← Chapters

မင်းအမေကို တရားစွဲလိုက်

Vol. 12 Ch. 171

မင်းအမေကို တရားစွဲလိုက်

Vol. 12 Ch. 171

ဘာသာပြန် = စနိုးဝှိုက်

ရှောင်ရီမိုနဲ့ ဟောင်မြောင်မြောင် ဟာ သူမတို့ရဲ့ အဆောင်ကို ပြန်သွားလိုက်ကြတယ်။သူမတို့ရဲ့အဆောင် နေဘက်နှစ်ယောက်ဟာတော့ သူမတို့ကို ရှောင်ဖယ်နေကြပြီး မပတ်သက်ကြပေ။

မဟုတ်ရင် သူတို့ပါ ကံဆိုးမူထဲပါသွားနိုင်တယ် လို့ ထင်နေကြတာပါ။

ဒါက တကယ်ကို ဖြစ်နေကြ ကိစ္စတစ်ခုဖြစ်ပေမယ့်လည်း ..ဒီလို ကိစ္စကြီးကြီး သွားတာ ကတော့ရှားပါးပါတယ်။

သူတို့ရဲ့ တစ်ခန်းထဲနေတဲ့ မိန်းကလေး တစ်ယောက်ဟာ ရယ်မောပြီး ပြောလိုက်တယ်။

"သဘာပတိက ခုနက လာသွားတယ်..နင်တို့နှစ်ယောက် ဖန်တီးထားတဲ့ ပြသနာက ကျောင်းအပေါ်ကို အနုတ်လက္ခဏာ ဆောင်နေတယ်တဲ့။ဒါကြောင့် နင်တို့ ဒီနေ့ပဲ ထွက်သွားကြရမယ်"

ရှောင် ရီမိုဟာ သူမ ဘက်ကို လှည့်လိုက်ပြီး..

"နင်ဘာပြော ချင်တာလဲ"

"ဒါက အခန်း သဘာပတိရဲ့ ဆုံးဖြတ်ချက်ပဲ..ငါတို့မဟုတ်ဘူး တကယ်လို့ နင်ပြသနာရှာချင်တယ် ဆိုရင် သူ့ကို သွားရှာ"

ယင်းနောက် ဒီ အခန်းပေါ်နှစ်ယောက်ဟာ မစင်ကို တွေ့သလိုမျိုး ရှောင်ဖယ်လိုက်ကြပြီး အိတ်ကို ယူကာ ထွက်သွားလိုက်ကြပါတယ်။

သူမတို့ဟာ အပေါက်ဝကို ရောက်တ​ဲ့ အချိန်ကြမှ မယုံကြည်နိုင်စွာဖြင့်..

"အင်တာနက် ဆယ်လီ တစ်ယောက်က ကူညီပေးဖို့လား..သူတို့ အိပ်မက်မက်နေတာ ဖြစ်မယ်။ဝိုက်ဘိုပေါ်က ဆယ်လီတွေက ဒီလို အကြောင်းအရာတွေ တင်ရမှာကို အကြောက်ဆုံးပဲ"

ဟောင်မြောင်မြောင်ဟာ တိတ်ဆိတ်နေခဲ့တယ်..အဖြစ်အပျက်က ဒီလို အဆုံးသတ်သွားလိမ့်မယ်လို့ သူမ မထင်ထားမိခဲ့ပေ။

သူမတို့ ပို့စ်တင်ပြီးတာ ရက်အနည်းငယ် ကြာပြီးပေမယ့်လည်း ပို့စ်မှာ ဘာသက်သေ အထောက်အထားမှ မရှိနေခဲ့ပါဘူး။

သတင်းထောက်တွေတောင် ဒီကိစ္စကို ဂရုမစိုက်ကြပါဘူး..ကျောင်းလီ နဲ့ ချန်ဂျန် တို့ရဲ့ လုပ်နိုင်စွမ်းတွေက အတော်မြင့်မား ပါတယ်။

ရှောင်ရီမိုဟာ သူမရဲ့ ဖုန်းကို ကြည့်ကာ ပြောလိုက်တယ်။

"မြောင်မြောင် ကြည့် ဒီမှာ အင်တာနက် ဆယ်လီ တစ်ယောက်က ပို့စ်တင်ပေးထားတယ်"

ရှောင်မြောင်မြောင်ဟာ ဖုန်းကို ကြည့်လိုက်တဲ့ အချိန်မှာ မျက်ရည်တွေဟာ သူ့အလိုလို ကျလာခဲ့ပါပြီ။သူမ ဒီလို အရာကို လွန်ခဲ့တဲ့ ရက်တွေကတည်းက စောင့်နေခဲ့တာပါ။

ဒီအချိန်တွေက ကမ္ဘာကြီး တစ်ခုလုံးရဲ့ အလေးချိန်ဟာ သူမအပေါ်ကို ကျရောက်နေသလိုပါပဲ။

တိမ်ဖြုလမ်း။

ဝူယူလန်ဟာ လင်းဖန်ကို လက်မ ထောင်ပြလိုက်ပြီး..

"မာစတာ လင်း, အရမ်းမိုက်တာပဲ..ကျွန်မတို့ ဒီလို အခြေအနေကို ကျိန်းသေ ကူညီပေးသင့်တယ်"

လင်းဖန် ပြုံးလိုက်တယ်။

"ငါလုပ်နိုင်သလောက် လုပ်ပေးတာပါ"

တစ်ခါတစ်ရံ မှာ ပို့စ်တစ်ခုကလည်း လူတစ်ယောက်ရဲ့ စိတ်ဓာတ်တွေကို မြင့်တင်ပေးနိုင်ပါတယ်။

လင်းဖန်ရဲ့ ဝိုက်ဘိုမှာက အနည်းဆုံး ပရိတ်သတ် တစ်သန်းလောက်ရှိပြီး ဒီလူအကုန်လုံးကလည်း လက်ရှိသုံးစွဲ နေကြတဲ့ သူတွေပါ။

ဒါကြောင့် သူ့ရဲ့ ပို့စ်တစ်ခုဟာ အတော်ကို အကျိုးသက်ရောက်နိုင်ပါတယ်။

"အသက်ကြီးပြီး လူမဆန်တဲ့ သတ္တဝါ နှစ်ကောင်"

ဒါက သူတင်လိုက်တဲ့ ပို့စ်ရဲ့ ခေါင်းစဥ်ပါ။ယင်းနောက် သူ ကျောင်းလီ နဲ့ ချန်ဂျန် တို့ရဲ့ အကောင့်ကို @ ခံပြီး မန်းရှင်း ခေါ်ထားခဲ့ပါတယ်။

ပိုစ့်ဟာ လိုင်းပေါ်ကို ရောက်သွားပြီ ဆိုတာနဲ့ ဆွေးနွေးမူတွေ အများကြီး တက်လာပါတော့တယ်။

"ဟေး..မာစတာ လင်း ဒီသတင်းကို ဘယ်ကနေ ရလာတာလဲ..ဒါတကယ် ဒေါသထွက်ဖို့ကောင်းတယ်နော်"

"ငါအကြောင်းအရာကို ဖတ်ပြီးတဲ့ နောက်မှာ မာစတာ လင်း လုပ်တာ မှန်တယ် လို့ ခံစားရတယ်။သူတို့က တကယ်ကို အသက်ကြီးပြီး လူမဆန်တဲ့ သတ္တဝါ တွေပဲ"

"ငါလည်း ဒါကို ပြန်တင်ရမယ်"

တစ်စုံတစ်ယောက်ဟာ လုံလောက်အောင် ကျော်ကြားနေသ၍ သူတင်လိုက်တဲ့ အကြောင်းအရာဟာ ချက်ချင်း ပေါက်ပြီးသားပါ။

လင်းဖန် သူတင်လိုက်တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး အနည်းငယ်တော့ စိုးရိမ်ိပါတယ်..သူ ဒီနှစ်ယောက်ရဲ့ ကံကြမ္မာကို ဖတ်ပြီးသွားပါပြီ။

ကျောင်းလီဟာ သေးငယ်တဲ့ အင်တာနက် e ပလတ်ဖောင် နဲ့ ရင်းနှီးပြီး..တစ်ချိန်တည်းမှာပဲ သူ့ရဲ့ နာမည်ပြောင်က သစ်ပင်ကြီး ကျောင်းပါ။

ပိုက်ဆံတွေ အများကြီး...အဆက်အသွယ်တွေ...မိန်းကလေး ကျောင်းသူ...

.....

ဒီအကြောင်း အရာဟာ ဝိုက်ဘိုပေါ်မှာ ပျံ့နှံ့သွားခဲ့ပါပြီ။

တစ်ချို့ အင်တာနက် ဆယ်လီတွေဟာ ဒီသတင်းကို ဖတ်ပြီး ဆွံ့အသွားခဲ့ကြပါတယ်။သူတို့ သိထားတာက မှားယွင်းတဲ့ သတင်းတွေကို မတင်ဖို့နဲ့ ..အဟုတ်ရင် သူတို့ရဲ့ အကောင့်တွေ ဘန်းခံထိနိုင်တယ် ဆိုတာ ပါပဲ။

ဆယ်လီတွေ အတွက်ကတော့ ဒီလို သတင်းမျိုးအတွက်နဲ့ သူတို့ရဲ့ အကောင်းကို ရင်းကြမှာ မဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ် သူတို့ ဒီလို ဖော်လိုတွေနဲ့ ထောက်ပံ့မူတွေ ရရှိဖို့ လွယ်ကူခဲ့တာ မဟုတ်ပါဘူး။

ထပ်ပြောရရင် သူတို့ သူတို့အကောင့်ကနေ ကြော်ငြာခတွေက တစ်လကို ဒေါ်လာ နှစ်သိန်းလောက် ရနေကြတာပါ။

တစ်ကယ်လို့ ဒီလို မသေချာတဲ့ အရာမှာဝင်ပါခဲ့မိပြီး ဘန်းခံရရင် သူတို့ရဲ့ ဆုံးရှုံးမူကြီးပါပဲ။

သို့ပေမယ့် အခု အင်တာနက်ဆယ်လီ တစ်ယောက်က တင်ထားပေးတယ်ဆိုတဲ့ သူ့ရဲ့ သတ္တိကို လေးစားလိုက်ကြပါတယ်။

ညအချိန်..စားသောက်ပွဲ တစ်ခုတွင်။

ကျောင်းလီ နဲ့ ချန်ဂျန် တို့ဟာ လူတစ်စုနဲ့ အတူ စားသောက်နေကြပါတယ်။လူအုပ်ကို ကြည့်ရတာတော့ ​ပျော်ရွှင်နေကြတဲ့ ပုံပါပဲ။

ယင်းနောက် ကျောင်းလီဟာ သူ့ရဲ့ ဖုန်းကို ကြည့်လိုက်မိပြီး မျက်နှာ အမူအရာ ပြောင်းသွားခဲ့တယ်။

ချန်ဂျန်ဟာ သံသယ ဖြစ်စွာဖြင့်...

"ဘာဖြစ်လို့လဲ"

ကျောင်းလီဟာ ချန်ဂျန် ဆီကို ဖုန်းပေးလိုက်ပြီး..ပြောလိုက်တယ်။

"ကိုယ့်ဟာကို ကြည့်ကြည့်လိုက်ဦး"

ချန်ဂျန်ဟာ သတင်းကို ဖတ်လိုက်တဲ့ အချိန်မှာ သူမရဲ့ မျက်နှာလဲ ပြောင်းလဲ သွားခဲ့ပါတယ်။

အင်တာနက် ဆယ်လီ တစ်ယောက်က ဒီသတင်းကို တင်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ထပ်ပြောရရင်..ဒီပို့စ်အောက်မှာ ဆွေးနွေးနေတာက..မှတ်ချက်တွေ ထောင်ချီပါတယ်။

လင်းဖန် ရဲ့ ဝိုက်ဘိုအကောင့် က ဒီလောက်ထိ ကြီးမားတဲ့ သတင်းအဖြစ် မပြောင်းလဲနိုင်ပါဘူး။ဒါပေမဲ့ လူပေါင်းများစွာ ပို့စ်ပြန်တင်ပြီး ဝိုင်း ရှဲလိုက်ကြတဲ့ နောက်မှာ..ပျံ့နှံ့မူနှုန်းက ကြောက်ဖို့ ကောင်းလွန်းပါတယ်။

ဒါက ထိပ်တန်းရှာဖွေမူ စာရင်းကို တောင် ဝင်ခါနီးနေပါပြီ။

ကျောင်းလီဟာ ထပ်ပြီးသည်းမခံနိုင်တော့ပဲ..စာပြန်လိုက်တယ်။

"မင်းက သတင်းအမှားတွေကို တင်ထားတာပဲ..ဒါက အရော်ဖက်ဆာ ချန်ဂျန် နဲ့ ငါ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတယ်။ငါမင်းကို တရားစွဲရလိမ့်မယ်"

သူပြန်လိုက်တဲ့ စာ ထွက်ပေါ်လာတဲ့ အချိန်မှာ နောက်တစ်ကြိမ် ရှုပ်ထွေးသွားခဲ့ပါပြီ။

"ဝိုး သူတကယ် မာစတာ လင်းကို ချဲလန့်ခေါ်ရတယ်ဟ..ဂရုစိုက်နော်။မာစတာ လင်းက မင်းကို တသက်စာ မမေ့နိုင်တဲ့ သင်ခန်းစာကို သင်ပေးလိမ့်မယ်"

"ဘယ်လောက် စိတ်တိုစရာကောင်းလဲ..မာစတာ လင်းသာ ဒီသတင်းကို မတင်ပေးရင် ဒီကမ္ဘာပေါ်မှာ ဒီလို သတ္တဝါ နှစ်ကောင် ရှိနေတာ ငါတို့ သိကြရမှာတောင် မဟုတ်ဘူး"

"ငါက တော့ မာသတာ လင်းကို ပဲထောက်ခံတယ်"

ရှန်ဟိုင်းတွင်။

လင်းဖန်ဟာ ဝမ်မင်ယန်နဲ့ စားသောက်နေခဲ့တာပါ။သူတို့ မတွေ့တာကြာပြီ ဖြစ်တဲ့ အတွက် ဝမ်မင်ယန်က သူ့ကို တွေ့ဖို့ လှမ်းပြောခဲ့လို့ပါ။

ဝမ်မင်ယန်ဟာ သံသယ ဖြစ်စွာ မေးလိုက်တယ်။

"မင်း ဝိုက်ဘို က ဘာတွေ ဖြစ်နေပြန်ပြီတုန်း"

လင်းဖန် လှည့်တောင်မကြည့်ပဲ ပြန်ဖြေလိုက်တယ်။

"ဘာမှမဟုတ်ဘူး..ကျွန်တော် သတင်းတစ်ပုဒ်တင်ထားတာ။တင်ခံရတဲ့ လူက တွေ့သွားတော့ ကျွနိတော်ကို တရားစွဲချင်နေတာလေ..အခုပဲ သသူ့ကို စာပြန်လိုက်မယ်"

ဝမ်မင်ယန်ဟာ သူ့လက်ထဲက ဖုန်းကို လိုက်ကြည့်လိုက်ပြီး..

"ဘာလို့ သူတို့ကို ဂရုစိုက်နေတာလဲ...သူတို့က တရားစွဲခိုင်းလိုက်..ငါ့ရှေ့နေတွေလွတ်ပေးမယ်..လာသောက်ကြရအောင်"

လင်းဖန် ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

ဝမ်မင်ယန်ဟာ သူ့ရဲ့ မိန်းကလေးကို ခေါ်မလာခဲ့ပဲ..ဒါရိုက်ဘာပါ ပြင်ဆင်လာခဲ့ပါတယ်။ဒါက သူမမူးရင် အိမ်မပြန်ဘူး ဆိုတဲ့ အဓိပါယ်ပါပဲ။

ဝမ်မင်ယန်ဟာ လင်းဖန်ဆီက ဖုန်းကို ယူလိုက်ပြီး..ဝိုက်ဘို ဆော့ဝဲကို ပိတ်လိုက်တယ်..ယင်းနောက် လင်းဖန် ဘက်လှည့်လိုက်ပြီး...

"တစ်ချို့အရာ တွေက မင်းရဲ့ အာရုံစိုက်မူနဲ့ မထိုက်တန်ဘူး...သောက်ကြရအောင်"

သူတို့ဟာ သောက်လိုက်ကြတာ ဘယ်တလောက်မှန်တောင် မသိကြတော့ပါဘူး။နောက်ဆုံး သူတို့ပြန်အန် ထွက်ခါနီးကြမှ ရပ်လိုက်ကြပါတယ်။

ကားထဲတွင်။

ဝမ်မင်ယန်ဟာ အမူးလွန်နေပြီး လင်းဖန်ရဲ့ ပုခုံးကို ပုတ်ကာ ပြောလိုက်တယ်။

"ညီအစ်ကို ..ငါမဂ်လာဆောင်တော့မယ်။ဘယ်နေ့ဆိုရင် ကောင်းမလဲ.."

လင်းဖန် လဲ အသိစိတ်လွတ်နေခဲ့ပါပြီ..သူဘာလုပ်နေတယ် ဆိုတာတောင် သူသိပ်မသိချင်တော့ပါဘူး။

"ကျုပ်ဖင်ကြီးကို မဂ်လာဆောင်ပါလား..ခင်ဗျား ကျုပ်ဆောင်ပြီးမှ မဂ်လာဆောင်ရမယ်"

ဝမ်မင်ယန်ဟာ လက်ဝေ့ယမ်းကာ ရယ်မောလိုက်ပြီး..

"ကောင်းပြီလေ..မင်းအရင်ဆောင်လိုက်..ဒါပေမယ့် မင်းမှာက ကောင်မလေးတောငိမရှိဘူး။ငါဘယ်လောက် ကြာအောင် စောင့်ရမှာလဲ"

လင်းဖန်ဟာ မူးမူးနဲ့ ရေရွတ်လိုက်တယ်။

"မကြာခင်..မကြာခင်..ကျုပ်အနားယူတော့မယ် အိမ်ရောက်ရင်သာ နှိုးလိုက်"

သူမူးနေတုန်းမှာပဲ တစ်ယောက်ယောက်ဟာ သူ့ကို တွဲနေတာကို ခံစားမိပြီး..ဝမ်မင်ယန် ဒါရိုက်ဘာကို ပြောနေတာကိုလည်း ကြားနေရပါတယ်။

"ငါ့သူငယ်ချင်းကို ကူညီပြီး ဂရုစိုက်ပေးလိုက်ဦး..ငါ ဒီမှာ အန်လိုက်ဦးမယ်"

လင်းဖန်ဟာ မူးမူးနဲ့ပဲ အိပ်ယာထဲကို ရောက်သွားခဲ့ပါတယ်။သူ အိပ်ခါနီး ဝိုက်ဘိုကို ဖွင့်ကြည့်လိုက်ပေမယ့် အကုန်လုံးက ဝါးတားတား ပါပဲ။

ရုတ်တရက် သူ ဖုန်းတွေ အများကြီးကို ကြည့်နေသလို ခံစားလိုက်ရပါတယ်။

သူဟာ အော့အန်ထားလို့ မူးဝေနေပေမယ့်လည်း..ဝမ်မင်ယန် ​ သူ့ဖုန်းကို သုံးပြီး ဝိုက်ဘိုပေါ်မှာ ရေးထားတဲ့ စာကို တော့ မြင်နေရပါသေးတယ်။

"မင်းအမေကို တရားသွားစွဲပါလား..ရှန်ဟိုင်း အရှေ့ဘက်ဟန် အုပ်စု ရဲ့ ရှေ့နေ အဖွဲ့က မင်းကို စောင့်နေမယ်...."

လင်းဖန် ထပ်ပြီး မဖတ်နိုင်တော့ပါဘူး..သူ့ခေါင်းတွေဟာ အရမ်းရီဝေနေပြီး နောက်ဆုံးမှာ မှောက်သွားပါတော့တယ်။

All Chapters