာ သေးသေးလေးပါ..ဒီလောက်ထိ မလိုပါဘူး"

သူကသာ အသေးအမွှားလေးလို့ ပြောနေခဲ့ပေမယ့် ဒီလ င်မယားနှစ်ယောက် အတွက်ကတော့ အသေးအမွှားလေး မဟုတ်ပါဘူး..လင်းဖန်က သူတို့ကလေးရဲ့ ကယ်တင်ရှင်ပါ..သူတို့ ကျေးဇူးမတင်ပဲ မနေနိုင်ကြပါဘူး။

သူ့ရဲ့ လက်တွေဟာ လညိး သူတို့ကလေးကို ကယ်တင်ဖို့နဲ့ ရောင်ကိုင်းခဲ့ရပါသေးတယိ။တကယ်လို့ ကျေးဇူးတရားကို သာ နည်းနည်းလေး သိတဲ့ လူဆိုရင်...ဒီတိုင်းထားလိုက်ဖို့ ဆိုတာ မဖြစ်နိုသ်ပါဘူး။

သို့ပေမယ့် ကမ္ဘာပေါ်မှာ ကျေးဇူးမသိတတ်တဲ့ လူတွေ အမှန်တကယ်ရှိကြပါတယ်...တကယ်လို့ အဲ့လိုလူမျိုးတွေ ဆိုရင်..ကယ်တင်ပေးတဲ့ လူကို ကျေးဇူးမတင်တဲ့ အပြင်..ဘယ်သူက ကယ်ခိုင်းလို့လဲ လို့ ပြန်မေးခွန်းထုတိကြမှာပါ။

ဒါပေါ့ ဒီလို လူမျိုးတွေက ရှားပါတယိ..နေရာတိုင်းမှာသာ ရှိနေရင် သောက်ပြသနာ ပါပဲ။

ဒီ စုံတွဲက ပိုက်ဆံ မရှားကြပါဘူး..သူတို့နေနေတဲ့ တိုက်ခန်းက ဆင်းရဲတဲ့လူတွေ အနားမကပ်နိုင်တဲ့ နေရာတစ်ခုပါ။

သူတို့ဟာ လင်းဖန်ကို ပိုက်ဆံပေးဖို့ နဲ့ ညစာလိုက်​ကျွေးဖို့ ကမ်းလှမ်းပေမယ့်လည်း လင်းဖန်ရဲ့ ငြင်းပယိခြင်းကို ခံလိုက်ရပါတယ်။

လင်းဖန် ကိုယ်တိုင်လညိး ဒီလောက်ထိ မလိုဘူးလို့ ခံစားလိုက်ရလို့ပါ..သူ အကြိမ် အနည်းငယ် ငြင်းပယ်ပြီးနောက်မှာတော့ စုံတွဲဟာ ကျေးဇူးတင်စကားသာ ပြောပြီး ထွက်သွားကြပါတော့တယ်။

သူတိူ့နှစ်ယောက်ပြန်သွားမှ လင်းဖန် စိတ်သက်သာရာရသွားပြီး ..ဆိုင်ထဲကို ပြန်ဝင်ကာ အနားယူလိုက်တယိ..ဘဝက အဓိပါယ်ရှိအောင် နေတတ်ရင် အတော် ကောင်းမွန်ပါတယ်။

သူ ဆိုင်မှာ ရှိနေတာကသာ အကောင်းဆုံးပါ..သူတစ်ခြားနေရာ တွေ လျောကိသွားနေရင်တောင် လုပ်စရာ ဘာမှ မရှိပါဘူး..ဒါကြောင့် သူ ဆိုင်မှာပဲ နေပြီး တစ်ခြားလူတွေနဲ့ စကားပြောဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

သူ အင်တာနက် ပေါ်က သတင်းတွေကို မြင်တဲ့ အချိန်မှာတော့ ဘာပြောရမှနိးတောငိ မသိတော့ပေ။သူ စွယ်စုံကျမ်းကို ရပြီး တဲ့ အချိန်ကစပြီး သတင်းတွေ အများကြီး ဖန်တီးခဲ့တယိလို့ တောင် ပြောလို့ရပါတယ်။

သူ့ ဝိုက်ဘိုမှာလည်း ပရိတ်သတ်တွေ အများကြီး ရှိနေပြီး ...သူတို့ဟာ အဆက်မပြတ်ချီးကျုး နေကြပါသည်။

သူဒီလို အရာတွေနဲ့ ရင်းနှီးနေခဲ့ပါပြီး..ဒီလို ချီးကျူးမူတွေက သူ့အတွက်တော့ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။

သော့ခ် ကုမ္ပဏီ နှစ်ခုအပေါ် ကျရောက်သွားတဲ့ ပုံရိပ်ဆိုးတွေ အတွက်ကတော့..သူလည်း ဘာမှ မတတ်နိုင်ပါဘူး။လင်းဖန် သူ့မှာ အပြစ်ရှိတယ်လို့လည်း မခံစားရပေ..စွယ်စုံကျမ်းကပဲ စောက်ရမ်းတွေ ကြမ်းတမ်းနေတာပါ။

ထပ်ပြောရရင် အဲ့အချိန်က အတော် အလျင်လိုနေပြီး မြန်မြန်ပြီးလေး ကောင်းလေပါပဲ။

....

ရက်အနည်းငယ်ကြာပြီးတဲ့ နောက်မှာ လင်းဖန်ရဲ့ လက်ဟာ အနည်းငယ် ပြန်ကောင်းမွန်လာခဲ့ပါပြီ..သို့ပေမယ့် အနည်းငယ် ရောင်နေတုနိးပါ။ရောင်နေတယ် ဆိုပေမယ့် လည်း သေချာ အာရုံမကြည့်ရင် မမြင်ရပါဘူး။

မြို့သူ မြို့သားတွေဟာ နေ့တိုင်းလိုလို ဆိုင်ကို ရောက်လာကြပြီး လင်းဖန်နဲ့ စကားပြောလေ့ရှိကြပါတယိ။သူတို့ဟာ ပန်ကိတ် ရောင်းတာ ရပ်ထားမှန်း သိကြပေမယ့်လည်း..ဒီမှာလာတန်းစီတာက နေ့စဥ် အကျင့်တစ်ခုလို ဖြစ်နေပြီး..ဒီကို မလာရရင် သက်သောင့်သက်သာ မရှိကြပါဘူး။

လူလိမ် ထျန်ဟာ ဖုန်းကို လင်းဖန်ကို ပြလိုက်ပြီး

"ကြည့် အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါး ကုမ္ပဏီ က မင်းကို ပြသနာ ရှာချင်နေတဲ့ ပုံပဲ"

လင်းဖန် ဖုန်းကိုယူကြည့်လိုက်တယ်။

"သူတို့က လေးစားမူတောင် မရှိကြဘူး..သူတို့လာစေချင်တိုင်း ကျုပ်က လာရမှာလား"

လူလိမ် ထျန်ဟာ ခေါင်းညိမ့်လိုက်ပါတယ်။

"ငါလည်း အဲလိုပဲ ထင်တယ်..ငါတို့က ဘာလို့သွားရမှာလဲ..ကြည့်ရတာ သူတို့ ဘာလုပ်ရမှန်းမသိတာနဲ့ ဒီလိုပြောလိုက်တာ ထင်တယိ"

ဒီရက်ပိုင်းအတွင်းမှာတငိပဲ အဆင့်မြင့် ကျားသစ် လက်ဗွေ တံခါးဟာ အတော်​ကျော်ကြားလာခဲ့တယိ။နေ့တိုင်းသတင်းတွေက ဒီတံခါးရဲ့ အရည်အသွေး အကြောင်းတွေပါ။

အဆင့်မြင့် ကျားသစ် ကုမ္ပဏီဟာ ဝိုက်ဘို ပေ့ကနေ အချက်အလက်အသစ်တွေ ရေးတင်ခဲ့ပါတယ်..သို့ပေမယ့် သူတို့ ဘယ်လောက်ပဲရေးတင်တင် ဗီဒီယိုကို ကြည့်ပြီး ထား တဲ့ လူတိုင်း ဘယ်သူမှ မယုံကြည်ကြပါဘူး။

အဆင့်မြင့် ကျားသစ် လျပ်စစ် လက်ဗွေစနစ်ကုမ္ပဏီ..

"ကျွန်တော် တို့ မာစတာ လင်းကို ဖိတ်ခေါ်ထားပြီး သတင်းထောက်တွေ ရှေ့မှာတင်ပဲ ချဲလန့် ခေါ်ချင်ပါတယ်။ကျွန်တော်တို့ရဲ့ အဆင့်မြင့် ကျားသစ် လက်ဗွေ စနစ် တံခါးကို ဖွင့်ရမှာ ဖြစ်ပြီး..တကယ်လို့ ဖွင့်နိုင်ခဲ့ရင် ဒေါ်လာ နှစ်သန်း ဆုချမှာပါ။

ဒီပို့စ်ဟာ ဝိုက်ဘိုပေါ်ကို ရောက်သွားပြီး လင်းဖန်ရဲ့ ဝိုက်ဘို အကောင့်ကိုပါ တပ် တွဲထားပါတယိ။

အဆင့်မြင့် ကျားသစ် ကုမ္ပဏီ အတွက်ကတော့ သူတို့ ဒီကိစ္စကို သာ မဖြေရှင်းရင် သူတို့ရဲ့ ကုန်ပစ္စည်းဟာ စျေးကွက်ထဲမှာ ဟာသ ဖြစ်နေတော့မှာပါ..ဒါက သူတို့ လင်းဖန်ကို ချဲလန့် ခေါ်ရတဲ့ အကြောင်းအရင်ပါပဲ။

လင်းဖန်ရဲ့ အဖြေက : ကျုပ်မအားဘူး..

အဆင့်မြင့် ကျားသစ် ကုမ္ပဏီရဲ့ ရှေ့မှာတော့ သတင်းထောက် တစိယောက်ဟာ..

"မေးပါရစေ..အကြီးအကဲ ကျုံး..အဆင့်မြင့် ျကားသစ် လက်ဗွေစနစ် တံခါး ဆယ်ချက်ထဲနဲ့ ရိုက်ဖွင့်ခံရတဲ့ အပေါ်ဘာများပြောချင်ပါသလဲ ရှင့်..ဒီအပေါ်မှာ ကြော်ငြာသလောက် အရည်အသွေး မကောငိးဘူး ဆိုတဲ့ စကားတွေ လည်း ပြန့်နေခဲ့ပါတယိ.."

အကြီးအကဲ ကျုံးဟာ သတင်းထောက်ကို မျက်နှာမူလိုကိပြီး

"ကျုပ်တို့ ဒီကိစ္စကို သိပြီးပါပြီး..ဒီ အဆင့်မြင့် ကျားသစ် လက်ဗွေစနစ်တံခါး တွေက ကုမ္ပဏီရဲ့ အဓိက ထုတ်ကုနိတွေပါ..ဒီအရည်အသွေးကို နိုင်ငံကလည်း အသိအမှတိပြုထားပြီးပါပြီ..ဒါက ဘာပြသနာ မှ မရှိပါဘူး"

သတင်းထောက်ဟာ ထပ်မေးလိုက်တယိ။

"အကြီးအကဲ ကျုံး စျေးကွက် အချက်အလက်တွေ အရ..ကုမ္ပဏီရဲ့ ရောင်းအားတွေဟာ ထိုးကျသွားပြီး ကာစတန်မာ အများစုက ငွေပြန်တောငိးနေတာ ဟုတ်ပါသလား"

အကြီးအကဲ ကျုံးဟာ ပြန်ပြောလိုက်တယ်

"ချစ်လှစွာသော သတင်းထောက်..ကျွနိတော် တို့ရဲ့ ရောငိးအားက အရမ်းကြီး ထိုးမကျသွားပါဘူး..ငွေပြန်တောငိးနေကြတဲ့ လူတွေကလည်း ကျွတ်တော် တို့ ထုတ်ကုန်အကြောင်း နားမလည်လို့ ဖြစ်ပါလိမ့်မယ်..ကျွန်တော်တို့ ဘက်က သုံးစွဲသူတွေကို အခကြေးငွေ အရင်ဆုံး မပေးခိုင်းတော့ပါဘူး ..အရင်ဆုံးသုံးကြည့်ပြီး တစ်နှစ်အတွင်း သူခိုးဖောက်ထွငိးခံရရင် ကျွန်တော် တို့ အပြည့်အဝ တာဝန်ယူပါ့မယ်"

သတင်းထောက်ဟာ ခေါင်းညိမ့်လိုက်ပြီး ကုမ္ပဏီရဲ့ တုန့်ပြန်မူ အပေါ် အံ့သြနေခဲ့ပါတယိ။

"အကြီးအကဲ ကျန်း, ကုမ္ပဏီရဲ့ ချဲလန့်ခေါ်မူကို မာစတာ လင်းက မအားသေးဘူးလို့ တုန့်ပြန်တာနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲ သိပါရစေ"

"ကျွန်တော် တို့ ကုမ္ပဏီဟာ အကုန်ပြင်ဆင်ပြီး မာစတာ လင်းရှိတဲ့ ရှန်ဟိုင်းကို အလည်သွားပါ့မယ်..တကယ်လို့ မာစတာ လင်းဖွင့်နိုင်ခဲ့ရင် ဒေါ်လာ နှစ်သန်းက ဆုလာဒ်ပေါ့"

သတင်းထောက်ဟာ မေးလိုက်တယိ။

"တံခါးတွေ အပေါ် ယုံကြည်မူရှိရဲ့လားဗျ..မာစတာ လင်းက လက်နဲ့တင် ဖွင့်သွားတာ ဆိုတော့လေ"

အကြီးအကဲ ကျုံးဟာ ရယ်မောလိုက်ပြီး.

"ကျွန်တော်တို့ရဲ့ ထုတ်ကုန်အပေါ် ယုံကြည်မူရှိတာပေါ့...လေ့လာမိသလောက်တော့ မာစတာ လင်းက ကိုယ်ခံပညာ ကျွမ်းကျင်တယ် လို့ သိထားတယ်..ဒါပေမယ့် လက်နဲ့တငိ ရိုက်ဖွင့်ဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အရာတော့မဟုတ်ပါဘူး။သို့ပေမယ့် သူက ဆယ်မိနစ်အတွင်း လုပ်နိုင်တယ်လို့ ပြောတယိလေ..ဒါကို ကျုပ်တို့ ကုမ္ပဏီက တစ်ယောကိမှ မယုံကြည်ကြပါဘူး..ကျုပ်တို့ရဲ့တံခါးတွေဟာ အကောင်းဆုံးဖြစ်ပြီး.ဘယ်ထုတ်ကုန်ထက်မှ မနိမ့်ကျဘူးဆိုတာ သက်သေပြပါ့မယ်"

......

အားလုံးပြီးတဲ့ နောက်မှာတော့ သတင်းထောက်တွေဟာ သတင်းကို အင်တာနက်ပေါ်တင်လိုက်ကြပါတယိ။

ပြည်သူတွေအတွက်ကတော့ လက်ရှိအချိနိမှာ ဒီသတင်းကလွဲပြီး ဘယ်သတငိးကိုမှ စိတ်မဝင်စားကြပါဘူး..လူအများစုဟာ မာစတာ လင်းပတ်သက်နေတာကို သိထားကြပြီး အဆုံးထိ စောင့်ကြည့်ချင်နေကြပါတယိ။

မာစတာ လင်း ဆယ်မိနစ်အတွင်းဖွင့်ပြပြီ..ဒေါ်လာ နှစ်သန်း ရသွားနိုင်မလား...

All Chapters