← Chapters

မှန်ကန်တဲ့ ဝူယူလန်

Vol. 12 Ch. 170

မှန်ကန်တဲ့ ဝူယူလန်

Vol. 12 Ch. 170

ဘာသာပြန် = စနိုးဝှိုက်

ကျောင်းဖေးနဲ့ အကြီးအကဲ နီ ထွက်ခွာသွားပြီးနောက်။

လင်းဖန်ဟာ သူတို့ကို ငြင်းပယ်ဖို့ ကြိုစားပေမယ့်လည်း သူတို့ရဲ့...စိတ်အားထက်သန်မူတွေက ငြင်းပယ်ဖို့ ခက်ခဲစေခဲ့ပါတယ်။ထပ်ပြောရရင် သူတို့ဟာ ဒုတိယဥက္ကဌ ရာထူးပါ ယူလာခဲ့တဲ့ အတွက် လင်းဖန် ဘာမှ မတတ်နိုင်တော့ပေ။

လူလိမ် ထျန်..ဟာ ရယ်မောလိုက်တယ်။

"ဥက္ကဌ လင်း ကျွန်တော်တို့ကို အခုကစပြီး.. ဂရုစိုက်ပေးပါဦး"

လင်းဖန် သူ့ခေါင်းကို ငုံ့ထားလိုက်တယ်။

"လုပ်စရာ ရှိတာပဲ လုပ်ပါ"

လူလိမ် ထျန်ဟာ ခေါင်းညိမ့်လိုက်ပြီး...

"စိတ်မပူပါနဲ့ ဥက္ကဌ, ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်..ဥက္ကဌ ကို စိတ်မပျက်စေရပါဘူး"

ယင်းနောက် သူတို့ နှစ်ယောက်ဟာ မျက်လုံးချင်း ဆုံးသွားကြပြီး ကျယ်လောင်စွာ ရယ်မောလိုက်ကြပါတယ်။

"အတော် ရက်စက်တယ်"

အဲ့အချိန်မှာပဲ ဝူယူလန် ရဲ့ အသံကို ကြားလိုက်ရတယိ။

လင်းဖန်တို့ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောနေကြတာပါ...ဒါကြောင့် ဝူယူလန် ရဲ့ စကားကို ကြားလိုက်တဲ့ အချိန်မှာ သံသယ ဖြစ်စွာ လှမ်းကြည့် လိုက်ကြပါတယ်။

"ဘာ ဖြစ်တာတုန်း"

ဝူယူလန်ဟာ သူမရဲ့ ဖုန်းကို ဒေါသထွက်စွာ ကြည့်နေခဲ့တာပါ။ယင်းနောက် သူမဟာ ဖုန်းကို လင်းဖန်တို့ ဘက်ပြကာ ပြောလိုက်တယ်။

"ဒီ မောဒယ်ကိုကြည့်..အတော်ကို ရက်စက်တယ်။ဒီလို အရာမျိုးကို လုပ်ဖို့ဆိုရင်...အခုသူတို့ က ရှေ့နေဆီကနေတဆင့် ဒါက အတုကြီးဖြစ်ပြီး.ပို့စ်တင်တဲ့ လူကို တာဝန်ခံခိုင်းမယ်လို့ ပြောနေသေးတယ်"

"ဘာဖြစ်တာတုန်း ငါတို့လည်း သိပါရစေဦး"

´လင်းဖန် ပြောလိုက်တယ်။

ဝူယူလန် ဟာ ဒေါသဖြစ်စွာဖြငိ့...

"လင့် ပို့ပေးလိုက်မယ်..ဒါက အခု ဝိုက်ဘိုပေါ်မှာ ဟော့ဖြစ်နေတဲ့ သတင်းပဲ"

လင်းဖန် နဲ့ လူလိမ် ထျန်တို့ဟာ ဖုန်းတွေကို ထုတ်ပြီး ကြည့်လိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ လူလိမ် ထျန်ဟာ ဒေါသ ထွက်လာပါတော့တယ်။

"ဒါက အတော်ရက်စက်တာပဲ..ဒီလို ခွေးမျိုးတွေက မိန်းကလေးတွေကို ဒီလို လုပ်ဖို့ဆိုရင်"

လင်းဖန်..တစ်ခြားတစ်ဖက်မှာတော့ အတော်ကို တည်ငြိမ်နေခဲ့ပါတယ်..ဒါက အတော်ကို ရက်စက်တာပါ။

"ကျွန်မက ခံခဲ့ရတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းကောင်းတွေပါ..ကျွန်မ လုပ်နေတာ ကို ကျွန်မသိပါတယ်။ကျွန်မ ရဲ့ မိခင်တက္ကသိုလ် ကိုလည်း ကျွန်မ ချစ်တယ်..ဒါပေမဲ့ အခု အဲဒီမှာ မသန့်ရှင်းမူတွေ ရှိနေခဲ့ပြီလေ..ကျွန်မဘယ်သူကို အပြစ်ပြုမိမှာကိုမှ မကြောက်ပါဘူး..ကျွန်မရဲ့ သူငယ်ချင်းကို ပဲ တရားမျှတမူ ရှာပေးချင်တာပါ။ကြယ်အလင်း ရုပ်ရှင် တက္ကသိုလ် ရဲ့ ပရော်ဖက်ဆာ ကျောင်းလီ နဲ့ ချန်ဂျန် တို့က သူတို့ရဲ့ အခွင့်အာဏာကို သုံးပြီး ကိုယ်ရေးကိုယ်တာ လိုအပ်ချက် အတွက် အသုံးချနေကြတယ်။သူတို့က အောင်လက်မှတ် တွေကို ကိုင်ထားတော့ ကျောင်းသူတွေ ကျဆုံးအောင် လုပ်ပစ်လို့ ရတယ်လေ။သူတို့က ကျောင်းသူတွေ ကို ခြိမ်းခြောက်ပြီး မသင့်တော် တာတွေပါ လုပ်ကြတယ်။ကျွန်မရဲ့ အချစ်ဆုံးသူငယ် ချင်း ဟောင်မြောင်မြောင် ဆိုရင်..ပရော်ဖက်ဆာ ကျောင်းလီ ရဲ့ ရက်ရက်စက်စက် နိပ်စက် မူကိုပါ ခံခဲ့ရပြီး..တကယ်လို့ သူမသာ တစ်ခြား လူတွေကို ပြန်ပြောမယ် ဆိုရင် သူမ ဘယ်တော့မှ ဘွဲ့လက်မှတ် ရလိမ့်မှာ မဟုတ်ဘူး လို့ ပါ ခြိမ်းခြောက် ခံခဲ့ရတယ်။တစ်ချိန်တည်း မှာပဲ သူမရဲ့ ဆရာမ ချန်ဂျန်ဟာ တစ်ခြားကျောင်းသူ တွေနဲ့ သူမကို မရင်းနှီးအောင် အမျိုးမျိုး ဖန်တီးခဲ့တယ်...အခုပြောခဲ့တာ တွေဟာ တစ်ရာရာခိုင်နှုန်း အမှန်တွေ ချည်းပဲ..တကယ်လို့ အတုအယောင်သာ ဆိုရင်..ဥပဒေအရ တရား ရင်ဆိုင်ပြီးတော့ တာဝန်ယူ ပေးဖို့ အသင့်ရှိပါတယ် လို့ ပြောပါရစေ"

.....

ဝူယူလန်ဟာ အမှန်တရားကို အတော် မြတ်နိုးတဲ့ မိန်းကလေး တစ်ယောက်ပါ။အဲ့အချိန်မှာတော့..သူမရဲ့ သေးငယ်တဲ့ မျက်နှာဟာ ခရမ်းချဥ်သိီး တစ်လုံးလို နီနေခဲ့ပါပြီ။

"ဒီ လူတွေ ကအတော်ရက်စက်တာပဲ..ကျောင်းသားတွေက အမှန်ကို ပြောနေတာ..ဒါတောင် ဘယ်တစ်ယောက်ကမှ မတိုင်ကြားရဲဘူး။တကယ်လို့ တစ်စုံတစိယောက်သာ လက်ကမ်းမပေးရင်..ဒီမိန်းကလေး တွေဘယ်လောက်ထိ ခံစားနေရပြီး..အဆုံးသတ်သွားကြမလဲ မသိဘူး"

လင်းဖန်ဟာ သတင်းကို ဖတ်ကြည့်ပြီးပေမယ့်လည်း ဘာမှ မပြောခဲ့ပါဘူး။သူ သံသယ ဖြစ်စွာပဲ ကျောင်းလီ နဲ့ ချန်းဂျန် ကို ဘိုင်တုမှာ ရှာလိုက်တယ်။

တစ်ချက်ကြည့်ရုံနဲ့တင် အဖြေကို သိနိုင်ပါတယ်။သူတို့ဟာ..ကြယ်အလင်း ရုပ်ရှင် ကျောင်းမှာ ရာထူးကြီးကြီး ရှိတဲ့ လူတွေပါ။

တကယ်တော့ သူတို့ဟာ ဒီလောက မှာတောင် နာမည်ရှိတယ် လိုပြောလို့ရပါတယ်။လက်ရှိ အောင်မြင်နေကြတဲ့ စူပါစတားတွေ အများစုက တစ်ချိန်တုန်းက သူတို့ကျောင်းမှာ တက်ခဲ့ကြတဲ့ လူတွေပါ။

ထပ်ပြောရရင် ကျောင်းလီ ရဲ့ နောက်ခံက အတော် တောင့်တင်းပါတယ်..သူ့အဖေက ​ကျော်ကြားတဲ့ ဒါရိုက်တာ တစ်ယောက်ပါ။

လင်းဖန်မှာ သူတို့ရဲ့ ဓာတ်ပုံရှိပြီး ..သူတို့ရဲ့ မွေးနေ့ ရှိနေတဲ့ အတွက် ..ဒါက ဗေဒင် တွက်ကြည့်ဖို့ လုံလောက်နေပါပြီ။

ဒီ မှာ ဖတ်ကြည့်ရသလောက် တော့ ချန်ဂျန်ဟာ စော်ကားခံခဲ့ရတဲ့ ကောင်မလေး..ဟောင်မြောင်မြောင်ရဲ့ ဆရာမပါ။ဒီလို ကျောင်းလီ နဲ့ ချန်ဂျန် တို့ အတူတူ လုပ်နေကြတယ် ဆိုတော့ ဒီကျောင်း

လီ က ဒါကို ပထမဆုံးလုပ်တာ မဖြစ်နိုင်ပါဘူး။

အခုလို ခံခဲ့ရတဲ့ကျောင်းသူ အများစုဟာ တိတ်တဆိတ်သာ နေခဲ့ကြရပြီး..သတင်းကို လျိုဝှက်ထားဖို့ အကျိုးကျေးဇူးတွေ ရကောင်း ရကြမှာပါ။

လင်းဖန် ရဲ့ နောက်ဆုံး အဖြေကတော့ ဒီနှစ်ယောက်ဟာ တကယ့် ခွေးမသားတွေပါပဲ။

မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် တို့ ဒီလို နတ်ဆိုး ဆန်ဆန် လုပ်ကိုင်ဖို့ ဆိုတာ ပုံမှနိမဟုတ်ပါဘူး။

ကြယ်အလင်း တက္ကသိုလ် မှာတော့။

ဟောင်မြောင်မြောင် ဟာ ကျောင်းမျက်ခင်းပြင်မှာ ထိုင်နေခဲ့ပါတယ်။သူမ တကယ် ကြောင်တောင်တောင် ဖြစ်နေခဲ့ပါပြီ။

သူမ လက်ရှိအချိန်မှာ များပြားလှတဲ့..ဖိအားတွေနဲ့ ရင်ဆိုင်တွေ့ခဲ့ရပြီးတော့..ရလာဒ်အနေနဲ့ သူမ ရဲ့ ခွန်အားတွေဟာ တစ်စက်မှ မကျန်တော့ပေ။

ရှောင်ရီမို ဟာ သူမရဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်ပါ။အဲအချိန်မှာပဲ သူမ ဟောင် မြောင်မြောင်ကို နောက်ကနေ သိုင်းဖက်လိုက်ပြီး..

"စိတ်မပူနဲ့ မြောင်မြောင်..ငါ တရားမျှတမူကို ရှာပေးမယ်"

ဟောင်မြောင်မြောင်ဟာ ရေရွတ်လိုက်တယ်။

"ရီမို နင် သူတို့ကို အပြစ်ပြုမိပြီဆိုတော့ သူတို့က နင့်ကို လွှတ်ပေးမှာ မဟုတ်တော့ဘူး။မတော်တဆ မူကို မေ့လိုက်ပါ..ငါနင့်ကို ဒီထဲ ဆွဲမခေါ်ချင်ဘူး"

ရီမိုဟာ ခေါင်းယမ်းလိုက်တယ်။

"စိတ်မပူပါနဲ့ ငါမကြောက်ပါဘူး။ငါ့ရဲ့ ဘွဲ့လက်မှတ်ကလည်း အရေးမကြီးဘူး..ငါ ဒီကိစ္စမှာ ပါပြီးသွားပြီ..သူတို့ ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။နင်က ငါ့ကို ဒီအကြောင်းဖွင့်ပြောခဲ့တာလေ သူငယ်ချင်ကောင်း တစ်ယောက်အနေနဲ့ ငါဘာမှ မလုပ်ပဲ ထိုင်နေဦးမယ် ဆိုရင်..ငါ စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး..ဒါဘယ်လို အခြေအနေနဲ့ပဲ အဆုံးသတ်သတ် ကိစ္စမရှိဘူး။ငါ ကျောင်းထုတ်ခံရမှာ မကြောက်သလို အနာဂတ် ဒီလောကမှာ မရပ်တည်နိုင်မှာ ကိုလည်း မကြောက်ဘူး။အနည်းဆုံး တော့ ငါ့ရဲ့ ကလေးတွေကို သူတို့ရဲ့ အမေက အမှန်တရားကို မြတ်နိုးတဲ့ လူဆိုတာ ဂုဏ်ယူပြီး ပြောနိုင်သေးတယ်လေ"

အဲ့အချိန်မှာပဲ သူမရဲ့ ဖုန်းလေးဟာ မြည့်လာခဲ့တယိ။

ရှောင်ရီမိုဟာ ဖုန်းကို ကိုင်လိုက်ပြီး..

"ကောင်းသော မနက်ခင်းပါ ဒါရိုက်တာ လီ"

ဒါရိုက်တာလီ : မင်းက ဒီပြပွဲ အတွက် မသင့်တော်ဘူး။တစ်ခြား ခေါင်းဆောင် မင်းသမီး တစိယောက်ကို ငါရွေးလိုက်ပြီ။

* တီ *

ဖုန်းဟာ ချသွားခဲ့ပါပြီ။

ဟောင်မြောင်မြောင် ဟာမေးလိုက်တယ်။

"ရီမို ဖုန်းခေါ်တာက.."

ရှောင်ရီမိုဟာ ပြုံးလိုက်ပြီး.

"ဘာမှမဟုတ်ဘူး..အရူးတစ်ယောက် ဖုန်းလာခေါ်နေလို့ ငါချလိုကတာ"

အဲ့အချိန်မှာပဲ မိန်းကလေးနှစ်ယောက်ဟာ မျက်ခင်းပြင်ကို လမ်းဖြတ်လျောက်နေပြီး ဟောင်မြောင်မြောင်ကို လက်ညိုးထိုးကာ တီးတိုး ပြောနေကြပါတယ်။

"သူမ က တကယ်ကို ပြသနာပဲ..ပရော်ဖက်ဆာ ကျောင်း ဒါမျိုးလုပ်ခဲ့တာ တစ်ခါ နှစ်ခါတောင် မကတော့ဘူး။ဒါကို သူမက တစ်ခြားလူတွေကို လိုက်ပြောပြီး ကိစ္စတွေကို မကြီးကြီးအောင် လုပ်ချင်နေတယ်"

ကြော်ငြာ အနည်းငယ် ရိုက်ဖူးထားတဲ့ လှပတဲ့ မိန်းကလေး တစ်ယောက်ဟာ ပြောလိုက်ပါတယ်။

ရှောင်ရီမိုဟာ ရပ်တပ်ထရပ်လိုက်ပြီး..

"အဲ့မှာရပ်နေလိုက် ..နင်ခုနက ဘာစကားပြောတာလဲ။နင်က သူမလို မခံစားဖူးတော့ ဒါက ဘာမှ မဟုတ်တဲ့ အရာလို့ ထင်နေတယ်ပေါ့။အိုး..ဟုတ်သားပဲ..တကယ်တော့ နင်တို့သာ သူမလို ခံစားရရင် ပျော်ချင်ပျော်နေဦးမှာ"

"နင် ဘာပြောတာလဲ"

မိန်းကလေးနှစ်ယောက်ဟာ ဒေါသထွက်စွာ ပြန်ပြောလိုက်တယ်။

ရီမိုဟာလညိး စိတ်တိုစွာဖြင့်..

"ဘာလဲ..နင်က တိုက်ခိုက်ချင်လို့လား.သတ္တိရှိရင် ငါ့ဆီကို လာခဲ့လိုက်။ငါနင့် မျက်နှာကို မဖြစ်ဆီးနိုင်ရင် ငါ့မျိုးရိုးနာမည်က ရှောင် မဟုတ်တော့ဘူး"

မိန်းကလေး နှစ်ယောက်ဟာ စိတ်တိုစွာပဲ ထွက်သွားခဲ့ကြပါတယ်။

အဲ့အချိန်မှာပဲ နောက်ထပ် ဖုန်း အဝင်ကော တစ်ခုကို လက်ခံရလိုက်တယ်..ဒီတစ်ခါက ကျောငိးအုပ်ဆရာ ကြီး ဆီကပါ။

ကျောင်းအုပ် : ရှောင် ရီမို ,နင်က ကိစ္စတိုင်းမှာ ဝင်ပါတာ တော်တော် တော်နေတယ်ပေါ့..နင့်ဝိုက်ဘိုက ပို့စ်ကို ပြန်ဖျက်လိုက်တာ ပိုကောင်းလိမ့်မယ်နော်..ဒါက ငါတို့ ကျောင်းကို ဘယ်လောက်တောင် အနှုတ်လက္ခဏာ ဆောင်လိမ့်မယ် ဆိုတာ မသိဘူးလား.."

ရှောင်ရီမို ဒေါသထွက်စွာ ငြင်းခုန်လိုက် တယ်။

"ကျွန်မ ဘာမဟုတ်တာမှ မလုပ်ထားဘူး..ဒါက အမှန်တရားပဲ"

ကျောင်းအုပ် : ဒါ အမှန်လား. အမှားလား ငါဂရု မစိုက်ဘူး..အခုဖယ်လိုက်။နင် ဘွဲ့လက်မှတ်ကို လိုချင်သေးတယ် ဆိုရင်ပေါ့။ပရော်ဖက်ဆာ ကျောင်းလီ နဲ့ ပရော်ဖက်ဆာ ချန်ဂျန် က ဒီကိစ္စ နင့်ကို အပြစ်တင်ဖို့ လုပ်နေကြပြီ။

ရှောင်ရီမို :: ဒါဆို လည်း ဘွဲ့လက်မှတ် မပေးနဲ့လေ။သူတို့ ဒီလို လုပ်ထားပြီးမှ ဖုန်းကွယ်ထားလို့ ရမယ် ထင်နေတာလား။ကျွန်မ ဆယ်လီ တစ်ယောက်ကို အကူညီတောငိးပြီး ဒီသတင်းကို ပိုပြန့်အောငိ လုပ်ပစ်လိုက်မယ်။ကျွန်မ ကို လာခြိမ်းခြောက်မယ်တော့ မကြံနဲ့နော် ကြောက်မှာ မဟုတ်ဘူး..အမှန်တရားက အမှန်တရားပဲ သူတို့ လုပ်ထားတာ အတွက် တရားရင်ဆိုင်ရမယ်။

ကျောင်းအုပ် ဆရာကြီးဟာ ကျယ်လောင်စွာရယ်မောကာ ဖုန်းချသွားခဲ့ပါတယ်။

ရုံးခန်းထဲတွင်တော့။

ကျောင်အုပ်ဟာ ပြောလိုက်တယ်။

"ပရော်ဖက်ဆာ ကျောင်း၊ ပရော်ဖက်ဆာ ချန် ဒီလို အရူးမက သူမအတွက် ဘာက ကောင်းလဲဆိုတာ သိပုံမရဘူး"

ကျောင်းလီဟာ အသက်ငါးဆယ် အရွယ် ရှိနေခဲ့ပါပြီ။သူဟာ မျက်မှန်ကို တပ်ထားခဲ့ပြီး..ယဥ်ကျေးပြီး သိမ်မွေ့တဲ့ ပုံစံ ပေါ်ပါတယ်။

သူ့မျက်နှာဟာ အမှန်တရားကို မြတ်နိုးတဲ့ ပုံပေါ်ပေမဲ့ လည်း..ဒါက အတုအယောင်ဆိုတာ ပေါင်းဖူးတဲ့ လူတိုင်း သိကြပြီးသားပါ။သူဟာ ဘာမှ မတတ်နိုင်စွာ ရယ်မောလိုက်တယ်။

သူ ဒီနယ်ပယ်မှာ ရှိနေတာ ဆယ်နှစ်ကျော်ပြီ ဖြစ်ပြီး အတွေ့အကြုံလည်း ကောင်းကောင်းရှိပါတယ်။

ငယ်ငယ်ရွယ်ရွယ် မိန်းကလေး တစ်ယောက်က ဘာလုပ်နိုင်မှာလဲ....

သူမ က ဆယ်လီ တစ်ယောက်ယောက် သူမသတင်းကို တဆင့်ဖြန့်ဝေ ပေးမှာ စောင့်နေတာလား....

ဘယ် ဆယ်လီ လုပ်ရဲလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့..

ချန်ဂျန်ကတော့ ညှင်သာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ဒီ ပြသနာ လောက်ကို သူမလုံးဝ ဂရုမစိုက်ပါဘူး။

ဒီလို အရာမျိုးက အချိန်ခနကြာရင် အလိုလို ပျောက်သွားမှာ ဖြစ်ပြီးသူမကို ဘာမှ ထိခိုက်နိုင်မှာ မဟုတ်ပေ။

လူမူ အသိုင်းအဝိုင်းထဲကို မဝင်ဖူးသေးတဲ့ ကလေးမလေးက သူမတို့ကို ချဲလန့်ခေါ်ချင်နေတာလား...

သူမ အတွေ့အကြုံနုပါသေးတယ်။

All Chapters