ငါးရွက်မြောက်စာရွက်ရဲ့ အသိ ပညာ ပွင့်သွားခြင်း
Vol. 12 Ch. 167
ဘာသာပြန် = စနိုးဝှိုက်
အရင်နေ့ညက လင်းဖန် လူလိမ် ထျန်နဲ့ တစ်ခြားလူတွေကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယိ။သူတို့ဟာ ဘုရင်တွေလို ဇိမ်ခံစားသောက်ကြရတာပါ။
ဒေါ်လာ နှစ်သန်းဝင်လာတာက မြန်ဆန်လွန်းလှတယ် ဆိုပေမယ့်လည်း..လင်းဖန် ဒီလက်ခံရရှိတဲ့ အကြောင်းအရာကို သိထားပါတယ်။
ဒီယှဥ်ပြိုင်ပွဲမှာ နှစ်ဖက်စလုံးက အနိုင်ရရှိခဲ့ပြီး ပျော်ရွှင်မူတွေနဲ့သာ အဆုံးသတ်ခဲ့ကြရတာပါ။
နောက်တစ်ရက်။
မနေ့က အဖြစ်အပျက်တွေဟာ အင်တာနက်ပေါ်ကို တက်လာခဲ့ပါပြီ။
"အဆင့်မြင့် ကျားသစ်တံခါးတွေဟာ အထူးကောင်းမွန်ပြီး ရှစ်မိနစ်ကြာအောင် တောင့်ခံနိုငိခဲ့"
"လျှပ်စစ်တံခါးတွေရဲ့ စည်းမျဥ်းဟာ ပြောင်းလဲခဲ့ပြီး..မာစတာ လင်းကို ကြာအောင် ထိန်းနိုင်တဲ့ တံခါးသာ အကောင်းဆုံးဖြစ်"
"ကံကောင်းမူနဲ့ ကံဆိုးမူများဟာ အတူယှဥ်တွဲလျက်ရှိ..အဆင့်မြင့် ကျားသစ် လက်ဗွေတံခါးဟာ ကံဆိုးမူများ ကျေးဇူးကြောင့် ကံကောင်းမူများ ရောက်ရှိနေ"
.......
"အဆန်းကြီး ဘယ်ကုမ္ပဏီမှ မိနစ်ရာချီတောင့်ခံနိုင်တယ် လို့ပြောရဲကြတော့မှာ မဟုတ်ဘူး..ရှစ်မိနစ်ဆိုတာကတင် တော်တော် များနေပြီ.."
"ငါတိုက်ရိုက် ထုတ်လွင့်မူကို ပြန်ကြည့်လိုက်သေးတယ်..တကယ် အဆန်းကြီး"
"မာစတာ လင်းဆိုတာ ဘယ်သူလဲ..မာစတာလင်းက ဆယ်လီ တစ်ယောက်တော့မဟုတ်ဘူး..ဒါပေမဲ့ သူ့ကို လူတွေ အများကြီး သိကြတယ်"
"အပေါ်က ညီကို မာစတာ လင်းကို မသိပဲ ဒီကို ဘာလာလုပိတာလဲ..ဘိုင်တုမှာ သွားရှာပြီးမှ ပြန်လာခဲ့"
"အရမ်းမိုက်တယ်...ဒီလူက တကယ်လူပဲ"
"သူက စောက်ရမ်း တော်တဲ့ လူ..ပြောတာ လုံလောက်ပြီ"
.....
ဒီကိစ္စဟာ အရမ်းထူးခြားပြီး မပြီးဆုံးသွားပေမယ့် လူများစွာကို ဆွဲဆောင်နိုင်ခဲ့ပါသေးတယ်။သူတို့အတွက်ကတော့ ပျင်းစရာ သတင်းတွေကို စိတိမဝင်စားကြပဲ.. နည်းနည်းလေး စိတ်ဝင်စားဖို့ကောင်းလာပြီဆိုရင်တော့ ပြောလို့ပြီးကြမှာ မဟုတ်တော့ပါဘူး။
တစ်ချိန်တည်းမှာပဲ တစ်ချို့လူတွေဟာ မာစတာ လင်းရဲ့ မူလ အရင်းအမြစ်ကို ဖော်ထုတ်ချင်နေကြပါတယ်။
"မာစတာ လင်းရဲ့ နာမည် အစစ်အမှန်က လင်းဖန်..သူက တိမ်ဖြူလမ်းက ' မာစတာ လင်း ' ဆိုတဲ့ ဆိုင်ကို ပိုင်တယ်။သူက ဗေဒင်ဆရာ၊ ပန်ကိတ်သည်၊ စွမ်းအားရှစ်မျိုးလက်သီးသိုင်းရဲ့ သဘာပတိ၊ သော့ပြင်ဆရာ.."
ရှည်လျားတဲ့ ဂုဏ်ဒြပ်တွေဟာ လူတွေ အများကြီးကို ကြောင်အစေခဲ့ပါတယ်။
အဆင့်မြင့် ကျားသစ် လက်ဗွေစနစ်တံခါးအတွက်တော့ ..သူတို့ဟာ စျေးကွက်မှာ ပိုမိုရောင်းချလာကြရတယ်။အစကတော့ သူတို့ဖြစ်ပေါ်လာတဲ့ အခြေအနေကို စိတ်ပူကြပေမဲ့..အဲ့နေ့အပြီးမှာ အရာရာဆင်ပြေသွားခဲ့ရပါပြီ။
အကြီးအကဲ ကျုံးဟာတော့ လင်းဖန်ကို အတော်ကျေးဇူးတင်လို မဆုံးပေ။လင်းဖန်က သူတို့ကို မရိုက်ချယုံသာမက စျေးကွက်ပါ မြင့်တင်ပေးခဲ့တာပါ။
သူဟာ ရှုံနိမ့်ခဲ့ရလို့ ဒေါ်လာ နှစ်သန်းပေးလိူက်ရပေမယ့်လည်း..နာကျင်မူကို မခံစားရပဲ ပိုတောင် ဝမ်းသာနေပါသေးတယ်။
အဆင့်မြင့်ကျားသစ် အရောင်းဌာန မှာတော့။
* ကလင်.ကလင် *
တစ်နေရာလုံး ဖုန်းအဝင်ကော တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။
"မဂ်လာပါရှင့် အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် အရောင်းဌာနကပါ"
"ကျွန်တော် အဆင့်မြင့် ကျားသစ် လက်ဗွေစနစ် တံခါးတွေကို ပြန်လည်ရောင်းချ ချင်လို့ပါ..ဘာတွေ လုပ်ဆောင် ရမလဲခင်ဗျ$
"ကျွန်တော်က ဇိမ်ခံ အစစ်အမှန် အိမ်ယာ ကုမ္ပဏီကပါ ..အဆင့်မြင့် လက်ဗွေစနစ် တံခါး အခုတစ်ရာလောက် အော်ဒါမှာချင်လို့..."
....
အကြီးအကဲကျုံးဟာ အခြေအနေကို မြင်လိုက်ရတဲ့ အချိနိမှာ ပျော်လွန်းလို့ အော်တောင် ငိုချင်နေခဲ့ပါပြီ။
"ချီးပဲ..ဒါက ကြော်ငြာရိုက်တာထက်တောင် ပိုထိရောက်သေးတယ်..အခုကစပြီး ငါမာစတာ လင်းနဲ့ ရင်းနှီးအောင်လုပ်ရမယ်"
သူမာစတာ လင်းကို တောင် ကုမ္ပဏီ ရဲ့ သံတမန်အဖြစ်ဟလစာမြင့်မြင့်နဲ့ ကမ်းလှမ်းလိုက်ချင်ပါတယ်။
ဘာပဲဖြစ်ဖြစ် မာစတာ လင်းကြောင့်သာ မဟုတ်ရင် သူတို့ တံခါးတွေ အခုလောက်ထိ လူသိများလာမှာ မဟုတ်ပါဘူး။
ဒါပေါ့..အကြီးအကဲ ကျုံး အရမ်းကို ကျေးဇူးတင်နေရတဲ့ မာစတာ လင်း ကတော့ အခုချိန်မှာ အရမ်း စိုးရိမ် နေခဲ့ရပါပြီး စိတ်လှုပ်ရှားနေရပါပြီ။
ရှန်ဟိုင်းမြို့ရဲ့ ဆင်းရဲသား ရပ်ကွက် တစ်ခုမှာ မျက်စိတစ်ဆုံး မြင်နေရတဲ့..ကွင်းပြင်ကြီးတစ်ခုရှိနေခဲ့ပြီး..မြင်ကွင်းဟာ အရမ်းလှပ နေလို့ပါ။အဲ့အချိန်မှာပဲ လူတစ်ယောက်ဟာ အဲ့နားမှာ ရပ်တန့်သွားခဲ့တယ်။
လင်းဖန်ဟာ လမ်းဘေးမှာ ရပ်နေပြီး ကွင်းပြင်ကြီး ကိုကြည့်ကာ စိတ်ကောင်းဝင်နေခဲ့ပါတယ်။
ဒီအဖြစ်အပျက်တွေ အပြီးမှာ..သု့ရဲ့ သော့ပြင်ဆရာ စမ်းသပ်ချပ်ပြည့်သွားပြီလား ဆိုတာ သူလည်း သေချာ မသိပါဘူး။သို့ပေမယ့် သူ့ရဲ့ဂုဏ်သတင်း မြင့်တက်လာခဲ့တာကြောင့် သူ လူလူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေကို ထားခဲ့ပြီး...တိမ်ဖြူလမ်းက ထွက်လာခဲ့တာပါ။
သူ လူလိမ် ထျန် ကျွမ်းကျင်မူတွေ အများကြီးရှိတာ လေးစားပေမယ့် လည်း သူ့ရဲ့ ကျွမ်းကျင်မူတွေ အများစုက အသုံးမဝင်ပါဘူး။
ဥပမာ..ပေါင်းသင်းဆက်ဆံမူ။သူသာ ကံဆိုးပြီး အဲလို အရာကို ရွေးချယ်မိရင်...သူသိများတဲ့ ပေါင်းသင်းဆက်ဆံသူ ဖြစ်လာရတော့မှာပါ။
ဒါဆို သူဘာလုပ်ရတော့မလဲ..?
သူ လူတွေ ရှုပ်ရှပ်ခတ်နေတဲ့ နေရာတွေကို သွားပြီး လူတိုင်းနဲ့ လိုက်မပေါင်းသင်းနိုင်ပါဘူး။ဒါကြောင့် သူ လူလိမ် ထျန်နဲ့ ဝေးဝေးကို ထွက်လာဖို့သာ တတ်နိုင်ပါတော့တယ်။
"ဝုတ်..ဝုတ်"
သိပ်မဝေးတဲ့ တစ်နေရာကနေ..ခွေးဟောင်သံ တစ်ခုကို ကြားလိုက်ရတယ်။နှင်းလို ဖြူဖွေးနေတဲ့ လမ်းဘေးခွေးလေးဟာ..အမြီးကို ဝေ့ယမ်းနေပြီး လင်းဖန်အနားကို ကပ်လာခဲ့ပါတယိ။
သူ့ကြည့်ရတာတော့ လင်းဖန်ကို လုံးဝ ကြောက်လနိ့တဲ့ ပုံစံမရှိပါဘူး။ခွေးလေးဟာ လင်းဖန် အနားကို ရောက်တဲ့အချိန်မှာ ခေါင်းမော့ပြီး လင်းဖန်ကို ကြည့်လိုက်တယ်။
"တစ်ခြားတစ်နေရာရာကို သွားဆော့ ,ခွေးလေးရေ"
လင်းဖန် ခြေထောက်ဖြင့် ခွေးကို တွန်းကာ ပြောလိုက်တယ်။
သို့ပေမယ့် နှင်းလိုဖြူဖွေးနေတဲ့ ခွေးလေး ဟာ လုံးဝ ကြောက်ရွံ့တဲ့ ပုံစံ မရှိပါဘူး။တကယ်တာ့ သူ့ပါးစပ်ကို ဖွင့်ကာ လျာကိုထုတ်ပြီ လျက်ဖို့တာင် လုပ်နေပါသေးတယ်။
လင်းဖန် ခွေးကို ထပ်ဂရုမစိုက်တော့ပဲ ငြိမ်သက်စွာသာ စောင့်နေလိုက်ပါတယ်။ခွေးလေးဟာ လင်းဖန် အနားမှာ ခနလောက် လျောက်သွားနေပြီးနောက်မှာ လင်းဖန်ရဲ့ မာစီးတီးကား နားကိုသွားပြီး ခြေထောက်တစ်ဖက်မြှောက်ကာ ကားတာယာကို တစ်ခုခုလုပ်ဖို့ ပြင်လိုက်တယ်။
အဲ့အချိန်မှာပဲ လင်းဖန်ဟာ တစ်ခုခုကို ခံစားလိုက်မိပြီး..စွယ်စုံကျမ်းရဲ့ အသံကို ကြားလိုက်ရပါတယ်။
"လေးခုမြောက်မစ်ရှင်ပြည့်သွားပါပြီ..စွယ်စုံအမှတ် ၂၀ ရရှိပါတယ်"
"ငါးခုမြောက် အသိပညာကို ကျပမ်းဖွင့်လှစ်နေပြီး..ပိုင်ရှင်နဲ့ နီးစပ်တဲ့ အရာကို ရွေးချယ်ပေးပါမည်"
"ထျန်မင်ဟန်ဟာ ပိုင်ရှင်နဲ့ ရင်းနှီးပေမယ့် လည်း အနားမှာ ရှိမနေတဲ့ အတွက်..လက်ရှိ နီးစပ်သည့် အရာကိုသာ ရွေးချယ်လိုက်သည်"
.....
လင်းဖန် ဒါကို ကြားတဲ့ အချိန်မှာ စိတ်သက်သာရာရသွားခဲ့ပါတယ်။လူလိမ်ထျန်ကို ထားခဲ့ပြီး ဒီကို ထွက်လာခဲ့တာက အတော်အလုပ်ဖြစ်တဲ့ ပုံပါပဲ။
သို့ပေမယ့် စွယ်စုံကျမ်းရဲ့ နောက်ထပ်စကားလုံးတွေကြောင့် လင်းဖန် ဆွံ့အနေခဲ့ပါပြီ။
"အကြီးအကဲ ခွေး.နီကိုးလပ်ဟာ ပိုင်ရှင်ကို ချစ်ခင်နေခဲ့တာကြောင့်..ဘာသာစကား အကိုင်းအကွဲမှ..တိရစ္ဆာန် စကားပြောကို ဖွင့်လှစ်ပေးလိုက်သည်"
ဘာတွေဖြစ်နေတာလဲ...အကြီးအကဲခွေး နီကိုးလပ် လား..တိရစ္ဆာန် စကားပြောက ဘယ်လို ရှိနေရတာလဲ....
ချီးပဲ...
စမ်းသပ်ချက် : လူသိများတဲ့ မာစတာ လင်းဖြစ်လာစေရန်။
ဆုလာဒ် : စွမ်စုံအမှတ် ၂၀ နှင့် နောက်ထပ် စာမျကိနှာ တစ်ခု ကျပမ်းပွင့်မည်။
မှတ်ချက် : အကိုင်းအခွဲ အသိပညာဖြစ်တာကြောင့်..ပရိုအဆင့်အထိ အောင်မြင်ရန် မလိုပေ။
"လက်ရှိ စွယ်စုံအမှတ် ၁၁၈ "
လင်းဖန် ကွင်းပြင်မှာ ကြောင်အစွာရပ်နေခဲ့ပြီး ဘေးပတ်ဝန်ကျင်းကို ကြည့်ကာ အကြီးအကဲ ခွေး နီကိုးလပ်ကို ရှာလိုက်ပါတယ်။
သို့ပေမယ့် သူအကြာကြီး ရှာတာတောင်.ဘာအရိပ်တစ်ခုမှ မတွေ့ပါဘူး။
"ယီးပဲ..အကြီးအကဲ ခွေး နီကိုးလပ်..မင်းကဘယ်သူလဲ..ဘာလို့ ငါ့အပေါ်ကို ဒီလိုလုပ်ရတာလဲ"
"ဝုတ် ဝုတ်"
ခွေးဟောင်သံဟာ ထွက်ပေါ်လာခဲ့တယ်။
လင်းဖန် သူ့ကားတာယာကို သေးနဲ့ပမ်းနေတဲ့ ခွေးတစ်ကောင် ကို တွေ့လိုက်ရတဲ့ အချိန်မှာ..မျက်လုံးပြူးကျယ် သွားခဲ့ပါတယ်။
မဖြစ်နိုင်တာ....
ဒီလို စောက်တလွဲ အဖြစ်အပျက်က ဘယ်လိုလုပ်ငါ့ဆီမှာ လာဖြစ်ရတာလဲ...
လူလိမ် ထျန်ကို ချန်ထားခဲ့ပြီးတဲ့နောက်မှာတောင်..ငါ ဆိုးရွားတဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်သေးပါလား...
လင်းဖန် အော်ဟစ်လိုက်တယ်။
"အကြီးအကဲ ခွေး နီကိုးလပ်"
"ဝုတ်ဝုတ်"
နှင်းလို ဖြူဖွေးနေတဲ့ ခွေးလေးဟာ..ဟောင်လိုက်ပါတယ် ...ဒါက ပုံမှန်ခွေးတွေလို ခွေးဟောင်သံပါပဲ။ရုတ်တရက် လင်းဖန် ဒီခွေးဟောင်သံရဲ့ အဓိပါယ်ကို သူ နားလည်တာ သတိထားမိလိုက်တယ်။
အကြီးအကဲ ခွေး နီကိုးလပ် : မင်းငါ့နာမည်ကို ဘယ်လို သိတာလဲ။
လင်းဖန် အဖြူရောင် ခွေးကို လက်ညိုး ထိုးပြီးနောက်တစ်ကြိမ် အော် ဟစ်လိုက်တယိ။
"အကြီးအကဲ ခွေး.နီကိုးလပ်"
အကြီးအကဲ ခွေး နီကိုးလပ် :: ဝုတ် ဝုတ် မင်းဘာလုပ်ချင်နေတာလဲ။
လင်းဖန် သူ့နှာဖူးသူသာ ရိုက်လိုက်ပါတယ်...သူလူလိမ် ထျန်ဆီကနေ လွတ်မြောက်ခဲ့ပေမယ့် ဒီခွေးဆီကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။
ငါ တိရစ္ဆာန် စကားပြောတတ်တော့ ဘာလုပ်လို့ရမှာလဲ....
လင်းဖန် ကြည့်လိုက်တယ်။
မေ့လိုက်တော့..ဒါက ဘဝပဲလေ..
သူဟာ ကားထဲကို ပြန်ဝင်လိုက်ပြီး..ဆိုင်ဘက်ကို ပြန်မောင်လိုက်ပါတယ်။
သူ့ရဲ့ ကားနောက်ကြည့် မှန်ကနေ နှင်းလိုဖြူနေတဲ့ ခွေးဟာ ခံစားချက်မဲ့စွာ ထိုင်နေတာ တွေ့လိုက်ရတယ်...သူ့ကြည့်ရတာအတော် အထီးကျန်နေတဲ့ ပုံပါပဲ။
သူကားရပ်လိုက်ပြီး..နောက်ပြန်ဆုတ်လိုက်တယ်။
သူ ကားတံခါးကို ဖွင့်လိုက်ပြီး..
"အကြီးအကဲ ခွေး..ကျေးဇူးပြုပြီး ကားပေါ်တက်ပါ"