← Chapters

ဝိုက်ဘိုက ဘန်းလိုက်ပြီ

Vol. 12 Ch. 172

ဝိုက်ဘိုက ဘန်းလိုက်ပြီ

Vol. 12 Ch. 172

ဘာသာပြန် = စနိုးဝှိုက်

မနက်ခင်းတွင်။

ကလင်...ကလင်..

ဖုန်းဟာ မြည်လာခဲ့တယ်..လင်းဖန်ဟာတော့ မူးနေတုန်းပါပဲ။သူ့အိပ်ယာပေါ်မှာ မြည်နေတဲ့ ဖုန်းကို သူလိုက်ရှာလိုက် လိုက်ပါတယ်။

"ဟဲလို...မနက်အစောကြီးပါလား..ဘာလိုချင်လို့တုန်း"

လင်းဖန်ရဲ့ အသံဟာ ဝေဝါးနေပြီး..သူ မနိုးသေးတာက ထင်ရှားပါတယ်။

လူလိမ် ထျန်ဟာ အလျင်အမြန်ပြန်ပြောလိုက်တယ်။

"မင်းဘာကို ပြောချင်တာလဲ... ၁၀ နာရီခွဲနေပြီဟ။မင်းမလာ သေးဘူးဆိုရင်..ဒီမှာ လူတွေက ဆိုင်ကို ဝိုင်းပြီး ဖျက်ဆီးကြတော့မယ်"

သူဟာ ၁၀ နာရီခွဲဆိုတဲ့ အချိန်ကို ကြားတာနဲ့..ဖုန်းက နာရီကို အလျင်အမြန် ကြည့်လိုက်တယ်။

ချီးပဲ..တကယ် ၁၀ နာရီခွဲနေပြီဟ..

သူ အာမနေ့ညက မူးအောင် သောက်ထားလို့ ဒီလောက် အကြာကြီး အိပ်နေတာ ဖြစ်နိုင်ပါတယ်။

"ကောင်းပြီ ကောင်းပြီ အခုလာခဲ့မယ်"

ယင်းနောက် သူ ဖုန်းချလိုက်တယ်။

လင်းဖန် သူ့ခေါင်းကို ကိုင်ထားပြီး တကယ် မယုံကြည်တော့ပေ...ဒါက အရက်ကို အလွန်အကျွံသောက် ခြင်းရဲ့ ဆိုးရွား မူတွေပါ။

အရက်မူးသွားပြီ ဆို ရင် ဘယ်အချိန်ရှိလို့ ရှိမှန်းတောင် သိတော့မှာ မဟုတ်ပါဘူး။သူမနေ့ က အိမ်ကို ဘယ်လို ပြန်ရောက်လာတယ် ဆိုတာတောင် သိပ်မမှတ်မိတော့ပေ။

သူ ဝမ်မင်ယန် နဲ့ အတူ ဘီယာ နှစ်ဂျား လောက်သောက် ခဲ့တာပဲ မှတ်မိပါတော့တယ်။သူ့ အဝတ်ကို ကြည့်လိုက်တဲ့ အချိန်မှာလဲ ဒါမနေ့ညက အဝတ်တွေပါပဲ။

ယင်းနောက် သူ ရေချိုးလိုက်ပြီး အက်ျီအသစ်ကို လဲဝတ်လိုက်တယ်။အခုမှ သူ့ စွမ်းအင် တွေ ပြန်ရောက်လာသလိုပါပဲ။

သူ အောက်ကို ဆင်းသွားလိုက်ပြီး ကားမောင်းကာ ထွက်သွားလိုက်ပါတယ်။

သူ တိမ်ဖြူလမ်းကို ရောက်သွားတဲ့ အချိန်မှာတော့ မြို့သားတွေဟာ ဆိုင်ရှေ့မှာ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေကြပါပြီ။

တနေ့ကို..ပန်ကိတ် နည်းနည်းပဲ ရောင်းပေမယ့်လည်း..လူတွေ အများကြီးက ရှိနေတုန်းပါ။

ဝုတ် ဝုတ်

လင်းဖန် ရောက်လာတာ နဲ့ အကြီးအကဲ ခွေးနီကိုးလပ်ဟာ ပြေးလာခဲ့ပါတယ်။ယင်းနောက်သူဟာ လင်းဖန် အနားမှာပဲ ကပ်နေပြီး..ပန်ကိတ်ကို စောင့် နေပါတော့တယ်။

လင်းဖန် ပြုံးလိုက်ပြီး...

"ကျွန်တော် တောင်းပန်ပါတယ်..မနေ့ညက သောက်တာ များသွားတော့..ဒီနေ့ နောက်ကျမှ နိုးတယ်"

လူအုပ်ထဲမှာ တစ်ယောက်ဟာ ပြောလိုက်တယ်။

"သူဌေးလေး ထပ်မပြောနေပါနဲ့တော့..ငါတို့ မစောင့်နိုင်တော့ဘူး"

"အယ်ကိုဟောက ကျန်းမာရေးကို ထိခိုက်စေတယ်နော်..သူဌေးလေး နောက်ခါတွေ ကျရင် လျော့ သောက်ပါ"

"သူ ဌေးလေးက ငါတို့ကို အလေးမထားရင်တောင်..ငါက တော့ သူ့ကိုအားပေးနေဦးမှာပဲ"

လူလိမ် ထျန်နဲ့ ဝူယူလန် တို့ဟာ နံပါတ် ဝေတာနဲ့ အလုပ်များနေတဲ့ အချိန်မှာ..လင်းဖန်ဟာ ပန်ကိတ်တွေ ပြုလုပ်နေခဲ့ပါတယ်။

ပန်ကိတ် ဆယ်ခုပြည့်မှ သူစိတ်သက်သာရာ ရသွားခဲ့တယ်..သို့ပေမယ့်..အကြီးအကဲ နီကိုးလပ်ဟာ သူ့အတွက် လင်းဖန် ပန်ကိတ် မလုပ်ပေးတာ မြင်တာနဲ့ လင်းဖန်ရဲ့ ဘောင်းဘီကို ကိုက်နေပြီး အမြီးကို နှံ့ကာ တောင်းဆိုလိုက်ပါသည်။

လင်းဖန် အကြီးအကဲ ခွေး နီကိုးလပ်ကို ကြည့်ကာ ပန်ကိတ် တစ်ဝက်လုပ်ပြီး ပေးလိုက်ပါတယ်။

လင်းဖန် ဘေးမှာ ရပ်နေတဲ့ ကျောက်ကျန်းယန်ဟာ တော့ အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်နေလို့ပါ။အချိန်အကြာကြီး စောင့်နေခဲ့ပေမယ့် လည်း လင်းဖန်က သူ့ကိုလှည့်တောင် မကြည့်ပါဘူး။

တိုက်ရိုက် ထုတ်လွင့်မူထဲမှာတော့။

"ဟားးဟား အစ်ကို ယန်ကတော့ လျစ်လျူရူခံရပြီဟေ့"

"ကြည့်ရတာ ခွေးဘဝက လူတွေထပ် ပိုကောင်းမွန်နေသလိုပဲနော်...အကြီးအကဲ ခွေး နီကိုးလပ်က နေ့တိုင်း ပန်ကိတ် တစ်ဝက်စားရပေမယ့် အစ်ကို ယန်က တော့ မစားရဘူး"

ကျောက်ကျန်းယန်ဟာ ပြန်ပြောလိုက်တယ်။

"တကယ်ကို အကြီးအကဲ ခွေးပဲ...သူ့ဘဝက သာယာ လွန်ူးတယ်။သူ့က စားပြီးသွားရင်လည်း ဇိမ်နဲ့ လှဲနေဦးမယ်..ဘယ်လိုလူကများ သူလို ဘဝကို ရနိုင်မှာလဲ"

ဝုတ် ဝုတ်

အကြီးအကဲ ခွေးနီကိုးလပ် ဟာ.. ဆိုင်ပေါက်ဝမှာ ရပ်နေပြီး လွတ်လွတ်လပ်လပ်ပဲ လျာကို ထုတ်နေခဲ့ပါတယ်။ကျောက်ကျန်းယန် အတွက်ကတော့ ဒီလို ဘဝဟာ သာယာလွန်းပြီး မနာလို စရာကောင်းတဲ့ ဘဝတစ်ခုပါပဲ။

လုအုပ်ကြီးဟာလည်း ..နေ့တိုင်း ပန်ကိတ်စားရတဲ့ အကြီးအကဲ ခွေး နီကိုးလပ်ကို မနာလို ဖြစ်မိပါတယ်။

ဘယ်လောက်တောင် မနာလိုစရာ ကောင်းလိုက်လဲ...

လင်းဖန်ဟာ အားလုံးပြီးသွားတဲ့ နောက်မှာ လဘက်ရည်သောက် ကာအနားယူရင်း ဖုန်းကို ထုတ်ကာ ကြည့်လိုက်မိတဲ့ အချိန်မှာတော့....

သူ့ပါးစပ်ထဲမှာ ရှိနေတဲ့လဘက်ရည်တွေ တောင်

ပြန်ထွက်ကြသွားခဲ့ပါပြီ။

"ဘယ်သူက ငါ့ ဝိုက်ဘို အကောင့်ကို ဘန်းလိုက်တာလဲ.."

လူအုပ်ကြီးဟာ လင်းဖန်ကို ကြည့်လိုက်ကြတယ်။

"မဖြစ်နိုင်တာ..ဘယ်သူက မင်းအကောင့်ကို ဘန်းမှာလဲ"

လင်းဖန်ဟာ ဆွံ့အသွားခဲ့တယ်။

"ချီးပဲ ..သတင်းအမှားတွေ တင်တာကို ခွင့်မပြုဘူးဆိုပဲ ဒါကြောင့် သူတို့က အကောင့်ကို ဘန်းလိုက်တာ ဖြစ်မယ်"

ဝူယူလန်ဟာလည်း စိတ်ဆိုးစွာဖြင့်.

"ငါတင်ထားတဲ့ သတင်းလဲ တားဆီး ခံလိုက်ရပြီ"

လူလိန် ထျန်ဟာ လည်း ဖုန်းကို ကိုင်ထားကာ မယုံကြည်နိုင်စွာဖြင့်ပြောလိုက်တယ်။

"ငါရောပဲ"

,

ဝူယူလန် နဲ့ လူလိမ် ထျန်က အင်တာနက် ဆယ်လီတစ်ယောက်မဟုတ်ပါဘူး။သူတို့က ပို့စ်ကိုပဲ တားဆီးခံရတာပါ။

ဒါပေမဲ့ လင်းဖန်ကတော့ ဖော်လို သန်းချီရှိတဲ့ အင်တာနက် ဆယ်လီ တစ်ယောက်လို့ ပြောလို့ရပါတယ်။သူက ပို့စ်နဲ့ တကွ သူ့အကောင့်ပါ ဘန်းခံလိုက်ရတာပါ။

လင်းဖန် ကျောင်းလီရဲ့ ဝိုက်ဘို ပေ့ချ်ကို ကြည့်လိုက် တဲ့အချိန်မှာတော့ ပိုတောင် ဒေါသထွက်သွားခဲ့ပါပြီ။

"မျိုးရိုးနာမည် လင်း နဲ့ အင်တာနက် ဆယ်လီတစ်ယောက် သတင်းအမှားတွေ လျောက်လျောက်တင်လို့ ဘန်းခံလိုက်ရပြီ။ဝိုက်ဘို ကြီူတိုးတက်ဖို့ ဆိုရင် လူတိုင်းက မျှမျှတတ ဆက်ဆံခံရမှာပဲ။သတင်းအမှား အတွက်ကတော့ ပရော်ဖက်ဆာ ချန် နဲ့ ငါက တရား ဥပဒေ အတိုင်း ဆက်လုပ်မယ်"

သူ့ အောက်မှာ မှတ်ချက်တွေ အများကြီး ရှိနေပြီး လူအများစုက လင်းဖန် ရဲ့ ပရိတ်သတ်တွေပါ။

"ယီးပဲ..မာစတာ လင်းက တကယ် ရှုံးနိမ့်သွားပြီ"

"မင်း#လိုး...ခွေးသား..မာစတာ လင်းကို ယှဥ်ချင်တယ်ပေါ့..မာစတာ လင်းက ကျိန်းသေ ပြန်လက်စားချေလိမ့်မယ်"

"ဒါ မရိုးရှင်းဘူး ..ငါတို့ အမှန်ကို မသိရသေးပေမယ့်လည်း..ငါကတော့ မာစတာ လင်းကို ယုံကြည်တယ်"

"အရာရာ တိုင်းကို ကောင်းကင်ဘုံက ထိန်းချုပ်ထားတယ်..မကောင်းတာလုပ်ရင်တော့ ပြန်ခံရမှာပဲ"

ဟောင်မြောင်မြောင်နဲ့ ရှောင်ရီမိုဟာ ဒီအကြောင်းကို တွေ့လိုက် တဲ့အချိန်မှာ တိတ်ဆိတ်သွားကြပါတယ်။

ဒီအချိန်မှာ သူတို့ စကားပြောဖို့အတွက် ဘာ ပါဝါမှ မရှိကြပါဘူး။

မီဒီယာ နဲ့. ဝိုက်ဘိုလဲ အတူတူပါပဲ..ဘယ်သူ ဝင်ပါလာလာ ခံစားကြရမှာပါ.ဒါကြောင့်.ဘယ်သူမှလဲ ဝင်မပါချင်ကြပါဘူး။

ကျောက်ကျန်းယန်ဟာ ရှေ့ကိုတက်သွားကာ ပြောလိုက်တယ်။

"မာစတာ လင်း..ဝိုက်ဘို ရဲ့ ကာစတန်မာ ဆားဗစ်ကို ဖုန်းဆက်ပြီး မေးကြည့်ရင်ရော ဘယ်လိုလဲ"

လင်းဖန်ဟာ အလျင်အမြန်ပဲ ကာစတန်မာ ဆားဗစ်ကို ဖုန်းဆက်လိုက်တယ်။

"ဟိုင်း..ကျွန်တော်က ဝိုက်ဘို ကာစတန်မာ ဆားဗစ်..အရာရှိ 005 .ကပါ..ဘာများ ကူညီပေးရမလဲ ခင်ဗျ"

လင်းဖန် ပြန်ပြောလိုက်တယ်။

"ငါ့ ဝိုက်ဘို အကောင့် အခုပဲ ဘန်းခံ လိုက်ရတယ်"

ကာစတန်မာ ဆားဗစ် အရာရှိဟာ ပြန်မေးလိုက်တယ်။

"ဝိုက်ဘို အကောင့်ရဲ့ ဖုန်းနံပါတ်ကို သိပါရစေ"

လင်းဖန်အ လျင်အမြန် ဖုန်းနံပါတ်ပေးပြီး စောင့်နေခဲ့ပေမယ့်လည်း ဘာမှ ပြန်မဖြေလာတော့ ပဲ ဖုန်းချသွားခဲ့ပါတယ်။

"မအေယိုး..."

လင်းဖန် ပြောလိုက်ကာ ဖုန်းချလိုက်တယ်။ကာစတန်မာ ဆားဗစ်က သူ့ဝိုက်ဘို အကောင့်ကို တွေ့သွားပြီး ပြန်ဖြေဖို့ ကြောက်ရွံ့သွားပုံရပါတယ်။

ဘယ်လောက် ဒေါသဖြစ်ဖို့ ကောင်းလဲ..

ကျောက်ကျန်းယန်ဟာလည်း မယုံကြည် နိုင်ခဲ့ပေ။

"ဒါက များသွားပြီ..သူတို့က ဘန်းရတဲ့ အကြောင်းအရင်းတောင် မပြောဘူး"

ဝူတန်ဟီဟာ ကြားဝင် ပြောလိုက်တယ်။

"ဒီ ကိစ္စက မရိုးရှင်းဘူး..ရှုပ်ထွေးမူတွေ ရှိနေတော့ ပုံမှန်လူဆိုရင် ဖြေရှင်းဖို့ ခက်လိမ့်မယ်"

လင်းဖန်ဟာ လည်း စိတ်ဆိုး စွာဖြင့်...

"သူ့တို့က ငါ့ကို စော်ကားနေကြတာပဲ..ငါ တင်ချင်တဲ့ ပို့စ်ကိုတောင် တင်လို့ မရဘူးလား..ငါ့အကောင့်ကို တောင် ဘန်းလိုက်သေးတယ် ..ဒါကတော့ များသွားပြီ"

ယင်းနောက် ဝမ်မင်ယန်ရဲ့ ဖုန်းဟာ ဝင်လာခဲ့ပါတယ်။

"ငါတို့ မနေ့က သောက်တာ များသွားတယ် ..အဆင်ပြေရဲ့လား"

လင်းဖန် ပြန်ဖြေလိုက်တယ်။

"အဆင်ပြေပါတယ်..ဒါပေမယ့် တစ်ခုခုတော့ ဖြစ်နေပြီ"

ဝမ်မင်ယန် : ဘာဖြစ်လို့တုန်း။

လင်းဖန် အကူညီ မဲ့စွာ ပြောလိုက်တယ်။

"ကျုပ်ဝိုက်ဘို အကောင့် ဘန်းခံလိုက်ရပြီ..အခု သုံးစရာ ဘာ ပလက်ဖောင်းမှ မရှိတော့ဘူး"

ဝမ်မင်ယန်ဟာ ဒေါသထွက်စွာ ပြောလိုက်တယ်။

"ချီပဲ ..ဝိုက်ဘို ကပါ ဝင်ပါရဲတယ်လား..ညီအစ်ကို စိတ်မပူနဲ့ ငါဝင်ကူညီ ပေးမယ်"

လင်းဖန် : ဒါက အသုံးမဝင်လောက်ဘူး။

ဒါက ဝိုက်ဘိုနဲ့ ကိစ္စပါ..သူတို့ရဲ့ ဆော့ဝဲ ဖြစ်နေတော့ ပြသနာ သွားရှာလို့ အဆင်မပြေပါဘူး။ထပ်ပြောရရင် ဝိုက်ဘို နဲ့ ညှိဖို့ ဆိုတာက ခက်ခဲလွန်းလှပါတယ်။

သူ့ ဝိုက်ဘို အကောင့် ဘန်းခံရဖို့ တစ်ယောက်ယောက်က နောက်ကွယ်ကနေ ကြိုစားခဲ့တာ ဖြစ်မှာပါ။

ဝမ်မင်ယန်က ရှန်ဟိုင်းက သူဌေးတစိယောက်သာ ဖြစ်ပြီး ဝိုက်ဘို ရဲ့ ဌာနချုပ်က ရှန်ဟိုင်းမှာ ရှိနေတာ မဟုတ်ပေ။

မိနစ် နှစ်ဆယ်လောက် ကြာပြီး တဲ့နောက်မှာ ဝမ်မင်ယန်ရဲ့ ဖုနး်ဟာ ပြန်ဝင်လာခဲ့ပါတယ်။

"ညီအစ်ကို ဆောရီး..ငါ လူအများကြီးကို ဆက်သွယ်ခဲ့ပေမယ့် လည်း သူတို့က မကူညီနိုင်ဘူးလို့ပြောနေတယ်။ဒါက မရိုးရှင်းလောက်ဘူး..စိတ်မပူနဲ့ ဝိုက်ဘိုက ငါ့ကို မျက်နှာသာ မပေးမှတော့..ငါလည်း အကောင့် တစ်ခုလုပ်ရမယ်..ဒါက ချမ်းသာမူ ပြိုင်ဆိုင်တာပဲ..ငါမကြောက်ဘူး"

လင်းဖန်ဟာ အနည်းငယ် ကျေးဇူးတင်မိသွားပြီ ပြောလိုက်တယ်။

"ရပါတယ်..စိတ်မပူနဲ့..တစ်ခြားနည်းလမ်း တွေးကြည့်လိုက်ဦးမယ်"

ဝမ်မင်ယန် ပထမ ဆုံးဖုန်းခေါ်တာက အချမ်းသာ ဆုံး သူဌေးတွေ ထဲက တစ်ယောက်ဖြစ်တဲ့ ဝူယန်ဂန်ပါ..ဒါပေမယ့် သူတို့ နှစ်ယောက် စလုံးက အွန်လိုင်း..ဆော့ဝဲတွေနဲ့ ပတ်သက်ပြီး မကျွမ်းကျင်ကြပါဘူး။

သူတို့ရဲ့ အဓိက နဲ့ အရံ စိီးပွားရေးတွေ အကုန်လုံးက လက်တွေ့ နယ်ပယ်မှာပဲ ရှိတာပါ..အခုက အွန်လိုင်း နယ်ပယ် ဆိုတော့ သူတို့ လက်လှမ်း မမှီ ဖြစ်နေခဲ့ပါတယ်။

လင်းဖန်ကတော့ ကုလားထိုင်မှာ အကူညီ မဲ့စွာ လဲလှောင်းနေခဲ့တယ်...သူ ဘာဆက်လုပ် ရမလဲ တွေးလိုက်တိုင်း အဖြေရှာမရပဲ ခေါင်းပဲ ကိုက်ကိုက်လာခဲ့သည်။

အဲအချိန်မှာပဲ ဝူတန်ဟီ ဟာ ဖြည်းညှင်းစွာ ပြောလိုက်တယ်။

"ငါ ကူညီ ပေးနိုင်မယ်လို့တော့ ထင်တာပဲ"

လင်းဖန် :: ....................

All Chapters