ငါတောင် ခွေးဖြစ်ချင်သွားတယ်
Vol. 12 Ch. 168
ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း။
လူလိမ် ထျန်, "မင်းဒီနေ့ ဘယ်လိုဖြစ်ပြီး နောက်ကျနေရတာလဲ..မြို့သားတွေက စိတ်မရှည်ဖြစ်နေကြပြီ..ဒီခွေးသားက ဘယ်ကနေ ရောက်လာတာလဲ..ဒီည ငါတို့ ခွေးသား စားရမှာလား"
အကြီးအကဲ ခွေး နီကိုးလပ်ဟာ ပတ်ဝန်းကျင် အသစ်ကို ကြောက်ရွံ့နေတဲ့ ပုံစံ မရှိပဲ..အကဲခတ်နေခဲ့ပါတယ်။သို့ပေမယ့် သူ လူလိမ်ထျန်ရဲ့ စကားကို ကြားတဲ့ အချိနိမှာတော့ အံ့ကို ကျိတ်ပြီး ဟောင်ပါတော့တယ်။
"ဟေး ဒါမဆိုးဘူး"
လူလိမ် ထျန်ဟာ ရှေ့ကို တိုးသွားပြီး နီကိုးလပ်ရဲ့ နူးညံ့တဲ့ လည်ပင်းကို ညစ်လိုက်တယ်။
"ခွေးထီးပဲ..ငါဒီနေ့ည စာဖိုမှူးလုပ်မယ်..ဝိုင်လေးနဲ့ ခွေးသားလေးနဲ့ ခန္တာကိုယ်ကို အားဖြည့်ကြတာပေါ့"
ဝုတ် ဝုတ်
အကြီးအကဲ ခွေး နီကိုးလပ်ဟာ စိတ်တိုသွားတယ်..သို့ပေမယ့် သူမှာ ခြေလေးချောင်းရှိတာတောင် လူလိမ် ထျန်ရဲ့ ဘက်မဟုတ်ပါဘူး။
သူဟာ ခန္တာကိုယ်ကို ရုန်းလိုက်ပြီး လူလိမ် ထျန်ရဲ့ မျက်နှာကို သေးနဲ့ ပန်းဖို့ လုပ်လိုက်ပါတယ်။
လူလိမ် ထျန်ဟာ အဖြူရောင်ခွေးကို ချုပ်ထားပြီး ငြိမ်အောင်လုပ်လိုက်တယ်..ယင်းနောက် တစ်ရူးတစ်ခုယူကာ သူ့မျက်နှာကို သုတ်လိုက်ပြီး.
"ဒီခွေးသား..ငါ့မျက်နှာကိုတောင် သေးနဲ့ ပန်းရဲတယ်လား.."
ဝူယူလန်ဟာ ခွေးကို ဖက်ကာ ပွေ့ချီလိုက်ပြီး..
"ချစ်စရာ ခွေးလေးပဲ..အဖြူရောင် အမွှေးဖွားလေးတွေနဲ့ ချစ်ဖို့ကောင်းတယ်။သူ ဘယ်ကနေလာတာလဲ..မာစတာ လင်း"
လင်းဖန်ဟာ စွယ်စုံကျမ်းကို စိတ်ဆိုးတုန်းဖြစ်ပေမယ့် လည်း ဖြစ်ပြီးသွားပြီ ဆိုမှတော့ လက်ခံရပါတော့မယ်။
"လမ်းကနေ ကောက်လာတာ..ဒီနေ့ကစပြီး သူလည်း ဒီမှာနေလိမ့်မယ်.."
တိုက်ရိုက်ထုတ်လွင့်နေတဲ့ ကျောက်ကျန်းယန်ဟာ ရယ်မောလိုက်ပါတယ်။ယင်းနောက် သူဟာ ကင်မရာကို လူလိမ် ထျန်ဘက်လှည့်လိုက်ပြီး..
"အစ်ကို ထျန်.ရဲ့ မျက်နှာကို ခွေးတစ်ကောင်က သေးနဲ့ ပန်းလိုက်တယ်"
"666..လေးစားရတဲ့ လူကြီး ခံလိုက်ရပြီ"
"ဒီခွေးက ဘဝင်မြင့်နေတာလား..လေးစားဖို့ကောင်းတဲ့ လူကိုတောင် ဒီလို လုပ်ရဲတယ်။အဲ့ခွေးတော့ ဒီည သေတွင်းကနေ လွတ်မြောက်ဖို့ ခက်လိမ့်မယ်"
"ခွေးနာမည် လေး ပြောပြပါလား ညီအစ်ကို"
ကျောက်ကျန်းယန်ဟာ မေးလိုက်တယ်။
"မာစတာ လင်း..ခွေးနာမည် ဘယ်လိုခေါ်လဲ..နာမည်မရှိသေးဘူး ဆိုရင် ကျွန်တော်တို့ပေးလို့ရတယ်လေ.."
တိုက်ရိုက် ထုတ်လွင့်မူမှာတော့။
"ငါကတော့ ခွေး မျက်နှာလို့ ခေါ်ဖို့ အကြံပေးချင်တယ်"
"ခွေးသား ဆိုတာက ပိုကောင်းတယ်နော်"
လင်းဖန်ပြောလိုက်တယ်။
"သူက နာမည်ရှိပြီးသား..အကြီးအကဲ ခွေး နီကိုးလပ်"
"ဟားဟား"
ကျောက်ကျန်းယန်ဟာ ဒီနာမည်ကို ကြားပြီး ရယ်မောလိုက်တယ်။
"ညီအစ်ကို တို့ ကြားလိုက်ကြလား..ခွေးနာမည်က အကြီးအကဲ ခွေး နီကိုးလပ်တဲ့ ဘယ်လောက်တောငိ ကြီးမြတ်တဲ့ နာမည်လဲ"
"မာစတာ လင်း 666 ..သူပေးထားတာလား..နာမည်ကြီးက ကြမ်းလိုက်တာ"
တစ်ခြားလူတွေ ခွေးနာမည်ကို ဆွေးနွေးနေတဲ့ အချိန်မှာ လင်းဖန်ဟာ ဒီ မစ်ရှင်ကို ဘယ်လို လုပ်ရမလဲ တွေးနေခဲ့တာပါ။သိုပေမယ့် အချိန်အတော်ကြာတာတောင်..သူအဖြေထွကိ မလာခဲ့ပါဘူး။
ထပ်ပြောရရင်..ဒီ အသိပညာက စွယ်စုံအမှတ်တွေ ရရှိဖို့အတွက် တကယ်မသင့်တော် တာပါ။
အဆုံးမှာတော့ လင်းဖန် အသိပညာကော..စမ်းသပ်ချက် မစ်ရှင်ေကာက သူ့ကို ဂျင်းထည့်ဖို့ လုပ်ထားတာမှန်း သိလိုက်ပါပြီ။
အဲအချိန်မှာတော့ အကြီးအကဲ ခွေးနီကိုးလပ်ဟာ ဝူယူလန် ရဲ့ ပေါင်ပေါ်မှာ ခွေအိပ်နေပြီး..ခနတာ ငြိမ်းချမ်းမူးကို ရရှိနေခဲ့ပါတယိ။
လူလိမ် ထျန်ဟာ ဒီခွေး သူ့မျက်နှာကို သေးနဲ့ ပန်းထားတာ ကို မကျေနပ်သေးပဲ ခွေးနားကို လျောက်သွားကာ အော်ဟစ်လိုက်တယိ။
ဝုတ်..ဝုတ်
ခွေးလေးဟာလည်း ဝူယူလန်ရဲ့ ပေါင်ပေါ်ကနေ ထလာပြိီးတော့..လူလိန်ထျန်ကို ဒေါသတကြီး ကြည့်ကာ သွားကို ကျိတ်ပြီး ပြန်ဟောင်လိုက်ပါတယ်။
ဒါပေါ့ တစ်ခြားလူတွေ ဒီခွေးဘာပြောနေလဲ ဆိုတာကို နားမလည်ကြပေမယ့်လည်း..လင်းဖန်ကတော့ နားလည်ပါတယိ။
သူပြောနေတာက..
"ငါနာမည်ကအကြီးအကဲ ခွေး နီကိုးလပ်..ခွေးမသား မဟုတ်ဘူး.."
......
လင်းဖန် အချိန်ကို ကြည့်လိုက်တဲ့ အချိန်မှာ ကိုးနာရီကျော်နေပါပြီ။
သူဒီကို လာတာ နောက်ကျတဲ့အတွက် တစ်ချို့မြို့သားတွေဟာ.အလုပ်သွားဖို့အတွက်ထွက်သွားခဲ့ကြပါပြီ..ဒါကြောင့် လင်းဖန်ဟာ ပြောလိုက်တယိ။
"အဲ့ခွေးကို ထားလိုက်..တုန်ကင်တွေ ပဲ ဝေလိုက်ကြရအောင်"
လူလိမ် ထျန်ဟာ ခွေးကို သတိပေးတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး ..တုန်ကင်နံပါတ် တွေ ဝေပေးဖို့ ပြင်ဆင်လိုက်ပါတယ်။
ကျောက်ကျန်းယန်ရဲ့ ဖုန်းတဲက တိုက်ရိုက်ထုတ်လွင့်မူထဲမှာတော့...
"ဒါက သတင်းတွေထဲက ပန်ကိတ်လား.."
"ဒါက အင်တာနက် ပေါ်က ပြောပြောနေတဲ့ ဟာလား...မင်ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ပန်ကိတ်ဝယ်ဖို့ မလွယ်ဘူး ဆိုတာလေ..ဒါပေမဲ့ ငါက ရှန်ဟိုင်း နဲ့အတော် ဝေးတယ် ဒီပန်ကိတ်တွေမှာ ဘယ်လို မှော်ဆန်တဲ့ စွမ်းအင်တွေ ရှိလဲ ငါမသိဘူး"
"ငါတို့ ကံကောင်းတယ်..ဒီလို ပန်ကိတ်တွေကို အနီးကပ် မြင်ရမယ်လို့ မထင်ထားခဲ့ဘူ..အစ်ကိုယန်ရေ သေချာလေး ရိုက်ပေးပါ"
"စကားလုံးတွေတောင် မလိုတော့ဘူး...လူအုပ်ကို ပဲ ကြည့်လိုက်"
ကျောက်ကျန်းယန် လည်း ဒီပန်ကိတ်တွေကို တစ်ခါမှ မစားဖူးပေ။သူ့ စိတ်ထဲမှာလည်း..ဒီပန်ကိတ်တွေ ဘယ်လောက်တောင် အရသာ ရှိလဲ သိချင်နေခဲ့ပါတယ်။
လင်းဖန်ဟာတော့ လှည်းရှေ့မှာရပ်နေခဲ့ပြီး လက်နှစ်ဖက်စလုံးဟာ မရပ်မနား လှုပ်ရှားနေခဲ့တယ်။
အဲ့အချိန်မှာပဲ ဆိုင်ဝင်ပေါက်မှာ လှဲနေတဲ့ အကြီးအကဲ ခွေး နီကိုးလပ်ဟာ သူ့ရှေ့ကို ဖြည်းဖြည်းချင်း ရောက်လာခဲ့ပါတယ်။
ရုတ်တရက် မွေးပျံ့တဲ့ ရနံ့ဟာ အကြီးအကဲ ခွေး နီကိုးလပ်ရဲ့ နှာခေါင်းထဲကို ဝင်လာခဲ့ပြီး ဆွဲဆောင်နေခဲ့ပါပြီ။ခွေးနှာခေါင်း ဆိုတာက ...အနံ့ခံအာရုံ အတော် ကောင်းမွန်စမြဲပါ။
ဒီ ပန်ကိတ်က ထွက်လာတဲ့ ရနံ့ဟာ လူတွေကို တောင် အလွန်ဆွဲဆောငိမူဖြစ်စေတဲ့ အတွက်..အကြီးအကဲ ခွေး နီကိုးလပ် ဟာ တောင့်မခံနိုင်တော့ပါဘူး။
ဝုတ် ဝုတ်..
အကြီးအကဲ ခွေး နီကိုးလပ် :: ငါစားချင်တယ်..ငါစားချင်တယ်။
အကြီးအကဲ ခွေးနီကိုးလပ်ဟာ လင်းဖန်ရဲ့ ခြေထောက်ကို စိတ်မရှည်စွာဖြင့် တွန်းထိုးနေလို့ပါ။
မြို့သား တစ်ယောက်ဟာ မေးလိုက်တယ်။
"သူဌေးလေး...ခွေးမွေးထားတာလား"
လင်းဖန် ပြုံးလိုက်ပြီး...
"လမ်းက ကောက်လာတာလေ..ချစ်ဖို့ကောင်းတယ်မလား.."
မြို့သားဟာ ရယ်မောလိုက်တယ်။
"ဒါက ဖော်မာဆန် မျိုးသန့် ခွေးမျိုးပဲ..သူဌေးလေး ကောင်းကောင်း စောင့်ရှောကိသင့်တယ်"
လင်းဖန် ရယ်မောလိုက်ပေမယ့် ဘာမှ မပြောတော့ပါဘူး။အရင်တုန်းက သူ့အဖွား အိမ်မှာ..မြေခွေး တစ်ကောင်ရှိပါတယ်။အဲ့ခွေးက အရမ်းလိမ္မာပြီး လိုက်နာတတ်ပေမယ့်လည်း..နောက်ဆုံးမှာတော့ အဆိပ်ဖြစ်ပြီး သေဆုံးသွားခဲ့ရတာ ပါပဲ။
တစ်ချို့ မြို့သားတွေဟာ ခွေးလေး ရဲ့ လှုပ်ရှားမူကို သတိထားမိလိုက်ကြပြီး...
"ကြည့်ရတာ ခွေးတောင်မှ သူဌေးလေးရဲ့ ပန်ကိတ် အရသာရှိမှန်းသိတာပဲ..ဆက်တိုက် ဟောင်နေတယ်"
ဒီနေ့ အတွက် ပန်ကိတ်တွေကို ဝေပေးပြီးသွားပါပြီ။
တိုက်ရိုက် ထုတ်လွင့်မူထဲက လူတွေကတော့ ကြောင်အနေလို့ပါ။
"ချီးပဲ ..အဲလောက်အထိ ချဲကားဖို့ လိုလို့လားဟ..သူတို့ ရဲ့ အမူအရာက တစ်ခုခုပဲ"
"ငါသာ မာစတာ လင်းကို မယုံကြည်ဘူးဆိုရင် ဒါတွေက သရုပ်ဆောင်နေတယ်လို့ ထင်မိမှာ"
"ချီးပဲ သူတို့ရဲ့ အမူအရာနဲ့ ခံစားချက်တွေကို ကြည့်ကြပါဦး.."
"ငါတောင်မှ သူတို့ကို ကြည့်ပြီး အရသာ ဘယ်လိုနေလဲ စားချင်မိတယ်..အစ်ကို ယန်ရော အရင်က စားဖူးလား"
ကျောက်ကျန်းယန်ဟာ လည်း လူတွေကို မျက်တောင် အနည်းငယ်ခတ်ကာ ကြည်ါလိုက်ပြီး ဝမ်းနည်းစွာပြောလိုက်ပါတယိ။
"ငါလည်း အရင်က မစားဖူးဘူး"
လင်းဖန်ဟာ ဆယ်ခု ပြီးသွားတဲ့ နောက်မှာ တောက်ထပ် ပန်ကိတ် အနည်းငယ် လုပ်လိုက်ပါတယိ။ဒါက ကျောက်ကျန်းယန် နဲ့ ကျန်တဲ့ လူတွေ အတွက်ဖြစ်ပြီး..အကြီးအကဲ ခွေး နီကိုးလပ် အတွက်ကတော့ ပန်ကိတ် တစ်ဝက်ပါ။
ကျောက်ကျန်းယန်ဟာ ပန်ကိတ်ကို ရတဲ့ အချိန်မှာ အလျင်အမြန်ပဲ ကိုက်လိုက်တယ်။သူ့ကိုယ်သူ ယုံကြည်မူရှိပေမယ့်လည်း..ပန်ကိတ်ကို ကိုက်ပြှီးတဲ့ အချိန်မှာ တော့ အမူအယာ ပြောင်းလဲ သွားခဲ့ပါပြီ။
သူစားတာကို စောင့်ကြည့်နေကြတဲ့ လူတွေဟာတော့ ဆွံ့အသွားကြပါတယ်။
"အစ်ကို ယန် ..အဲလို မလုပ်ပါနဲ့ ဘယ်လောက် အရသာ ရှိလို့လဲ"
"အစ်ကို ယန် သရုပ်မဆောင် ပြပါနဲ့..ဒါက ငါတို့အတွက် ခက်ခဲတယ်"
ကျောက်ကျန်းးယန် ရဲ့ အမူအယာဟာ တော့ တဖြည်းဖြည်း ပြောင်းလဲ နေခဲ့ပြီး..သူ့ရဲ့ အရသာခံ အာရုံတွေ ပေါက်ကွဲထွက်နေတာ ခံစားနေရပါတယ်။
ဒီအရသာက သူအရင်က ဘယ်တုန်းကမှ မစားဖူးတဲ့ အရသာပါ။
ကျောက်ကျန်းယန်ဟာ အချိန်အတော်ကြာမှ အသိစိတ်ပြန်ဝင်လာာပြီး ကင်မရာကို ကြည့်ကာ ပြောလိုက်တယ်။
"အရသာရှိတယ်...ငါဒါမျိုးတစ်ခါမှ မစားခဲ့ဖူးဘူး..အရသာရှိလွန်းလို့ ငိုတောင် ငိုချင်သွားတယိ"
အကြီးအကဲ ခွေးနီကိုးလပ်ဟာလည်း ပန်ကိတ် တစ်ဝက်ကို စားလို့ ပြီးသွားခဲ့ပါပြီ..သူ့ရဲ့ ခွေးမျက်နှာက တော့ ကျေနပ်မူတွေ ပြည့်နှက်နေလို့ပါ။
ယင်းနောက် သူဟာ ဆိုင်ပေါက်ဝကို သွားပြီး ပြန်လှဲနေလိုက်တယ်။သူရဲ့ ပြည့်ကားတဲ့ ဝမ်းဗိုက်ကို ဖော်ထားပြီး..လျာကို ထုတ်ကာ လတ်ဆတ်တဲ့ လေထုကို ရူနေခဲ့ပြီး..သူ့ရဲ့ လွတ်လပ်ပြီး..ပျော်ရွင်နေတဲ့ အမူအရာဟာ လူအုပ်ကြီးကိုတောင် မနာလို ဖြစိစေခဲ့ပါတယိ။
"ငါကတော့ ခွေးသာ ဖြစ်လိုက်ချင်တော့တယ်."
လင်းဖန် :: .............