ငါသူနဲ့ ယှဥ်နိုင်မှာ မဟုတ်ဘူး
Vol. 11 Ch. 163
ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်။
ကျောက်ကျန်းယန် သူတို့အဖွဲ့ကို ပူးပေါင်းလာကတည်းက ဆိုင်လေးရဲ့ လေထုဟာ ပိုမို စိုပြေလာခဲ့ပါတယ်။
ဝူယူလန်ဟာ အရမ်းလှပတာ ဖြစ်ပြီ ပရိတ်သတ်တွေဟာ သူမကို တိုက်ရိုက်ထုတ်လွင့်မူမှာ မြင်တဲအချိန်မှာ ' 666 ' လိူ့အော်ဟစ်နေတာ တွေ မရပ်တန့်ကြတော့ပါဘူး။
သူမဟာ အမှန်တကယ် နတ်သမီး တစ်ပါးဖြစ်ပြီး..တစ်ချို့ မိန်းကလေးသရုပ်ဆောင်တွေ ထပ်တောင် ပိုပြီး လှပပါသေးတယ်။
ကျောက်ကျန်းယန်ဟာ ရုတ်တရက် သူ့ရဲ့ တည်ရှိမူဟာ သေးငယ်သွားတယ် လို့တွေးလိုက်မိတယ်..အစတုန်းက ဆိုရင် သူ့ပရိတ်သတ်တွေက သူ့ကို ပဲ ကြည့်ချင်ကြတာပါ..အခုတော့ သူတို့က မာစတာ လင်း နဲ့ နတ်သမီးလေးကို ပြပေးပါ လို့ပဲ ပြောနေကြပါတယိ။
သူ့ကို ပိုပြီးဝမ်းနည်းစေတာက ပရိတ်သတ်တွေဟာ နေ့တိုင်း ဆိုင်ပေါက်ဝမှာ ဆေးလိပ်သောက်နေတဲ့ လူလိမ် ထျန်ကို တောင် အလကားနေရင်း အားပေးနေကြတာပါ။
သူ့ကိုယ်သူ ..မာစတာလင်း, ဝူယူလန် တို့နဲ့ မနှိုင်းယှဥ်ိနိုင်တာကို နားလည်ပါတယ်..ဒါပေမယ့် လူလိမ်ထျန်ကပါ သူ့ထက်သာ နေတာကိုတော့ သူနားလည်လို့ မရပါဘူး။
လူလိမ် ထျန် စကားပြောတဲ့ အချိန်ဆို အကုန်လုံးက အဝါရောင် သွားလေးတွေနဲ့ ပျော်ရွှင်မူကို ဖော်ပြကြပြီး..သူဒါကို လုံးဝ လက်ခံလို့ မရပေ။
အခုလည်း ပရိတ်သတ်တွေဟာ တောင်းဆိုနေတာကြောင့် သူဖုန်းကင်မရာကို ဆိုင်ပေါက်ဝမှာ ရှိနေတဲ့ လူလိမ် ထျန်ဘက် လှည့်ပြလိုက်တယ်။
ပုံမှန်ဆို ပျင်းတိပျင်းတွဲ နေနေတဲ့ လူလိမ် ထျန်ဟာ ကင်မရာကို မြင်လိုက်တာနဲ့ လေးနက်သွားခဲ့ပါတယ်..သူ့ရဲ့ စီးကရက်ကို တော့ လက်မှာ ကိုင်ထားလို့ပါ။
ကျောက်ကျန်းယန်ဟာ တက်လာတဲ့ မှတ်ချက်တွေနဲ့ လက်ဆောင် တွေကို မြင်တဲ့အခါမှာ ဘာပြောရမှန်းတောင် မသိတော့ပေ။
ဒီနေ့ခေတ် ပရိတ်သတ်တွေက ဘာကို သဘောကျကြတာလဲ....
လူလိမ် ထျနိတောင် စကားတစ်ခွန်းမှ မပြောရပဲ ပရိတ်သတ်တွေက စိတ်လှုပ်ရှားနေကြပါပြီ။
"သူက ခန့်ညားတာပဲ..သူ ဆေးလိပ်သောက်လို့ရှိရင် သူ့ပုံစံက လုံးဝ အလွင့်ပဲ"
"သူ့ရဲ့ မျက်လုံးထဲကို ကြည့်ရတာ သူ့ဘဝမှာ အတော်အတွေ့အကြုံ ရှိပြီးတဲ့ ပုံပဲ"
"လုံလောက်ပြီ..ငါကတော့ ဒုံးကျည်ပို့ပေးတော့မယ်"
လူလိမ် ထျန်ဟာ ဆေးလိပ်ကို နောက်ဆုံး တစ်ကြိမ်ဖွာလိုက်ပြီး ..ဆေးလိပ်အစည် ကို သူ့ခြေထောက်အောက်ကို ချလိုက် ခြေထောက်ဖြင့် နင်းခြေလိုက်ပါတယ်။ယင်းနောက် သူဟာ ရှင်းလင်းတဲ့ လေသံ ဖြင့်ပြောလိုက်တယ်..
"ငါက ဒီကမ္ဘာပေါ်မှာ..ဘယ်သူမှ မယှဥ်ပြိုင်နိုင်တဲ့ လူတစ်ယောက်ပဲ။ငါ မိန်းကလေး အများကြီးကိုလည်း ပွေ့ဖက်ခဲ့တယ်..ဒါပေမဲ့ အချိန်တွေက ပြောင်းလဲ သွားတဲ့ နောက်မှာ..ငါက အသုံးမဝင်တဲ့ လူအိုတစ်ယောက် ဖြစ်နေခဲ့ရပြီ"
တိုက်ရိုက်ထုတ်လွင့်မူပေါ်က လူတိုင်းဟာ လူလိမ် ထျန်ရဲ့ ပထမဆုံး စကားကို ကြားပြီး စိတ်လှုပ်ရှားနေခဲ့ကြပါတယိ။
"666..ငါမင်းတို့ကို ပြောပါတယ် သူကလူကောင်း တစိယောက်ပါလို့..သူ့မျက်လုံးထဲက အမူအရာကို ကြည့်လိုက်..အတွေ့အကြုံအတော် ရှိနေပြီ"
"ငါ သူ့တပည့်တောင် ဖြစ်ချင်လာပြီ"
"ငါတို့ဟာ အချိန်ကို ပြောင်းလဲဖို့ ဘာမှ မလုပ်နိုင်ဘူး..ငါတို့မှာ ကျွမ်းကျင်မူတွေ ရှိနေရင်တောင်..ငါတို့က အသုံးမကျတဲ့ လူဖြစ်ဦးမှာပဲ။ဒါက စစ်မှန်တဲ့..လောဂျစ်တစ်ခုပဲ"
"အိုင်ဒေါ.. ထပ်မပြောနဲ့တော့. ငါမင်းကို လက်ဆောင် ပေးပါ့မယ်"
ကျောက်ကျန်းယန်ဟာ အံ့သြနေခဲ့တယ်..ဒီလူက တကယ်သရုပ်ဆောင် တော်လွန်းတာပါ။
ဘယ်လို သရုပ်ဆောင်လဲ....
လူလိမ် ထျန်ဟာ မတ်တပ်ရပ်လိုက်တယ်..သူ့ရဲ့ လက်နှစ်ဖက်ကို နောက်ကို ချိတ်ထားပြီး..လမ်းကို ဖြည်းညှင်းစွာ လျောက်နေခဲ့ပါတယ်။
ဒီလို စတိုင်က ပရိတ်သတ်တွေကို ကြွေကျသွားစေဖို့ လုံးဝ လုံလောက်ပါပြီ။ကျန်းကျန်းယန်ဟာ လူလိမ် ထျန်ရဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ပြီး..သူ ဘယ်တော့မှ မှီနိုင်မှာ မဟုတ်ဘူးဆိုတာ နား လည်လိုက်တယ်..အဲ့အချိန်မှာပဲ.ကျောက်ကျန်းယန်ဟာ သူတို့ဆီကို သတင်းထောက် တွေ လာနေတာကို လှမ်းတွေ့လိုက်ရပါတယိ။
"သတင်းထောက်တွေ လာနေပြီ"
လင်းဖန်ဟာ သူ့ရဲ့ ဖုန်လေးနဲ့ ဂိမ်းဆော့နေခဲ့တာပါ..သူလုံးဝ စိတ်နှစ်ထားတာ ဖြစ်ပြီး ကျောက်ပျန်းယန်ရဲ့ အသံကို ကြားမှ ပြန်အသိစိတ်ဝင်လာခဲ့တယ်။
သတင်းထောက်တွေက ဘာလာ လုပ်ပြန်ပြီတုန်း...
ခနအကြာမှာပဲ သတင်းထောက်တွေဟာ ဆိုင်ရှေ့နားကို ရောက်လာခဲ့ကြပြီး.ပွဲကြည့်မယ့် လူတွေပါပါလားခဲ့ပါတယ်။
လင်းဖန် မေးလိုက်တယ်။
"ခင်ဗျားတို့ ဘာလာလုပ်ကြတာလဲ.."
ဒီတစ်ကြိမ်တော့ သတင်းထောက်တွေဟာ ထူးခြားပါတယ်..သူတို့ဟာ မေးခွန်းတွေ မေးဖို့ အတင်း တွန်းထိုးမနေကြပါဘူး..ရှိုးပွဲတစ်ခုကို ရိုက်တော့မယ့် ပုံစံနဲ့သာ အမှန်အကန် ပြင်ဆင်နေကြပါတယ်။
အဲ့အချိန်မှာ သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ ရှေ့ကို ထွကိလာခဲ့ပြီး လင်းဖန်ကို ကြည့်လိုက်တယ်။
လင်းဖန် သံသယဖြစ်စွာဖြင့်...
"ခင်ဗျားက..."
အကြီးအကဲ ကျုံးဟာ ယဥ်ကျေးစွာပဲ ပြန်ဖြေလိူက်တယ်။
"ဟိုင်းမာစတာလင်း..ကျွန်တော်က အဆင့်မြင့် ကျားသစ် ကုမ္ပဏီက ကျန်းကျုံးမင် ပါ။ကျွန်တော်တို့ အခုဒီကို ချဲလန့်ခေါ်ဖို့ လာတာ"
အကြီးအကဲ ကျုံးဟာ ဆက်ပြောလိုက်တယ်။
"မာစတာ လင်း..ခင်ဗျားပြောတာ အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါးကို ဆယ်မိနစ်အတွင်း ဖွင့်နိုင်တယ်လို့ ပြောခဲ့တယ်နော်...ကျံန်တော်တို့ကတော့ မယုံကြည်ဘူး..ဒါကြောင့် ဒီကို လာကာနီး တံခါးတစ်ခု ယူလာတယ်..တကယ်လို့ မာစတာ လင်းဖွင့်နိုင်ရင် ဒေါ်လာ နှစ်သန်း ဆုချမယ်"
သတင်းထောက်တစ်ယောက်ဟာ မေးလိုက်တယ်။
"မာစတာ လင်း..ဒါက တိုက်ရိုက် ထုတ်လွင့်မူပါ..အကြီးအကဲ ကျုံးရဲ့ ချဲလန့် ကို လက်ခံမှာလား ခင်ဗျ"
လင်းဖန်ဟာ အံ့သြသွားခဲ့တယ်..ဒီလို ပြသနာ မျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ထပ်ပြောရရင် အခုအဖြစ်အပျက်ကို ..တိုက်ရိုက် ထုတ်လွင့်နေခဲ့ပါသေးတယ်။
"ဒီတစိခါတော့ အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါးက ချဲလန့်ကို ပေါ်တင်ကြောညာလိုက်ပြီ..ဘာဆက်ဖြစ်မယ်ထင်လဲ"
"ဟီးဟီး ..ဘာဆက်ဖြစ်နိုင်ဦးမှာလဲ..သူတို့ ရှုံးမှာပေါ့..မာစတာ လင်းကို ဘယ်သူမှ ရပ်တန့်နိုင်မှာ မဟုတိဘူး"
"တိုက်ရိုက် ထုတိလွင့်မူက အတော်ကို ကြီးမားတယ်..ဒါက အဆင့်မြင့် ကျားသစ် လက်ဗွေ တံခါးကို အတော် အကျိုးသက်ရောက်လိမ့်မယ်"
"ဒါကို မာစတာ လင်း ကြိုသိထားမယ်လို့ မထင်ဘူး..ဒါကို တစ်ခြားလော့ခ် ကုမ္ပဏီ တွေ လိုက်လုပ်မယ်လို့ထင်ရတာပဲ"
"666..နောက်ဆုံးတော့ စိတ်ဝင်စားတာ တစ်ခုခု တွေရပြီ အစ်ကို ယန်ကလည်း တိုက်ရိုက်လွင့်ပေးနေတယ်"
"အဆင့်မြင့် ကျားသစ်ကုမ္ပဏီ ကတော့ ကပ်ဆိုးတွေ့တော့မယ်"
"မင်းတို့ ဘာတွေ ပြောနေတာလဲ..ငါအခုမှ အစ်ကို ယန်ရဲ့ တိုက်ရိုက်ကို ကြည့်တာ ဘာတွေ ဖြစ်နေတာလဲ.."
"အသစ်လေး..ငါရှင်းပြပေးရမလား.."
လင်းဖန် အကြီးအကဲ ကျုံးကို တစ်ချက်ကြည့်လိုက်ပြီး..သတင်းထောက်တွေကို တစ်ချက်ပြန်ကြည့်လိုက်တယ်။
သူတို့က ဒီ ချဲလန့်ကို အတည်လုပ်နေကြတာပါ..ဒီကုမ္ပဏီက တံခါးတွေဟာ နိုင်ငံထဲမှာတောင် ထိပ်ပိူင်းမှာ ရှိတယ်လို့ ပြောလို့ရပါတယိ။
ဒါပေမဲ့ ဒီတံခါးကို ဖွင့်တာက သူ့အတွက် သိပ်မခက်ခဲပါဘူး..ပြီးတော့ ဒေါ်လာ နှစ်သန်းပါ သူ့ရှေ့ကို ရောက်လာတဲ့ နောက်မှာတော့...သူ မယူရင် ဖြုန်းတီးရာ ကျနေမှာပါ။
လင်းဖန် ပြုံးလိုက်တယ်။
"ကောင်းပြီ ဒီချဲလန့် ကို ကျုပ်လက်ခံတယိ"
အကြီးအကဲ ကျုံးဟာ ခေါင်းညိမ့်လိုက်တယ်။
"စိတ်မပူပါနဲ့ မာစတာ လင်း..ကျွန်တော် ဒေါ်လာ နှစ်သန်း ယူလာခဲ့ပါတယိ..ဘယ်လို အဖြေပဲ ဖြစ်ဖြစ် ကျွန်တော်တို့ လက်ခံမှာပါ"
အကြီးအကဲ ရဲ့ သဘောထားကြောင့် လင်းဖန် သူ့ကို အရှက်ရအောင် မလုပ်ချင်တော့ပါဘူး။အခုက တိုက်ရိုက် ထုတ်လွင့်နေတာ ဖြစ်ပြီး သေးသေးလေးတွေက အစ..အကြီးကြီး ဖြစ်သွားနိင်ပါတယ်။
အဆင့်မြင့် ကျားသစ် ကုမ္ပဏီက ဝန်ထမ်းတွေဟာ လက်ဗွေ စနစ်တံခါးကို မလာကြ ပြီး အလယ်မှာ ထားလိုက်ကြတယိ။
ဘေးနားက လူများဟာ ဆွေးနွေးနေကြပြီး သတင်းထောက်တွေဟာလည်း စိတ်လှုပိရှားနေကြပါပြီ။
သတက်းထောက် တစ်ယောက်ဟာ မေးလိုက်တယ်။
"အကြီးအကဲ ကျုံး..ကြောက်ရွံ့တဲ့ စိတ်ဖြစ်မိလား..တကယ်လို့ မာစတာ လင်းသာ ဖွင့်နိုင်ခဲ့ရင် ကုမ္ပဏီကို အတော် အကျိုးသက်ရောက်မှာဆိုတော့"
အကြီးအကဲ ကျုံးပြန်ဖြေလိုက်တယ်။
"ကျွန်တော် အနည်းငယ်ကြောက်နေတာကတော့ အမှန်ပါ..ဒါပေမဲ့ ကုမ္ပဏီရဲ့ ပစ္စည်းကို ယုံကြည်ပါတယ်။အပြင်းပိုင်း အကျိုးသက်ရောက်မူက ကုမ္ပဏီကို တိုးတက် စေမဲ့ အရာပါပဲ..အနည်းဆုံးတော့..အမှားကို သိရင် ကျွန်တော်တို့ ပြန်ပြင်လို့ ရတာပေါ့"
သော့ ကုမ္ပဏီပေါင်း များစွာရဲ့ အကြီးအကဲ တွေဟာလည်း တိုက်ရိုက် ထုတ်လွင့်မူကို ကြည့်နေကြပါတယ်..တကယ်လို့ မာစတာ လင်းသာ ဖွင့်နိုင်ခဲ့ရင် အဆငိ့မြင့် ကျားသစ် လက်ဗွေစနစ်တံခါးတွေဟာ စျေးကွက်မှာ ထိုးကျသွားမှာဖြစ်ပြီး အဲ့နေရာကို သူတို့ အပြိုင်နေရာလုရမှာပါ။
အခုလို အခြေအနေမျိူးက သူတို့ရဲ့ ထုတ်ကုန်ကို လွမ်းမိုးနိုင်စွမ်းရှိအောင် လုပ်ဖို့ အခွင့်ကောင်းပါပဲ။
လူလိမ် ထျန်မေးလိုက်တယ်။
"မင်းယုံကြည်မူရှိလား..."
လင်းဖန် ပြုံးလိုက်ပေမယ့် စကားတစ်ခွန်းမှ မပြောပါဘူး ..သူတံခါးကို ထိကြည့်လိုကိတဲ့ အချိန်မှာ ကြေးတံခါးဟာ သူ့ကို ကြောက်ရွံ့စေပါတယ်။
တစ်ချိန်ထဲမှာပဲ အကြီးအကဲ ကျုံးဟာ သော့ဖွင့်လို့ရမယ့် ပစ္စည်းတွေကို ပြင်ဆင်ပေးပြီး ဘေးကို ထွက်သွားပေးလိုက်တယ်။
အဆင့်မြင့် ကျားသစ် ကုမ္ပဏီမှ လူများဟာလည်း အသက်တောင် မရူနိုင်ကြတော့ပဲ ရလာဒ်ကို စောင့်နေကြပါပြီ။