ရယ်ရမှာလား ငိုရမှာလား
Vol. 11 Ch. 165
ဘာသာပြန် = စနိုးဝှိုက်
အကြီးအကဲ ကျန်းဟာ ကြောက်ရွံ့မူတွေ လုံးဝ မရှိတော့ပဲ ဂုဏ်ယူမူတွေနဲ့ပဲ ပြည့်နှက်နေခဲ့ပါပြီ..မသိရင် မာစတာ လင်း သူတို့ရဲ့ ကောင်းကျိုးတွေကို ရှင်းပြဖို့ စောင့်နေတဲ့ အတိုင်းပါပဲ။
လင်းဖန် အချက်တစ်ချက်ကို ထောက်ပြီး ပြောလိုက်တိုင်း သူဂုဏ်တက်ရပါတယ်။
သူဟာ မာစတာ လင်းက တကယ့် ကျွမ်းကျင်အဆင့်ဖြစ်ပြီး ပြစ်ချက်ကို ထောက်ပြရင်တောင် ဒါက ရှက်စရာ တစ်ခုမဟုတ်ပါဘူး...
မာစတာ လင်းက အချက်တစ်ချက်ကို ရှင်းပြလိုက်တဲ့ အချိန်တိုင်း သူပါ ဝင်ဝင် ရှင်းပြပါတယ် ...နည်းပြတွေဟာ အတော်အဆင့်မြင့်ပြီး..အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါးက တစ်ခြား တံခါးတွေနဲ့ တကယ်ကို ကွဲပြားတာပါ။
တိုက်ရိုက် ထုတ်လွင့်သည့် နေရာမှာတော့။
"ငါတို့ တော့ အလိမ်ခံလိုက်ရပြီ"
"အခုချိန်ထိ ငါနားလည် တာ နှစ်ခုပဲ ရှိသေးတယ်...ပထမ တစ်ခုက မာစတာ လင်းက တကယ် ကျွမ်းကျင်တာ.. ဒုတိယ တစ်ခုက အဆင့်မြင့် ကျားသစ် လက်ဗွေ တံခါးက တကယ် အရည်အသွေး ကောင်းမွန်တာ..."
"ငါတော့ အခု အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါးကို ဝယ်ချင်နေပြီ.ဒါပေမယ့် ငါတို့ တံခါးဖွင့်တာ ကြည့်ရပါဦးမလား"
.....
သတင်းထောက်ဟာ ရှေ့ကို တက်ပြီး မေးလိုက်တယ်။
"မာစတာ လင်း..တံခါးကို အရင် ဖွငိ့လို့ရမလား.လူတိုင်းက စောင့်နေကြတာ ဆိုတော့လေ.."
"ကောင်းပြီလေ..ဖွင့်လိုက်ကြရအောင်"
လင်းဖန် ခေါင်းညိမ့်ပြီး အကြီးအကဲ ကျုံးဘက်လှည့်လိုက်တယ်။
"အကြီးအကဲ ကျုံး ကျွန်တော် အခု ဖွင့်တော့မှာတော့.. စိတ်လှုပ်ရှားနေလား"
အကြီးအကဲ ကျုံးဟယ ပြုံးလိုက်ပြီး။
"မာစတာ လင်း..လုပ်ပါ.တကယ်လို့ ပွင့်သွားရင် ကျွန်တော်တို့ အရှုံးကို ဝန်ခံပါ့မယ်..ဒါပေမယ့် ဆယ်မိနစ်အတွင်း ပွင့်မယ် ဆိုတာကို ကျွန်တော် မယုံကြည်နိုင်သေးဘူး"
လင်းဖန် ပြုံးလိုက်ပြှီး လက်နှက်ကို စတင်ရှာဖွေ လိုက်ပါတယ်။ဒီတံခါးမှာ သော့ဖွင့်တဲ့ အပေါက်မပါတဲ့ အတွက်..သော့ပြင်ဆရာ တစ်ယောက်ဖွင့်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အရာပါ...ဒါပေမဲ့ လင်းဖန် အတွက်ကတော့ ပြသနာ မရှိပါဘူး။
စွယ်စုံကျမ်းရဲ့ အသိပညာတွေက သဘာဝ လွန်တွေပါ..ဒါက ဗေဒင်ဟောတာတွေ..ပန်ကိတ်လုပ်တာတွေကို မယှဥ်နိုင်ပေမယ့်လည်း..အစွမ်းထက်ပါသေးတယ်။
သတင်းထောက်တွေဟာ ကင်မရာတွေကို အနီးကပ်ဆွဲထားကြပြီး ရှင်းရှင်းလင်းလင်းရိုက်ကူးဖို့ ကြိုးစားနေကြတယ်။
အကြီးအကဲ ကျုံးဟာလည်း ရှေ့ကို တက်သွားပြီး မာစတာ လင်းလုပ်သမျှကို အာရုံစိုက်လိုက်တယ် ..ဒါပေမယ့် ဒီကို ပထမဆုံး ရောက်ခါစလောက် ကြောက်ရွံ့မနေတော့ပါဘူး။
လင်းဖန်ဟာ သော့နေရာကို ကိုင်လိုက်ကာ ပြောလိုက်တယ်။
"အကြီးအကဲ ကျုံး ခင်ဗျားသော့က တကယ်မဆိုးဘူး"
အကြီးအကဲ ကျုံးဟာ ဂုဏ်ယူစွာပြုံးလိုက်ပြီး.
"မာစတာ လင်း..ဒါပေါ့ ကျွန်တော်တို့ အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါးတွေက အကောင်းဆုံး ဖန်တီးထားတာပါ"
"အမှန်ပဲ ဒါတွေက ပင်နံပါတ်နဲ့ သော့တွေ ထပ်ပိုပြီးခက်ခဲတယ်.."
သတင်းထောက်တစ်ယောက်ဟာ မေးလိုက်တယ်။
"အကြီးအကဲ ကျုံး ပင်နံပါတ်နဲ့လော့ နဲ့ လက်ဗွေစနစ်နဲ့ လော့ ဘာကွာလဲ"
အကြီးအကဲ ကျုံးဟာ သတင်းထောက်ကို ကြည့်ပြီး ဂုဏ်ယူစွာ ပြန်ဖြေလိုက်တယ်။
"လက်ဗွေစနစ် လော့ခ်တွေက အတော်ကောင်းမွန်ပြီး လုံခြုံတယ်..ပင် နံပါတ်ကြတော့ လုံခြုံပေမယ့်လည်း မပေါက်ကြားဖူးလို့ အာမ မခံနိုင်ဘူးလေ..လက်ဗွေစနစ်ရဲ့ အဓိက အချက်က ရှုပ်ထွေးနေတာပဲ ..အချိန်အတော်ကြာ အသုံးပြုဖူးရင် ကွာခြားချက်ကို နားလည်လာလိမ့်မယ်.."
အကြီးအကဲ ကျန်းဟာ သူ့ရဲ့ ထုတ်ကုန်ကို ယုံဘကြည်မူရှိပြီး မာစတာ လင်း ဆယ်မိနစ် အတွင်းဖွင့်နိုင်လိမ့်မယ် ဆိုတာကို မယုံကြည်သေးပါဘူး။
ဘေးနားက လူအုပ်ကြီးဟာလည်း စောင့်ကြည့်နေကြပါတယ်။
"လေးမိနစ်ကုန်သွားပြီ..မာစတာ လင်းအောင်မြင်နိုင်မလား မသေချာသေးဘူး"
"ဟမ့် ငါကတော့ သူ့ကို ယုံတယိ..သူတကယ်အောင်မြင်လိမ့်မယ် စောင့်ကြည့်နေ.."
"သူက အလျင်မလိုဘူး ...အေးဆေးလုပ်နေတာ ယုံကြည်မူရှိတဲ့ ပုံပဲ"
တိုက်ရိုက် ထုတ်လွင့်သည့် နေရာမှာတော့..
"ချီးပဲ သူဘာလုပ်နေတာလဲ ..တကယ်နားမလည်နိုင်တော့ဘူး"
"သူ ဘာလုပ်နေတာလဲ နားမလည်ဘူး..ဒါပေမယ့် သူ့ကြည့်ရတာ ကျွမ်းကျင်မယ့် ပုံပဲ"
"ကျွမ်းကျင်တယ် ဆိုတာ ဘာကို ကြည့်ပြီး ပြောတလဲ..ငါကတော့ မာစတာ လင်း ကြောင်ပျောက်နေတယိ လိုပဲမြင်တယ်"
ကျောက်ကျန်းဟာ သူ့ဖုန်းကို ကိုင်ထားတာပါ..မှတ်ချက်တွေက သူ့ဖုန်းစခရင်မှာ ဆက်တိုက် တက်နေခဲ့ပါတယိ။
"မာစတာ လင်း ဖွင့်နိုင်ရင် ဒုံးကျည် ဆယ်ခုပို့မယ်"
"ငါလည်း ဆယ်ခုပို့ပေးမယ်..မာစတာ လင်းလုပ်နေတာ တွေက ဆရာကျသလိုပဲ...သူအမူအရာကလည်းး တည်ငြိမ်နေတယ်.."
......
လူလိမ် ထျန်ဟာ ဘေးနားမှာ ရပ်နေပြီး လင်းဖန်ကို ကြည့်နေခဲ့တယ် ...သူ လင်းဖန်နဲ့ ဆယ်နှစ်လောက်စောပြီး မတွေ့တာကို နောင်တရနေလို့ပါ..မဟုတ်ရင် သူလင်းဖန်ဆီက သော့ပြင်တဲ့ ပညာသင်လို့ ရပါတယ်။
သို့ပေမယ့် ဆယ်နှစ်နောက်ပြန်သွားကြည့်ရင် လင်းဖန်က ကလေးလေးပါ.။
သတင်းထောက် တစ်ယောက်ဟာ ပြောလိုက်တယ်။
"အားလုံးပဲ မာစတာ လင်းက အကောင်းဆုံးကြိုးစားနေတာ ခုနှစ်မိနစ် ကြာသွားပါပြီ..သူ အချိန်ဘယ်လောက်ကြာမလဲ မသိသေးပါဘူး..အကြီးအကဲ ကျုံး ဘယ်လို မြင်လဲ မေးကြည့်ရအောင်"
သတင်းထောက်ဟာ မေးလိုက်တယ်။
"အကြီးအကဲ ကျုံး ခုနှစ်မိနစ် ကုန်သွားပါပြီ..ဖြစ်နိင်တယ်လို့ ထင်သေးလားရှင့်"
အကြီးအကဲ ကျုံး ဟာ ပြုံးလိုက်ပြီး..
"မဖြစ်နိုင်တာ..မာစတာ လင်းဖွင့်နေတဲ့ နည်းလမ်းကို ငါတကယ် နားမလည်ဘူး..အတွေ့အကြုံတွေ အရတော့ ဒီလို တံခါးကို ဆယ်မိနစ်နဲ့ ဖွင့်ဖို့က မဖြစ်နိုင်ဘူးလို့ ပြောပါရစေ..ဒါပေမယ့် တံခါးမပွင့်ဘူးဆိုရင်တောင် ငါကတော့ မာစတာ လင်းကို လေးစားနေဦးမှာပဲ"
သတင်းထောက်။
"အကြီးအကဲ ကျုံး .အခုစိတ်သက်သာရာ နေပြီပေါ့။.ဒီ ထုတ်ကုန်က မာစတာ လင်းကို ဖိအားတွေ ပေးနိုင်လောက်လား"
အကြီးအကဲ ကျုံးဟာ ပြုံးလိုက်တယ်။
"ကျုပ် တကယ်စိတ်သက်သက်သာရာရ သွားပြီ..အစတုန်းက မာစတာ လင်းက လက်ဗလာကိုပဲ သုံးသွားတာလေ...မာစတာ လင်းက ကိုယ်ခံပရှင်ဆိုတာ လူတိုင်းသိပြီးသားပါ...သူသာ တကယ်ဖွင့်ချင်တယ် ဆိုရင် ရိုက်ဖွင့်လိုက်ရုံပဲ"
သတင်းထောက်တွေဟာ ရယ်မောလိုက်ပြီး..မာစတာ လင်းရဲ့ စွမ်းဆောင်ရည်တွေကို သဘောတူလိုက်ကြပါတယ်။
ဂျောက်..
အဲ့အချိန်မှာပဲ လူတိုင်း အသံတစ်ခုကို ကြားလိုက်ရတယ်။
လင်းဖန်ဟာ မတ်တပ်ရပ်ကာ ခေါင်းယမ်းလိုက်ပြီး...
"ကျုပ်လက်တွေလည်း လှုပ်လို့တောင် မရတော့ဘူး..တံခါးကတော့ ပွင့်သွားပြီ"
ယုံကြည်မူ ရှိနေတဲ့ အကြီးအကဲ ကျုံးဟာတော့ မယုံကြည်နိုင်ခဲ့ပေ။
တိုက်ရိုက် ထုတ်လွင့်သည့်နေရာတွင်။
"ဘာတွေတုန်း ..ငါအခုထိ နားမလည်သေးဘူး"
"ငါရောပဲ..ခနလေးပဲ ရှိသေးတယ်လေ..တံခါးပွင့်သွားပြီလား.."
"ချီးပဲ ဘယ်လို ပွင့်သွားလဲဆိုတာ ကောင်မလေး ချောချောလေး တစ်ယောက်လောက် လာရှင်းပြကြပါ"
"စောက်ရမ်း မိုက်တယ်ကွာ..ယုံတောင် မယုံနိုင်ဘူး"
...
သတင်းထောက်တွေဟာ ရှေ့ကို ချက်ချင်းတက်သွားလိုက်ပြီး..
"မာစတာ လင်း..တံခါးက ပွင့်သွားပြီလား.."
"ကြည့်ကြည့်လိုက်"
လင်းဖန် တံခါးကို ဆွဲဖွင့်ပြလိုက်တဲ့ အချိန်မှာ တံခါးဟာ အမှန်တကယ် ပွင့်နေခဲ့ပါပြီ။
ဘေးနားက လူအုပ်ကြှီးဟာလည်း အံ့သြနေကြပါတယ် ...သူတို့ တစ်ချိန်လုံး စောင့်ကြည့်နေကြပေမယ့်လည်း မာစတာ လင်း ဘယ်လို ဖွင့်သွားလည်း နားမလည်ကြပါဘူး။
လင်းဖန် ပြုံးလိုက်ပြှီး..
"ရှစ်မိနစ် လောက်ပဲ ရှိဦးမယ် ထင်တယ်...ဆယ်မိနစ် အတွင်းဖြစ်လိမ်မယ် လို့ တကယ် မထင်ထားဘူး"
တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်နေကြတဲ့ သော့ကုမ္ပဏီကြီး တွေဟာ ရယ်မောလိုက်ကြပါတယ်။ဒီလူတွေရဲ့ တံခါးက ရှစ်မိနစ်နဲ့ ပွင်လိမ့်မယ်လို့ သူတို့ မမျှော်လင့် ထားခဲ့ကြပါဘူး...ဒါကို သူတို့ ဘယ်လို ထပ်ရှင်းပြမလဲ ဆိုတာ စောင့်ကြည့်ချင်ပါသေးတယ်။
သို့ပေမယ့် သူတို့ စိတ်မလှုပ်ရှားရသေးခင်မှာပဲ နောက်ထပ်ပေါ်လာတဲ့ အဖြစ်အပျက်ကြောင့် အံ့သြသွားကြပါပြီ။
အကြီးအကဲ ကျုံးဟာ အံ့သြလွန်းလို့ ဘာပြောရမလဲတောင် မသိတော့ပေ။
သတင်းထောက်ဟာ မေးလိုက်တယ်။
"မာစတာ လင်း ဒီတံခါးကို ဖွင့်ဖို့ လွယ်ကူခဲ့လား"
လင်းဖန် အံ့သြစွာပြုံးလိုက်ပြီး..
"လုံးဝမလွယ်ကူပါဘူး.."
သတင်းထောက်ဟာ ထပ်ပြောလိုက်တယ်။
"ဒါပေမဲ့ ရှစ်မိနစ်ပဲ အချိန်ယူခဲ့တယ်လေ...ရှစ်မိနစ်ထဲနဲ့..."
လင်းဖန် ခေါင်းယမ်းလိုက်ပြီး..
"အကြီးအကဲ ကျုံးရဲ့ တံခါးက တစ်ခြား လျှပ်စစ်တံခါးတွေနဲ့ ကွာခြားတယ်...တစ်ခြားတံခါးတွေဆိုရင် ဖွင့်ဖို့ တစ်မိနစ် .နှစ်မိနစ်လောက်ပဲ လိုလိမ့်မယ်..ဒါပေမဲ့ ဒီတံခါးကတော့ ရှစ်မိနစ်တောင်ကြာခဲ့တယိလေ..တွေ့ဖူးသမျှ တံခါးတွေထဲမှာ ဒီတံခါးက အရည်အသွေး အကောင်းဆုံးပဲ..ကျွန်တော် အကြီးအကဲ ကျုံးတို့ရဲ့ နည်းပ ညာအဖွဲ့ကို တကယ်လေးစားတယ်"
သတင်းထောက်ဟာ မေးလိုကိတယ်။
"မာစတာ လင်း..ဒီ အဆင့်မြင့် ကျားသစ် လက်ဗွေတံခါးက လက်ရှိမှာ အကောင်းဆုံး တစ်ခု လို့ ပြောချင်တာလား"
လင်းဖန် ခေါင်းညိမ့်လိုက်တယ်။
"အင်း ကျွန်တော်တွေ့ဖူးသမျှ လျှပ်စစ်တံခါးတွေ ထဲမှာပေါ့"
သတင်းထောက်ဟာ ရှက်ကိုးရှက်ကန်းဖြင့်..
"ဒါပေမဲ့ ရှစ်မိနစ်ထဲ ကြာတာလေ.."
လင်းဖန် တည်တည်ငြိမ်ငြိန်ပြောလိုက်တယ်။
"ကျွနိတော် လက်တွေကို ရှစ်မိနစ် ထိန်းထားနိုင်တာပဲ အတော် ကောင်းမွန်နိုင်နေပါပြီ...ဒီလို ထိန်းထားနိုင်တဲ့ တံခါးက သိပ်များများစားစား ရှိမယ် မထင်ဘူး"
အကြီးအကဲ ကျုံးဟာ တော့ ပါးစပ် အဟောင်းသားနဲ့သာ လင်းဖန်ကို ကြည့်နေပြီး..ဘာပြောရမလဲ တောင်မသိတော့ပေ။
ရှစ်မိနစ် ကြာခံတဲ့ တံခါးက မာစတာ လင်းရဲ့ အမြင်မှာတော့ ကောင်းမွန်တဲ့ တံခါးပါ။
ဘယ်လို လူမျိုးက ဒီလို စကားပြောမှာလဲ...
အကြီးအကဲ ကျုံးဟာ ရယ်မောလိုက်ပေမယ့်လည်း ပျော်နေတာလား..ဝမ်းနည်းနေတား မသိတော့ပါဘူး။သူဟာ မာစတာ လင်းကို လက်မထောင်ပြလိုက်ပြီး....
"မာစတာ လင်း ,ကျွန်တော်တို့ အရှုံးကို ဝန်ခံပါတယ်..ကြည့်ရတာ ကျွန်တော်တို့ ပစ္စည်း ထင်သလောက် မကောင်းသေးဘူးထင်တယ်"
လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။
"အကြီးအကဲ ကျုံးက အရမ်းနိမ့်ချတာပဲ..ခင်ဗျားတံခါးမှာ ဘာပြသနာ မှမရှိဘူး..ကျွန်တော်လက်တွေကို ရှစ်မိနစ် တောင့်ခံနိုင်တာကတောင် နိုင်ငံရဲ့ အကောင်းဆုံးအဖြစ် သတ်မှတ်လို့ ရနေပြီ"
နှစ်ဖက်စလုံးဟာ ချီးမြောက်နေခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လင်းဖန်ကသာ အနိုင်ရရှိတဲ့ လူတစ်ယောက်ပါ။