← Chapters

ဒါက ဖြုန်းတီးမူတစ်ခုလိုပဲ

Vol. 12 Ch. 169

ဒါက ဖြုန်းတီးမူတစ်ခုလိုပဲ

Vol. 12 Ch. 169

ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ရဲ့ ပန်ကိတ်တွေဟာ အရသာအရှိဆုံး အစားအသောက် တစ်ခုပါ။ဒီ ပန်ကိတ်တွေကို မြို့သူ့မြို့သားတွေ သာမပ လူလိမ် ထျန်တို့ပါ ကြိုက်ကြပြီး..တောင်းမခံနိုင်ကြပါဘူး။

ဒီနေ့က စပြီး ပန်ကိတ်ရဲ့ အရသာကို စွဲလမ်းတဲ့နောက်ထပ်နှစ်ယောက် တိုးလာပြီ ဖြစ်ပြီး အဲတာကတော့ အကြီးအကဲ ခွေး နီကိုးလပ်နဲ့ ကျောက်ကျန်းယန်တို့ပါ။

ပန်ကိတ်တွေ ပြုလုပ်ပြီးနောက်မှာတော့ လင်းဖန်ဟာ အနားယူနေပြီး..ကျောက်ကျန်းယန် တိုက်ရိုက် ထုတ်လွင့်ကာ ပန်ကိတ်ကောင်းကြောင်း ဆွေးနွေးနေတာကို ကြည့်နေခဲ့ပါတယ်။

"မင်းတို့ ပန်ကိတ်ဘယ်လောက် အရသာရှိလဲ တကယ် မသိကြသေးဘူး..ကိုယ်တိုင် မမြည်းဖူးရင် ဘဝ မှာနောင်တရမိလိမ့်မယ်"

တိုက်ရိုက် ထုတ်လွင့်မူတွင်။

"666 ..အစ်ကိုယန်က ဒီစကားပဲ တပ်တလဲလဲ ပြောနေပြန်ပြီ"

"အစ်ကိုယန်က ဒီလိုပြောတော့ ငါတောင် မြည့်းကြည့်ချင်လာပြီ"

"ဟေး အကြီးအကဲ ခွေး နီကိုး လပ် ဘယ်ကို ရောက်သွားတာလဲ..သူ့ပုံစံကို တစ်ချက်ကြည့်ချင်လို့ပါ"

ကျောက်ကျန်းယန်ဟာ ခွေးကို လိုက်ရှာလိုက်ပေမယ့် လည်း ဘယ်မှာမှ မတွေ့ရပါဘူး။

"ငါလည်း မသိဘူး..ဘယ်ရောက်သွားလဲ မသိ..အရိပ်တောင် မပေါ်တော့ဘူး"

အဲ့အချိန်မှာပဲ ဆိုင်အပြင်ဘက်ကနေ တစ်ယောက်ယောက် ဒေါသထွက်ပြီး အော်တဲ့ အသံကို ကြားလိုက်ရပါတယ်။

"ဘာတုန်းဟ..ဒီခွေးက ဘာလို့ ငါ့ဆိုင်ထဲလာပြီး ပန်းပွင်လေးကို ဖျက်ဆီးဖို့ လုပ်နေရတာလဲ"

လင်းဖန် ခေါင်းကို မော့ကာ အပြင်ဘက်ကို ကြည့်လိုက်တယ်..အကြီးအကဲ ခွေး နီကိုးလပ် ဟာ ခြေထောက်လေးချောင်းလုံး သုံးကာ ပြေးနေပြီး..နောက်က အမျိုးသမီးတစ်ယောက်ဟာ ပြေးလိုက်နေခဲ့ပါတယ်။

သူ ဒီ အမျိုးသမီးကို သိပြီးသားပါ..သူမဟာ သူတို့ရှေ့က ဆိုင်ပိုင်ရှင် ဖြစိပြီး ဒေါသလည်း ကြီးပါတယ်။သူမဟာ ဒေါသကြီးပေမယ့်လည်း လင်းဖန်ကိုတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံစမြဲပါ။

အမျိုးသမီးဟာ အမှန်အကန် ဒေါသထွက်နေပေမယ့် လည်း လင်းဖန်ရဲ့ ဆိုင်ထဲကို ရောက်တဲ့ အချိနိမှာ ချက်ချင်းပြုံးလိုက်ပြီး..

"အိုး..ဒါက မာစတာ လင်းရဲ့ ခွေးလား..."

လင်းဖန်ဟာ ဝူယူလန်ဘေးမှာ ဇိမ်နဲ့ ပြန်ထိုင်နေတဲ့ အကြီးအကဲ ခွေး နီကိုးလပ် ကိုကြည့်ပြီး အံ့သြသွားခဲ့တယ်။

"ဘာဖြစ်လို့လဲ.."

အမျိုးသမီးကြီးဟာ လက်ဝေ့ယမ်းလိုက်ပြီး..

"ဘာမှမဟုတ်ပါဘူး..အသေးအဖွဲလေးပါ ဒီကခွေးက ကျွန်မတို့ဆီက ပန်းပွင့်လေးကို တွေ့သွားလို့.."

ဒီ အမျိုးသမီး ပြောနေတဲ့ ပန်းပွင့်လေးဆိုတာ သူမ ဘေးမှာ ရပ်နေတဲ့ အမွှေးထူထူ ခွေးမလေးကို ပြောတာပါ။ခွေးမလေးဟာတော့ ဆိုင်ထဲမှာ ရှိနေတဲ့ အကြီးအကဲ ခွေး နီကိုးလပ်ကို လှမ်းရှိုးနေခဲ့ပါတယ်။

အဲ့အချိန်မှာတော့ အမျိုးသမီးကြီးဟာ ဘာပြောရမလဲ မသိတော့ပေ။မာစတာ လင်းက တိမ်ဖြူလမ်းရဲ့ စူပါစတားလို့ ပြောလို့ရပါတယ်။

တိမ်ဖြုူလမ်းက ဆိုင်တိုင်းရောင်းအားတွေ တက်နေတာဟာ..မာစတာ လင်းကြောင့် ဖြစ်ပြီး သူတို့ အကုန်လုံး မာစတာ လင်းကို လေးစားပြီး ချစ်ခင်.ကြတာက ပုံမှန်ပါပဲ။

လင်းဖန် အကြီးအကဲ ခွေး နီကိူးလပ် ကို ကြည့်လိုက်ပြီး..တောင်းပန်လိုက်တယိ။

"တောင်းပန်ပါတယ်..ကျွန်တောိ အားလို့ရှိရင် သူ့ကို ဝှေးသင်း .ပေးထားလိုက်မယ်..ဒါဆို သူတစ်ခြား ခွေးတွေကို မနှောက်ယှက် တော့ဘူးလေ။

အမျိုးသမီးဟာ အလျင်အမြန်လက်ဝေ့ယမ်းလိုက်တယ်။

"အဲလိုမလုပ်ပါနဲ့ ဝှေးသင်း တာက ခွေးတွေ အတွက်မကောင်းဘူး..အစက ခွေးတွေ စိတ်ကစားနေတယ် လိုပဲ ကျွန်မက ထင်ထားတာ။အခု မာစတာလင်းရဲ့ ခွေးဆိုတော့ ပြသနာ မရှိတော့ပါဘူး"

ဝူယူလန် ဘေးနားမှာ ဇိမ်နဲ့ ထိုင်နေတဲ့ အကြီးအကဲ ခွေး နီကိုးလပ် ဟာ ဝှေးသင်း မယ် ဆိုတဲ့ စကားကို ကြားတဲ့ အချိန်မှာ ကြောက်ရွံ့လွန်းလို့ မျကိလုံးတွေတောင် ကျယ်သွားခဲ့ပါတယ်။

သူ့ရဲ့ ကြောက်လန့်မူကို ဖော်ပြဖို့ အသံအနည်းငယ် လုပ်ပြလိုက်တယ်။

အမျိုးသမီး ကြီး ပြန်သွားတာ မြင်တဲ့ အချိန်ကြမှ လင်းဖန်ဟာ ခွေးကို ကြည့်လိုက်ပြီး..

"အစာကျွေးပြီးတာနဲ့ ဖွန်သွားကြောင်တယ် ဆိုတော့ သူ့ရဲ့ ဘဝက အတော် အထီးကျန်နေတဲ့ ပုံပဲ"

တိုက်ရိုက် ထုတ်လွင့်တဲ့ နေရာမှာတော့.ရယ်မောနေကြလို့ပါ။

"666..အကြီးအကဲ ခွေးက စောက်ကျိုးနဲ ခွေးပဲဟ..သူ ဒီပတ်ဝန်းကျင်ကို ရောက်လာတာ နှစ်နာရီတောငိ မပြည့်သေးဘူး..ဇာတိကပြလာပြီ..လေးစားပါတယ်"

"အကြီးအကဲ ခွေး နီကိုးလပ်ကို အနီးကပ်ရိုက်ပြ ပါဦး.."

"နောက်ဆုံးတော့ သူ့အကြံစည်တွ ကျဆုံးရတာပဲလေ..ဟိုဘက်က ခွေးပိုင်ရှင်လိုက်ရိုက်တာ ခံလိုက်ရတယ်"

"ဝမ်းနည်းစရာပဲ အကြီးအကဲ ခွေးနီကိုးလပ် အသဲမကွဲလောက်ပါဘူးနော်"

အမျိုးသမီးကြီး ပြန်သွားတာ နဲ့ အကြီးအကဲ ခွေး နီကိုးလပ် ဟာ နဂိုပုံစံ အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။သူဟာ အပျင်းဆန့်လိုက်ပြီး ချက်ချင်းပဲ ဆိုင်ပြင်ကို ပြန်ထွက်သွားခဲ့တာပါ။

လင်းဖန် ဒါကို မြင်ပေမယ့် ဘာမှ ပြောမနေတော့ပေ..ခွေး လည်း သူ့ဘဝနဲ့ သူရှိပြီး..သူ့ပျော်စရာ သူရှာဖွေသင့်ပါတယ်။

အကြီးအကဲ ခွေးနီကိုးလပ် ဟာ အမျိုးသမီးကြီးရဲ့ ဆိုင်ရှေ့ကို တဖန်ပြန်သွားလိုက်ပြီး.. ကလေးမလေး တစ်ယောက်နဲ့ ဆော့နေတဲ့ ပန်းပွင်းလေးကို စိုက်ကြည့်လိုက်တယ်။

ယင်းနောက် သူဟာ နီရဲ့နေတဲ့ မျက်လုံးနဲ့ အသံတစ်ချို့ကို ပြုလုပ်နေခဲ့သည်။

လင်းဖန် သာ ဒီမှာရှိရင်..ဒီအသံကို ကြားပြီး အကြီးအကဲ ခွေး နီကိုးလပ်ကို ချက်ချင်း ဝှေးသင်း ပစ်လိုက်မှာပါ။

"ဒီ အကြီးအကဲ ခွေး နီကိုးလပ်က မင်းအတွက် ပျော်စရာလေးတွေ ဖန်တီးပေးမယ်..မင်း ဒီ အကြီးအကဲ ခွေး နီကိုးလပ် ရဲ့ လက်ကနေ မလွတ် နိုင်ပါဘူးကွာ.."

ခွေးမလေးဟာ အပြင်ဘက်မှာ ရှိနေတဲ့ အကြီးအကဲ ခွေးနီကိုးလပ် ကိုမြင်တဲ့ အချိန်မှာ ကြောက်လန့်သွားပြီး ချက်ချင်းပဲ သူ့ပိုင်ရှင်ဆီပြေးသွားလိုက်ပါတယ်။

......

အဲ့အချိန်မှာပဲ ဧည့်သည် နှစ်ယောက်ဟာ လင်းဖန်ရဲ့ ဆိုင်လေးထဲကို ဝင်လာခဲ့တယ်။သူတို့ဟာ ကိုယ်ခံပညာ အဖွဲ့အစည်းက ကျောင်းဖေး နဲ့ ဂိတ်စောင့် အကြီးအကဲ နီ တို့ပါ။

လင်းဖန် သူတို့ကို မြင်လိုက်ပြီး အံ့သြစွာဖြင့်မေးလိုက်တယ်။.

"အကြီးအကဲ ကျောင်း ဘာလာလုပ်တာလဲ.."

ကျောင်းဖေးဟာ ရယ်မောလိုက်ပြီး..

"မာစတာ လင်း..ဒါက အကြီးအကဲ နီလေ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်။

"ကျွန်တော် သိပါတယ်"

ကျောင်းဖေးဟာ ရှက်ရွံ့စွာ ဖြင့်ပြောလိုက်ပါတယ်။

"အကြီးအကဲ နီက အဖွဲ့အစည်းရဲ့ လက်ရှိ ဥက္ကဌလေ။အစက မာစတာ လင်း ကျွန်တော်ကို နှုတ်ထွက်ရေးခိုင်းပေမယ့် ကျွန်တော် အချိန်ဆွဲထားခဲ့တာ"

လင်းဖန် ကျောင်းဖေး သူ့ကို နှုတ်ထွက်စာ မလုပ်ပေးဘူး ဆိုတာ သိလိုက်ပါတယ်..ဒါပေမဲ့ သူ ကိုယ်ခံပညာ အဖွဲ့အစည်းနဲ့ နောက်ထပ် ဘာမှ မပတ်သက်တော့ပါဘူး။

ဒုတိယ ဥက္ကဌ ဂေါင်နဲ့ ဝမ်ယန်ဂျီတို့ဟာလည်း..စုံစမ်းစစ်ဆေးမူကို ခံနေရပြီး သူ အဖွဲ့အစည်းမှာ လုပ်စရာရှိတာ လုပ်ပေးခဲ့ပြီးပါပြီ။အကြီးအကဲ နီ ဂိတ်စောင့် အဖြစ်နေတာကလည်း ဒီလို ကိစ္စတွေ ကို ဖော်ထုတ်ချင်လို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယိ။

အခု အရာရာ အဆင်ပြေနေပြီ ဆိုတော့ သူတို့လည်း သူ့ကို မလိုတော့ပေ။သို့ပေမယ့် အကြီးအကဲ နီ ကိုယ်တိုင် လာတယ် ဆိုတော့ သူအနည်းငယ်တော့ သံသယ ဖြစ်မိပါတယ်။

အေးဆေးတည်ငြိမ် တဲ့ အမူအရာဖြင့် အကြီးအကဲ နီဟာ စတင်ပြောလိုက်တယ်။

"မာစတာ လင်းလုပ်ပေးခဲ့တာတွေ အတွက် အဖွဲ့အစည်း ကိုယ်စား ကျေးဇူးတငိပါရစေ။ကျောင်းလေး ပြောတာက တော့ မာစတာ လင်းက အဖွဲ့အစည်းက ထွက်ချင်လို့ ဆိုတော့ အခုလို ကိုယ်တိုင်ရောက်လာပြီး မထွက်ဖို့ တိုက်တွန်းရတာပါ။ကျွန်တော် တို့ မာစတာ လင်းလို လူမျိုးတွေကို တကယ် လိုအပ်နေတာပါ"

လင်းဖန် သံသယ ဖြစ်စွာဖြင့် ထိုင်ခုံတွေကို ယူလိုက်တယ်။

"ဥက္ကဌ နီ ထိုင်ပါဦး"

အကြီးအကဲ နီဟာ ရယ်မောလိုက်ပြီး.

"တကယ်တော့ မာစတာ လင်း အကြီးအကဲ နီလို့ ခေါ်တာကို ပိုသဘောကျမိတယ်။ဒါက ပိုအဆင်ပြေသလိုပဲ"

လင်းဖန်ဟာလည်း ရယ်မောလိုက်တယိ။

"အကြီးအကဲ နီ , ကျွန်တော်က အဖွဲ့အစည်းထဲမှာ ဘာမှ လုပ်စရာ မကျန်တော့ဘူးလေ..မြင်တဲ့ အတိုင်းပဲ. ကျွန်တော်ကို မှီခိုနေရတဲ့ ဝန်ထမ်းတွေ လည်း ရှိသေးတယ်။ကျွန်တော် အဖွဲ့အစည်းကို လာဖို့ ဘယ်အချိန်ရှိပါတော့မလဲ"

လင်းဖန် အဖွဲ့အစည်းကို ဘာအချိန်မှ မပေးချင်တော့ပါဘူး။အဲ့မှာက ပြသနာတွေ အရမ်းများပြီး တစ်ကွက်မှားတာနဲ့ အရှုပ်ထုတ်တွေကြားထဲရောက်သွားမှာပါ။သူသွားမပတ်သက်လေ ..ပြသနာ မရှိလေပါပဲ။

ဒါပေါ့ အကြီးအကဲ နီဟာ လင်းဖန် ဘာကို စိတ်ပူနေလဲ ဆိုတာ မြင်နိုင်ပါတယ်..ဒါပေမဲ့ သူလင်းဖန် ကို ဒီလို မျိုး လွှတ်မပေး လိုက်ချင်ပါဘူး။

"မာစတာ လင်း စိတ်မပူပါနဲ့..မာစတာ လင်းလို လူမျိုးတွေက တော့ ကွာခြားတယ်လေ။မာစတာ လင်းကို အဖွဲ့အစည်းက မထွက်ဖို့ပဲ တောင်းဆိုတာပါ..အဖွဲ့အစည်းကို လာစရာ မလိုပါဘူး။ကျွန်တော်တို့က မာစတာ လင်းရှိနေတယ် ဆိုတဲ့ ဂုဏ်သတင်းလေးကို ပဲ လိုချင်တာပါ..တကယ်လို စွမ်းဆောင်နိုင်စွမ်းရှိတဲ့ မာစတာ လင်း ထွက်သွားမှနိး လူတွေသိသွားကြရင်..သူတို့ ဘယ်မယုံအကြည် ရှိကြတော့မလဲ"

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်။

"အကြီးအကဲ နီ နားလည်ပေးပါ..ကျွန်တော် တကယ် ဆက်မနေချင်တော့ဘူး..ကျွန်တော်ရဲ့ လုပ်နိုင်စွမ်းကလည်း အကန့်အသတ်ရှိတယ်လေ..အများကြီးကို တစ်ယောက်ထဲ မလုပ်နိုင်ဘူး။ကျွန်တော် အကြီးအကဲ နီရဲ့ စိတ်ထားကို မြင်နိုင်ပါတယ်..အဖွဲ့အစည်းကို ဆန့်ကျင်တဲ့ အလုပ်မျိုး ကျွန်တော် လုပ်မှာ မဟုတ်ပါဘူး.။အကြီးအကဲ နီလို စီနီယာတွေက စီစဥိနေတာဆိုတော့ အပြင်လူတွေလည်း စိတ်ကျေနပ်ကြမှာပါ"

ကျောင်းဖေးဟာ ဘေးနားမှာ တိတ်ဆိတိစွာ ရပ်နေပြီး မာစတာ လင်း ကို အကြီးအကဲ နီ ဖိတ်ခေါ်နိုင်ဖို့ကိုသာ မျှော်လင့်နေခဲ့ပါတယ်။အခုချိန်မှာ မာစတာ လင်းလို လူမျိုးက တစ်ကယ် ရှားပါးနေတာပါ။

အကြီးအကဲ နီဟာ လင်းဖန်ရဲ့ လက်ကို ဆုတ်ကိုင်လိုက်ပြီး..

" မာစတာ လင်း..ဟိုခွေးသား ဂေါင်ချန်း နဲ့ ဝမ်ယန်ဂျီတို့က မင်းကို စိတ်ပျက်စေခဲ့တယ် ဆိုတာ ငါသိပါတယ်။အခုက စပြီး ဒီလို ကိစ္စမျိုး ဆိုတာ ရှိမှာမဟုတ်တော့ဘူး။အမှန်တော့ အခု ဒုတိယ ဥက္ကဌ ရာထူးက လစ်လပ်နေတာ...ငါ ပထမဆုံး ပြေးမြင်မိတဲ့ လူက မင်းပဲ။အထက် ပိုင်းက လူတွေက လည်း ငါ့ကို ရွေးခိုင်းနေပြီး..ငါကလည်း မာစတာ လင်းက လွဲပြီး တစ်ခြား သင့်တော် တဲ့ လူကို မတွေ့မိဘူး"

လင်းဖန် ဒီအ​ကြီးအကဲ နီက စကားကို ဘယ်လို ပြောရမလဲ ဆိုတာ ကောင်းကောင်းသိတယ် လိုတွေ မိလိုက်ပါတယ်။သူ့မှာ ရွေးချယ်စရာ တောင်မရှိတော့ပါဘူး။

"အကြီးအကဲ နီက ဒီလောက်တောငိ ပြောနေမှတော့ ကျွန်တော် ဘာတတ်နိုင်တော့မှာလဲ..ကျွန်တော် ဒီလောက်ထိ ရာထူးနဲ့ မထိုက်တန်တာ သိပါတယ် ဒါတောင် အကြီးအကဲ နီက ကမ်းလှမ်းနေသေးတယ်။ကောင်းပြီ ကျွန်တော် အားရင် အဖွဲ့အစည်းကို လာခဲ့မယ်လေ"

ဒါကိုကြားပြီး ..အကြီးအကဲ နီဟာ ရယ်မောလိုက်တယိ...😅

ကျောင်း ဖေးဟာလည်း ရယ်မောလိုက်တယ်..🤣

လင်းဖန် လည်း သူတို့နဲ့ အတူတူ လိုက်ရယ် လိုက်ပါတယ်...😂

ဒုတိယ ဥက္ကဌ ရာထူး ဟုတ်လား...ဒါကို လက်မခံရင် ဖြုန်းတီးမူ တစ်ခုဖြစ်သွားမှာပေါ့...

အဖွဲ့အစည်းကို အမြဲတမ်းသွားဖို့လည်း မလိုဘူး..အနည်းဆုံး စကားပြောတဲ့ အခါ အဲ့အသံက ဂုဏ်တက်စေပါတယ်။

ဒုတိယ ဥက္ကဌ..

All Chapters