အတူတူ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်တယ်..
Vol. 12 Ch. 166
ဘာသာပြန် = စနိုးဝှိုက်
ဘေးနားက လူအုပ်ကြီးဟာ အံ့သြသွားကြပါတယ်..သူတို့ သူဌေးလေးရဲ့ စွမ်းဆောင်ရည် ဒီလောက်အဆင့်မြင့်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
အဆင့်မြင့် ကျားသစ် လက်ဗွေစနစ်တံခါးကိုလည်း သူတို့ အနည်းငယ် စိတ်ဝင်စားမိပါတယ်။
မြို့သားတစ်ယောက်ဟာ သံသယ ဖြစ်စွာမေးလိုက်တယ်။
"သူဌေးလေး ..ကျွန်တော့်အိမ်မှာ ပျော်စရာ တံဆိပ် လျှပ်စစ် သူခိုးဖမ်းတံခါးကို တပ်ထားတယ်..အဲတာကို ဖွင့်ရင် အချိန်ဘယ်လောက်ကြာနိုင်မလဲ.."
လင်းဖန် ရယ်မောပြီး အံ့သြစရာ အဖြေကိုပေးလိုက်တယ်..
"တစ်မိနစ်...နှစ်မိနစ်ပေါ့.အဲ့ထက်နည်းရင်လည်း နည်းမှာပါ.."
လူတိုင်းဟာ ဒါကိုကြားပြီး ဆွံ့အသွားကြပါတယ်..ကြည့်ရတာ သူဌေးလေး မဖွင့်နိုင်တဲ့ တံခါးတောင် ရှိမှာ မဟုတ်တော့ပါဘူး။
သူဌေးလေးသာ သူခိုးလုပ်ချင်တယ်ဆိုရင် ဘယ်အိမ်ကမှ တားဆီးနိုင်မှာ မဟုတ်ပေ။
အဲအချိန်..ပျော်စရာ တံဆိပ် သူခိုးဖမ်း တံခါးကို ထုတ်လုပ်တဲ့ ကုမ္ပဏိီမှာ တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်နေတဲ့ လူတွေဟာတော့ သွေးအန်မလို ဖြစ်နေခဲ့ပါပြီ..ဖြစ်နိုင်ရင် မေးခွန်းမေးတဲ့ကောင်ကို သူတို့ သွားပြီးရိုက်နှက်ချင်နေခဲ့ပါတယ်။
သို့ပေမယ့် သူတို့ မာစတာ လင်းကို ဘာမှပြောစရာ မရှိပေ..သူတို့ အကြီးအကဲကျုံးလုပ်သလိုမျိုး မာစတာ လင်းကို စိတ်မခေါ်ရဲကြပါဘူး။သူတို့ ကုမ္ပဏီရဲ့ ထုတ်ကုန်ကို သူတို့ ကောင်းကောင်း သိထားပြီးသားပါ။
သတင်းထောက်တွေဟာလည်း အခြေအနေကို မှတ်တမ်းတင်နေကြပေမယ့် အခြေအနေက သူတို့ မျှော်လင့်ထားသလို မဟုတ်ခဲ့ပေ။သူတို့ အထင်က တစ်ယောက်ယောက် ရှုံးနိမ့်မယ် လို့ထင်ထားခဲ့တာပါ။
တကယ်လို့ မာစတာ လင်းရှုံးနိမ့်ရင် .လူတွေက မာစတာ လင်းဟာ လေပဲ ရှိပြီး..အဖြစ်မရှိဘူးလို့ ပြောကြမှာ ဖြစ်ပြီး..တကယလို့ အဆင့်မြင့် ကျားသစ် လျှပ်စစ် လက်ဗွေ စနစ် တံခါး ရှုံးနိမ့်ရင် သူတို့ရဲ့ အရည်အသွေးပိုင်း မေးခွန်း ထုတ်ခံရမှာပါ။
သို့ပေမယ့် အဆင့်မြင့် လက်ဗွေ တံခါး ရှုံးနိမ့်ပေမယ့် လည်း သူတို့ဟာက ရှုံနိမ့်တာနဲ့တောင် မတူပါဘူး။သူတို့ဟာ တစ်ခြားတံခါးတွေရဲ့ ထိပ်ပိူင်းမှာ ရပ်တည်သွားပြီး မာစတာ လင်းကို အကြာဆုံးတောင့်ခံနိုင်တဲ့ တံခါးအဖြစ်တောင် အသိအမှတိ ပြုခံနေရပါတယ်။
အင်တာနက်ရဲ့ အမြန်နှုန်းနဲ့ ဆိုရင်..ဒီကိစ္စဟာ ချက်ချင်း ပြန့်နှံ့သွားပြီး ကြော်ငြာစရာ တောင် လိုတော့မှာ မဟုတ်ပေ။
အကြီးအကဲ ကျန်းဟာ ရှေ့ကို တက်ပြီး လင်းဖန်ရဲ့ လက်ကို ဆွဲလိုက်ကာ..
"ကျွန်တော် မာစတာ လင်းရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုပါတယ် ..ဖြစ်နိုင်ရင် ဖုန်းနံပါတ်လေး ပေးလို့ရမလား.."
လင်းဖန် ရယ်လိုက်တယ်။
"သေချာတာပေါ့"
ယင်းနောက် သူတို့နှစ်ယောက်ဟာ ဖုန်းနံပါတိ လဲလှယ်လိုက်တယ်..သူ လင်းဖန်ကို ရှုံးနိမ့်ခဲ့ပေမယ့် လည်း ဒါကို လုံးဝ စိတ်ထဲမထားပါဘူး။
တကယ်တော့ မာစတာ လင်းဆီလာခဲ့တာက ကြော်ငြာတာ ထက်တောင် ပိုပြီး အသုံးဝင်ပါသေးတယ်။
ရှစိမိနစ်က မကြာပေမယ့်လည်း..သူတို့ရဲ့ တံခါးဟာ မာစတာ လင်းကို အချိန်အကြာဆုံး တောင့်ခံနိုင်တဲ့ တံခါးပါ။တစ်ခြား တံခါးတွေဆိုရင် တစ်မိနစ်..နှစ်မိနစ်လောက် သာ ကြာပါလိမ့်မယ်။
အလုပ်သမား နှစ်ယောက်ဟာ အကြီးအကဲ ကျုံးဆီကို အိတ်အနက် နှစ်လုံး သယ်လာလိုက်တယိ။ဒီ အိတ်အနက် နှစ်လုံးဟာ ဒေါ်လာ နှစ်သန်း ငွေသားထည့်ထားတာ သိသာပါတယ်။
လူလိမ် ထျန်ဟာ ဒါကိုမြင်ပြီးအနည်းငယ် စိတ်လှုပ်ရှား သွားခဲ့တယ်။သူ တောင် လင်းဖန်ကို အားကျမိပါတယ်...သူက ငယ်ရွယ်ပေမယ့်လည်း ဒီလောက်များပြားတဲ့ ငွေပမာဏ ကို ရရှိအောင် စွမ်းဆောင်နိုင် နေခဲ့ပါပြီ။ဒါက တကယ့်ကို မနာလို စရာပါ။
အကြီးအကဲ ကျုံးဟာ အပြုံးလေးဖြင့်..
"မာစတာ လင်း..တစ်စုံတစ်ယောက်က အလောင်းအစား လုပ်ချင်ရင် ..ရှုံးနိမ့်မူကိုလည်း လက်ခံတတ်ရမယ်။ကျေးဇူးပြုပြီး ဒေါ်လာ နှစ်သန်းကို လက်ခံပေးပါ"
"အကြီးအကဲ ကျုံးက အရမ်းနိမ့်ချ တတ်တာပဲ.."
လင်းဖန် ပြုံးရလွန်းလို့ သူ့ရဲ့..မျက်လုံးတွေတောင် ပိတ်ပါတော့မယ်..သူဟာ အကြီးအကဲ ကျုံးရဲ့ မျက်လုံးကို ကြည့်လိုက်ပြီး..အသိအမှတိပြုကြောင်း ပြလိုက်တယ်။
အကြီးအကဲ ကျုံးဟာ ပြုံးနေပေမယ့် ဘာမှ ထပ်မပြောပေ။သူ နှလုံးသားထဲမှာတော့ ဝမ်းသာ နေခဲ့ပါတယ်။
မာစတာ လင်းက တကယ်ထူးချွန်နေတဲ့ လူတစ်ယောက်ပါ။
လင်းဖန် ပြုံးလိုက်ပြီး ဒေါ်လာ နှစ်သန်းကို စိတ်သန့်သန့်နဲ့ လက်ခံလိုက်တယ်..သူက အဆင့်မြင့် ကျားသစ် တံခါးကို အင်တာနက်ပေါ်အထိ ပေါက်အောင် ကြော်ငြာ ပေးထားတာဖြစ်ပြီး..ဒါက စျေးကွက်မှာတောင် အကျိုးသက်ရောက်စေမှာပါ။
တကယ်လို့ တစ်ခြားတစ်ယောက်ယောက်ဆိုရင် သူတို့ကို စျေးကွက်အောက်ဆုံး အထိရောက်သွားအောင် ထိုးနှက်ပြောဆိုမှာပါ။
ဒါပေါ့ သူကလည်း အလကားနေရင်း မြောက်ပင့် ပြောဆိုနေတာ မဟုတ်ပါဘူး..ဒါက အမှန်တရားပါ။အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါးဟာ သူတို့ ဂုဏ်သတင်းနဲ့ တကယ် ထိုက်တန်ပါတယ်။
သတင်းထောက် တစ်ယောက်ဟာ မေးလိုက်တယ်။
"မာစတာ လင်း .ဒေါ်လာ နှစ်သန်း ရပြီးနောက်မှာ ဘာကို တွေးမိပါသလဲ.."
လင်းဖန် ရယ်လိုက်တယ်။
"ကျွန်တော်မှာ ဘာအတွေးမှ မရှိဘူး..ဒါပေမဲ့ အကြီးအကဲ ကျုံးက လူတစ်ကောင်း တစ်ယောက်ဆိုတာကိုတော့ ပြောပါရစေ..သူတို့လို လူမျိုးပဲ ဒီလို တံခါးမျိုး တည်ထွင်နိုင်လိမ့်မယ်."
အကြီးအကဲ ကျုံးဟာ ပြောလိုက်တယ်။
"ကျွန်တော်ကို မြှောက်နေတာပဲ..ကျွန်တော် တို့ရဲ့နောက်ထပ် ပစ္စည်းအသစ်တွေ ထုတ်ရင်..လာပြီး စမ်းသပ်ပေးပါဦး..အဲ့ခါကျ ထွက်မပြေးရဘူးနော်"
လင်းဖန်ဟာ အကြီးအကဲ ကျုံးရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"ဒါပေါ့ ကျွန်တော် တတ်နိုင်တယ်ဆိုရင်တော့ ကူညီပါ့မယ်.."
အကြီးအကဲ ကျုံးဟာ ရယ်မောလိုက်တယ်။
"ဟားဟား နောက်ထပ် ပစ္စည်းအသစ်ကသာ ကိုးမိနစ်တောင့်ခံနိုင်ရင် ဒါက ကြီးမားတဲ့ တိုးတက်မူပဲ.."
"ဟားးဟားး"
သူတို့နှစ်ယောက်ဟာ ပြိုင်တူ ရယ်မောလိုက်ပါတယ်။
သတင်းထောက်တွေကတော့ သူတို့နှစ်ယောက်ကို ကြည့်ကာ ဘာမှ မပြောနိုင်တော့ပေ။ဒါက စီးပွားရေးလုပ်ဖို့ တစ်ယောက်နဲ့ တစိယောက် ဖားယားတာနဲ့တောင် တူနေပါပြီ။
သူတို့ ပြောနေကြတဲ့ သတင်းကြီးက ဘယ်လို ဖြစ်သွားပြီလဲ...
တိုက်ရိုက်ထုတ်လွင့်သည့်နေရာမှာတော့..
"ဘာတွေ ဖြစ်နေတာလဲ.. တစ်ယောက်ယောက်ရှင်းပြကြစမ်းပါဦး..."
"ငါကတော့ ခံစားချက်ကောင်းနေတယ်..ငါ့အိမ်က အဲ့တံခါး တပ်ထားတာလေ..ကုမ္ပဏီရဲ့ သူဌေးက ဒီလို တံခါးမျိုး ဖန်တီးဖို့ အတော် အချိန်ပေးခဲ့ရမယ်..ထပ်ပြောရရင် မာစတာ လင်းကို ရှစ်မိနစ် တောင့်ခံနိုင်တာကလည်း ဂုဏ်ယူစရာပါပဲ"
"ငါတွေးနေတာက မာစတာ လင်းမလုပ်တတ်တာ ဘာရှိမလဲ ပေါ့"
"အပေါ်ကကောင်လေး...မာစတာ လင်း ကလေးတွေမလုပ်တတ်တာ တော့ ကျိန်းသေတယ်"
....
ဘေးနားက လူအုပ်ကြီးဟာ ဝိုင်းလာကြပါပြီ။
"ဒီတံခါးက ဘယ်လောက် ကုန်မှာလဲ ..တစ်ခုလောက် တပ်ချင်လို့"
"ငါ့အိမ်မှာ ရှိတဲ့ သူခိုးဖမ်း တံခါးက ဆယ်နှသ်လောက်ရှိပြီဆိုတော့ အသစ်လဲ သင့်နေပြီ"
="ငါလည်း တံခါး ဝယ်ချင်တယ်"
မြို့သားတွေဟာ မေးလိုက်ကြတယ်..သူတို့ ကြည့်ရတာ အဆင့်မြင့် ကျားသစ် တံခါးကို ချက်ချငိး စိတ်ဝင်စားသွားတဲ့ ပုံပါပဲ။
အကြီးအကဲ ကျန်းဟာ ရယ်မောလိုက်ပြီး..
"ကောင်းပြီ ကောင်းပြီ.. အားလုံးကို ကျေးဇူးတင်ပါတယ်။ကျွန်တော် တို့ရှန်ဟိုင်းမှာ ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်..ဒီ နာမည်ကဒ်ကို ယူပြီး..အဲ့ဆိုင်ကို သွားလိုက်ပါ..သုံးဆယ် ရာခိုင်နှုန်းလျော့ပေးပါလိမ့်မယ်။ပြီးတော့ အခမဲ့ တပ်ဆင်မူရောပေါ့..တစ်ကယ်လို့ တစ်ခုခု အဆင်မပြေတာ ရှိရင် ကျွန်တော်ကို ဖုန်းဆက်လိုက်ပါ"
ပြောပြီးတဲ့ နောက်မှာ အကြီးအကဲ ကျန်းဟာ..နာမည်ကဒ်တွေကို. ဝေပေးလိုက်ပါတယ်။ပုံမှန်ဆို လူအနည်းငယ်လောက်သာ စိတ်ဝင်စားကြပေမယ့်လည်း...သုံးဆယိရာခိုင်နှုန်း လျော့ပေးမယ် ဆိုတဲ့ စကားကို ကြားတဲ့နောက်မှာတော့..သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
အစကတော့ လင်းဖန်ဟာ ဒေါ်လာနှစ်သန်း လက်ခံပြီးတဲ့နောက်မှာ...အကြီးအကဲ ကျန်းနဲ့ ကျန်တဲ့ လူတွေကို..အစားအသောက်နဲ့ ဧည့်ခံချင်နေခဲ့တာပါ..သို့ပေမယ့် သူတို့က လေယာဥ်ပျံ ဘိုကင် လုပ်ပြီးကြပါပြီ..ဒါကြောင့် သူနောက်တစ်ခါ အခွင့်အရေးကိုပဲ စောင့်နိုင်ပါတော့မယ်။
အဆုံးမှာတော့ အကြီးအကဲ ကျုံးနဲ့ အလုပ်သမားတွေဟာ လင်းဖန်ကို နှုတ်ဆကိပြီးထွက်သွားကာ..သတင်းထောက်တွေပါ ထွက်သွားကြပါတော့တယိ။
သတင်းထောက်တွေကတော့ ဒီသတင်းကို ရေးဖို့အတော်ခက်ခဲမှာဖြစ်ပြီး အချိန်ကြာအောင်..စဥ်းစားကြရပါဦးမယ်။
ဆိုင်ထဲတွင်။
"မင်းဒီည ငါတို့ကို တစ်ခုခု ကျွေးသင့်တယ်"
လူလိမ် ထျန်ရေရွတ်လိုက်တယ်။
ဒေါ်လာ နှစ်သန်းနဲ့ဆိုရင်..ဒီကလေးက မီလီယံနာ ဖြစ်နေပြီလို့တောင် ပြောလို့ရပါတယ်။
လင်းဖန် ရယ်မောလိုက်ပြီး..
"ကောင်းပြီ..အားလုံးကို လိုက်ကျွေးမယ်.."
လူလိမ် ထျန်ဟာ ဝမ်းသာသွားခဲ့တယ်..သူနောက်ဆုံးတော့ အဲ့ဆိုင်မှာ ပြန်စားရပါတော့မယ်။
ကျောက်ကျန်းယန်ဟာ ကင်မရာကို လင်းဖန်ဘက်လှည့်လိုက်ပြီး..
"မာစတာ လင်း အခု ဘယ်လိုခံစားရလဲ..ကျေးဇူးပြုပြီး တိုက်ရိုက်ထုတ်လွင့် မူမှာ မျှဝေပေးပါဦး"
လင်းဖန် ကင်မရာကို ကြည့်လိုက်ပြီး...
"အားလုံးက ကျွန်တော် စီစဥ်သလိုပဲ ဖြစ်သွားတာပါ"
တိုက်ရိုက် ထုတ်လွင့်မူတွင်တော့...
"666 ငါ အမှတ်တွေ ရာချီပေးလိုက်ပြီး"
"မိုက်တယ်... ညီအစ်ကိုတို့ရေ လက်ဆောင်လေး ပို့လိုက်ကြပါဦး"
"မာစတာ လင်း ဒါတွေက စီစဥ်ထားတာလား..ဘာတွေ ကွာခြားလဲ ပြောပေးပါဦး"
"သော့ပြင်ဆရာ မာစတာ လင်း...အခုက စပြီး မာစတာ လင်းရဲ့ အိမ်နီးချင်းတွေ ဂရုစိုက်ကြတော့ဟေ့..မဟုတ်ရင် မင်းတို့အိမ်မှာ မရှိတုန်း..မာစတာ လင်းက မင်းတို့ မိန်းမတွေနဲ့ စကားလာပြောလိမ့်မယ်"
"တောင်းပန်ပါတယ်..မာစတာ လင်းရယ်..တပည့်အဖြစ်လက်ခံပေးပါ။ဒီ စကေးတစ်ခုတည်း သင်ပေးဖို့ တောငိးဆိုတာပါ"