' 666 ' လို့ အားပေးနေကြသည့် ပရိသတ်များ
Vol. 11 Ch. 162
ဘာသာပြန် = စနိုးဝှိုက်
ဆေးရုံတစ်ခုတွင်။
ကျောက်ကျန်းယန် အတွက်ကတော့ ဒီနေ့က မျှော်လင့်စောင့်စား နေရတဲ့ နေ့လေးတစ်နေ့ပါပဲ။သူ ခွဲစိတ်မူ အပြီး.. ဒီနေ့မှာတော့ ဆေးရုံကနေ ဆင်းခွင့် ရခဲ့ပါပြီ။
ဒေါက်တာဟာ ပြောလိုက်တယိ။
"ဂုဏ်ယူပါတယ် မင်းအခုတော့ ဆေးရုံကနေ ဆင်းလို့ရပြီပေါ့"
ဆေးရုံ ကုတင်မှာ မသာမယာ မျက်နှာနဲ့ လှဲနေတာ ကျောက်ကျန်းဟာယန်ဟာ ဒါကိုကြားကာ ပြုံးလိုက်ပြီး..ဖုန်းကင်မရာကို ကြည့်ကာ ပြောလိုက်တယ်
"မင်းတို့ ကြားကြရဲ့လား...မင်းတို့ရဲ့ အစ်ကိုယန်က နောက်ဆုံးတော့.ဆေးရုံကနေ ဆင်းရတော့မယ်"
တိုက်ရိုက်ကြည့်နေကြတဲ့ ပရိတ်သတ်များဟာ ချက်ချင်း စိတ်လှုပ်ရှားလာ ခဲ့ကြပါတယိ။သူတို့ဟာ ကျောက်ကျန်းယနိ စပြီးမခွဲစိတ်ခင်ကနေ အခုအထိ..ကျောက်ကျန်းယန် ရောဂါကို ဘယ်လို တိုက်ခိုက်လဲ အတူစောင့်ကြည့် လာတဲ့ လူတွေပါ။
"ဂုဏ်ယူပါတယ် အစ်ကို ယန်..ဘဝ အသစ်စနိုင်ပါစေ"
"အစ်ကိုယန် ..အနာဂတ်မှာ မာစတာ လင်း ဆီကိုသွားပြီး တိုက်ရိုက် ထုတ်လွင့်သင့်တယ် ..သူ့ကအတော် အောင်မြင်နေတာ"
"မိုက်တယ်..ထောက်ခံတယ်"
ဘေးနားမှာ ရပ်နေတဲ့ ဒေါက်တာတောင် ပျော်ရွှင်မူတွေ ကူးစက်သွားခဲ့ပါတယ်..ဒီလိုမျိုး နှလုံးသား သန်မာတဲ့ လူနာက တွေ့ဖို့ အတော်ခဲယဥ်းတာပါ။
"ကောင်လေး အနာဂတ်မှာ လေ့ကျင့်ခန်းများများလုပ်ပြီး အစားအသောက်ကို ဂရုစိုက်..ဒီကို မကြာခန ပြန်လာပြီး ဆေးစစ်ဖို့လည်း သတိရဦး.."
ကျောက်ကျန်းယန် ခေါင်းညိမ့်လိုက်တယ်။
"ကျေးဇူးပါ ဒေါက်တာ...ဒီရက်ပိုင်း ဒုက္ခ ပေးမိသလို ဖြစ်သွားပြီ.."
ကျောက်ကျန်းယန်ရဲ့ မိဘတွေဟာလည်း ဝမ်းသာနေကြပါတယ်..ဆေးရုံတက်နေရတဲ့ အချိန်တုန်းကဆိုရင် သူတို့သား အရင်ကလောက် မတက်ကြွမှာကို စိုးရိမ်နေခဲ့ကြတာပါ။
ဆင်းရုံမှ ဆငိးပြီးနောက်တွင်။
"ဒါက အပြင်က လေထုပဲ..တကယ်ကို လတ်ဆတ်တယ်."
ကျောက်ကျန်းယန်ဟာ အသက်ကို ပြင်းပြင်းရူကာ တစ်ဖက်ကို လှည့်လိုက်ပြီး.
"အဖေ..အမေ .အိမ်ကို ပြန်နှင့်လိုက်လေ..သားလမ်းလျောက်လိုက်ဦးမယ်"
"ယန်ယန်.သားက အခုမှ ဆေးရုံက ဆင်းလာတာလေ.ပိုပြီး အနားယူသင့်တယ်"
အမေကျောက်ဟာ စိုးရိမ်စွာ ပြောလိုက်တယ်။
"အမေ..စိတ်မပူပါနဲ့ ဒေါက်တာက သားကို လေ့ကျင့်ခန်း ပိုလုပ်ပြောတယ်လေ.လမ်းလျောက်တာက ပြသနာ ရှိမှာမဟုတ်ပါဘူး"
ကျောက်ကျန်းယန်ဟာ ပြန်ပြောလိုက်တယ်။အနည်းငယ် မှာကြားပြီးနောက်မှာ ကျောက်ကျန်းယန် ရဲ့ မိဘတွေဟာ ထွက်ခွာ သွားခဲ့ပါတယ်။
ယင်းနောက် ကျောက်ကျန်းယန်ဟာ သူ့ဖုန်းကို ကြည့်လိုက်ပြီး..
"သွားကြမယ်..မာစတာ လင်း အခြေနေ ဘယ်လိုရှိလဲ ကြည့်ကြတာပေါ့"
,
.....
တိမ်ဖြူလမ်းတွင်။
လင်းဖန်ရဲ့ လက်တွေဟာ အတော်ပြန်သက်သာလာပြီး..လက်အိပ်တွေ ထပ်ဝတ်ထားစရာ မလိုတော့ပါဘူး..သို့ပေမယ့် သူ့လက်ကို အားထည့်လိုကိရင် လက်က နာနေပါသေးတယ်။
ပန်ကိတ်အတွက်ကတော့..မြို့သားတွေဟာ နားလည်မူရှိကြပြီး သူပန်ကိတ်လုပ်ပေးဖို့ကို အလျင်မလို ကြပါဘူး။
သူတို့ဟာ နေ့တိုင်း ဆိုင်ကို ရောက်လာကြပြီး ..လင်းဖန်ရဲ့ လက် တိုးတက်မူကို ကြည့်ကြပါတယ်။
ရုတ်တရက် လင်းဖန်ဟာ အပြင်ဖက်က အသံတွေကို ကြားလိုက်ရတယ်...
"အားလုံးပဲ ဒါက တိမ်ဖြူလမ်းနော်..မာစတာ လင်းရဲ့ ဆိုင်ပဲ"
လင်းဖန် အပြင်ကို ထွက်ပြီး အခြေအနေကို တစ်ချက်ကြည့်လိုက်တယ်။
ကျောက်ကျန်းယန်ဟာ လင်းဖန်ကို တွေ့သွားပြီး အပြုံးလေးဖြင့်...
"မာစတာ လင်း..ကျွန်တော်ကို မှတ်မိသေးလား"
လင်းဖန်ဟာ ပြုံးလိုက်ပြီး..
"မှတ်မိတာပေါ့ တိုက်ရိုက် ထုတ်လွင့်တဲ့ ကောင်လေးပဲ..မင်းနေပြန်ကောင်းသွားပြီလား..အခြေနေဘယ်လိုလဲ"
"မာစတာ လင်း ကျွန်တော်ကို သတိပေးတာ ကျေးဇူးပါပဲ..မဟုတ်ရင် ကျွန်တော် တကယ်သေရမှာ"
ကျောက်ကျန်းယန်ဟာ တကယ် ကျေးဇူးတင်နေခဲ့တာပါ..ယင်းနောက် သူ ကင်မရာကို လင်းဖန် မျက်နှာကို ပြလိုက်ပြီး
"အားလုံးပဲ ဒါက မာစတာ လင်းနော်..စိတ်လှုပ်ရှားနေကြပြီလား"
,
တိုက်ရိုက်ထုတ်လွင့်မူ မှတ်ချက်ပေးသည့် နေရာမှာတော့ 666 တွေနဲ့ ပြည့်နှက်နေပြီး..လက်ဆောင်တွေ စတင်ပေးပို့ ကြပါတော့တယိ။
အသစ် ရောက်လာကြတဲ့ လူတွေဟာ လင်းဖန်ကို မသိကြပေမယ့်လည်း မှတ်ချက်တွေကို ဖတ်ပြီး လက်ရှိ နာမည်ကြီးနေတဲ့ တစ်ယောက်မှန်း သိလိုက်ကြပါတယိ။
ကျောက်ကျန်းယန်ဟာ မာစတာ လင်းရှေ့မှာ ရှိပြီး ပြောလိုက်တယ်။
"မာစတာ လင်း..ကျွန်တော် ခင်ဗျားနဲ့နေပြီး. တိုက်ရိုက်ထုတ်လွင့်လို့ရမလား.."
လင်းဖန် သံသယ ဖြစ်စွာ မေးလိုက်တယ်။
"တိုက်ရိုက် ထုတ်လွင့်မူ"
ကျောက်ကျန်းယန်ဟာ ခေါင်းညိမ့်လိုက်ပြီး..
"ဟုတ်တယ် ..မာစတာ လင်းရဲ့ နေ့စဥ်ဘဝကိုတိုက်ရိုက် ထုတ်လွင့်မှာ..စိတ်မပူပါနဲ့ ကျွန်တော် မာစတာ ရဲ့အလုပ်ကို မနှောက်ယှက်သလို..လျိုဝှက်ချက်တွေကိုလည်း ထုတ်မပြောပါဘူး"
"ငါ တစ်နေ့နေ့ ဘာမှသိပ်မလုပ်သလို..လျို့ဝှက်ချက်တွေလည်း မရှိပါဘူး"
လင်းဖန် ရယ်မောလိုက်ကာ..ကျောကိကျန်းယန်ရဲ့ ဖုန်းကို ယူလိုက်တယ်။သူဟာ ကင်မရာကို ကြည့် လိုက်ပြီး..
"ဟဲလို ..အားလုံးပဲ..ကျွန်တော် မာစတာ လင်းပါ"
အဲ့အချိန်မှာပဲ တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်နေကြတဲ့ လူတိုင်းဟာ စိတ်လှုပ်ရှားသွားခဲ့ကြပါတယ်။
"666 မာစတာ လင်းရေ နှုတ်ဆက်ပါတယ် ဗျာ"
"ငါတကယ် စိတ်လှုပ်ရှားနေတယ် ..မာစတာ လင်းနှုတ်ဆက်တာ ခံရပြီ"
"မာစတာ လင်းက အရမ်းရုပ်ချောတာပဲ ငါ့ကလေးနဲ့ ပေးစားပါရစေ"
"စကား အများကြီး မပြောကြရအောင် ..ငါကတော့ ဒုံးကျည် ၅၀ နဲ့ ကြိုဆိုလိုက်ပြီ .."
ဒါက လင်းဖန် ရဲ့ ပထမဆုံး တိုက်ရိုက်ထုတ်လွင့်ခြင်း ဖြစ်ပေမယ့် လည်း သူကြောက်ရွံ့မနေခဲ့ပါဘူး။
"ဒုံးကျည် ၅၀ အတွက်.ကျေးဇူးပါ..'နတ်ဘုရား ဟောင် ဖြစ်ချင်တဲ့ ကောင်လေး' ရေ..မင်းရဲ့ မွေးဖွားမူနံပါတ်ကို သာပြောရင် ငါမင်းအတွက် လက်ဆောင် အနေနဲ့ ဗေဒင်ဟောပေးပါ့မယ်"
"ဝိုး..ညီအစ်ကို နတ်ဘုရားဟောင်ရေ.. မင်းကတော့အတော် ကံကောင်းနေတာပဲ"
"ချီးပဲ မင်းကတော့ မာစတာ လင်းရဲ့ ဟောပြောမူကို ခံရတော့မယ်..အတော်ကံကောင်းတာပဲ"
နတ်ဘုရား ဟောင်ဖြစ်ချင်တဲ့ ကောင်လေး...
"ကျေးဇူးပါ မာစတာ လင်း ကျွန်တော်ရဲ့ မွေးဖွားမူ နံပါတ်ကို တော့ မသိဘူး..ဒါပေမယ့် ကျွန်တော်ရဲ့ မွေးနေ့က..9 ရက် ဂျွန် ..1991 ..မနက် ၇နာရီမှာ မွေးတာပါ"
လင်းဖန် ပြုံးလိုက်တယ်။
"ဒါက လုံလောကိပြီ"
ကျောက်ကျန်းယန်ဟာ ဘေးနားမှာ ရပ်နေပြီး မာစတာ လင်းဘယ်လောက်တော် လဲဆိုတာ ကြည့်နေခဲ့ပါတယ်။သူက ဗေဒင်ဟောတတ်ရုံသာမကပဲ..တိုက်ရိုက် ထုတ်လွင့်တာပါ ကျွမ်းကျင်နေခဲ့တာပါ။
တကယ်လို့ မာစတာ လင်းသာ ဒီလောကထဲဝင်လာရင်..သူလိုလူတောင် ခွက်ပျောက်သွားနိုင်ပါတယိ။
လင်းဖန် သိက္ခာရှိတဲ့ ပုံစံနဲ့..သူ့လက်ချောင်းတွေကို တွက်ချက်ဟန် ဆောင်လိုက်တယိ။ဒါကို မြင့်ကြတဲ့ လူတိုင်ဟာ အထင်ကြီးသွား ကြပြီး..
"တစ်ချက်ကြည့်လိုက်တာနဲ့ မာစတာ လင်းဘယ်လောက် ဆရာကျလဲ သိနိုင်တယ်..သူ့ လက်ထားတဲ့ ပုံက တကယ် ပုံမှန်မဟုတိဘူး"
"666 သူက အရာရာမှာတော် နေသလို ခံစားရတယ်"
.....
လင်းဖန် ပြုံးလိုက်တယ်။
"မနက်ခင်း တစ်ခုရဲ့ သိုးကလေး.မင်းရဲ့ကံတရားက မဆိုးပါဘူး။ စားဖို့ သောက်ဖို့အတွက်ကတော့ မပူနဲ့..ကိုယ့်ဘဝ အတိုင်းပဲ ကိုယ်နေ..မင်းအသက်သုံးဆယိရောက်တဲ့ အချိန်မှာ အဆင်ပြေတာတွေ ကြုံတွေ့ရလိမ့်မယ်..ဒါပေမယ့် နည်းနည်း ဝေးကွာနေသေးတယ်။ဒီရက်ပိုင်း မင်းမှာ လုပ်စရာ မရှိရင်..ပန်းခြံကို သွားကြည့်.မင်းနောက်ထပ် သိုးမလေး ကို တွေ့လိမ့်မယ်"
"စောက်ကျိုးနဲ့..ငါ့ရဲ့ သောက်လက်စ ၈၂ နှစ်သက်တမ်း ရေတွေတောင် ပြန်အန်ထွက်သွားတယ်..သိုးမလေး ဆိုတာက ဘာတုန်းဟ"
"ဟားဟားးး ဒါက အစ်ကို နတ်ဘုရားဟောင် က သိုးတစ်ကောင်ကို မဒိန်းကျင့်ဖို့ လုပ်နေတာ ဖြစ်နိုင်မလား"
"မင်းတို့ကောင်တွေ ဘာတွေ လျောက်တွေးနေတာလဲ..မာစတာ လင်းပြောချင်တာက ညီအစ်ကို နတ်ဘုရား ဟောင် အချစ်ရေးမှာ ကံကောင်းနေပြီး..ဆင်ဂယ် ဘဝကကျွတ် လိမ့်မယ်လို့ ပြောချင်တာ.."
နတ်ဘုရား ဟောင် ဖြစ်ချင်တဲ့ ကောင်လေးဟာ ပြောလိုက်တယ်။
"မာစတာ လင်း..ဒါက အမှန်ပဲလား။ကျွန်တော်ကိုတော့ မညာပါဘူးနော်..ကျွန်တော်က အိမ်တွင်းအောင်း တစ်ယောက်ဖြစ်ပြီး နေ့တိုင်း အိမ်ထဲမှာပဲ နေတာ..မိန်းကလေး သူငယ်ချင်းတစ်ယောက်တောင် မရှိဘူး"
လင်းဖန် ပြုံးလိုက်တယ်။
"သွားသာကြည့်ပါ..ငါညာတယ် ဆိုရင်တောင် အနည်းဆုံး ပန်းခြံမှာ..လတ်ဆတ်တဲ့ လေထုကို ရူရတာပေါ့ မဟုတ်ဘူးလား.."
နတ်ဘုရား ဟောင်ဖြစ်ချင်တဲ့ ကောင်လေးဟာ ပြန်ဖြေလိုက်တယ်။
"ကျေးဇူးပါ မာစတာ လင်း..ကျွန်တော်မှာ ငွေနည်းနည်းပဲ ပါလာတာ .ဒါပေမယ့် နောက်ထပ် ဒုံးကျည် ဆယ်ခုပို့လိုက်မယ်"
လင်းဖန် ကျောက်ကျန်းယန်ကို ဖုန်းပြန်ပေးလိုက်တယ်..တိုက်ရိုက်ထုတ်လွင့်တာက တကယ် စိတ်ဝင်စားစရာ ပါပဲ။
တိုက်ရိုက် ထုတ်လွင့်မူ ထဲမှာတော့ တစ်ချို့ ပရိတ်သတ်တွေဟာ..လက်ဆောင်တွေ ပေးပို့နေကြပါတယ်။
"မာစတာ လင်း..ကျွန်တော့်ကိုလည်း ဗေဒင် တွက်ပေးပါ.ကျွန်တော် ဒုံးကျည်ဆယ်ခု ပို့လိုက်တယ်"
"အာ..ကျွန်တော်က ဆင်းရဲတယ်. ဒီတော့ ဒါကြောင့် ဒုံးကျည် တစ်ခုပဲပို့နိုင်တာ။ကျွန်တော့်ကိုလည်း ဗေဒင် တွက်ပေးပါလား"
ကျောက်ကျန်းယန်ဟာ တိုက်ရိုက်ထုတ်လွင့်မူက အခြေအနေတွေကို မြင်တဲ့ အချိန်မှာ စိတ်ဆိုးဟန် ဆောငိလိုက်ပါတယိ။
"မင်းတို့က ငါ့ကို စွန့်ပစ်လိုက်ကြတာလား။မာစတာ လင်း တိုက်ရိုက်လွင့်တာနဲ့ သူ့ကို ဒုံးကျည်တွေ ဝိုင်းပေးကြတယ်..ငါ့ကြတော့ရော"
"စိတ်မဆိုးပါနဲ့ အစ်ကို ယန် ဒုံးကျည် ၂၀ ပို့လိုက်ပြီနော်"
ကျောက်ကျန်းယန်ဟာ ရယ်မောလိုက်ပြီး.
"ဟားဟား နောက်နေတာပါ..အားလုံးက မိသားစုတွေ ဆိုမှတော့ လက်ဆောင်တွေ ဘာတွေ မလိုအပ်ပါဘူး။မာစတာ လင်း တိုက််ရိုက်ထုတ်လွင့်တာ ကျွမ်းကျင်မယ်လို့ မထင်ထားဘူးမလား အခုက စပြီး အစ်ကိုယန်က မာစတာ လင်းရဲ့ နေ့စဥ် ဘဝကို ထုတ်လွင့်ပေးမယ်..ဘယ်လိုလဲ"
"အင်း..ဒါပေမယ့် မာစတာ လင်းနဲ့ အတူရှိနေရင်တောင် ပုံမှန် တိုက်ရိုက်ထုတ်လွင့်ပေးရမယ်နော်"
"စိတ်လှုပ်ရှားနေပါပြီနော်..မာစတာ လင်းကသာ ငါ့ကို အကြံဥာဏ်ပေးဖို့ ရွေးချယ်လိုက်ရင် တကယ်ကောင်းမှာပဲ"
ကျောက်ကျန်းယန်ဟာ ပြုံးလိုက်ပြီး
"အကုန်လုံးက သဘောတူနေကြတာပဲ..ဒါပေမယ့် မာစတာ လင်း လက်ခံမှလဲ ဖြစ်ဦးမှာ..မာစတာ လင်း လက်မခံရင်တော့ ဘာမှတတ်နိုင်မှာမဟုတ်ဘူး ..အားလုံးပဲ မာစတာ လင်းကို အတူတောငိးဆို လိုက်ရအောင်"
ယင်းနောက် ကျောက်ကျန်းယန်ဟာ မာစတာ လင်းဟာ လင်းဖန်ကို အပြုံးလေးနဲ့ ကြည့်ပြီး ပြောလိုက်ပါတယ်။
"မာစတာ လင်း အနာဂတ်မှာ အတူတူ တိုက်ရိုက်ထုတ်လွင့်လို့ ရလား..စိတ်မပူပါနဲ့ ကျွန်တော်က နာခံတတ်ပြီး ကြိုးလည်း ကြိုးစားပါတယ်။တကယ်လို့ တစ်ယောက်ယောက်ကသာ မာစတာ လင်းကို ပြသနာ ရှာရင်..ကျွန်တော် ကျိန်းသေ ကာကွယ် ပေးပါ့မယ်.."
လင်းဖန် ရယ်မောပြီး ပြန်ဖြေလိုက်တယ်။
"ကောင်းပြီလေ"
ကျောက်ကျန်းယန်ဟာ စိတ်လှုက်ရှားသွားပြီး.
"ကြားလိုက်ကြလား..မာစတာ လင်းက သဘောတူတယ်တဲ့..."
" 666... လို့ အော်ကြဟေ့"