အကြီးအကဲခွေးရဲ့ အထင်သေးမူ
Vol. 12 Ch. 173
ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် ကြောင်အသွားခဲ့တယ်။အသက်ကြီးတဲ့ လူတွေက ဥာဏ်ပညာ ပိုရှိတယ် ဆိုတာ မှန်နေတဲ့ ပုံပါပဲ။
လူတိုင်း လုပ်ရမယ်မှန်း မသိတဲ့ အချိန်မှာ ဝူတန်ဟီက ဒီစကားကို ထပြောခဲ့တာပါ။ထပ်ပြောရရင် သူ့ရဲ့ လေသံက အနည်းငယ် လေးပင်နေပြီး...ဒါက သူလည်း သိပ်မသေချာဘူးလို ဆိုလိုတာပါ။
သို့ပေမယ့် သူ့ရဲ့ စကားက ဒီအချိန်မှာ မျှော်လင့်ချက်ကြိုးစလေး တစ်ခုပါပဲ။ဒါက သူ ဘာဆက်ပြောမလဲ ဆိုတာကို လူတိုင်းကို သိချင်စိတ်ပြင်းပြ စေပါတယ်။
ကျောက်ကျန်းယန်ရဲ့ တိုက်ရိုက် ထုတ်လွင့်မူတွင်တော့။
"666 မာစတာ လင်း ဆိုင်မှာ တကယ့် မာစတာ နောက် တစ်ယောက် ရှိနေတာပဲ"
"6 ဆိုတဲ့ စကားလုံး အပြင် ..ငါဘာကို ထပ်ပြီး ပြောရမလဲ တောင်မသိတော့ဘူး"
"သူ့ရဲ့ အမူအရာကို ကြည့်ရတာတော့ သူကူညီ နိုင်ဖို့ များတယ် ထင်တယ်နော်"
"အစ်ကိုယန် ဘဝအသစ်စ ပြီးကတည်းက တိုက်ရိုက်ထုတ်လွင့်မူကလည်း ပိုစိတ်လှုပ်ရှားစရာ ကောင်းလာတယ်နော်"
"ငါတို့ ဘာမှ ထပ်ပြောစရာ မရှိဘူး..အခြေအနေအရတော့...ငါတို့ လက်ဆောင်တွေ. ထပ်ပို့လိုက်ကြရအောင်"
...
ဝူယုလန်ဟာ လည်း ဆွံ့အသွားခဲ့တယ်..သူမရဲ့ အဖေကူညီ နိုင်မယ်လို့ သူမလည်း မထင်ထားခဲ့မိပါဘူး။
"အဖေ ဘာတွေးမိလို့လဲ..အင်တာနက် ဆယိလီတစ်ယောက်နဲ့ သိတယ်လို့တော့ မပြောနဲ့နော်"
သူ့မရဲ့ အဖေမှာ အဆက်အသွယ်များစွာရှိတယ် ဆိုတာကို သူမ သိပေမယ့် လည်း သူတို့ အများစုက နိုင်ငံရေး သမားတွေပါ။
သူမ အဖေ သိတဲ့ ချမ်းသာတဲ့ သူဌေးကြီးတွေ ဆိုရင် လည်း လျန်ကျုံးက သူဌေးတွေပဲ များပါတယ်။သူတို့က စွမ်းဆောင် နိုင်စွမ်း ရှိကြတဲ့ လူတွေ ဆိုရင်တောင် အသုံးမဝင်ပါဘူး။
ဒီအခြေအနေက နိုင်ငံခေါင်းဆောင် တွေ ခေါ်ရင်တောင် ဖြေရှင်းလို့ မလွယ်တဲ့ ကိစ္စပါ။
ဝူတန်ဟီဟာ ရယ်မောလိုက်တယ်။
"ငါ ဖုန်းခေါ်ကြည့်လိုက်ဦးမယ်...မာစတာ လင်း ဒုက္ခရောက်နေတာ မကြည့်နိုင်ဘူးလေ"
လင်းဖန်ဟာ ဝူတန်ဟီကို ကြည့်နေခဲ့ပါတယ်..ဒီလူ ဘယ်သူ့ကို ဖုန်းခေါ်မှာလဲ သူလည်း မသိပါဘူး။ဖုန်း ဝင်သွားတဲ့ နောက်မှာ လင်းဖန်ဟာ တိတ်ဆိတ်စွာ နားထောင်လိုက်တယ်။
ဝူတန်ဟီ ဟာ ရယ်မောလိုက်ပြီး...
"အကြီးအကဲ ကျောက်..ကျွန်တော်ကို မှတ်မိသေးလား လူအိုကြီး"
အကြီးအကဲ ကျောက် ဆိုတဲ့ လူဟာ ဖုန်းထဲက အသံကို ကြားလိုက်တာနဲ့ တပြိုင်နက် လေးစားတဲ့ အသံဖြင့်...
"အကြီးအကဲ ဝူ .ကျွန်တော်ကို ဒီလို မခေါ်ပါနဲ့ ဗျာ..ပုံမှန်ခေါ်သလို မစ္စတာ ကျောက် လို့ပဲ ခေါ်ပါ"
ဝူတန်ဟီ ခေါင်းညိမ့်လိုက်တယ်။
"မစ္စတာ ကျောက်..ကျွန်တော် မှာ အကူညီ တောင်းစရာ လေးတစ်ခု ရှိတယ်"
အကြီးအကဲ ကျောက်ဟာ ပြန်ဖြေလိုက်တယ်။
"အကြီးအကဲ ဝူ က ကျွန်တော်ကို အထင်ကြီးနေတာပဲ...ပြောသာ ပြောပါဗျာ..တကယ်လို့ အကြီးအကဲ ဝူရဲ့ အကြံဥာဏ်သာ မရှိခဲ့ဘူးဆိုရင် အခုလို အောင်မြင်တဲ့ ဘဝဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ကျွန်တော့် ဘဝကို ကူညီပေးခဲ့တာကိုပဲ ကျေးဇူးတင်နေတာပါ"
ဝူတန်ဟီဟာ ခေါင်းညိမ့်လိုက်ပြီး...
"မှတ်မိပေးတဲ့ အတွက် ကျေးဇူးပါဗျာ..ကျုပ်ဆရာ ရဲ့ အကောင့်ကို ဝိုက်ဘို ကုမ္ပဏီက ဘန်းလိုက်လို့.."
"ကျွန်တော် ချက်ချင်း ပြန်ဖြေခိုင်းလိုက်ပါ့မယ်..ပြီးတော့ အဖြစ်အပျက်ကို လည်းသေချာစစ်ဆေးပြီး ပြန်အကြောင်းကြားပေးပါ့မယ်ဗျာ"
လင်းဖန်ဟာ ဒါကို ကြားပြီး ဆွံ့အသွားခဲ့တယ်။
ဝူတန်ဟီက ဝိုက် ဘိုက ဘော့စ်နဲ့ ဘယ်လို သိသွားတာတုန်း..ထပ်ပြောရရင် သူဌေးက ဝူတတ်ဟီကို အတော်လေးစားနေခဲ့တာပါ။
ဝူတန်ဟီဟာ ဗေဒင်ဆရာ တစ်ယောက်အနေနဲ့ နည်းပညာ ကုမ္ပဏီ ပိုင်ရှင်ထက်စာရင်..ချမ်းသာတဲ့ သူဌေးကြီးတွေ..နိုင်ငံရေး ခေါင်းဆောင် တွေနဲ့ ပိုပြီး သိကျွမ်းသင့်တာပါ။
သူ ဘယ်လို သိသွားတာလဲ...
ဝိုက်ဘိုအကြောင်း နည်းနည်းပြောပြီး တဲ့နောက်မှ ဝူတန်ဟီဟာ ထပ်ပြီး မပြောတော့ပါဘူး။
သူဟာ လဘက်ရည် ခွက်ကို မြောက်ကာ တစ်ငုံသောက်လိုက်ပြီး...
"မစ္စတာ ကျောက် အဲ့တုန်းက ခင်ဗျား ကုမ္ပဏီ နာမည်ကို ဘာလို့ ' ချီရီ ' လို့ ပေးခိုင်းတာလဲ ဆိုတာ နားလည်ပြီလား.."
အကြီးအကဲ ကျောက်ဟာ ပြန်ပြောလိုက်တယ်။
"ဒါပေါ့ အကြီးအကဲ ဝူ..စိတ်မပူပါနဲ့ ကျွန်တော် ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်လိုက်ပါ့မယ်"
ဝူတန်ဟီဟာ ရယ်မောလိုက်ပြီး..
"ဟုတ်ပါပြီ .မစ္စတာ ကျောက် ကျေးဇူးပြုပြီး လုပ်စရာ ရှိတာ ဆက်လုပ်ပါ။ကောင်းကင်ဘုံက ခင်ဗျားလုပ်တာတွေကို စောင့်ကြည့်နေတယ်..အနာဂတ်မှာ ကျုပ်လမ်းစဥ်ကို မလိုက်မိစေနဲ့"
အကြီးအကဲ ကျောက်ဟာ အံ့သြသွားခဲ့တယ်..အကြီးအကဲ ဝူ ဘာကို ဆိုလို ချင်တာလဲ သူနားမလည်ပါဘူး..သို့ပေမယ့် သူ ရိုသေစွာပဲ ပြန်ပြောလိုက်ပါသေးတယ်။
ဖုန်းချပြီးနောက်။
ဝူယူလန်ဟာ အံ့သြစွာ မေးလိုက်တယ်။
"အဖေ အခု ချီရီ ဝိုက်ဘို ရဲ့ သူဌေးနဲ့ ဖုန်းပြောခဲ့တာလား"
ဝူတန်ဟီဟာ ပြုံးပြီး ခေါင်းညိမ့်ပြလိုက်တယ်။
"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်, ငါ ပြန်ခံစားရမယ့် ကံကြမ္မာကို မသိခဲ့တုန်းက ..ချမ်းသာတဲ့ လူနဲ့ ပါဝါရှိတဲ့ လူတွေကို ပဲ ဗေဒင်ဟောပေးခံတယ်။ကံကြမ္မာ အကြောင်းတိုက်ဆိုင်တဲ့ လူတွေလောက်ပဲပေါ့။တစ်နေ့ ငါ တံတား တစ်ခုကို ကားမောင်းပြီး ဖြတ်တော့..မစ္စတာ ကျောက် သူ့ကိုယ်သူ သတ်သေ နေတယ် လို့ ပြောတာ တွေ့ခဲ့တယ်လေ။သူ့အသက်နှစ်ဆယိ ကျော်လောက်ပဲ ရှိသေးပြီး..ကော်လိပ်ကနေ ဘွဲ့ရပြီးကာစ။ဒါကြောင့် ငါသူ့ ဆီကို သွားပြီး ..အကြံဥာဏ်ပေးခဲ့လိုက်တာ"
လင်းဖန် ဒီစကားကို ကြားတဲ့နောက်မှာ တစ်ခုခုကို ခံစားမိလိုက်ပါတယ်...ဝူတန်ဟီက အကြံဥာဏ်ပေးမယ် ဆိုရင်တောင်..ပုံမှန်အကြံဥာဏ်ဆိုရင် မစ္စတာ ကျောက်က ဒီလောက်အထိ ရိုသေနေမှာ မဟုတ်ပါဘူး။
ဒီနောက်ကွယ် မှာ ဒီထက် ပိုတဲ့ အကြောင်းအရာ တစ်ခုခု ရှိပါလိမ့်မယ်....
ချီရီ ဝိုက်ဘို ကုမ္ပဏိ ရဲ့ ရုံးခန်ထဲမှာတော့။
ကျောက်မင်ဟာ ဒီကိစ္စလောက်ကို ဂရုမစိုက်ပါဘူး..အခု ဝုတန်ဟီ ကိုယ်တိုင် ဖုန်းကိုခေါ်တယ် ဆိုတော့ သူ အနည်းငယ် သံသယ ဖြစ်မိပါတယ်။
တစ်ခြားလူတွေက ဝူတန်ဟီ သူ့ဘဝ အပေါ်ဘယ်လောက်အထိ သက်ရောက်လဲ ဆိုတာမသိပေမယ့်လည်း...သူကတော့ သိပါတယိ။ဝူတန်ဟီ မရှိပဲနဲ့ သူ့ဘဝ ရဲ့ ဒီလို နေ့ရက်တွေ ဆိုတာ လုံးဝ ရှိလာမှာ မဟုတ်ပါဘူး။
ဖုန်းပြောပြီးနောက်။
အင်တာနက် - ကော်ပိုရေးရှင်းရဲ့ တာဝန်ရှိသူဟာ လင်းဖန် ရဲ့ အကောင့်ကို ဘာလို့ ဘန်းရလဲ ဆိုတာ ရှင်းပြနေခဲ့ပါတယ်။
သို့ပေမယ့် ကျောက်မင် အတွက်..ဝုတန်ဟီဟာ နှစ်နှစ်ဆယိ ကျော်ကြာမှ ပထမဆုံး ဖူန်းဆက် တာဆိုတော့ မကူညီပေးပဲ နေမှာ မဟုတ်ပါဘူး။
သူ နှစ်နှစ်ဆယ် ကျော်အထိ ဖုန်းနံပါတ် လုံးဝ မပြောင်းလဲ ခဲ့ပါဘူး...ဒါက သူ ဒီနေ့လို နေ့ရက်မျိူးကို စောင့်နေချင်လို့ပါ။
ထပ်ပြီး အံ့သြဖို့ကောင်းတာက အကြီးအကဲ ဝူဟာ သူ့ရဲ့ ဖုန်းနံပါတ်ကို မမေ့မလျော့ပဲ ရှိနေခဲ့တာပါ။
တာဝန်ရှိတဲ့ လူ ရှင်းပြနေတာကို သူဂရုမစိုက်တော့ပေ..သူချက်ချင်းပဲ ကျိန်ဆဲပြီး ဆူလိုက်ပါတယ်။
"ဒါကို ပြန်မဖြေရှင်းနိုင်ရင် မင်းကို အလုပ်ဖြုတ်မယ်ကွာ နားလည်းလား..."
အဆုံးမှာတော့ တာဝန်ရှိတဲ့ ကောင်လေးဟာ အကြီးအကဲ ကျောက် အမှန်အကန်ဒေါသ ထွက်နေတာကို သိသွားပြီး ဘာမှ ပြန်မပြောရဲတော့ပါဘူး။
သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို ဒီကိစ္စမှာ နောက်ထပ်မပတ်သက်တော့ဖို့ သူချက်ချင်းပဲ အသိပေးလိုက်ပါတယ်။
တိမ်ဖြူလမ်း။
လင်းဖန် ပြုံးလိုက်တယ်။
"ငါ့ဝိုက်ဘိုက ဘန်းခံထားရတော့..ဒီ တိရစ္ဆာန် နှစ်ကောင်ကို ဘာမှ လုပ်လို့ မရဘူး..ငါအခုတော့ တွေ့ကြသေးတာပေါ့"
ပို့စ်ပြန်တင်မယ်...ပို့စ်ပြန်တင်မယ်...ယင်းနောက် သူ ဝမ်မင်ယန်ကို ဖုန်းပြန်ခေါ်ပြီးတောင် သူ့ပို့စ်ကို ပြန်တင်ခိုင်းလိုက်ပါသေးတယ်။
တကယ်လို့ လိုက်ခ်တွေ ရှဲတွေနဲ့ ဖြေရှင်းနိုင်လို့ ရှိရင် ..ဒီကစ္စက ပြီးဆုံးနေလောက်ပါပြီ။
ကြယ်အလင်းကျောင်း။
ရှောင်ရီမိုနဲ့ ဟောင်မြောင်မြောင် တို့ဟာ ကျောင်းပတ်ဝန်းကျင်မှာ လမ်းလျောက်နေခဲ့ပါတယ်။
ဘေးပတ်လည်းက မိန်းကလေးတွေကတော့ သူမတို့ နှစ်ယောက်ကို လက်ညိုးထိုးကာ တိတ်တဆိတ် အတင်းပြောနေလို့ပါ။
သူတို့နှစ်ယောက် အနားကို ကပ်ရင် သူတို့ပါ သက်ရောက်ခံရမှာကို ကြောက်ပြီး ဝေးဝေးကနေ ရှောင်နေကြပါတယ်။
ဘာတွေဖြစ်နေမှန်း မသိတဲ့ တစ်ချို့ကြောင်းသားတွေ လည်း ရှိနေပါသေးတယ်။သူတို့ဟာလည်း အချင်းချင်း ပြောရင်း သိသွားကြတာပါပဲ။
အဲ့အချိန်မှာပဲ ရှောင်ရီမိုဟာ ဖုန်းကို ကြည့်ကာ အံ့သြနေတာတွေ့ပြီး..ရှောင်မြောင်မြောင်ဟာ မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ.."
ရှောင်ရီမိုဟာ အလျင်အမြန်ပဲ ဖုန်းကို ကမ်းပေးလိုက်ပြီး...
"ကြည့်ကြည့်လိုက်..."
ဝိုက်ဘိုပေါ်ကအရာကို မြင်လိုက် ကြတဲ့ အချိန်မှာ သူတို့ နှစ်ယောက်စလုံး ဆွံ့အသွားကြပါတယ်။
ဝမ်နည်းနေတဲ့ မယ်လိုဒီ :: မာစတာ လင်းရဲ့ ပို့စ်ကို ပြန်တင်ပေးပါ။
ထောင်ချီတဲ့ ဒေါင်းလော့တွေရဲ့ အိပ်မက် : မာစတာ လင်းရဲ့ ပို့စ်ကို ပြန်ဆင်ပေးပါ။
အိပ်မက်ထဲက ညီအစ်ကို :: မာစတာ လင်းရဲ့ ပို့စ်ကို ပြန်တင်ပါ။
များပြားလှတဲ့ မြို့သူ မြို့သားတွေ.ဟာ မာစတာ လင်းရဲ့ ပို့စ်ကို..ပြန်တင်နေကြပါတယ်။ဒီထဲမှာ အင်တာနက် ဆယ်လီ ဆိုလို့ မာစတာ လင်း တစ်ယောက်ထဲ ပါတယ် ဆိုပေမယ့်လည်း..သူတို့ဟာ ပို့ပြန်တင်ပေးဖို့ အကူညီ တောင်းနေတုန်းပါ။
သူတို့ဟာ ဒီပြသနာကို ဖြေရှင်းဖို့ အင်တာနက် ဆယ်လီ အကူညီကို မလိုတော့ပေ...လူတိုင်းက ပြန်ပြီး တင်ပေးနေကြပါတယ်။
ဒါက ရေပန်းအစားဆုံး ပို့စ်အဖြစ်တောင် ဝိုက်ဘို ပေါ်မှာ ပြန့်နှံ့သွားခဲ့ပါပြီ။
လင်းဖန်ဟာ ဝိုက်ဘိုပေါ်မှာ ချက်ချင်း ပိုစ်တင်လိုက်ပြီး ကျောင်းလီ နဲ့ ချန်ဂျန်ကို မန်းရှင်းခေါ်လိုက်တယ်။
"တိရစ္ဆာန် နှစ်ကောင်..ငါ့အိမ်မှာ မွေးထားတဲ့ အကြီးအကဲ ခွေးနီကိုးလပ်တောင်..မင်းတို့ နဲ့ နှိုင်းယှဥ်လို့ မရဘူး"
ယင်းနောက် လင်းဖန် အကြီးအကဲ ခွေး နီကိုးလပ်ရဲ့ ပုံကို ကြည့်လိုက်တယ်။
ပုံထဲမှာတော့ အကြီးအကဲ ခွေးနီကိုးလပ် ဟာခေါင်းကို မော့ထားပြီး အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့လို့ပါ။