ဒီလိုဖြစ်မယ်လို့ မထင်ထားခဲ့ ဘူး..
Vol. 11 Ch. 164
ဘာသာပြန် = စနိုးဝှိုက်
သတင်းထောက်ဟာ ပြောလိုက်တယ်။
"တိုက်ရိုက် ထုတ်လွင့်မူကို ကြည့်နေကြတဲ့ လူများခင်ဗျာ..မာစတာ လင်းကတော့ အဆင့်မြင့် ကျားသစ် လက်ဗွေတံခါးကို ထိကြည့်နေပါပြီ..ဒီမှာ ရှိနေတဲ့ လေထုကတော့..အတော်ကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်..အကြီးအကဲ ကျုံးဟာ သူ့ရဲ့ ထုတ်ကုန်ကို ယုံကြည်မူရှိတယ်လို့ ပြောနေပေမယ့်လည်း..သူချဲလန့် ခေါ်ထားတာ မာစတာ လင်းဖြစ်နေတဲ့ အတွက် ကြောက်ရွံ့နေတာကို တွေ့ရမှာပါ"
သတင်းထောက်ဟာ ဆက်ပြောလိုက်တယ်။
"မာစတာ လင်းက အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ..သူက ဗေဒင်ဟောတာ ကျွမ်းကျင်ယုံတင် မကပါဘူး..ပန်ကိတ်လုပ်တာ..ကိုယ်ခံပညာ..သော့ဖွင့်တာတွေမှာလည်း ဆရာတစ်ဆူပါ။အခုလည်း အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါးဟာ မာစတာ လင်းကို တောင့်ခံနိုင်မလား မသေချာသေးပါဘူး"
သတင်းထောက်ဟာ မေးလိုက်တယ်။
"မာစတာ လင်း တစ်ခုလောက်မေးပါရစေ..ဗီဒီယို ထဲမှာ မာစတာ လင်း လက်တွေကို ပဲ သုံးပြီး အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါးကို ဖွင့်သွားတယ်ပေါ့နော်..ဒါက တံခါးရဲ့ ညံ့ဖျင်းလှတဲ့ အရည်အသွေး ကြောင့်ပါလား ခင်ဗျ"
အကြီးအကဲ ကျန်းဟာ သတင်းထောက်ရဲ့ မေးခွန်ူကို ကြားပြီး မျက်မှောင် ကျုတိလိုက်တယ်..သူတို့ တံခါးရဲ့ အရည်အသွေးက လုံးဝ မနိမ့်ကျဘူးဆိုတာ သူ ကျိန်ရဲပါတယ်။
ပါဝင် ပစ္စည်းတွေ အကုန်လုံး ထိပ်တန်းအဆင့်ဖြစ်ပြီး တစ်နေရာကိုမှ မခိုကပ်ထားပါဘူး။
လင်းဖန် ပြန်လှည့်ပြီး ပြုံးလိုက်ကာ...
"ဘယ်လိုလုပ် ဆိုးရွားမှာလဲ..တကယ်လို့ ပုံမှန် ကြေးတံခါးဆိုရင် ကျုပ်ခွန်အား အဲ့လောက် သုံးရမှာ မဟုတ်ဘူး..ကျုပ်အရင်တွေ့ဖူးတဲ့ ကြေးတံခါးတွေနဲ့ယှဥ်ရင် အဆင်မြင့် ကျားသစ် လက်ဗွေစနစ် ကြေးတံခါးက အကောင်းဆုံးပဲ"
,
အကြီးအကဲ ကျုံးဟာ ဒီအဖြေကို ကြားကာ အံ့သြသင့်ပြီး ကျေနပ်သွားခဲ့ပါတယ်..မာစတာ လင်းက တံခါးရဲ့ အရည်အသွေးကို ချီးကျူးလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..ဒါက သူဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ အရာတစ်ခုပါ။
ပုံမှန်လူအများစုဟာ ကိုယ့်စွမ်းရည်ကို ဖော်ထုတ်ပြီး တစ်ခြားလူရဲ့ ပြစ်ချက်ကို ထုတ်ပြောတတ်ကြပါတယ်.. ဒါပေမဲ့ မာစတာ လင်းကတော့ မတူပါဘူး...ဒါက သူ့နှလုံးသားထဲက မာစတာ လင်းပုံရိပ်ကို မြင့်တက်စေခဲ့ပါတယိ။
တိုက်ရိုက် ထုတ်လွင့်မူထဲမှာတော့...
"အာ အခြေအနေက ဘာလို့ ထူးဆန်းနေတယ် လို့ ငါခံစားနေရတာလဲ...မာစတာ လင်းက အဆင့်မြင့် ကျားသစ် လက်ဗွေတံခါးကို ကြော်ငြာပေးနေသလိုပဲ"
"ဟီးဟီး မင်းတို့ ဘာသိလို့လဲ..ဒါက ကြော်ငြာပေးတာ မဟုတ်ဘူး..အမှန်တရားပဲ။မာစတာလင်းက တစ်ခြားလူတွေလို ကိုယ့်ဟာကို မြောက်ပြီး တစ်ခြားလူကို ပုတ် ချတတ်တဲ့ လူမျိုးလို့ ထင်နေတာလား"
"မာစတာ လင်း ဖွငိ့နိုင်ဖို့ သိပ်မသေချာဘူး..အရင်တစ်ခါ ဖွင့်နိုင်တာ မှန်ပေမယ့်လည်း ဒီတစ်ခါ နည်းပညာက..ထပ်မြင့်ထားမှာပဲလေ.."
အဲ့အချိန်မှာပဲ လင်းဖန်ဟာ အနည်းငယ် ရှည်တဲ့ သံချောငိးတစိခုကို ကောက်ကိုင်လိုက်ပြီး..တံခါးရဲ့ ချောင်းကြည့်တဲ့ အပေါက်ထဲကို ထိုးထည့်လိုက်တယ်..
"အကြီးအကဲ ကျုံးရဲ့ ထုတ်ကုနိက တကယ် မဆိုးပါဘူး..ဒီဇိုင်းကို သေချာဆွဲထားပြီး ဖြစ်နိုင်ခြေတွေ အကုန်လုံးကို သေချာ ကာကွယ်ထားတယ် ပုံမှန်ဆိုရင် ဒီလို ချောင်းကြည့်တဲ့ အပေါက်ထဲထိုးလိုက်ရင် ၉၀ ရာခိုင်းနှုန်တံခါးတွေက ပွင့်သွားကြပြီ..ဒါပေမဲ့ ဒီတစ်ခါးက ဘဲဥပုံ ဒီဇိုင်း ဆွဲထားတာ။ဒါက တစ်ခြားလက်နက်မျိုးတွေနဲ့ ဒီလို လက်နက်မျိုးတွေ အတွင်းပိုင်းက ဖွင့်တာကနေ ကာကွယ်ပေးထားတယ် .."
အကြီးအကဲ ကျုံးဟာ နားထောင်ပြီး ပြုံးလိုက်တယ်..သူ ဒီဇိုင်းဆွဲတုန်းက ဖြစ်နိုင်ခြေတွေ အကုန်လုံးကို တွေးထားခဲ့ပြီး ဒီလို ဖွင်တာတွေ ကနေ ကာကွယ်ဖို့ ဘဲဥပုံ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။အခု မာစတာ လင်းရဲ့ ချီးကျူးမူကို ကြားတော့ သူလည်း ဝမ်းသာ နေခဲ့ပါတယ်။
သတင်းထောက်တွေဟာလည်း မာစတာ လင်း ပြောနေတာကို ကြည့်ပြီး အံ့သြနေကြပါပြီ..ဒါက တံခါးကို ချဲလန့် ခေါ်ပြှီး ဖွင့်နေတာ နဲ့ မတူတော့ပါဘူး..တံခါးရဲ့ ကောင်းကျိုး တွေကို ကြော်ငြာပေးနေသလိုပါပဲ။
တိုက်ရိုက်ထုတ်လွင့်သည့် နေရာမှာတော့...
"ချီးပဲ..ဒါက တံခါးကို ချောင်းကြည့်တဲ့ အပေါက်ထဲကနေ ဖွင့်လို့ရတယ် ဆိုတာ ပထမဆုံးကြားဖူးတာပဲ"
"အဆင့်မြင့် ကျားသစ် တံခါးက အင်တာနက်ပေါ်မှာ ပျံ့နှံ့နေသလို အသုံးမကျတဲ့ တံခါး ဖြစ်ပုံမရဘူး"
"မင်းတို့ ဒီအခြေအနေကနည်းနည်း ထူးဆန်းနေတယ် လို့ မထင်မိဘူးလား.."
"ဘာမှ မမှားဘူး..ငါကတော့ သဘောကျတယ်"
...
လင်းဖန်ဟာ သူ့လက်ထဲက ပစ္စည်းကို ချလိုက်ပြီး ရေအရုပ် သနတ်ကို ကိုင်ကာ...
"လျှပ်စစ် တံခါးတိုင်းက..လျှပ်စစ်ကို အသုံးပြုပြီး ရေနဲ့ တွေ့ရင် အားနည်း တတ်ကြတယ်..ရေဟာ လျှပ်စစ်ကို ဖြတ်တောက်နိုင်ပြီး ကျော်လွှားလို့ရတာ ထုံးစံပဲ..သို့ပေမယ့် လျှပ်စစ်လက်ဗွေစနစ် တံခါးက ရေမဝင်အောင် သေချာ ပိတ်ထားတာ တွေ့နေရတယ်..ရေသေနတ်ရှိရင်တောင် ..ဒါက အသုံးမဝင်ဘူး"
လင်းဖန် ရေသေနတ်ကို ဖွင့်လိုက်ပြီး အထဲကို ပစ်ထည့် လိုက်ပေမယ့် လည်းဘာမှ မပြောင်းလဲ သွားပေ။
"ကြည့် လက်ဗွေ စနစ်က အသက်ဝင်နေတုန်းပဲ..ဒါက တံခါးကို ဘာထိခိုက်မူမှ မရှိဘူးလို့ ဆိုလိုတာ...အကြီးအကဲ ကျုံးက ဒီလို တံခါးမျိုး ထုတ်လုပ်ဖို့ အတော် အင်အား စိုက်ထုတ်ထားရလိမ့်မယ် ဟုတ်တယ်မလား အကြီးအကဲ ကျုံး"
အကြီးအကဲ ကျုံးဟာ ချက်ချင်း ခေါင်းညိမ့်ကာ ပြောလိုက်တယ်..
"အင်း..ကျွန်တော်တို့ အလုပ်သမားတွေက.ရေသေနတ်ကနေ ဝိုင်ယာတွေကို ရှော့ဖြစ်နိုင်တာကနေ ကာကွယ်ဖို့ အများကြီး တွေးခဲ့ကြရတယ် "
သူဟာ မာစတာ လင်းက တကယ်ကျွမ်းကျင် မူရှိတယ်လို့ တွေးလိုက်မိပါတယ်..သူတစ်ခါကြည့်တာနဲ့.. အဆင့်မြင့် ကျားသစ် လက်ဗွေစနစ်ရဲ့ ပွဲပြားမူတွေကို တွေးနိုင်ခဲ့တာပါ။
လင်းဖန် ပြုံးလိုက်ပြီး လျှပ်စစ် သေနတ်ကို ယူလိုက်တယ်..
"လျှပ်စစ်တံခါးတွေက ရေကို တင်ကြောက်တာ မဟုတ်ဘူး. လျှပ်စစ် ကိုလည်း ကြောက်တယ်..ဒီ လျှပ်စစ် လက်ဗွေ တံခါးမှာ အပေါက်မပါဝင်ပေမယ့် လည်း...လျှပ်စစ်သေနတ်က..အထဲက ဝိုင်ယာတွေကို ဖျက်ဆီးနိုင်သေးတယ်..ဒီတံခါးကို လျှပ်စစ်ရန်က ကာကွယ်ဖို့လည်း ထပ်စဥ်စားထားကြရမှာပဲ..အထဲမှာ လျှပ်စစ်သေနတ်ကို ကာကွယ်ဖို့ တံခါးတစ်ခု သပ်သပ် ရှိသေးတယ်"
ကင်မရာ ရှေ့မှာပဲ လင်းဖန်ဟာ လျှပ်စစ်သေနတ်ကို ပစ်ပြလိုက်တယ်။
"လက်ဗွေ စနစ်က အသက်ဝင်နေသေးတယ်..ဒါက အကျိူးမသက်ရောက်ဘူး ဆိုတာ ပြနေတာပဲ..အပြင်ဆင်တွေက အကောင်းဆုံးထဲက အကောင်းဆုံးပဲ ဒီလို တံခါးကို ဖန်တီးဖို့က အချိန်အတော်ယူထားရမယ် ထင်တယ်..အကြီးအကဲ ကျုံး"
အကြီးအကဲ ကျုံးဟာ စိတ်လှုပ်ရှားနေခဲ့ပါပြီ..နောက်ဆုံးတော့ အရာအားလုံးကို နားလည်နေတဲ့ ပညာရှင်နဲ့ တွေ့လိုက်ရသလိုပါပဲ။
သူဟာ လင်းဖန်ကို လက်မ ထောင်ပြလိုကိပြီး..
"မာစတာ လင်းက တကယ် မြင်နိုင်တာပဲ...ကျွန်တော်တို့ ဒီတစ်ခုတည်းကို ဖြေရှင်းဖို့တင် ခြောက်လလောက် အချိန်ယူခဲ့ရပြီး..စပါယ်ရှယ်လစ်တွေနဲ့ နည်းပညာရှင် အများကြီးကို ဖိတ်ခဲ့ရတယ်"
အကြီးအကဲ ကျန်းနဲ့ အတူလိုက်တာတဲ့ ဝန်ထမ်းတွေဟာလည်း ဂုဏ်ယူနေကြပါတယ်။ဒါဟာ သူတို့ ခက်ခက်ခဲခဲ ကြိုးစားမူတွေ ဖြစ်ပြီး မာစတာ လင်းရဲ့ ကြော်ငြာ ပေးမူအောက်မှာ သူတို့ ပိုပြီး အောင်မြင်လာတော့မှာပါ။
သတင်းထောက်တွေကတော့ သူတို့ မြင်နေရတာကို သူတို့ မယုံကြည်နိုင်ကြတော့ပါဘူး..ဒီမှာ ယှဥ်ပြိုင်နေတဲ့ လေထုမရှိတော့ပဲ အဆင့်မြင့် လက်ဗွေစနစ်ရဲ့ ကောင်းမွန်တဲ့ အချက်အလက်တွေကို ပရိုကျတဲ့ မာစတာ လင်းက အရောင်းမြင့်တင်ဖို့ ကြော်ငြာပေးနေတာနဲ့ တူနေပါပြီ။
တိုက်ရိုက် ထုတ်လွှင့်မူတွင်။
"ဘောပဲ ငါနောက်ဆုံးတော့ သိသွားပြီး မာစတာ လင်းနဲ့ အဆင့်မြင့် ကျားသစ်ကုမ္ပဏီက တစ်ယောက်နဲ့ တစ်ယောက် မြှောက်ပင့်နေကြတာပဲ"
"ငါရောပဲ..ငါနားလည်သွားပြီ..မာစတာ လင်းက ပစ္စည်းအကြောင်းရှင်းပြမယ်..အကြီးအကဲ ကျန်းက မာစတာ လင်း ထိုးထွင်း မြင်နိုင်တယ် ဆိုပြီး ပြန်မြှောက်မယ်"
"ချီးပဲ ငါကတော့ မာစတာ လင်း ဒီကုမ္ပဏီကို ရိုက်ချတာ တွေ့ရတော့မယ် ထင်ထားကာ အခုတော့ သူတို့က ဘော်ဒါတွေ လိုပဲ"
"ယီး..မာစတာ လင်းရှင်းပြတာ နားထောင်ရင်း ငါ့အိမ်မှာတောင် အဆင့်မြင့်ကျားသစ် လက်ဗွေစနစ် တံခါး တပ်ချင်လာပြီ"
အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါး အဖွင့်ခံရဖို့ စောင့်နေကြတဲ့ လူတွေဟာ ဆွံ့အနေကြပါပြီ..
ဘာတွေ ဖြစ်နေတာ တုန်းဟ...
တိုက်ရိုက် ထုတ်လွင့်တဲ့ ခေါင်းစဥ်က လက်ဗွေစနစ်တံခါးကို ဆယ်မိနစ် အတွင် ရိုက်ချိုးမယ် လို့ ခေါင်းစဥ်တပ်ထားတာလေ...ဘာလို့ ပစ္စည်းကြော်ငြာတာတွေ ပါလာရတာလဲဟ...
ဒီပုံစံနဲ့ အဆင့်မြင့်ကျားသစ် လက်ဗွေစနစ် တံခါးတွေ စျေးကွက်ထဲမှာ အရောင်းဘယ်လို ကျတော့မှာလဲ....
ဒါ အဆင့်မြင့် လက်ဗွေစနစ် တံခါးကို ကြော်ငြာနေတာနဲ့ အတူတူပါပဲ။